သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၀)
ယနေ့ ငါတို့သည် ယခင်အကြောင်းအရာနှင့်ပတ်သက်၍ ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ယခင်က ငါတို့သည် လူအမျိုးမျိုး၏ ဇာစ်မြစ်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြပြီး အမျိုးအစားသုံးမျိုးကို ဆွေးနွေးခဲ့ကြသည်။ အမျိုးအစားသုံးမျိုးမှာ အဘယ်အရာများ ဖြစ်သည်ကို သင်တို့ မှတ်မိကြသလော။ (အမျိုးအစားတစ်မျိုးမှာ တိရစ္ဆာန်များမှ လူဝင်စားခြင်းဖြစ်ပါသည်၊ တစ်မျိုးမှာ နတ်ဆိုးများမှ လူဝင်စားခြင်းဖြစ်ပြီး အခြားတစ်မျိုးမှာ လူသားများမှ လူဝင်စားခြင်း ဖြစ်ပါသည်။) ငါတို့၏ ဆွေးနွေးမှုတွင် မည်သည့်နေရာသို့ ရောက်ခဲ့သနည်း။ (ကျွန်ုပ်တို့သည် လူသားများမှ လူဝင်စားသော လူအမျိုးအစားသည် ပုံမှန်လူ့သဘာဝကို မည်သို့ ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့၏ လူ့သဘာဝအတွင်း၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား မည်သို့ရှိကြောင်းကို ဆွေးနွေးသည့်အချက်သို့ ရောက်ခဲ့ပါသည်။ ဤသည်မှာ အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်ခြင်းနှင့် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို သိရှိခြင်းဟူသည့် လက္ခဏာနှစ်ရပ်နှင့် သက်ဆိုင်ပါသည်။) တစ်ခုမှာ အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို သိရှိခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူသားများ၏ လက္ခဏာများ ဖြစ်ကြသည်။ လူသားများတွင် ဤလက္ခဏာနှစ်ရပ်ရှိခြင်းမှာ အဓိကအားဖြင့် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူများသည် အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်ပြီး မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို သိရှိနိုင်ကြသည်။ ငါတို့သည် ဤကဏ္ဍနှင့်ပတ်သက်၍ အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ကြပြီးဖြစ်သည်။ ငါတို့သည် အမှားနှင့် အမှန်ကို မပိုင်းခြားနိုင်သောသူများနှင့် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိရှိနိုင်သောသူများ၏ သရုပ်သကန်များအကြောင်းကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြပြီး အပျက်သဘောဆောင်သောဘက်တွင် ၎င်းတို့၏ ဖော်ပြချက်အချို့ကို ဖော်ထုတ်ခဲ့ကြကာ ထို့နောက်တွင် အပြုသဘောဆောင်သောအရာများမှာ အဘယ်အရာ ဖြစ်သည်ကို ငါတို့ ပြောဆိုခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယနေ့တွင် လူသားများမှ လူဝင်စားခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဆက်လက်၍ မိတ်သဟာယဖွဲ့ကြစို့။ လူသားများမှ လူဝင်စားသောသူများသည် အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်ရုံသာမက မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကိုလည်း သိရှိကြသည်။ အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်ခြင်းသည် အဓိကအားဖြင့် အပြုသဘောဆောင်သောအရာများမှာ အဘယ်အရာဖြစ်သည်နှင့် အပျက်သဘောဆောင်သောအရာများမှာ အဘယ်အရာဖြစ်သည်ကို သိရှိခြင်းနှင့် သက်ဆိုင်သည်။ ဆိုလိုသည်မှာ အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်သော သူတစ်ဦးသည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့ ယခင်က မကြုံတွေ့ဖူးသော အမှုအရာများနှင့်ပင်လျှင် ၎င်းတို့သည် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အသုံးပြု၍ ယင်းတို့အပေါ် ရိုးရှင်းသော အကဲဖြတ်မှုတစ်ခု ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့သည် ထိုသို့သော အမှုအရာများကို ကြုံတွေ့ရပြီး မိမိတို့၏ အသိစိတ်တွင် မလုံမလဲခံစားရလျှင် သို့မဟုတ် ဤအမှုအရာများကို မိမိတို့၏ ဆင်ခြင်တုံတရားနှင့် ညှိ၍မရနိုင်လျှင် ၎င်းတို့သည် ထိုသို့သောအမှုအရာများ၏ မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်းကိုဖြစ်စေ၊ အပြုသဘောဆောင်သော သဘာဝကိုဖြစ်စေ၊ အပျက်သဘောဆောင်သော သဘာဝကိုဖြစ်စေ မသိစိတ်ဖြင့် ခံစားမိလျက် အခြေခံကျသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ကြလိမ့်မည်။ ဆိုလိုသည်မှာ စစ်မှန်သော လူသားများသည် မိမိတို့ကြုံတွေ့ရသော မရင်းနှီးသည့်အမှုအရာများကို အကဲဖြတ်ရန်၊ ယင်းတို့သည် အပြုသဘောဆောင်သောအရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သောအရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ယင်းတို့သည် မှန်ကန်သောအရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ မှားယွင်းသောအရာများ ဟုတ်မဟုတ်ကိုဖြစ်စေ ပိုင်းခြားသိမြင်ရန် မိမိတို့၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား၏ အခြေခံကျသော ခံစားချက်များကို အသုံးပြုကြလိမ့်မည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရား မပိုင်ဆိုင်သောလူများအတွက်မူ ယင်းက မရင်းနှီးသောအရာများနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ရင်းနှီးသောအရာများနှင့် သက်ဆိုင်သည်ဖြစ်စေ အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်ရန်နှင့် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို သိရှိရန် အလွန်ခက်ခဲသည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းတွင် ပေါ်ပေါက်လာသော အသစ်သောအရာအချို့ မှန်ကန်ခြင်း ရှိမရှိကို ၎င်းတို့ သာ၍ပင် မသိရှိနိုင်ကြပေ။ ၎င်းတို့သည် ယင်းတို့မှာ အပြုသဘောဆောင်သောအရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သောအရာများ ဟုတ်မဟုတ်ကိုဖြစ်စေ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ လူ့အဖွဲ့အစည်းတွင် အပြုသဘောဆောင်သောအရာတစ်ခု ပေါ်ပေါက်လာပါက ၎င်းတို့သည် ယင်းကို သဘောထားပြုမူပုံတွင်လည်းကောင်း၊ ယင်းကို ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတွင်လည်းကောင်း လောကီရေစီးကြောင်းများအတိုင်းပင် လိုက်ပါဆောင်ရွက်ကြလိမ့်မည်။ ဤသည်မှာ လူသားများနှင့် လူမဟုတ်သူများကြား ကွာခြားချက် ဖြစ်သည်။ သင်မြင်သလော၊ ၎င်းတို့သည် အတူတူပင် လူသားများကဲ့သို့ ထင်ရသော်လည်း အချို့သည် သမ္မာတရားကို မည်သည့်အခါမျှ မကြားဖူးကြ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို မခံယူဖူးကြသည့်တိုင် ၎င်းတို့ မည်သို့သော ပတ်ဝန်းကျင်၌ ရှိနေသည်ဖြစ်စေ မိမိတို့၏ လုပ်ဆောင်ချက်များအတွက် အနိမ့်ဆုံးစည်းတစ်ခု၊ အနည်းဆုံးအနေဖြင့် အသိစိတ်၏ အနိမ့်ဆုံးစည်းတစ်ခု ရှိကြသည်။ ၎င်းတို့သည် အသိစိတ် သို့မဟုတ် ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သော အမှုအရာများကို လုံးဝ လုပ်ဆောင်ကြမည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပျက်သဘောဆောင်သောအရာများကို စက်ဆုပ်ရွံရှာသောကြောင့်လည်းကောင်း၊ လူ့အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် ဆောင်ရွက်ပုံတွင် ကိုယ်ကျင့်တရား၏ အခြေခံကျသော အနိမ့်ဆုံးစည်းတစ်ခု ရှိကြသည်။ သို့သော် ထိုလူမဟုတ်သူများနှင့်ပတ်သက်၍မူ ၎င်းတို့၏ အမျိုးအစားအရည်အသွေးများကို ကြည့်လျှင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြပေ။ တစ်ချက်မှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြခြင်းဖြစ်သည်။ နောက်တစ်ချက်မှာ ၎င်းတို့သည် ထိုအပျက်သဘောဆောင်သောအရာများ သို့မဟုတ် သိသိသာသာ မှားယွင်းသောအရာများကိုပင် စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် မုန်းတီးခြင်းကို မခံစားရသည့်အပြင် ယင်းတို့ကို အတိုက်အခံ လုပ်နိုင်စွမ်းလည်း မရှိကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်သောအရာများကို ချစ်ခင်နိုင်စွမ်းနှင့် ဆိုးယုတ်သော ရေစီးကြောင်းများကို လိုက်လျှောက်နိုင်စွမ်းပင် ရှိကြသည်။ သာ၍ပင် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသောအရာမှာ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သည်ဟု အခိုင်အမာဆိုသော အချို့လူများသည် ဘာသာတရားမရှိသူများကဲ့သို့ပင် ဆိုးယုတ်သော ရေစီးကြောင်းများကို လိုက်လျှောက်နိုင်ကြဆဲဖြစ်ပြီး ထိုကောက်ကျစ်ဆိုးယုတ်သောအရာများကို အရှက်တရား တစ်စိုးတစ်စဉ်းမျှမရှိဘဲ၊ မိမိတို့၏ အသိစိတ်မှ လိပ်ပြာမသန့်ခြင်း တစ်စက်မျှပင် မရှိဘဲ လုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။
