ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ ပိုမိုလက်ခံလေ၊ ၎င်းတို့ ပိုမိုဉာဏ်အလင်းပေးခံရလေဖြစ်ကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား ၎င်းတို့၏ လိုက်စားရာတွင် သာ၍ ဆာငတ်လေဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသူတို့သာ ပိုမိုကြွယ်ဝပြီး ပိုမိုနက်နဲသော အတွေ့အကြုံများကို ရှိနိုင်စွမ်းရှိကြပြီး ၎င်းတို့သည်သာ နှမ်းပွင့်များကဲ့သို့ ဆက်လက် ကြီးထွားနိုင်သည့် အသက်တာများရှိကြသူများ ဖြစ်သည်။ အသက်ကို လိုက်စားသူအားလုံးသည် ဤအရာကို မိမိတို့၏ အချိန်ပြည့်အလုပ်ကဲ့သို့ သဘောထားသင့်၏။ “ဘုရားသခင် မရှိပါက၊ ကျွန်ုပ် အသက်မရှင်နိုင်။ ဘုရားသခင်မရှိပါက၊ မည်သည့်အရာမျှ ကျွန်ုပ် မပြီးမြောက်နိုင်။ ဘုရားသခင် မရှိပါက၊ အရာရာ အနှစ်မဲ့သည်” ဟု ၎င်းတို့ ခံစားသင့်၏။ ထို့ကြောင့် ၎င်းတို့သည် “သန့်ရှင်းသော ဝိညာဉ်တော် မရှိဘဲ၊ မည်သည့်အရာကိုမျှ ကျွန်ုပ် လုပ်မည်မဟုတ်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက မည်သည့်ထိရောက်မှုမျှမရှိပါက၊ ဘာကိုမျှ လုပ်ဆောင်ဖို့ ကျွန်ုပ် စိတ်မဝင်စားပါ” ဆိုသည့် သန္နိဋ္ဌာန်ကိုလည်း ၎င်းတို့ ရှိသင့်သည်။ မိမိကိုယ်ကိုယ် အလိုမလိုက်နှင့်။ ဘဝအတွေ့အကြုံများသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့မှ လာပြီး၊ ၎င်းတို့၏ သင်၏ ဓမ္မဓိဋ္ဌာန်မကျသော အားထုတ်မှုများ ပုံပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် သင် တောင်းဆိုသင့်သည့်အရာမှာ ဤသို့ဖြစ်၏- “ဘဝအတွေ့အကြုံနှင့် ပတ်သက်လာသည့်အခါ၊ ကျွန်ုပ် မိမိကိုယ်ကိုယ် လုံးဝလွတ်လပ်ခွင့်ပေး၍ မဖြစ်” ဟူ၍ ဖြစ်သည်။

တစ်ခါတစ်ရံ၊ ပုံမှန်မဟုတ်သည့် အခြေအနေတွင်၊ သင်သည် ဘုရားသခင် ရှိနေခြင်းကို ဆုံးရှုံးပြီး သင် ဆုတောင်းသည့်အခါ ဘုရားသခင်ကို မခံစားနိုင် ဖြစ်လာသည်။ ထိုသို့သော အချိန်များတွင် စိုးရွံ့မှုခံစားရခြင်းမှာ ပုံမှန်ဖြစ်၏။ သင့်အနေဖြင့် ချက်ချင်း စတင် ရှာဖွေသင့်သည်။ သင် မစတင်ပါက၊ ဘုရားသခင်သည် သင့်ထံမှ ဝေးကွာ လိမ့်မည်ဖြစ်ပြီး သင်သည် တစ်ရက်ကြာ၊ နှစ်ရက်ကြာ၊ တစ်လ သို့မဟုတ် နှစ်လကြာပင် သန့်ရှင်းသော ဝိညာဉ်တော်- ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်- မရှိဘဲ ဖြစ်လိမ့်မည်။ ဤအခြေအနေများတွင် သင်သည် အလွန့်အလွန် ထုံထိုင်းလာပြီး အပြုအမူမျိုးစုံ ကျူးလွန်နိုင်စွမ်းရှိသည်အထိ စာတန်၏ ဖမ်းဆီးခြင်းကို နောက်တစ်ကြိမ် ခံရပေသည်။ ချမ်းသာကြွယ်ဝမှုကို သင် တပ်မက်သည်၊ သင်၏ ညီအစ်ကို မောင်နှမများကို လှည့်ဖြားသည်၊ ရုပ်ရှင်များနှင့် ဗီဒီယိုများကို ကြည့်ရှုသည်၊ မာဂျောင် ကစားပြီး စည်းမရှိကမ်းမရှိ ဆေးလိပ်နှင့် အရက်ပင်သောက်လေသည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးရာသို့ သွေဖည်သွားပြီဖြစ်သည်၊ သင်သည် မိမိ၏ကိုယ်ပိုင်လမ်းသို့ တိတ်တဆိတ် သွားလေပြီဖြစ်ကာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ဝေဖန်လေပြီ။ အချို့ကိစ္စရပ်များတွင်၊ လူတို့သည် အလွန်နိမ့်ကျသည်မှာ လိင်မှုသဘာဝနှင့်ဆိုင်သော အပြစ်များကို ကျူးလွန်ရာတွင် မည်သည့် အရှက် သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းမျှ မခံစားကြရပေ။ ဤကဲ့သို့သော လူမျိုးကို သန့်ရှင်းသော ဝိညာဉ်တော်က စွန့်ပစ်ပြီးဖြစ်သည်။ အမှန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က ထိုသို့သော လူထဲတွင် မရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်မှု၏ လက်တံများသည် သာ၍ ဝေးဝေး ဆန့်ထုတ်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးခြင်းထဲသို့ ၎င်းတို့ သာ၍ နက်ရှိုင်းစွာ နစ်မြုပ်သည်ကိုသာ တွေ့မြင်နိုင်သည်။ နောက်ဆုံးတွင်၊ ဤလမ်းခရီး၏ တည်ရှိခြင်းကို ၎င်းတို့ ငြင်းပယ်ပြီး ၎င်းတို့ အပြစ်ပြုကြသည်နှင့်အမျှ စာတန်၏ ဖမ်းဆီးခြင်းကို ခံကြရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းသာ သင်၌ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိသည်ကို သင် တွေ့ရှိပါက ယင်းမှာ ရှိနေဖို့ အန္တရာယ်များသည့် အခြေအနေဖြစ်နှင့်ပြီးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းကိုပင် သင် မခံစားရသည့်အခါ၊ သင်သည် သေလုနီးနီး ဖြစ်ပေသည်။ သင် နောင်တမရပါက၊ စာတန်ထံ လုံးဝ ပြန်သွားခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်ပြီး ပယ်ထုတ်ခံရသည့် သူများအလယ်တွင် သင် ရှိလိမ့်မည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သာရှိသည့် အခြေအနေတစ်ခုထဲ သင်ရှိသည်ကို (သင် အပြစ်မပြု၊ မိမိကိုယ်ကိုယ် ချုပ်တည်းထားပြီး ဘုရားသခင်ကို ဗြောင်ကျကျ အာခံခြင်း တစ်ခုမျှ သင် မပြု) သင် တွေ့ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သည်ကို (သင် ဆုတောင်းသည့်အခါ တို့ထိမှု မခံစားရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သိသာသည့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ သင် မရရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ပတ်သက်၍ သင် စိတ်မဝင်စား၊ သင့်အသက်တာတွင် မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိသကဲ့သို့ ကြီးမားသည့် အလင်းပြခြင်း သင် ကင်းမဲ့ခဲ့သည်မှာ ကြာပြီ) သင် ရှာဖွေတွေ့ရှိသည့်အခါ- ထိုသို့သော အချိန်များတွင်၊ သင် သာ၍ သတိထားရမည်။ သင့်ကိုယ်သင် အလိုမလိုက်ရ၊ သင်၏ ကိုယ်ပိုင် အကျင့်စရိုက်ကို ရှေ့ဆက်၍ အကန့်အသတ်မရှိ လွှတ်မထားရ။ သန့်ရှင်းသော ဝိညာဉ်တော် ရှိနေခြင်းသည် အချိန်မရွေး ပျောက်ကွယ်နိုင်၏။ ဤသည်မှာ ထိုသို့သော အခြေအနေ အလွန်အန္တရာယ်များရသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ဤအခြေအနေမျိုးတွင်ရှိသည်ကို တွေ့ရှိရပါက၊ တတ်နိုင်သမျှမြန်မြန် အမှုအရာများကို ပြောင်းလဲဖို့ ကြိုးစားလော့။ ပထမဦးစွာ၊ နောင်တရသည့် ဆုတောင်းချက်ကို