၂၈၄ လူသားမျိုးနွယ်၏ဝေဒနာသည် မည်သို့ပေါ်ပေါက်လာသနည်း
၁
လူတို့ ဘုရားရဲ့အချုပ်အခြာအာဏာကို အသိအမှတ်မပြုကြလို့
သူတို့ဟာ ကံကြမ္မာကို ကလန်ကဆန်နှင့် ပုန်ကန်ကြတာ၊
သူတို့ လက်ရှိအခြေအနေပြောင်းဖို့ အချည်းနှီးမျှော်လင့်ကာ
ဘုရားရဲ့ အခွင့်အာဏာနှင့် ကံကြမ္မာက
ပြင်ဆင်ထားတာတွေ စွန့်ပစ်ချင်ကြတာ။
သူတို့အောင်မြင်မည် မဟုတ်၊ သူတို့ အမြဲတမ်း အခက်ကြုံလိမ့်မှာ
သူတို့ဝိညာဉ်အတွင်းက ထိုရုန်းကန်ရ မှု
သူတို့ဘဝကို ဖြုန်းတီးပစ်ကာ အရိုးခိုက်အောင် နာကျင်စေတာပါ။
လူရဲ့နာကျင်မှု ဘာကြောင့်ဖြစ်လာသလဲ
အဲဒါ သူတို့လျှောက်တဲ့လမ်းကြောင်းတွေ၊
သူတို့ဘဝကို အသက်ရှင်ဖို့ သူတို့ ရွေးချယ်တဲ့နည်းလမ်းတွေကြောင့်ပါ။
၂
လူသားရဲ့ဝမ်းနည်းစရာ ပျော်ရွှင်စွာနေထိုင်ဖို့က သူ့ဆန္ဒမဟုတ်ပါ၊
သူဟာ ကျော်ကြားမှု၊ စည်းစိမ်တွေ ရှာကာ
သူ့ကံကြမ္မာကို ဆန့်ကျင်သည်လည်း မဟုတ်။
ဘုရားသည် စစ်မှန်ကာ လူသားအပေါ် အုပ်စိုးသည်ကို မြင်သော်လည်း၊
သူ့နည်းလမ်းမှားတွေကို မပြင်နိုင်သေးခြင်းပါ။
သူသည် ဘုရားရဲ့ အချုပ်အခြာအာဏာ တန်ခိုးကို ဖက်ပြိုင်ကာ
ကျိုးပဲ့မှသာ ဝန်ခံမှာဖြစ်ပေ
ဘုရားပြောတာ ကျိုးနွံနာခံသူများ ပညာရှိကာ
ရုန်းကန်သူများက ဧကန် မိုက်မဲကြပေတာ။
လူရဲ့နာကျင်မှု ဘာကြောင့်ဖြစ်လာသလဲ
အဲဒါ သူတို့လျှောက်တဲ့လမ်းကြောင်းတွေ၊
သူတို့ဘဝကို အသက်ရှင်ဖို့ သူတို့ ရွေးချယ်တဲ့နည်းလမ်းတွေကြောင့်ပါ။
၃
လူအချို့ နားလည်ကောင်း နားလည်နိုင်မှာမဟုတ်
ဒါပေမယ့် သင် နားလည်တဲ့အခါ၊
လူသား ကံကြမ္မာအပေါ် ဘုရားအုပ်စိုးတာ
သင် အမှန်တကယ် သတိပြုမိလာချိန်
ဘုရား သင့်အတွက် ပြင်ထားတာ
ကြီးမားတဲ့အကျိုးနှင့်ကာကွယ်မှု ဖြစ်တာ သင် မြင်တဲ့အခါ
သင့်နာကျင်မှု စတင်ပေါ့ပါးကာ လွတ်မြောက်မှု သင်ခံစားရမှာပါ။
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်