ယနေ့ခေတ်တွင် လူများစွာသည် မိမိတို့၏ ဖုန်းများဖြင့် မိမိတို့ကိုယ်ကို ဓာတ်ပုံရိုက်ကြသည်။ ပုံမှန်လူ့သဘာဝရှိသော လူများသည် မည်သို့သော ဓာတ်ပုံအမျိုးအစားကို ရိုက်ကြသနည်း။ ၎င်းတို့သည် အချို့သော အံ့ဖွယ်ကောင်းသည့် အမှတ်တရများကို ချန်ထားခဲ့ရန် ရည်ရွယ်ချက်ဖြင့် အဓိပ္ပာယ်ရှိပြီး အမှတ်တရထိုက်သော ဓာတ်ပုံများကို ရိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဓာတ်ပုံရိုက်လျှင်ပင် ယဉ်ကျေးဖွယ်ရာသော၊ သင့်တင့်လျောက်ပတ်သော၊ သိက္ခာရှိသော၊ ဖြောင့်မတ်သော ပုံစံဖြစ်သည့် ဓာတ်ပုံများကို ရိုက်ကြသည်။ ဤကိစ္စရပ်တွင် ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ဘောင်အတွင်း၌ ရှိသည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသူများမှာမူ ကွဲပြားသည်။ ၎င်းတို့သည်လည်း မိမိတို့ကိုယ်ကို ဓာတ်ပုံရိုက်ကြသော်လည်း ၎င်းတို့၏ ဓာတ်ပုံများမှာ ပြဿနာရှိသည်။ အချို့အမျိုးသမီးများသည် မည်သို့သော ဓာတ်ပုံအမျိုးအစားကို ရိုက်ကြသနည်း။ ၎င်းတို့သည် သိက္ခာရှိသော၊ ဖြောင့်မတ်သော၊ သင့်တင့်လျောက်ပတ်သော ဓာတ်ပုံများကို မရိုက်ကြပေ။ ၎င်းတို့သည် အွန်လိုင်းပေါ်ရှိ ဘာသာတရားမရှိသော အမျိုးသမီးများက စိတ်ဆွပေးသော ဓာတ်ပုံအချို့၊ ကာမရာဂစိတ်နိုးကြွစေသော ဓာတ်ပုံအချို့ သို့မဟုတ် အထူးသဖြင့် ထူးဆန်းသော ဓာတ်ပုံအချို့ကို ရိုက်ကြသည်ကို မြင်သောအခါ ထိုသူတို့ကို အတုယူကြပြီး အမျိုးသားများကို သွားရည်ယိုစေသော တဏှာရမက် အတွေးများ ဖြစ်စေသော ဓာတ်ပုံအချို့ကိုလည်း ရိုက်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြည့်တန်ဆာများ၊ လော်လီသော အမျိုးသမီးများကဲ့သို့ ပုံပေါက်စေသည့် ဓာတ်ပုံများ သို့မဟုတ် ကာမရာဂစိတ်နိုးကြွစေသော ဓာတ်ပုံများကို အထူးတလည် ရိုက်ကြခြင်း ဖြစ်သည်။ အချို့အမျိုးသမီးများသည် မိတ်ကပ်အထူကြီးလိမ်းခြင်း၊ မိမိတို့၏ မျက်နှာများကို အလွန်ဖြူဖွေးအောင်နှင့် နှုတ်ခမ်းများကို အလွန်နီရဲအောင် ခြယ်သခြင်း၊ မျက်လုံးမိတ်ကပ်ကို အဆုံးတွင် လူထူးလူဆန်းများကဲ့သို့ ပုံပေါက်စေသည့် နည်းလမ်းဖြင့် လိမ်းခြယ်ခြင်းတို့ကို နှစ်သက်ကြသည်။ ၎င်းတို့သည် ကင်မရာရှေ့တွင် ဖြားယောင်းသွေးဆောင်သော၊ စွဲမက်ဖွယ်ကောင်းသော အမူအရာကို တမင်တကာ လုပ်ယူကြပြီး ၎င်းတို့၏ မျက်လုံးအကြည့်မှာ စိတ်ကိုညှို့ယူနိုင်ကာ ညစ်ညမ်းလျက် အမျိုးသားများက ဤအရာအားလုံးကို မြင်သောအခါ ကိလေသာစိတ်များ ဖြစ်ပေါ်လာစေသည်။ ၎င်းတို့၏ ဆံပင်ရှည်များကို မျက်နှာပေါ်သို့ ချထားပြီး မျက်နှာကို အနည်းငယ် မော့ကာ ဆံပင်ကြားမှတစ်ဆင့် ဖြားယောင်းသွေးဆောင်သော၊ ညစ်ညမ်းစိတ်ရှိစေသော အကြည့်ဖြင့် ကြည့်သည့် အမျိုးသမီးများလည်း ရှိသေးသည်။ တိုတိုပြောရလျှင် ထိုသို့သော အမျိုးသမီးများသည် ဖြားယောင်းသွေးဆောင်ပြီး ဆွဲဆောင်မှုရှိသည်ဟု ၎င်းတို့ထင်သော မည်သည့်အမူအရာနှင့် အပြုအမူကိုမဆို အသုံးပြု၍ ဓာတ်ပုံရိုက်ကြသည်။ ယင်းတို့ကို ရိုက်ပြီးနောက် ဤအမျိုးသမီးများသည် မိမိတို့ကိုယ်ကို အလွန်အမင်း သဘောကျကျေနပ်သည်ဟုလည်း ခံစားကြရပြီး မိမိတို့၏ စိတ်ဆွပေးသော ဓာတ်ပုံများကို အခါအားလျော်စွာ သဘောကျနေကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ အမြတ်နိုးဆုံးနှင့် အကြိုက်ဆုံး ဓာတ်ပုံများကို မိမိတို့၏ ကွန်ပျူတာ သို့မဟုတ် ဖုန်း၏ နောက်ခံပုံအဖြစ် ထားကြပြီး ဤအမျိုးသမီးများထဲမှ အချို့သည် ယင်းတို့ကို အွန်လိုင်းပေါ်တွင်ပင် တင်ကြသည်။ ဤဓာတ်ပုံများကို ကြည့်သည့်အခါတိုင်း ၎င်းတို့သည် အလွန်ဆွဲဆောင်မှု ရှိသည်ဟုလည်းကောင်း၊ မွေးရာပါ ကြယ်ပွင့်တစ်ပွင့် ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်ကို မယုံကြည်ခဲ့လျှင် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်လာမည်ဟုလည်းကောင်း ၎င်းတို့ ခံစားကြရသည်။ ကြည့်လော့၊ ၎င်းတို့သည် မည်သို့သော လမ်းကြောင်းမျိုးကို လျှောက်လှမ်းနေကြသနည်း။ ၎င်းတို့သည် ထိုဓာတ်ပုံများကို အမြဲတစေ မိမိတို့ဘာသာ သဘောကျနေရုံသာမက ဤဓာတ်ပုံများကို မိမိတို့၏ ပတ်ဝန်းကျင်ရှိ လူများကိုလည်း ပြကြသည်။ လူများက ထိုဓာတ်ပုံများကို မြင်ပြီးနောက် ၎င်းတို့ကို မချီးကျူးပါက ၎င်းတို့သည် စိတ်ထဲ၌ မကျေမနပ် ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ ဓာတ်ပုံများကို အထူးသဖြင့် သဘောကျပြီး “ဤဓာတ်ပုံက အလွန်ကောင်းသည်၊ စတားတစ်ဦး၏ ဓာတ်ပုံဖြစ်သည်။ ထိုလူနှင့် အလွန်တူသည်” ဟု ပြောဆိုသော ၎င်းတို့နှင့် တစ်မျိုးတစ်စားတည်းသော လူတစ်ဦးဖြင့် တွေ့ဆုံပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို သာ၍ပင် ကျေနပ်အားရကြပြီး ဤခံစားချက်တွင် နေ့စဉ်နေ့တိုင်း ပျော်မွေ့နေကြသည်။ အချို့လူများသည်လည်း မိမိတို့၏ ဓာတ်ပုံများကို အလှဆင်ခြင်း၊ မိမိတို့၏ ခေါင်းပေါ်တွင် ယုန်နားရွက်တစ်စုံ တပ်ဆင်ခြင်းနှင့် ကြောင်နှုတ်ခမ်းမွေးများ ထည့်ခြင်းတို့ကို နှစ်သက်ကြပြီး မိမိတို့သည် ယုန်များနှင့် ကြောင်ကလေးများထက် ပို၍ ချစ်စရာကောင်းသည်ဟု ထင်ကြသည်။ ၎င်းတို့သည် တွေ့သမျှလူတိုင်းကို “ကျွန်ုပ်က ယုန်နှင့်ပိုတူသည်ဟု သင်ထင်သလော၊ သို့မဟုတ် ကြောင်လေးနှင့်ပိုတူသည်ဟု ထင်သလော” ဟု မေးကြသည်။ လူများက “သင် မည်သည့်အရာနှင့်တူမှန်း မည်သူက သိနိုင်မည်နည်း” ဟု ပြောသောအခါ ၎င်းတို့ အလွန်ဒေါသထွက်ကြသည်။ ငါ့ကို ပြောလော့၊ လူတစ်ဦးသည် သင့်တင့်လျောက်ပတ်သော လူသားတစ်ဦး မဖြစ်လိုဘဲ တိရစ္ဆာန်တစ်ကောင် ဖြစ်လိုခြင်းသည် သဘာဝမကျခြင်း မဟုတ်လော။ ၎င်းတို့သည် ပို၍များသော လူများထံမှ ချီးကျူးမှုကို ရရှိရန် ကြိုးစားလျက် ဤ “အကောင်းဆုံးလက်ရာများ” ကို အွန်လိုင်းပေါ်တွင်ပင် တင်ကြသည်။ မိမိတို့ကိုယ်ကို ဓာတ်ပုံရိုက်သောအခါ ဓားသမားများ သို့မဟုတ် သူရဲကောင်းများအဖြစ်ဖြစ်စေ၊ အနောက်တိုင်းရုပ်ရှင်များမှ ပင့်ကူလူသား သို့မဟုတ် လင်းနို့လူသားအဖြစ်ဖြစ်စေ၊ ခပ်မိုက်မိုက်၊ အေးစက်စက်နှင့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များအဖြစ်ဖြစ်စေ ဝတ်ဆင်ကြသော လူအချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အခြားသူများက မိမိတို့ကို နှစ်သက်ပြီး အသိအမှတ်ပြုမည်ဟူသော မျှော်လင့်ချက်ဖြင့် ဤအရာအားလုံးကို လုပ်ဆောင်ကြပြီး ဤအရာတွင် နေ့စဉ်နေ့တိုင်း အရူးအမူးစွဲလမ်းနေကြသည်။ ငါ့ကို ပြောလော့၊ ဤသူများသည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ပုံမှန်လူများ ဖြစ်ကြသလော။ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် လူမဟုတ်သူများ ဖြစ်ကြသည်။ မိမိကိုယ်ကို ဓာတ်ပုံရိုက်ခြင်းသည် ဆိုးယုတ်သော ရေစီးကြောင်းများကြားတွင် ရိုးရှင်းပြီး သေးငယ်သော ကိစ္စရပ်တစ်ခုမျှသာ ဖြစ်သော်လည်း ယင်းသည် လူတစ်ဦး၏ နှစ်သက်မှုများနှင့် လိုက်စားမှုများကို ဖော်ပြသည့်အပြင် ၎င်းတို့၏ စရိုက်၊ ၎င်းတို့၏ လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ စိတ်ဝိညာဉ် နက်နဲရာမှ အရာများကို ဖော်ပြသည်။ သိက္ခာရှိပြီး ဖြောင့်မတ်သောလူများသည် အပြုသဘောဆောင်သော၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော အရာများကို ဓာတ်ပုံရိုက်ရန် ဤကိရိယာဖြစ်သည့် မိုဘိုင်းဖုန်းကို အသုံးပြုကြသော်လည်း လူ့သဘာဝ၏ အရည်အသွေးများကို မပိုင်ဆိုင်သောလူများမှာမူ အပျက်သဘောဆောင်သော၊ ကောက်ကျစ်ဆိုးယုတ်သော အရာများ၊ ၎င်းတို့၏ သဘာဝအနှစ်သာရက လိုအပ်သော အရာများကို ဓာတ်ပုံရိုက်ကြသည်။ လူတစ်ဦးသည် မည်သို့သော လူစားမျိုးဖြစ်သည်ဟူသည့်အရာက ၎င်းတို့တွင် မည်သို့သော လိုအပ်ချက်များရှိသည်၊ မည်သို့သော ဓာတ်ပုံအမျိုးအစားကို ၎င်းတို့ ရိုက်သည်၊ မိမိတို့ကိုယ်ကို မည်သို့ အလှဆင်ရန်နှင့် မိမိတို့၏ ပုံရိပ်ကို မည်သို့ တင်ဆက်ရန် ရွေးချယ်သည့် နည်းလမ်းတို့ကို ဆုံးဖြတ်ပေးသည်ဟု ဆိုနိုင်သည်။ ပုံမှန်လူ့သဘာဝရှိသော လူများသည် အမှတ်တရများအဖြစ် သိက္ခာရှိသော၊ ဖြောင့်မတ်သော၊ ယဉ်ကျေးဖွယ်ရာသော၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ပုံရိပ်အချို့ကို ရိုက်ကူးရန် ရွေးချယ်ကြမည်ဖြစ်သော်လည်း ပုံမှန်လူ့သဘာဝမရှိသော လူများမှာမူ လောက၏ ဆိုးယုတ်သော ရေစီးကြောင်းများကို လိုက်လျှောက်ကြပြီး ၎င်းတို့နှစ်သက်သော အမှုအရာများကို လုပ်ဆောင်ကြလိမ့်မည်။ မိမိကိုယ်ကို ဓာတ်ပုံရိုက်ခြင်းသည် ကိစ္စလေးတစ်ခု ဖြစ်သော်လည်း လူတို့၏ အတွင်းအကျဆုံးသော နှစ်သက်မှုများနှင့် လိုက်စားမှုများကို မြင်တွေ့ရန် လုံလောက်သည်။ မည်သည့်ကိစ္စရပ်ဖြစ်စေ ပုံမှန်လူ့သဘာဝရှိသော လူများက မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်ကို