သင်ဆိုသင့်ပြီး သင့်အပေါ် သူ၏ ကရုဏာကို နောက်တစ်ကြိမ် ဘုရားသခင် ပေးစေဖို့ တောင်းလျှောက်လော့။ သာ၍ လေးလေးနက်နက် ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေလော့။ ဤအခြေခံအုတ်မြစ်နှင့်အတူ၊ ဆုတောင်းခြင်းတွင် သင်၏ အချိန်ကို ပိုမို အသုံးပြုရမည်။ သီဆိုခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းတို့တွင် သင်၏ အားထုတ်မှုများကို နှစ်ဆပြုလော့။ သင် အားအနည်းဆုံး ဖြစ်သည့်အချိန်တွင်၊ သင်၏ စိတ်နှလုံးသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို သာ၍အလွယ်တကူခံရတတ်၏။ ထိုသို့ဖြစ်သည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ယူခြင်းခံရပြီး စာတန်ထံ ပြန်ပို့ခံရလေသည်၊ သည့်နောက် သင်သည် သန့်ရှင်းသော ဝိညာဉ်တော် မရှိဘဲ ဖြစ်လေသည်။ ထိုသို့သော အချိန်များတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပြန်လည်ရရှိဖို့ နှစ်ဆခက်ခဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်နှင့်အတူ ရှိစဉ် သူ၏ အလုပ်ကို ရှာဖွေသည်က ပိုကောင်း၏၊ ယင်းက သင့်အပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းကို သာ၍ ပေးသနားဖို့နှင့် သင့်ကို သူစွန့်မပစ်စေဖို့ ဘုရားသခင်ကို အခွင့်ပေးလေသည်။ ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ သင်၏ တာဝန်ဝတ္တရားကို အစေခံခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း- ဤအရာအားလုံးသည် စာတန်က သူ၏ အလုပ်ကို လုပ်ဆောင်ဖို့ အခွင့်အရေးမရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က သင့်အတွင်းတွင် အမှုပြုနိုင်ဖို့အလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဤနည်းဖြင့် သင် ပြန်လည်မရရှိပါက၊ သင်သည် စောင့်၍သာနေပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က အထူးသဖြင့် သင့်ကို မတို့ထိခဲ့သော် သို့မဟုတ် သင့်ကို အထူး ဉာဏ်အလင်းပေးပြီး အလင်းမပေးခဲ့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းကို သင် ဆုံးရှုံးပြီးသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပြန်လည်ရရှိခြင်းက လွယ်ကူလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင်၊ သင်၏ အခြေအနေ ပြန်သက်သာလာဖို့ တစ်ရက် သို့မဟုတ် နှစ်ရက်သာ ကြာသည်မဟုတ်။ တစ်ခါတစ်ရံ မည်သည့် သက်သာခြင်းမျှမရှိဘဲ ခြောက်လကျော်လွန်သွားနိုင်သည်။ ဤအရာအားလုံးမှာ လူတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် အလွန်ငဲ့ညှာလွန်းသောကြောင့်၊ ပုံမှန်နည်းလမ်းဖြင့် အမှုအရာများကို တွေ့ကြုံနိုင်စွမ်းမရှိကြသောကြောင့် ဖြစ်ပြီး၊ ထို့သို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံကြရသောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သင် အမှန်ပြန်လည်ရရှိလျှင်ပင်၊ သင်သည် မိုင်ပေါင်းသောင်းချီ နောက်ချန်ခံခဲ့ရသည့်အလား၊ သင်၏ ဘဝအတွေ့အကြုံ၌ ဝေးဝေးနောက်ကျခဲ့ပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ လက်ရှိအမှုသည် သင့်အဖို့ သိပ်ရှင်းလင်းကောင်း ရှင်းလင်းလိမ့်ဦးမည်မဟုတ်ပေ။ ဤသည်မှာ ဆိုးရွားသည့်အရာ မဟုတ်လော။ သို့သော်၊ ထိုသို့သော လူတို့ကို ယခု နောင်တရရန် နောက်မကျ လွန်းသေးဟု ငါ ဆို၏၊ သို့သော် သတ်မှတ်ချက် တစ်ခုရှိပေသည်- သင် အလုပ် သာ၍ ကြိုးစားရမည်ဖြစ်ပြီး ပျင်းရိမှု၌ မွေ့လျော်ရမည်မဟုတ်။ အခြားလူတို့က တစ်နေ့ ငါးကြိမ်ဆုတောင်းပါက၊ သင် ဆယ်ကြိမ် ဆုတောင်းရမည်။ အခြားလူတို့က တစ်နေ့ နှစ်နာရီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပါက၊ ထိုသို့ လေးနာရီ သို့မဟုတ် ခြောက်နာရီ သင် လုပ်ရမည်။ ပြီးလျှင် အခြားလူတို့က ဓမ္မသီချင်းများကို နှစ်နာရီ နားထောင်ပါက၊ သင် အနည်းဆုံး နေ့တစ်ဝက် နားထောင်ရမည်။ သင်တို့ထိ ခံရသည်အထိ၊ သင်၏ စိတ်နှလုံးက ဘုရားသခင်ထံ ပြန်သွားပြီး ဘုရားသခင်ထံမှ အဝေးသို့ မသွေဖည်ဝံ့တော့ သည်အထိ မကြာခဏ ဘုရားသခင်၏ ရှေ့တွင် ငြိမ်သက်စွာနေပြီး သူ၏ ချစ်ခြင်းမေတ္တာကို တွေးတောလော့- ထို့အခါတွင်မှ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက အကျိုးဖြစ်ထွန်းလိမ့်မည်။ ထိုအခါတွင်မှ၊ သင်၏ ယခင်၊ ပုံမှန် အခြေအနေသို့ ပြန်လည် သက်သာလာနိုင်ပေလိမ့်မည်။

လူအချို့သည် မိမိတို့၏ လိုက်စားမှုတွင် များစွာ စိတ်အားထက်သန်ကြ၏၊ သို့တိုင် မှန်ကန်သော လမ်းကြောင်းပေါ် မဝင်ရောက်နိုင်ကြချေ။ ဤသည်မှာ ၎င်းတို့သည် သတိမမူလွန်းသောကြောင့်နှင့် ဝိညာဉ်ရေး အမှုအရာများကို အာရုံမစိုက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့တွေ့ကြုံ ရမည်ကို ၎င်းတို့ မသိကြသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်များနှင့် ၎င်းရှိနေခြင်းသည် မည်သည့် အရာဖြစ်သည်ကို မသိကြချေ။ ထိုသို့သော လူတို့သည် စိတ်အားထက်သန်ကြသော်လည်း မိုက်မဲကြလေသည်။ ၎င်းတို့သည် အသက်ကို မလိုက်စားကြချေ။ ယင်းမှာ သင်သည် ဝိညာဉ်တော်နှင့်ဆိုင်သော အသိပညာ စိုးစဉ်းမျှ မရှိသောကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ဆဲ အမှု၌ တိုးတက်မှုနှင့်ဆိုင်၍ မည်သည့်အရာမျှ သင် မသိသကဲ့သို့ သင်၏ ကိုယ်ပိုင် စိတ်ဝိညာဉ်အတွင်းရှိ အခြေအနေကို မသိမှတ်သောကြောင့် ဖြစ်သည်။ ထိုသို့သော လူတို့၏ ယုံကြည်ခြင်းသည် မိုက်မဲသော ယုံကြည်ခြင်းမျိုး ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့၏ လိုက်စားမှုသည် နောက်ဆုံးတွင် မည်သည့်အရာမျှ မဖြစ်ထွန်းပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘဝတွင် ကြီးထွားမှုရရှိဖို့ရန် သော့ချက်မှာ သင်၏ အတွေ့အကြုံ၌ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ကို သိရှိခြင်း၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ရှုမြင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို သင် နာခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်တာဖြစ်လာဖို့အလို့ငှာ သင့်အထဲ၌ ပေါ်ပေါက်စေကာ ထိုသို့အားဖြင့် ဘုရားသခင်ကို သင် စိတ်ကျေနပ်စေသည်အထိ ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းက မိုက်မဲသော ယုံကြည်ခြင်းတစ်ခု ဖြစ်ပါက၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် သင်၏ အသက်တာ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အာရုံမစိုက်ပါက၊ သမ္မာတရားအပေါ် မည်သည့် အားထုတ်မှုမျှ သင် မပြုပါက၊ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်လိမ့်မည်လော။ ဘုရားသခင် တောင်းဆိုသည့်အရာကို သင် နားမလည်ပါက၊ သင်သည် တွေ့ကြုံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်သဖြင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း ရှိလိမ့်မည်မဟုတ်ချေ။ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များမှ သင် သိလာနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ကြုံတွေ့သည်နှင့်အမျှ သင် အာရုံစိုက်ရမည့်အရာမှာ သင့်အထဲတွင် ၎င်းတို့ ဖြစ်ပေါ်စေသည့် သက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့သာ သင်သိသော်လည်း ၎င်းတို့အား မည်သို့ တွေ့ကြံရမည်ကို မသိပါက၊ သင်သည် ဝိညာဉ်ရေး ကိစ္စရပ်များကို မသိနားမလည်ကြောင်း ဤအရာက ပြသည်မဟုတ်လော။ ယခုတွင်ပင်၊ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနိုင်စွမ်း မရှိကြသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို မသိကြချေ။ ဤသည်မှာ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု၌ အားနည်းချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့ ဤကဲ့သို့ ဆက်သွားပါက၊ မည်သည့်အချိန်တွင် အမှုအရာများကို ကြွယ်ဝပြည့်စုံစွာ ၎င်းတို့ တွေ့ကြုံပြီး မိမိတို့၏ အသက်တာများတွင် ကြီးထွားမှုကို ၎င်းတို့ ရရှိနိုင်စွမ်းရှိလိမ့်မည်နည်း။ ဤသည်မှာ အချည်းနှီး ပြောဆိုခြင်းမျှသာ သဘောသက်ရောက်သည် မဟုတ်လော။ သင်တို့အထဲတွင် သဘောတရားအပေါ် အာရုံစိုက်သူ၊ ဝိညာဉ်ရေးရာကိစ္စရပ်များကို ဘာမျှမသိသော်လည်း ဘုရားသခင်အားဖြင့် ကြီးကြီးမားမား အသုံးခံရရန်နှင့် ဘုရားသခင်အားဖြင့် ကောင်းချီးပေးခြင်းခံရရန် ဆန္ဒရှိသူများစွာ ရှိ၏။ ဤသည်မှာ လုံးဝ လက်တွေ့မကျချေ။ ဤအကြောင်းကြောင့်၊ သင်တို့အားလုံး သင်တို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် မှန်ကန်သော လမ်းကြောင်းပေါ် ဝင်ရောက်နိုင်ဖို့၊ စစ်မှန်သော အတွေ့အကြုံများ ရှိနိုင်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ အမှန်တကယ် ဝင်ရောက်နိုင် ဖို့အလို့ငှာ ဤအားနည်းချက်ကို သင်တို့ အဆုံးသတ်ရပေမည်။

အရှေ့သို့- ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

နောက်တစ်ခုသို့- ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။