အလွန်ရှင်းလင်းစွာ မပြောနိုင်သော အရာတစ်ခုဖြစ်လျှင်ပင် ထိုသို့သောလူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရသောကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို အလိုအလျောက် ရွေးချယ်ကြလိမ့်မည်။ ခဏတာ ပိုင်းခြားသိမြင်မှု ကင်းမဲ့ခြင်းကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်သော အရာတစ်ခုကို ရွေးချယ်မိလျှင် သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုကို မတော်တဆ လုပ်ဆောင်မိလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ခံစားချက်တစ်ခုကို လျင်မြန်စွာ ရရှိကြလိမ့်မည်၊ ၎င်းတို့၏ အသိစိတ်တွင် လိပ်ပြာမသန့်ဖြစ်လိမ့်မည် သို့မဟုတ် ဤအရာကို ၎င်းတို့၏ ဆင်ခြင်တုံတရားနှင့် ညှိ၍မရနိုင်ပေ။ လူ့သဘာဝ မပိုင်ဆိုင်သောလူများသည် အပြုသဘောဆောင်သောအရာများကို ရင်ဆိုင်ရသောအခါ အပြုသဘောဆောင်သောအရာများသည် အလွန် ပေါ့ရွှတ်ပြီး ငြီးငွေ့ဖွယ်ကောင်းသည်၊ ဖော်ပြရန် အလွန် မထိုက်တန်၊ လူတို့၏ အထင်သေးခြင်းကို ခံရသည်ဟု ၎င်းတို့ ခံစားကြရသော်လည်း မိမိတို့၏ စိတ်နှလုံးထဲတွင်မူ အပျက်သဘောဆောင်သောအရာများ၊ အထူးသဖြင့် ဆိုးယုတ်သော ရေစီးကြောင်းများအတွင်း အလွန်ရေပန်းစားသော ထိုအရာများကို အထူးသဖြင့် နှစ်သက်ပြီး သဘောကျကြသည်။ သင်သည် ဤလူစားမျိုး၏ သိက္ခာရှိပြီး ဖြောင့်မတ်သော ဓာတ်ပုံတစ်ပုံကို ရိုက်ပေးပါက ၎င်းတို့သည် စက်ဆုပ်ရွံရှာပြီး နှာခေါင်းရှုံ့ကာ “မည်သူကများ ဤကဲ့သို့ ဓာတ်ပုံမျိုး ရိုက်ပေးနေသေးသနည်း။ ယင်းမှာ အလွန်ခေတ်နောက်ကျနေပြီ” ဟု ပြောဆိုကြလိမ့်မည်။ ၎င်းတို့ကိုယ်တိုင်က ကာမရာဂစိတ်နိုးကြွစေသော ဓာတ်ပုံများကို ရိုက်ရန် ရွေးချယ်ကြသည်။ ပုံမှန်လူများက ထိုသို့သော ဓာတ်ပုံများကို စက်ဆုပ်ဖွယ်ကောင်းပြီး ကြည့်မကောင်းဟု မြင်ကြသော်လည်း ဤလူစားမျိုးကမူ “ဤသည်မှာ ဆွဲဆောင်မှုရှိသည်။ ဆွဲဆောင်မှုရှိသည်ဟူသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်နားလည်သလော။ ဤအရာက ခေတ်ဆန်သည်။ ဤအရာကသာ အဆင့်မြင့်အနုပညာဖြစ်သည်။ သင်က အနုပညာကို နားမလည်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာမရာဂစိတ်နိုးကြွစေသော ဓာတ်ပုံများ ရိုက်သောအခါ စက်ဆုပ်ရွံရှာသည်ဟု မခံစားရရုံသာမက ဤခေတ်ဆန်ပြီး ကာမရာဂစိတ်နိုးကြွစေသော အရာများကို လိုက်လျှောက်ရန်လည်း အထူးသဖြင့် နှစ်သက်ကြသည်။
လူမဟုတ်သူများသည် အပျက်သဘောဆောင်သော အရာများအပေါ် အလွန်အမင်း စိတ်အားထက်သန်ကြသည်။ ဆိုးယုတ်သော ရေစီးကြောင်းများကြားတွင် အပျက်သဘောဆောင်သော အရာအချို့ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် ယင်းတို့အကြောင်းကို လျင်မြန်စွာ လေ့လာကြမည်ဖြစ်ပြီး ယင်းတို့အပေါ် အလွန်အမင်း လက်ခံမှုရှိကြလိမ့်မည်။ ၎င်းတို့တွင် အခွင့်အရေးရှိပြီး အခါအခွင့်သင့်ပါက ၎င်းတို့နှစ်သက်ပြီး အသိအမှတ်ပြုသော ဆိုးယုတ်သော ရေစီးကြောင်းများမှ ထိုအမှုအရာများကို သေချာပေါက် လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် လုံးဝ ငြင်းပယ်ကြမည် မဟုတ်သည့်အပြင် လုံးဝ ဘေးမှရပ်ကြည့်သူများ ဖြစ်ကြမည်မဟုတ်ဘဲ ယင်းတို့ကို စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် ရှောင်ရှားခြင်းကိုမူ ဆိုဖွယ်ရာပင်မရှိပေ။ ထိုအစား ၎င်းတို့သည် ယင်းတို့ကို စိတ်နှစ်ထားကြလိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်သော အချို့လူများသည်လည်း အနောက်တိုင်းမှ လာသည်ဟု ၎င်းတို့ကြားရသော ခေတ်မီသည့် ပြောစကားများနှင့် ကျင့်သုံးမှုအချို့ကို အနီးကပ် လိုက်လုပ်ကြသည်။ ဥပမာအားဖြင့် အနောက်တိုင်းတွင် သူရဲကြီးများနေ့ဟုခေါ်သော ပွဲတစ်ခုရှိပြီး ယင်းမှာ အမှန်တကယ်တွင် တစ္ဆေများ၏ ပွဲတော်တစ်ခု ဖြစ်သည်။ ဤနေ့တွင် လူကြီးများနှင့် ကလေးများအားလုံးသည် စင်မြင့် သို့မဟုတ် ပြဇာတ်ဖျော်ဖြေပွဲများအတွက်ကဲ့သို့ အမျိုးမျိုးသော ဝတ်စုံများကို ဝတ်ဆင်ကြသည်။ အချို့က စုန်းမများအဖြစ်၊ အချို့က မင်းသားများ သို့မဟုတ် မင်းသမီးများအဖြစ်၊ အခြားသူများက ဖားများ၊ မြွေများ၊ ဒိုင်နိုဆောများ စသည်တို့အဖြစ် ဝတ်ဆင်ကြသည်။ ထို့နောက် ၎င်းတို့သည် အမျိုးမျိုးသော ကုန်တိုက်များ၊ ဆိုင်များနှင့် အိမ်များသို့ သကြားလုံးတောင်းရန် ခြင်းတောင်းများ သို့မဟုတ် အိတ်များကို ယူဆောင်သွားကြသည်။ ဘုရားသခင်ကို ယုံကြည်သော အချို့လူများသည်လည်း ဤပွဲတော်ကို ကျင်းပကြပြီး တစ္ဆေဝတ်စုံများကို ဝတ်ဆင်ကာ အတော်လေး ပျော်ရွှင်သည်ဟု ခံစားကြရသည့်အပြင် ဤသည်မှာ မတူညီသော ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် မည်သို့သော ဝတ်စုံများကို ဝတ်ဆင်ရန် ရွေးချယ်ကြသနည်း။ ၎င်းတို့သည် စစ်အရာရှိများ၊ ဗိုလ်ချုပ်များ သို့မဟုတ် သူရဲကောင်းများကဲ့သို့ အတော်အတန် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များ၏ ဝတ်စုံများကို မဝတ်ဆင်ကြပေ။ ၎င်းတို့သည် စုန်းမများနှင့် စုန်းကဝေများ၏ အဝတ်အစားများကို မရမက ဝတ်ဆင်ကြသည်။ တစ္ဆေများ၏ ပွဲတော်ကို ကျင်းပရန် အမျိုးမျိုးသော နတ်ဆိုးများကဲ့သို့ ဝတ်စားဆင်ယင်လျက် ၎င်းတို့သည် ပျော်ရွှင်သည်ဟု ခံစားကြရပြီး ပျော်စရာကောင်းသည်ဟု မြင်ကြကာ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာသောအရာတစ်ခုနှင့် လူ့လောကရှိ အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်း သဘောပေါက်ရန် ပျက်ကွက်ကြသည်။ စိတ်ထဲတွင် ဤလူစားမျိုးသည် ထိုသို့သော အပျက်သဘောဆောင်သောအရာများအပေါ် ရှင်းလင်းသော နားလည်မှုမရှိသည့်အပြင် ဤရိုးရာယဉ်ကျေးမှုဆိုင်ရာ အမှုအရာများနှင့် ဤလောကီရေစီးကြောင်းများကို မည်သို့ သဘောထားပြုမူသင့်သည်ကို မသိရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် အတိအကျ မည်သည့်အရာ ဖြစ်သည်ကိုလည်း စစ်မှန်သော နားလည်မှုမရှိကြဘဲ မိမိတို့သည် လူသားများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ တစ္ဆေများ ဟုတ်မဟုတ်ကိုဖြစ်စေ မသိရှိကြပေ။ ၎င်းတို့သည် မိမိတို့မှာ လူသားများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ တစ္ဆေများ ဟုတ်မဟုတ်ကိုဖြစ်စေ မသိကြသော်လည်း ၎င်းတို့ကို လူသားများဖြစ်စေရန် ခက်ခဲပေသည်၊ သင်က ၎င်းတို့ကို တစ္ဆေများ သို့မဟုတ် တိရစ္ဆာန်များလုပ်ရန် တောင်းဆိုလျှင်မူ ၎င်းတို့သည် ယင်းကို အဆုံးမရှိ ပျော်ရွှင်ဖွယ်ကောင်းသည်ဟု မြင်ကြပြီး မည်သည့်အခါမျှ မငြင်းပယ်ကြပေ။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ ဤလူစားမျိုးသည် အတိအကျ မည်သည့်အရာဖြစ်သနည်း။ သင်သည် ၎င်းတို့ကို အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးဖြစ်ရန် တောင်းဆိုပါက ၎င်းတို့သည် “အသိစိတ်သည် မည်မျှတန်ဖိုးရှိသနည်း။ ယနေ့ခေတ်တွင် မည်သူက အသိစိတ်ကို ဂရုစိုက်သေးသနည်း။ မည်သူက ချစ်ခင်တွယ်တာမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုတို့ကို ဂရုစိုက်သေးသနည်း။ မည်သူက ကိုယ်ကျင့်တရားကို ဂရုစိုက်သေးသနည်း” ဟု မကြာခဏ ပြောဆိုကြလိမ့်မည်။ သို့သော် သင်သည် ၎င်းတို့ကို နတ်ကတော်တစ်ဦးအဖြစ် ဝတ်စားဆင်ယင်ပြီး သရုပ်ဆောင်ရန် သို့မဟုတ် ဒိုင်နိုဆောတစ်ကောင်အဖြစ် သရုပ်ဆောင်ရန် ဒိုင်နိုဆောဝတ်စုံကို ဝတ်ဆင်ရန် တောင်းဆိုပါက ၎င်းတို့သည် ကန့်ကွက်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုကြပေ။ ငါ့ကို ပြောလော့၊ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ ၎င်းတို့၏ သဘာဝအနှစ်သာရတွင် အပြုသဘောဆောင်သော အရာများအတွက် အနည်းငယ်မျှသော ချစ်ခင်မှု အမှန်တကယ် ရှိသလော။ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများကို စက်ဆုပ်ရွံရှာခြင်း တစ်စက်တလေ ရှိကြသလော။ ၎င်းတို့ရွေးချယ်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ ကြည့်လျှင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများအတွက် ချစ်ခင်မှု တစ်စက်မျှ မရှိသည့်အပြင် အပျက်သဘောဆောင်သော အရာများအပေါ် စက်ဆုပ်ရွံရှာမှု တစ်စက်မျှ မခံစားရသည်မှာ သိသာထင်ရှားသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အထူးသဖြင့် စက်ဆုပ်ရွံရှာကြပြီး ယင်းတို့ကို လှောင်ပြောင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းဖြင့် သဘောထားကြသည်။ အပျက်သဘောဆောင်သောအရာများနှင့်ပတ်သက်၍မူ အထူးသဖြင့် ဆိုးယုတ်သော ရေစီးကြောင်းများကြားတွင် အလွန်ရေပန်းစားပြီး လက်ရှိတွင် အလွန်ခေတ်စားနေသော ထိုအရာများကို ၎င်းတို့သည် အလွန်အမင်း သဘောကျပြီး အသိအမှတ်ပြုကြသည်။ အထူးသဖြင့် အချို့လူများသည် ဆိုးယုတ်သော ရေစီးကြောင်းများနှင့်အညီ လိုက်မီနိုင်စွမ်း ရှိခြင်းနှင့် မကောင်းဆိုးဝါးများနှင့် သားရဲတိရစ္ဆာန်များ၏ ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်နိုင်ခြင်းအတွက် ဂုဏ်ယူသည်ဟု ခံစားကြရပြီး မိမိတို့သည် အခြားသူများနှင့် ကွဲပြားသည်ဟု ခံစားကြရသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည်မှာ သိသာထင်ရှားသည်။ အရာတစ်ခုသည် ဆိုးယုတ်သော ရေစီးကြောင်းများမှ လာလေလေ ၎င်းတို့က ယင်းကို ပို၍ နှစ်သက်လေလေ ဖြစ်သည်။ အထူးသဖြင့် အချို့သော အရှေ့တိုင်းသားများသည် အနောက်တိုင်းတွင် မည်သည့်အရာက ရေပန်းစားသည်၊ အနောက်တိုင်းသားများက မည်သည့်အရာကို နှစ်သက်သည်၊ အနောက်တိုင်းသားများက မည်သည့်အရာကို ဝတ်ဆင်ပြီး အသုံးပြုသည်ဟူသည်တို့ကို လူများပြောဆိုသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် မည်သည့် ပိုင်းခြားသိမြင်မှုကိုမျှ အသုံးမပြုဘဲ ယင်းအားလုံးကို လက်ခံကြပြီး အတုယူရန် ကြိုးစားကြသည်။ ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်ပြီး သမ္မာတရားကို ဆန့်ကျင်သည့် ကောက်ကျစ်ဆိုးယုတ်သောအရာတစ်ခု ဖြစ်လျှင်ပင် ၎င်းတို့သည် ယင်းကို လက်ခံကြဆဲဖြစ်သည်။ အချို့လူများက “ဤသည်မှာ နိုင်ငံခြားအရာများကို ကိုးကွယ်ခြင်းနှင့် နိုင်ငံခြားသားများကို မျက်နှာလုပ်ခြင်းလော” ဟု ပြောဆိုကြသည်။ ယင်းမှာ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ၊ ၎င်းတို့၏ သဘာဝအနှစ်သာရတွင် ဤကောက်ကျစ်ဆိုးယုတ်သောအရာများကို နှစ်သက်ခြင်းသာ ဖြစ်ပါသည်။) မှန်ပေသည်။ ၎င်းတို့သည် အရှေ့တိုင်းသားများကြားတွင် ရေပန်းစားသော အရာများသည် အဆင့်မမီဟု ခံစားကြရသဖြင့် အနောက်တိုင်းမှ ရေပန်းစားသောအရာများကို လိုက်လုပ်ကြပြီး တစ်မူထူးခြားကာ အခြားသူများနှင့် ကွဲပြားလိုကြသည့်အပြင် အခြားသူများ၏ အလွန် အထင်ကြီးလေးစားခြင်းကို ခံလိုကြသည်။ မည်သို့ပင်ဖြစ်စေ ဤလူစားမျိုးသည် လူ့သဘာဝ၏ အရည်အသွေးများကို မပိုင်ဆိုင်ပေ။ ၎င်းတို့၏ နှစ်သက်မှုများနှင့် လိုက်စားမှုများအားဖြင့်လည်းကောင်း၊ ကိစ္စရပ်တိုင်းတွင် ၎င်းတို့၏ အတွေးများ၊ အမြင်များနှင့် ထုတ်ဖော်မှုများအားဖြင့်လည်းကောင်း အကဲဖြတ်ရလျှင် ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိပေ။ ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် လူမဟုတ်သူများ၏ အတွေးများနှင့် အမြင်များနှင့် တူညီသည့်အပြင် နတ်ဆိုးများ၊ စာတန်၏ အတွေးများနှင့် အမြင်များနှင့်ပင် တူညီသည်။ ကိစ္စရပ်များကို ရှုမြင်ရာတွင် ၎င်းတို့၏ ရပ်တည်ချက်နှင့် ရှုထောင့်အမြင်သည် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ပုံမှန်လူတစ်ဦး၏ ရပ်တည်ချက်နှင့် ရှုထောင့်အမြင်ကို ဆန့်ကျင်ဘက်ပြု၍ ရန်လိုနေသည်။ သို့သော် စစ်မှန်သော လူသားများသည် လူ့အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မွေးရာပါ ပိုင်ဆိုင်သောကြောင့် ၎င်းတို့သည် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာကိုမဆို မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ခံစားချက်များကို အခြေခံ၍ အကဲဖြတ်ကြမည်ဖြစ်ပြီး ယင်းတို့ထဲမှ အပြုသဘောဆောင်သော အရာများကို ရွေးချယ်ကာ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို ပိုင်းခြားသိမြင်ကြလိမ့်မည်။
အချို့လူများသည် အရှေ့တိုင်း လူ့အဖွဲ့အစည်း၏ ပတ်ဝန်းကျင်တွင် အရှေ့တိုင်း၏ ရိုးရာယဉ်ကျေးမှု၏ ဘောင်ခတ်ခြင်းကို ခံရပြီး အရှေ့တိုင်း၏ ရိုးရာအစဉ်အလာအချို့ကို လိုက်နာနိုင်ကြသည်။ ၎င်းတို့သည် အသိစိတ်နှင့် ကိုယ်ကျင့်တရားကို ဆန့်ကျင်သော အမှုအရာအချို့ကို မလုပ်ဆောင်ကြသော်လည်း အတွင်းစိတ်ထဲတွင် ဤအရာများကို နှစ်သက်ကြသည်။ ထို့ကြောင့် ပတ်ဝန်းကျင် ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက်၊ အခွင့်အရေး ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝ၏ စစ်မှန်သောဘက်ကို ပြသကြမည်ဖြစ်ပြီး မိမိတို့၏ ပုံပန်းသဏ္ဌာန်ကို လုံးဝ ပြောင်းလဲကာ လူမဟုတ်သူများ၏ လက္ခဏာကို ထုတ်ဖော်ကြလိမ့်မည်။ ဤလူမဟုတ်သူများ၏ လက္ခဏာကို မည်သို့ ရှင်းပြသင့်သနည်း။ ယင်းကို အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်မှု မရှိခြင်း၊ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိရှိခြင်း၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ခြင်းတို့ဖြင့် ဖော်ပြသည်။ အချို့လူများသည် အရှေ့တိုင်းတွင် ရှိနေသောအခါ ဖြောင့်မတ်သော ပုံစံရှိပုံ၊ သိက္ခာရှိပုံ၊ သီလရှိပုံ၊ ယဉ်ကျေးဖွယ်ရာပုံ ပေါက်သည့်အပြင် နာမည်ဆိုးကင်းလျက် မိမိတို့၏ မိသားစုများကို အထူးသဖြင့် ဂရုစိုက်ပုံပေါက်သည်။ သို့သော် ၎င်းတို့သည် အနောက်တိုင်းသို့ ရောက်သောအခါ ကွဲပြားသွားကြသည်။ ၎င်းတို့သည် “အနောက်တိုင်းသားများသည် အထူးသဖြင့် ပွင့်လင်းကြပြီး အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးပိုင်းတွင် အထူးသဖြင့် လွတ်လပ်ကြသည်” ဟု လူအချို့ပြောဆိုသည်ကို ကြားကြသည်။ အမှန်တကယ်တွင် ဤသည်မှာ အချက်အလက်များနှင့် မကိုက်ညီသော်လည်း ၎င်းတို့၏ အတွေးများနှင့် အယူအဆများအရ ၎င်းတို့သည် အနောက်တိုင်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လွတ်လပ်သွားပြီဖြစ်ကြောင်း၊ မည်သည့် ဂုဏ်သတင်း သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ တည်ကြည်မှုကိုမျှဖြစ်စေ၊ အရှေ့တိုင်း၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြောစကားများကိုမျှဖြစ်စေ စိုးရိမ်ရန် မလိုအပ်တော့ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် အမျိုးသမီးများအနေဖြင့် အမျိုးသမီးတို့၏ သီလကို လိုက်နာရန် မလိုအပ်တော့ကြောင်း၊ အမျိုးသားများအနေဖြင့် တစ်လင်တစ်မယားစနစ်ကို စွဲကိုင်ထားရန် မလိုအပ်တော့ကြောင်း၊ အနောက်တိုင်းသို့ ရောက်လာပြီးနောက် ဆန့်ကျင်ဘက်လိင်နှင့် ပတ်သက်၍ လော်လီနိုင်ကြောင်း၊ မည်သူမျှ ၎င်းတို့ကို လှောင်ရယ်ခြင်း သို့မဟုတ် ဝေဖန်ခြင်း ပြုမည်မဟုတ်ကြောင်း ထင်ကြသည်။ ၎င်းတို့သည် ဤသည်မှာ အနောက်တိုင်းယဉ်ကျေးမှု၏ ပုံစံပင်ဖြစ်ကြောင်း၊ ဤသည်မှာ လူမှုရေးရေစီးကြောင်းဖြစ်ပြီး မည်သူမျှ ယင်းကို မဆန့်ကျင်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း စတင် တွေးခေါ်သည်နှင့်တစ်ပြိုင်နက် လမ်းကောင်းကို မလျှောက်လှမ်းကြတော့သည် မဟုတ်လော။ ၎င်းတို့၏ လူ့သဘာဝတွင် အမှန်တကယ် ချစ်ခင်သောအရာများနှင့် ၎င်းတို့၏ လူ့သဘာဝ၏ စစ်မှန်သော မျက်နှာက ပေါ်လွင်လာတော့မည် ဖြစ်သည်။ အရှေ့တိုင်းသားများ၊ အထူးသဖြင့် တရုတ်လူမျိုးများသည် အနောက်တိုင်းသို့ ရောက်လာပြီးနောက် ၎င်းတို့၏ အိမ်ထောင်ဖက်များသည် မိမိတို့၏ ဇာတိနိုင်ငံတွင် ပြန်ကျန်နေခဲ့သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် မရင်းနှီးသော လူများနှင့် နေရာများရှိသည့် တိုင်းတစ်ပါးတွင် တစ်ယောက်တည်း ရှိနေသောကြောင့်လည်းကောင်း၊ အလုပ်လုပ်ရန်နှင့် နေထိုင်ရန် နှစ်မျိုးစလုံး လိုအပ်ပြီး အခြားသော ရှုပ်ထွေးသည့် ကိစ္စရပ်အချို့ကို ကိုင်တွယ်ရသောကြောင့်လည်းကောင်း ၎င်းတို့၏ ဘဝများသည် အတော်လေး ခက်ခဲပြီး မိမိတို့ဘာသာ အလွန်အထီးကျန်သည်ဟု ခံစားကြရသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုရှိ တရုတ်အသိုင်းအဝိုင်းကြားတွင် “စစ်အတွင်းစုံတွဲ” တစ်မျိုး ရေပန်းစားလာခဲ့သည်။ ဤသည်မှာ ယာယီအိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေ၍ ယာယီအိမ်တစ်လုံးတည်ထောင်ကာ အတူနေထိုင်ခြင်း၊ ဘဝ၏ အခက်အခဲများကို အတူတကွ ရင်ဆိုင်ဖြေရှင်းရန် အချင်းချင်း ကူညီပြီး ထောက်ပံ့ခြင်း၊ တစ်ချိန်တည်းတွင် ဇာတိပကတိ၏ သက်ရှိကိစ္စ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းတို့နှင့် သက်ဆိုင်သည်။ တိုင်းတစ်ပါးတွင် တစ်ယောက်တည်း ရှင်သန်ရပ်တည်ရန် ခက်ခဲသောကြောင့် လူများစွာသည် မိမိတို့၏ အမျိုးမျိုးသော လိုအပ်ချက်များကို ဖြည့်ဆည်းရန် စစ်အတွင်းစုံတွဲတစ်တွဲ ဖွဲ့စည်းရန် ဆန့်ကျင်ဘက်လိင်တစ်ဦးကို ရှာဖွေကြသည်။ အချို့သော စစ်အတွင်းစုံတွဲများသည် နှစ်ပေါင်းများစွာ အတူနေထိုင်ပြီးနောက် နှစ်ဦးစလုံး၏ အိမ်ထောင်ဖက်များ ရောက်လာကြပြီး မိသားစုနှစ်စုသည် မိတ်ဆွေများပင် ဖြစ်လာကာ အချင်းချင်း ပေါင်းသင်းဆက်ဆံကြသည်ဟု ဆိုကြသည်။ ဤသည်မှာ ဘဝ၏ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန် ဘာသာတရား မရှိသူများကြားတွင် ခေတ်စားလာသော ကျင့်သုံးမှုတစ်ခု ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်ကို ယုံကြည်သောသူများကြားတွင် ထိုသို့သောအမှုအရာများကို လုပ်ဆောင်သော လူများ ရှိသလော။ (အချို့သော မယုံကြည်သူများသည်လည်း ဤအရာကို လုပ်ဆောင်နိုင်ပါသည်။) ဘုရားသခင်ကို ယုံကြည်သောသူများကြားတွင် သမ္မာတရားကို မလိုက်စားသောသူများစွာ ရှိသည့်အပြင်၊ သမ္မာတရားကို လုံးဝ စိတ်မဝင်စားသော သိသာထင်ရှားသည့် မယုံကြည်သူအချို့လည်း ရှိသေးသည်။ အချို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူများသည် အပျက်သဘောဆောင်သော ဤအရာများအကြောင်း ကြားသောအခါ အတွင်းစိတ်ထဲတွင် အမှန်တကယ် စက်ဆုပ်ရွံရှာခြင်း မရှိကြပေ။ ၎င်းတို့သည် ဤအရာများကို လက်ခံနိုင်ဖွယ် ဖြစ်သည်ဟု ခံစားကြရပြီး အချို့သည် ယင်းတို့တွင် ပျော်ပင် ပျော်မွေ့ကြသည်။ ၎င်းတို့သည် ဤအရာများကို စက်ဆုပ်ရွံရှာခြင်းမရှိသည့်အပြင် “ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ ဘာသာတရားမရှိသူများအားလုံး ဤအရာကို လုပ်ကြသည်။ ဤသည်မှာ ရေစီးကြောင်းတစ်ခု၊ ရာဇဝတ်မှုတစ်ခု မဟုတ်ပါ။ ပထမဦးစွာ ဤသည်မှာ တရားမဝင် မဟုတ်ပါ။ ဒုတိယအနေဖြင့် ဤသည်မှာ လူထု၏ ကိုယ်ကျင့်တရားကို ဖျက်ဆီးနေခြင်း မဟုတ်ပါ။ တတိယအနေဖြင့် ဤသည်မှာ လူသား၏ သက်ရှိကိစ္စ လိုအပ်ချက်တစ်ခု ဖြစ်၏။ ဤသို့ လုပ်ဆောင်ခြင်းသည် မျှတသည်၊ ကျိုးကြောင်းဆီလျော်သည်၊ တရားဝင်သည်၊ မည်သည့်အရာများ မှားနေသနည်း” ဟုပင် တွေးထင်ကြသည်။ ၎င်းတို့သည် ဤသည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်ကြသည်။ ဘာသာတရား မရှိသူများအကြောင်းကို မပြောဘဲ ထားကြစို့၊ ဘုရားသခင်ကို ယုံကြည်သောလူများက ထိုသို့သော အမှုအရာများကို လုပ်ဆောင်နိုင်လျှင် ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့၏ လူ့သဘာဝတွင် တစ်စုံတစ်ခု မှားယွင်းနေသည် မဟုတ်လော။ (ဟုတ်ပါသည်၊ ဤလူစားမျိုးတွင် လူ့သဘာဝမရှိပါ။) လူ့သဘာဝမရှိသော လူများသည် ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်နိုင်သည်။ လူ့သဘာဝရှိသော လူများသည် ထိုသို့သောအမှုအရာများကို လုပ်ဆောင်ရန် မဆိုထားနှင့်၊ ဤဆိုးယုတ်သော ရေစီးကြောင်း၏ အတွေးများနှင့် အမြင်များကိုပင် လက်မခံနိုင်ကြသည့်အပြင် ယင်းတို့ကို မိမိတို့၏ ရင်ထဲအသည်းထဲမှ စက်ဆုပ်ရွံရှာပြီး မုန်းတီးကြသည်။ နှစ်ဦးစလုံး အချင်းချင်း ဂရုစိုက်နိုင်ရန်အတွက်ဖြစ်စေ၊ အခြားသော ရည်ရွယ်ချက်တစ်ခုခုအတွက်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှုထောင့်မှကြည့်လျှင် “စစ်အတွင်းစုံတွဲ” တစ်တွဲ ဖွဲ့စည်းခြင်းသည် အပြုသဘောဆောင်သောအရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦးသည် ဤသို့သောအရာမျိုးမှာ အပြုသဘောဆောင်သော အရာတစ်ခု ဟုတ်မဟုတ်ကိုဖြစ်စေ၊ ယင်းမှာ ကျိုးကြောင်းဆီလျော်ခြင်း ရှိမရှိကိုပင်ဖြစ်စေ မသိလျှင် ၎င်းတို့တွင် အသိစိတ်နှင့် လူ့သဘာဝ ရှိသလော။ အချို့လူများက “ဤအရာက အပြုသဘောဆောင်သည့် အရာတစ်ခု ဟုတ်မဟုတ် ကျွန်ုပ် မသိသော်ငြားလည်း ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်၊ သို့ဖြစ်၍ ကျွန်ုပ်သည် ဤအရာကို မလုပ်နိုင်ပါ။ ဘာသာတရား မရှိသောသူများက ဘုရားသခင်ကို မယုံကြည်ပါ၊ ဘုရားသခင်ကို မကြောက်ရွံ့ပါ၊ သို့ဖြစ်၍ သူတို့က ဤအရာကို လုပ်သည့်အခါတွင် အသိတရားမရှိကြပါ၊ သို့ရာတွင် ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်၊ သို့ဖြစ်၍ ကျွန်ုပ် ဤအရာကို မလုပ်နိုင်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း တွေးခေါ်ပါက ၎င်းတို့တွင် လူ့အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြောင်း သက်သေပြနေသည်။ ဤကိစ္စရပ်သည် မှန်ကန်ခြင်း ရှိမရှိကို ၎င်းတို့ မသိကြသော်လည်း၊ ယင်းမှာ အပြုသဘောဆောင်သောအရာတစ်ခု ဟုတ်မဟုတ် သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ပြောဆိုသည်ကို ၎င်းတို့ မသိကြသော်လည်း ၎င်းတို့သည် ယင်းကို အကဲဖြတ်ရန် လူ့သဘာဝ၏ အခြေခံကျသော အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အသုံးပြုနိုင်ကြသည်။ ယင်းမှာ အပြုသဘောဆောင်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိမရှိကို ၎င်းတို့ ရှင်းလင်းစွာ မသိနိုင်လျှင်ပင် ဤကိစ္စရပ်သည် ကိုယ်ကျင့်တရားနှင့် လူ့သဘာဝကို ဆန့်ကျင်ပြီး မလုပ်ဆောင်သင့်ကြောင်း ၎င်းတို့ မြင်တွေ့နိုင်သည်။ ၎င်းတို့သည် ထိုသို့သောအမှုအရာများနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်မှုရှိကြသဖြင့် ထိုသို့သောအမှုအရာများ ၎င်းတို့အပေါ် ဖြစ်ပျက်လာသောအခါ ယင်းတို့ကို ငြင်းပယ်ကြသည်။ ထိုသို့သောအမှုအရာများကို မငြင်းပယ်ဘဲ အလုံးစုံ လက်ခံနိုင်သောသူများသည် လူသားများ မဟုတ်ကြ၊ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝမရှိ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြဟု ဆိုနိုင်သည်။ ၎င်းတို့သည် ဤအပျက်သဘောဆောင်သောအရာများကို လက်ခံနိုင်သည်ဟူသောအချက်က ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် လုံးဝ အလုပ်မလုပ်ကြောင်း၊ ၎င်းတို့သည် ထိုသို့သောအမှုအရာများကို ပိုင်းခြားသိမြင်ရန်၊ အတိုက်အခံလုပ်ရန် သို့မဟုတ် ငြင်းပယ်ရန် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည့် အနိမ့်ဆုံး စံနှုန်းကို အသုံးမပြုခဲ့ကြောင်း ပြသနေသည်။ ထို့ကြောင့် ဤလူစားမျိုး၏ လူ့သဘာဝတွင် ပြဿနာတစ်ခု ရှိနေသည်မှာ သိသာထင်ရှားသည်။ အချို့လူများက “ဤလူစားမျိုး၏ လူ့သဘာဝတွင် ပြဿနာတစ်ခုရှိသည်၊ သို့ဆိုလျှင် သူတို့က တိရစ္ဆာန်အမျိုးအစားလား သို့မဟုတ် နတ်ဆိုးအမျိုးအစားလား” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် တိရစ္ဆာန်အမျိုးအစားဖြစ်စေ၊ နတ်ဆိုးအမျိုးအစားဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို အကုန်စုပေါင်း၍ လူမဟုတ်သူများဟု ရည်ညွှန်းသည်။ ၎င်းတို့သည် အနောက်တိုင်းသို့ ရောက်လာပြီး အနောက်တိုင်းနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်ကြောင်း၊ ချမ်းသာကြွယ်ဝကြောင်း၊ လွတ်လပ်ကြောင်း၊ ၎င်းတို့၏ လူမှုရေးစနစ်များသည် အရှေ့တိုင်းနိုင်ငံများထက် ပို၍ အဆင့်မြင့်ကြောင်း မြင်သောအခါ အနောက်တိုင်းရှိ အရာအားလုံးသည် မှန်ကန်ပြီး အရှေ့တိုင်းထက် ပိုကောင်းသည်ဟု ထင်ကြသည်။ ၎င်းတို့သည် အရှေ့တိုင်းသားများသည် ပိတ်ပင်မှုများသည်ဟုလည်းကောင်း၊ ရှေးရိုးစွဲ ဖြစ်သည်ဟုလည်းကောင်း၊ လောကအကြောင်း နားမလည်သည်ဟုလည်းကောင်း၊ ထင်ကြသော်လည်း အနောက်တိုင်းသားများမှာမူ ပွင့်လင်းသည်ဟုလည်းကောင်း၊ လွတ်လပ်သည်ဟုလည်းကောင်း၊ လောကီပညာ ကြွယ်ဝသည်ဟုလည်းကောင်း၊ အိမ်ထောင်ရေး သို့မဟုတ် လိင်နှစ်မျိုးကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အထူးသဖြင့် ပွင့်လင်းသည်ဟုလည်းကောင်း ထင်ကြသည်။ ၎င်းတို့သည် အမျိုးသားနှင့် အမျိုးသမီးများ လမ်းပေါ်တွင် တွေ့ဆုံသောအခါ ဖက်၍နမ်းရှုံ့ခြင်းသည် အလွန်ပုံမှန်ဖြစ်သည်ဟု ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အနောက်တိုင်းသားများသည် တွေ့ဆုံသည့်အခါ ဖက်ခြင်းတွင် စည်းမျဉ်းများရှိကြသည်။ ၎င်းတို့သည် မည်သူ့ကိုမဆို ပေါ့ပေါ့ဆဆ ဖက်ခြင်းမပြုကြပေ။ အထူးသဖြင့် လူကြီးများသည် ဤသို့သောအရာမျိုးကို များများစားစား မလုပ်ဆောင်ကြပေ။ ဤအရာကို လုပ်ဆောင်ရန် နှစ်သက်ကြသူများမှာ အများအားဖြင့် လူငယ်များ ဖြစ်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် အာရှတိုက်သားများ စုဝေးရာနေရာများတွင် အထူးသဖြင့် လမ်းပေါ်ရှိ လူထူထပ်သော နေရာများတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လူအများရှေ့၌ အမျိုးမျိုးသော ရင်းနှီးသည့် အပြုအမူများကို လုပ်ဆောင်နေသည်ကို မကြာခဏ မြင်တွေ့ရသည်။ သက်ကြီးရွယ်အိုများပင် ဤအရာကို လုပ်ဆောင်နေသည်ကို မြင်တွေ့နိုင်ပြီး ယင်းမှာ မြင်ရသည်မှာ အထူးသဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်။ အချို့သော အာရှတိုက်သားများသည် အနောက်တိုင်းသို့ ခရီးသွားပြီး အနောက်တိုင်းသားများ၏ ယဉ်ကျေးမှုဘဝနှင့် ကျင့်ဝတ်များကို မြင်တွေ့ကာ အနောက်တိုင်းသားများသည် လွတ်လပ်သည်ဟုလည်းကောင်း၊ ပွင့်လင်းသည်ဟုလည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ လွတ်လပ်သည်ဟုလည်းကောင်း အခိုင်အမာဆိုကြခြင်း ဖြစ်နိုင်သည်။ ဤအခိုင်အမာဆိုချက်များကို အခြေခံ၍ အာရှတိုက်သားများစွာသည် မိမိတို့၏ စိတ်ထဲတွင် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့်အရာများကို မိမိတို့ဘာသာ ကြံဖန်တွေးတောကြသည်။ အမှန်တကယ်တွင် သင်သည် အနောက်တိုင်း လူ့အဖွဲ့အစည်းထဲသို့ အမှန်တကယ် နက်နက်ရှိုင်းရှိုင်း လေ့လာလျှင် သို့မဟုတ် အနောက်တိုင်းသားများနှင့် နက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန် ဆက်သွယ်မှုရှိလျှင် အရာများစွာသည် အာရှတိုက်သားများ စိတ်ကူးပြီး ပြောဆိုသည့်အရာနှင့် လုံးဝ ကွဲပြားခြားနားကြောင်း သင် တွေ့ရှိလိမ့်မည်။ အထူးသဖြင့် ဘာသာရေးနောက်ခံရှိသော အချို့သော အသိုင်းအဝိုင်းများတွင် သို့မဟုတ် ပို၍ ဝေးလံခေါင်ဖျားသော အသိုင်းအဝိုင်းများတွင် ၎င်းတို့သည် အာရှတိုက်သားများ ဖြန့်ဝေသော ဒဏ္ဍာရီများကဲ့သို့ လုံးဝမဟုတ်ဘဲ အထူးသဖြင့် ရှေးရိုးစွဲဖြစ်ပြီး ရိုးရာအစဉ်အလာကို လိုက်နာကြသည်။ အနောက်တိုင်းသားများသည် လိင်နှစ်မျိုးကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အလွန်ပွင့်လင်းသည်ဟူသော အခိုင်အမာပြောဆိုချက်များသည် လူတို့၏ စိတ်ကူးများသာ ဖြစ်ပြီး အချက်အလက်များ မဟုတ်ပေ။ တစ်စုံတစ်ဦးသည် ဤနည်းလမ်းအတိုင်း အမှန်တကယ် တွေးခေါ်ပြီး ၎င်းတို့ မှန်ကန်သည်ဟု ထင်သော ဤပွင့်လင်းမှုဟုခေါ်သည့်အရာကို မိမိတို့ကိုယ်တိုင်အပေါ် အသုံးချကာ မိမိတို့၏ ဇာတိပကတိဆိုင်ရာ ကိလေသာများကို မိမိတို့ဘာသာ အလိုလိုက်ပါက ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာသာ ဖြစ်သည်။ ယင်းမှာ မည်သည့် လူ့အဖွဲ့အစည်း၏ ရေစီးကြောင်းများ၊ ယဉ်ကျေးမှု သို့မဟုတ် ရိုးရာအစဉ်အလာများနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ ယင်းမှာ အနောက်တိုင်းယဉ်ကျေးမှု သို့မဟုတ် ရိုးရာအစဉ်အလာများက ၎င်းတို့ကို လမ်းလွဲစေခြင်း မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်တွင် ပြဿနာများ ရှိခြင်းကြောင့်သာ ဖြစ်သည်။ ဤသည်မှာ ထိုသို့မဟုတ်လော။ (ဟုတ်ပါသည်။) အရှေ့တိုင်းသားများသည် အနောက်တိုင်းသားများကို ဖော်ပြသောအခါ ၎င်းတို့ ပထမဆုံးပြောဆိုသည့်အရာမှာ “အနောက်တိုင်းသားများက လွတ်လပ်သည်၊ ပွင့်လင်းသည်၊ လိင်ပိုင်းဆိုင်ရာ လွတ်လပ်သည်” ဟူ၍ဖြစ်ပြီး အနောက်တိုင်းရှိ လူများသည် ကိလေသာကို မွေ့လျော်ခံစားနိုင်သည် သို့မဟုတ် သွေးသားရင်း အချင်းချင်း ဖောက်ပြန်မှုကိုပင် ကျူးလွန်နိုင်သည်ဟု ဆိုလိုနေသည်။ ထိုသို့သော အတွေးများနှင့် အမြင်များ၏ စိုးမိုးခြင်းကို ခံရလျက် အရှေ့တိုင်းသားများသည် အနောက်တိုင်းသို့ ရောက်ရှိပြီးနောက် မိမိတို့ကိုယ်ကို မွေ့လျော်ခံစားရန် စတင်ကြသည်။ ၎င်းတို့၏ မွေ့လျော်ခံစားမှုသည် ဤဖြစ်စဉ်များကို အမှန်တကယ် မြင်တွေ့ပြီး အတုယူသောကြောင့်မဟုတ်ဘဲ ကောက်ကျစ်ဆိုးယုတ်မှုကို ချစ်ခင်ခြင်းသည် ၎င်းတို့၏ သဘာဝတွင် ရိုးရှင်းစွာ ရှိနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဇာတိပကတိကို မွေ့လျော်ခံစားရန် အနောက်တိုင်းယဉ်ကျေးမှု သို့မဟုတ် အနောက်တိုင်း ရိုးရာအစဉ်အလာများဟုခေါ်သည့်အရာကို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုခြင်းမျှသာ ဖြစ်သည်။ အမှန်တကယ်တွင် ဤလူစားမျိုးသည် အပြုသဘောဆောင်သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည့်အပြင် လူ့သဘာဝ၏ လက္ခဏာများကို မပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ အပျက်သဘောဆောင်သောအရာများနှင့် မှားယွင်းသော အရာအားလုံးကို ချစ်ခင်ခြင်းသည် ၎င်းတို့၏ မွေးရာပါ သဘာဝတွင် ရှိသောကြောင့်လည်းကောင်း ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ဆန့်ကျင်သော သို့မဟုတ် ရန်လိုသော အမှုအရာများကို လုပ်ဆောင်ရန် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာဖွေကြသည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် အနောက်တိုင်းသားများအားလုံး ဤကဲ့သို့ပင်ဖြစ်သည်ဟု ထင်မှတ်လျက် မိမိတို့သည် အပြည့်အဝ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားကြရသည်။ ဤသည်မှာ အချက်အလက်နှင့် ကိုက်ညီသလော။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသောစကားများနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကိုသာ ပြောဆိုကြပါတကား။ သိသာထင်ရှားသည်မှာ ဤလူစားမျိုးက “အနောက်တိုင်းသားများက လွတ်လပ်သည်၊ ပွင့်လင်းသည်၊ လိင်ပိုင်းဆိုင်ရာ လွတ်လပ်သည်” ဟု ပြောဆိုသောအခါ ၎င်းတို့တွင် အမှန်တကယ်တွင် မိမိတို့၏ ကိလေသာများကို အလိုလိုက်ရန် ပန်းတိုင်ကို အောင်မြင်စေဖို့ မသမာသော ရည်ရွယ်ချက်များ ရှိနေသည်။ အဘယ်ကြောင့် ဤလူစားမျိုးသည် ဤအပျက်သဘောဆောင်သော အရာများကို ထိုသို့ မှန်ကန်သည်ဟု အပြည့်အဝ ယူဆလျက် လိုက်လုပ်နိုင်ကြသနည်း။ တစ်ချက်မှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများအပေါ် မှန်ကန်သော နားလည်မှုမရှိကြခြင်း ဖြစ်သည်။ မရင်းနှီးသော အရာများကို ကြုံတွေ့ရသောအခါ ၎င်းတို့သည် ယင်းတို့ကို အကဲဖြတ်ရန် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည့် အနိမ့်ဆုံး စံနှုန်းကို အသုံးမပြုနိုင်ကြပေ။ သိသာထင်ရှားသည်မှာ ဤလူစားမျိုးသည် လူ့သဘာဝ၏ လက္ခဏာများကို မပိုင်ဆိုင်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သည်မှာ သိသာထင်ရှားသောအရာတစ်ခုကို အပြုသဘောဆောင်သောအရာတစ်ခုအဖြစ် နားမလည်နိုင်လျှင် သို့မဟုတ် ယင်းကို အပြုသဘောဆောင်သောအရာတစ်ခုအဖြစ် လက်မခံနိုင်လျှင် ဤလူစားမျိုးသည် ပုံမှန်လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို သေချာပေါက် မပိုင်ဆိုင်ပေ။ နောက်တစ်ချက်မှာ တစ်စုံတစ်ဦးသည် အပြုသဘောဆောင်သောအရာများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အပျက်သဘောဆောင်သော အရာများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း မသိလျှင် ၎င်းတို့သည် အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသကဲ့သို့ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကိုလည်း မသိရှိကြသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် မှားယွင်းသော အတွေးများနှင့် အမြင်များကို စွဲကိုင်ထားသောကြောင့် မှားယွင်းသောအမှုအရာအချို့ သို့မဟုတ် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သော အမှုအရာအချို့ကို လုပ်ဆောင်လျှင်ပင် ၎င်းတို့တွင် ယင်းနှင့်ပတ်သက်၍ အသိတရား တစ်စက်မျှမရှိကြပေ။ ဤလူစားမျိုးသည် အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည့်အပြင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကိုလည်း မသိရှိနိုင်သည်မှာ အလွန် သိသာထင်ရှားသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြသည့်အပြင် ဘဝတွင် သို့မဟုတ် ရှင်သန်ရပ်တည်ရေးဖြစ်စဉ်တွင် ဖြစ်ပျက်သော အမှုအရာအချို့သည် မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်း ရှိမရှိကို မသိရှိကြဘဲ ၎င်းတို့၏ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်းကို အကဲဖြတ်ရန်နှင့် တန်ဖိုးဖြတ်ရန် မိမိတို့၏ အသိစိတ်ကို အသုံးပြုနိုင်ဖွယ်လည်း မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သော မှားယွင်းသည့်အမှုအရာအချို့ကို မကြာခဏ လုပ်ဆောင်ကြပြီး ယင်းတို့ကို လုပ်ဆောင်ပြီးနောက် ၎င်းတို့တွင် ယင်းနှင့်ပတ်သက်၍ အသိတရား တစ်စက်မျှမရှိသည့်အပြင် မိမိတို့သည် မှန်ကန်စွာ ပြုမူခဲ့ပြီး ဖြောင့်မတ်သောလူများ ဖြစ်သည်ဟု ထင်မှတ်လျက် အပြည့်အဝ ကျိုးကြောင်းဆီလျော်သည်ဟုပင် ခံစားကြရသည်။ ဤသည်မှာ အခြေအနေမှန်ကို လုံးဝပြောင်းပြန်လှန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
အချို့လူတို့သည် အခြားသူများ၏ သားသမီးများ အလွန်ဆိုးသွမ်းနေသည်ကို မြင်သောအခါ “ဤကလေးသည် အလွန်ဆိုးသွမ်းသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ မကောင်းမှန်း သိနိုင်သည်။ သူ ကြီးပြင်းလာသည့်အချိန်တွင် လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို လုပ်ဆောင်ရန် သူ သေချာပေါက် ငြင်းလိမ့်မည်။ သူသည် မည်သို့များ အရာရောက်နိုင်မည်နည်း” ဟု ဆိုကြသည်။ သို့သော် အခြားသူများက ထိုသို့သောလူတစ်ဦးကို သူ၏သားသမီးသည် ဆိုးသွမ်းကြောင်း ပြောဆိုပါက သူက “သူ ဆိုးသွမ်းတော့ အဘယ်အရာဖြစ်သနည်း။ ကျွန်ုပ်၏ ကလေး ဆိုးသွမ်းသည်မှာ သူ၏ အလားအလာကောင်းသော အနာဂတ်၏ သရုပ်သကန် ဖြစ်၏။ သူကြီးပြင်းလာသည့်အခါတွင် သူသည် လူအများကြားတွင် ထူးချွန်ထက်မြက်နိုင်လိမ့်မည်။ သူသည် အရာရှိကြီးတစ်ဦးပင် ဖြစ်လာနိုင်သည်” ဟု ပြန်ပြောသည်။ အခြားသူများ၏ သားသမီးများ ဆိုးသွမ်းသောအခါ ၎င်းတို့ ကြီးပြင်းလာလျှင် အရာရောက်မည် မဟုတ်ဟု သူက ပြောသော်လည်း သူ၏ သားသမီးအရင်းက ဆိုးသွမ်းသောအခါတွင်မူ ကြီးပြင်းလာလျှင် လူအများကြားတွင် ထူးချွန်ထက်မြက်လာနိုင်လိမ့်မည်ဟု သူက ဆိုသည်။ သူ၏ ပြောဆိုချက်များထဲမှ မည်သည့်အရာက မှန်ကန်သနည်း။ (နှစ်ခုလုံး မမှန်ကန်ပါ။) သို့ဆိုလျှင် အဘယ်ကြောင့် သူက ဤသို့ ပြောဆိုရသနည်း။ သူသည် တရားမျှတမှုဖြင့် ပြောဆိုနေခြင်းလော။ (မဟုတ်ပါ။) သူက ထိုသို့သော အရာများကို ပြောဆိုနိုင်ခြင်းက သူ့တွင် အသိစိတ်မရှိကြောင်း ပြသနေသည်။ အခြားသူများ၏ သားသမီးများသည် ကြီးပြင်းလာခြင်းပင် မရှိသေချေ၊ သို့ဆိုလျှင် ၎င်းတို့ အရာရောက်မည်မဟုတ်ကြောင်းကို သူက မည်သို့ ပြောနိုင်မည်နည်း။ လူတို့ ကြီးလာသောအခါ အရာရောက်ခြင်း ရှိမရှိသည် ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းမှုနှင့် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းအပေါ် မူတည်သည်၊ သူ၏ စကားတစ်ခွန်းအပေါ် မည်သို့ မူတည်နိုင်မည်နည်း။ သူက ထိုသို့သော အရာများကို ပြောဆိုနိုင်ခြင်းက သူ့တွင် အသိစိတ်မရှိကြောင်း ပြသနေသည်။ ယင်းမှာ ဆိုးသွမ်းခြင်းနှင့်ဆိုင်သည့် တူညီသော ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း သူ၏ သားသမီးအရင်းအကြောင်း ပြောဆိုသောအခါ သူက ယင်းကို အပြုသဘောဆောင်စွာ ပြောပြီး အခြားသူများ၏ သားသမီးများအကြောင်း ပြောဆိုသောအခါတွင်မူ သူက ယင်းကို အပျက်သဘောဆောင်စွာ ပြောသည်။ သူ၏ စကားများသည် တရားမျှတသလော။ (မမျှတပါ။) သို့ဆိုလျှင် မည်သို့သော လူစားမျိုးက တရားမျှတသနည်း။ (အသိစိတ်ရှိသော လူတစ်ဦး ဖြစ်ပါသည်။) အသိစိတ်ရှိသော လူတစ်ဦး၏ အရည်အသွေးများမှာ အဘယ်အရာများ ဖြစ်သနည်း။ အသိစိတ်ရှိသော လူတစ်ဦးသည် အရည်အသွေးနှစ်ခုကို ပိုင်ဆိုင်သည်၊ ယင်းတို့မှာ ဖြောင့်မှန်ခြင်းနှင့် ကြင်နာခြင်းတို့ ဖြစ်သည်။ ဖြောင့်မှန်ခြင်းဆိုသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ဦး စကားပြောဆိုပြီး ပြုမူသောအခါ ထိုသူ၏ စိတ်နှလုံးသည် မှန်ကန်ရမည်ကို ဆိုလိုသည်။ လူတစ်ဦး ပြောဆိုသော စကားများသည် တရားမျှတရမည်၊ ဓမ္မဓိဋ္ဌာန်ကျရမည်၊ အချက်အလက်နှင့် ကိုက်ညီရမည်၊ ယင်းတို့သည် ဘက်လိုက်ခြင်း မရှိရ၊ အားနည်းချက်များကို ဖုံးကွယ်ရန် မဖြစ်ရ၊ သို့မဟုတ် ခံစားချက်များကို အခြေမခံရပေ။ အခြားသူများ၏ သားသမီးများ ဆိုးသွမ်းသောအခါ ၎င်းတို့ ကြီးလာလျှင် ကောင်းမည်မဟုတ်ဟု သူက ပြောသော်လည်း သူ၏ သားသမီးအရင်း ဆိုးသွမ်းသောအခါတွင်မူ ၎င်းတို့ ကြီးလာလျှင် အလားအလာကောင်းသော အနာဂတ် ရှိလိမ့်မည်ဟု သူက ဆိုသည်။ တူညီသော ဆိုးသွမ်းခြင်း သရုပ်သကန်သည် သူ့ထံမှ မတူညီသော ဖော်ပြချက်နှစ်ခုကို ရရှိသည်။ ဤလူသည် ဖြောင့်မှန်သည်ဟု သင် ပြောမည်လော။ (မပြောပါ။) ခံစားချက်များကိုသာ အခြေခံ၍ ပြောဆိုသော လူတစ်ဦးတွင် အသိစိတ် ရှိသလော။ (မရှိပါ။) ဤအချက်တစ်ခုတည်းကပင် သူ့တွင် အသိစိတ် မရှိကြောင်း သက်သေပြရန် လုံလောက်သည်။ သူသည် သူ၏ သားသမီးအရင်းအကြောင်း ကောင်းချီးမင်္ဂလာများနှင့် ဆုမွန်ကောင်းများဖြင့် ကောင်းသော အရာများကိုသာ ပြောဆိုသော်လည်း အခြားသူများ၏ သားသမီးများအကြောင်း ပြောဆိုသောအခါတွင်မူ ၎င်းတို့ကို ကျိန်ဆဲသည်။ ဤသည်မှာ ကြင်နာမှုမရှိခြင်းနှင့် ဖြောင့်မှန်မှုမရှိခြင်းပင် ဖြစ်သည်။ သူ့တွင် အသိစိတ် မရှိသောကြောင့် ထိုသို့သော မလိုမုန်းထားသော စကားများကို ပြောဆိုနိုင်ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် တရားမျှတစွာ မပြောဆိုဘဲ ကောက်ကျစ်သော အကြောင်းပြချက်များသာ ပေးတတ်သည်။ ရှုထောင့်တစ်ခုအရ ဤသည်မှာ ၎င်းတို့ ဖြောင့်မှန်မှု မရှိကြောင်း ပြသပြီး အခြားရှုထောင့်တစ်ခုအရ ဤသည်မှာ ၎င်းတို့ ကြင်နာမှု မရှိကြောင်း ပြသသည်။ ကြင်နာမှုမရှိသော လူများသည် အခြားသူများ၏ အခြေအနေများ မည်သို့ပင်ဖြစ်စေ ဆိုးသည်ဟု ဖော်ပြကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများအတွက် အမှုအရာများ ဆိုးရွားစွာ ဖြစ်သွားရန် အသည်းအသန် မျှော်လင့်လျက် မသမာသော ရည်ရွယ်ချက်များဖြင့် ပြောဆိုကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာတွင် မလိုမုန်းထားမှုနှင့် အခြားသူများကို ကျိန်ဆဲခြင်းသဘော ပါနေသည်။ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း အစဉ်သဖြင့် ပြောဆိုပြီး ၎င်းတို့၏ အသိစိတ်ထဲတွင် ယင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ လိပ်ပြာမသန့်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် အခြားသူများ၏ ကိစ္စရပ်များအကြောင်း ဤနည်းလမ်းအတိုင်း ပြောဆိုပြီး အခြားသူများကိုလည်း ဤနည်းလမ်းအတိုင်း ဆက်ဆံကြသည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦး၏ ခင်ပွန်းသည် အိမ်ထောင်ရေး ဖောက်ပြန်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ အခြားသူများ မည်သို့ ပြောဆိုမည်ကို ကြောက်ရွံ့သဖြင့် သူမက လူတို့ကို “ကျွန်ုပ်၏ခင်ပွန်းသည် အလွန် ထူးချွန်ထက်မြက်လွန်းသောကြောင့် အိမ်ထောင်ရေး ဖောက်ပြန်နေခြင်း ဖြစ်သည်။ သူက ရုပ်ရည်ချောမောပြီး အရည်အချင်းရှိသည်။ ယနေ့ခေတ် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းတွင် ထိုအမျိုးသမီးများသည် အလွန် မျက်နှာပြောင်တိုက်ကြသည်၊ ၎င်းတို့က သူ့အား ပေါ်ပေါ်တင်တင် ကပ်ကြသည်။ သူက အလွန် ထူးချွန်ထက်မြက်လွန်းသောကြောင့်သာ ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ် သူ့ကို အထင်မမှားခဲ့ကြောင်းကိုလည်း သက်သေပြသည်၊ ကျွန်ုပ် ရွေးချယ်တတ်လိုက်ပါတကား” ဟု ပြောဆိုသည်။ သို့သော် အခြားတစ်စုံတစ်ဦး၏ ခင်ပွန်းက အိမ်ထောင်ရေး ဖောက်ပြန်ပါက သူမက “သူက လူကောင်းတစ်ယောက် မဟုတ်သည်မှာ သိသာသည်။ သူသည် ပိုက်ဆံ သို့မဟုတ် ရုပ်ရည် မရှိပါ။ သို့တိုင်အောင် အပြင်တွင် မယားငယ်များနောက် လိုက်နေသည်။ သူနှင့် ပေါင်းသင်းနေသည့် မည်သည့်အမျိုးသမီးမဆိုသည် မျက်စိကန်းနေခြင်းသာ ဖြစ်သည်” ဟု ဆိုသည်။ သူမက ထိုသူကို မိမိ၏ခင်ပွန်းအား အမြန်ဆုံး စွန့်ပစ်ပြီး ခင်ပွန်းအသစ်တစ်ဦး သွားရှာရန်ပင် အကြံပေးသည်။ ထိုသူက “သင်၏ ခင်ပွန်းသည်လည်း အိမ်ထောင်ရေး ဖောက်ပြန်နေသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သင်က ခင်ပွန်းအသစ်တစ်ဦး မရှာသနည်း” ဟု မေးသည်။ သူမက “ကျွန်ုပ်၏ခင်ပွန်းသည် သင်၏ ခင်ပွန်းနှင့် မတူပါ။ သင်၏ ခင်ပွန်းမှာမူ လူယုတ်မာတစ်ဦး ဖြစ်သည်။ ကျွန်ုပ်၏ ခင်ပွန်းမှာမူ အလွန် ထူးချွန်ထက်မြက်လွန်းပြီး အခြားသူများက သူ့အပေါ် အတင်းကပ်ခြင်း ဖြစ်သည်။ ကျွန်ုပ်၏ခင်ပွန်းသည် မိမိကိုယ်ကို မထိန်းနိုင်ခဲ့ခြင်း ဖြစ်ပြီး သင်၏ ခင်ပွန်းမှာမူ မယားငယ်တစ်ဦးကို တက်ကြွစွာ ရှာဖွေခဲ့ခြင်း ဖြစ်သည်” ဟု ဆိုသည်။ သင်မြင်သလော၊ အရာအားလုံးနှင့်ပတ်သက်၍ သူမ ပြောဆိုသည့်အရာသည် သူမနှင့် သက်ဆိုင်လာသောအခါ ပြောင်းလဲသွားသည်။ သူမနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆိုမှာ ခွင့်လွှတ်နိုင်ဖွယ်ဖြစ်ပြီး အထူးအခြေအနေတစ်ခု ဖြစ်သည်၊ သူမက ယင်းအားလုံးကို အပြုသဘောဆောင်သော ရှုထောင့်မှ ဖော်ပြသည်။ သို့သော် ယင်းက အခြားသူများနှင့် သက်ဆိုင်လာသောအခါတွင်မူ ကွဲပြားသွားသည်၊ သူမက ယင်းအားလုံးကို ဆိုးသည်ဟု ဖော်ပြသည်။ သို့ဆိုလျှင် ထိုသို့သော လူတစ်ဦး၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပါက ၎င်းတို့ မည်သို့ ပြောဆိုမည်နည်း။ “ကျွန်ုပ်၏ မိဘများသည် ဘုရားသခင်ကို မယုံကြည်သော်လည်း ၎င်းတို့သည် လောကတွင် လူကောင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် ရန်မဖြစ်ကြသည့်အပြင် အခြားသူများကို မကျိန်ဆဲကြဘဲ အခက်အခဲကြုံတွေ့နေရသော မည်သူ့ကိုမဆို ကူညီကြသည်။ ၎င်းတို့သည် အလွန်အမင်း ကောင်းမြတ်ပြီး ကြင်နာတတ်သော လူများအဖြစ် နေရာအနှံ့တွင် လူသိများကြသည်။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ခဲ့ပါက ကျွန်ုပ်တို့ထက် သေချာပေါက် ပိုကောင်းကြလိမ့်မည်” ဟူ၍ ဖြစ်သည်။ သို့သော် အချို့သော ညီအစ်ကိုမောင်နှမများ၏ မိဘများက ဘုရားသခင်ကို မယုံကြည်သောအခါတွင်မူ ၎င်းတို့က “သင်၏ မိဘများအားလုံးသည် နတ်ဆိုးစာတန်များ ဖြစ်ကြသည်” ဟု ဆိုသည်။ အချို့သော ညီအစ်ကိုမောင်နှမများ၏ မိဘများက ဘုရားသခင်ကို ယုံကြည်သောအခါတွင်မူ ၎င်းတို့က “၎င်းတို့ ဘုရားသခင်ကို ယုံကြည်လျှင်ပင် ၎င်းတို့သည် အမည်ခံ ယုံကြည်သူများသာဖြစ်ပြီး ကောင်းကြသည်မဟုတ်။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ပါလျက် အဘယ်ကြောင့် သင် တာဝန်ထမ်းဆောင်သည်ကို မထောက်ပံ့ကြသနည်း” ဟု ဆိုသည်။ ယင်းက ၎င်းတို့ကိုယ်တိုင်နှင့် သက်ဆိုင်လာသည့်အခါတိုင်း ၎င်းတို့ ပြောဆိုသည့်အရာသည် ပြောင်းလဲသွားသည်။ ၎င်းတို့သည် ဓမ္မဓိဋ္ဌာန်ကျသော အချက်အလက်များကို အခြေခံ၍ မည်သည့်အခါမျှ မပြောဆိုသည့်အပြင် ၎င်းတို့၏ စကားများသည်လည်း မည်သည့်အခါမျှ တရားမျှတခြင်းမရှိပေ။ ၎င်းတို့တွင် မိမိတို့၏ ကိုယ်ပိုင်ကိစ္စရပ်များအတွက် စံတစ်ခုရှိပြီး အခြားသူများ၏ ကိစ္စရပ်များအတွက် အခြားစံတစ်ခု ရှိသည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာတွင် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို အကဲဖြတ်ရန် တရားမျှတသော စံတစ်ခု မရှိပေ။ ၎င်းတို့နှင့် သက်ဆိုင်သည့် မည်သည့်အရာမဆိုသည် ကောင်းမွန်ပြီး အပြုသဘောဆောင်ကာ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်အမျိုးမျိုး ရှိသည်၊ အခြားသူများနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆိုမှာမူ ပြစ်တင်ရှုတ်ချခြင်း၊ ကျိန်ဆဲခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံရသင့်ပြီး နတ်ဆိုးများနှင့် စာတန်နှင့်ဆိုင်သော အရာများ ဖြစ်သည်။ ၎င်းတို့၏ မိသားစု၊ ဆွေမျိုးများနှင့် မိတ်ဆွေများနှင့်ပတ်သက်၍မူ ထိုသူတို့အားလုံးသည် လူကောင်းများ၊ စစ်မှန်သော ယုံကြည်သူများနှင့် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ သို့သော် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများနှင့် ပတ်သက်လာသောအခါတွင်မူ ၎င်းတို့က ဤသူသည် မယုံကြည်သူဖြစ်သည်၊ ထိုသူသည် သူ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်းမရှိ၊ ၎င်းတို့အားလုံး ရှင်းလင်းပစ်ခြင်း ခံသင့်သည်ဟု ဆိုလျက် ၎င်းတို့ကို ထင်ရာမြင်ရာ ဝေဖန်ကြသည်။ ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးက အမှားသေးသေးလေးတစ်ခု ပြုလုပ်မိပါက သို့မဟုတ် အသေးစား ပြဿနာတစ်ခု ရှိပါက ၎င်းတို့သည် ချက်ချင်းပင် ယင်းကို အမိအရဖမ်းဆုပ်ပြီး လူသိရှင်ကြားဖြစ်စေကာ ထို့နောက် ၎င်းတို့၏ မျက်လုံးများတွင် ခက်ထန်သော အကြည့်ဖြင့် ထိုသူတို့ကို ဟောပြောပြီး နှိမ်လေသည်။ သို့သော် ၎င်းတို့၏ ဆွေမျိုးအရင်းအချာများက အမှားတစ်ခုခု လုပ်သောအခါတွင်မူ ၎င်းတို့သည် အမှုအရာများကို လျော့ပါးပြေပျောက်စေရန် ကြိုးစားပြီး ထိုသူတို့ကို ကလိမ်ကကျစ်ကျသော စကားများဖြင့် ကာကွယ်ရန် မိမိတို့တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြသည်။ ထိုသို့သော လူတစ်ဦးတွင် တရားမျှတမှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် တရားမျှတမှု လုံးဝမရှိပေ။ ညီအစ်ကိုမောင်နှမများနှင့် အခြားသူများကို ဆက်ဆံသောအခါ ၎င်းတို့သည် မိမိတို့တွင် သမ္မာတရား လက်တွေ့ကျမှု ပိုင်ဆိုင်ထားသည်ဟု ခံစားလျက် မျက်လုံးများတွင် ခက်ထန်သော အကြည့်ဖြင့် “စည်းမျဉ်းများကို ပုံသေစောင့်ထိန်းကြသည်။” ၎င်းတို့က “ကျွန်ုပ် စည်းမျဉ်းများကို မည်မျှပုံသေစောင့်ထိန်းသည်ကို ကြည့်ပါ။ ကျွန်ုပ်တွင် ရှိသော ရပ်တည်ချက်သည် ခိုင်မာလိုက်လေခြင်း။ ကျွန်ုပ်သည် သမ္မာတရားကို အလွန် ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်နိုင်သည်” ဟု ဆိုလျက် အခြားသူများရှေ့တွင် မကြာခဏ ကိုယ်ရည်သွေးကြသည်။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင်မိသားစုကိစ္စများဖြစ်သည့် ၎င်းတို့၏ ခင်ပွန်း သို့မဟုတ် ဇနီး၊ သားသမီးများ၊ ဆွေမျိုးများနှင့် ၎င်းတို့၏ ခွေးနှင့်ပင် ပတ်သက်လာသောအခါ ၎င်းတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ ဥပမာအားဖြင့် ၎င်းတို့၏ ခွေးသည် လူစိမ်းတစ်ဦးကို မြင်သည့်အခါတိုင်း ဟောင်ပြီး အသိမိတ်ဆွေများ လာလည်သောအခါ မဆင်မခြင် ကိုက်ပါက ၎င်းတို့က “ကြည့်ပါ၊ ဤခွေးသည် အမှန်တကယ် ကောင်းမွန်ပြီး သစ္စာရှိသော အစောင့်တစ်ကောင် ဖြစ်သည်။ သူသည် သူ၏ သခင်ဖြစ်သော ကျွန်ုပ်အပေါ် လုံးဝ သစ္စာစောင့်သိသည်၊ သူ မည်သည့်အခါမျှ မပြောင်းလဲပါ” ဟု ဆိုသည်။ သို့သော် အခြားတစ်စုံတစ်ဦး၏ ခွေးက အသိမိတ်ဆွေတစ်ဦးကို မြင်သောအခါ မဆင်မခြင် ကိုက်ပါက ၎င်းတို့က “ဤခွေးသည် မျက်စိကန်းနေသည်။ မည်သူ ရောက်နေသည်ကို မြင်အောင်ပင်မကြည့်။ သူသည် အိမ်စောင့်ရာတွင် မည်သည့် စည်းမျဉ်းမျှ မရှိ။ သူက အဘယ်အတွက် မဆင်မခြင် ကိုက်နေရသနည်း” ဟု ဆိုသည်။ ၎င်းတို့သည် ခွေးများအပေါ်၌ပင် တရားမျှတမှုမရှိပေ။ ဤသည်မှာ မည်သို့သော လူစားမျိုး ဖြစ်သနည်း။ (ဤသည်မှာ လူသားတစ်ဦး မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှသည် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်သည်ဟုလည်းကောင်း၊ အပြုသဘောဆောင်သော အရာများနှင့် ကိုက်ညီသည်ဟုလည်းကောင်း ထင်ကြသည်၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းနေသည်ဟုပင် ထင်ကြသည်။ သို့သော် ၎င်းတို့ လုပ်ဆောင်သော မည်သည့် တရားမမျှတသည့် အရာနှင့်ပတ်သက်၍မဆို သို့မဟုတ် ၎င်းတို့ ဖော်ပြသော မည်သည့် လွဲမှားသော ကျိုးကြောင်းဆင်ခြင်မှုနှင့်ပတ်သက်၍မဆို ၎င်းတို့သည် ယင်းကို မှားသည်ဟု မည်သည့်အခါမျှ မထင်သည့်အပြင် ယင်းကို မည်သည့်အခါမျှ မပြုပြင်ကြပေ။ သင်က ၎င်းတို့ကို ပြစ်တင်ကြိမ်းမောင်းပါက သို့မဟုတ် ဖော်ထုတ်ပါက ၎င်းတို့ လက်မခံကြပေ။ နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပြောဆိုချက်များနှင့် စည်းမျဉ်းများဟု သူတို့သတ်မှတ်ထားသည့်အရာများကို ခေါင်းမာစွာ စွဲကိုင်ထားကြပြီး ၎င်းတို့သည် တရားမျှတမှု၏ ပြယုဂ်ဖြစ်သည့်အလား ပြုမူကာ ကိစ္စရပ်အားလုံးကို အကဲဖြတ်ကြခြင်းပင် ဖြစ်သည်။ အမှန်တွင် အမှုအရာများ၏ မှန်ကန်မှုကို ၎င်းတို့ အကဲဖြတ်သည့် ရှုထောင့်နှင့် ရပ်တည်ချက်သည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝ ရန်လိုပြီး ဆန့်ကျင်နေသည့်တိုင် ၎င်းတို့ကိုယ်တိုင်မှာမူ ဤအရာကို မည်သည့်အခါမျှ သဘောမပေါက်ကြပေ။ ၎င်းတို့သည် မိစ္ဆာဒိဋ္ဌိ အယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ကျိုးကြောင်းဆင်ခြင်မှုများစွာကို ပွင့်အံချပြီး ဤစကားများကို ခေါင်းမာစွာ ဖက်တွယ်ထားကာ သမ္မာတရားကိုပင် ဆန့်ကျင်ပြီး အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သည့်အပြင် သမ္မာတရားကို နားလည်သောသူများနှင့် ငြင်းခုံရန် ကြိုးစားကြသည်။ ဤသူများသည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဆင်ခြင်တုံတရားမဲ့သော လူများ ဖြစ်ကြသည်။ ၎င်းတို့ လုပ်ဆောင်ပြီး မရမက ဆောင်ရွက်သည့်အရာသည် လူတို့၏ အမြင်တွင် မှားသည်ဟု မယူဆလျှင်ပင် ၎င်းတို့၏ များစွာသော သရုပ်သကန်များနှင့် ထုတ်ဖော်မှုများမှ အကဲဖြတ်ရလျှင် ၎င်းတို့သည် လူ့သဘာဝ၏ ဤအရည်အသွေးများ ဖြစ်သော ဖြောင့်မှန်ခြင်း၊ ကြင်နာခြင်းနှင့် ဆင်ခြင်တုံတရားတို့ကို လုံးဝ မပိုင်ဆိုင်ကြပေ။ နေ့စဉ်ဘဝရှိ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ၎င်းတို့ ဆက်ဆံပုံကို ကြည့်ရုံမျှဖြင့် သားသမီးတစ်ဦး သို့မဟုတ် ခွေးတစ်ကောင်ကိုပင် ၎င်းတို့၏ အကဲဖြတ်မှုသည် လွဲမှားနေသည်၊ ၎င်းတို့၏ ကိုယ်ပိုင်ခွေး မည်မျှပင် ဆိုးနေပါစေ ယင်းသည် လောကတွင် အကောင်းဆုံးဖြစ်နေဆဲဖြစ်ပြီး အခြားတစ်စုံတစ်ဦး၏ ခွေး မည်မျှပင် ကောင်းနေပါစေ၊ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ နှုတ်မှ ကောင်းသည်ဟု တစ်ခွန်းမျှကို မထွက်ကြပေ။ ၎င်းတို့သည် လူတစ်ဦး သို့မဟုတ် ကိစ္စရပ်တစ်ခုကို တရားမျှတစွာ ဆက်ဆံဖို့ မဆိုထားနှင့်၊ တရားမျှတစွာ အကဲဖြတ်ခြင်းကို လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့၏ လူ့သဘာဝတွင် ခံစားချက်များနှင့် ဘက်လိုက်မှုများသာ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ၎င်းတို့နှင့် သက်ဆိုင်သော မည်သည့်လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုမဆို ကာကွယ်ကြသည်။ ဤအရာမှလွဲ၍ ဘဝတွင် လုပ်ဆောင်ရကျိုးနပ်သည့်အရာ မရှိဟု ၎င်းတို့ ခံစားကြရသည်။ မည်သည့်လူအုပ်စုတွင်မဆိုနှင့် မည်သည့်ကိစ္စရပ်တွင်မဆို ၎င်းတို့ ထင်ရှားပြသသော ၎င်းတို့သဘာဝ၏ အရည်အသွေးမှာ ဓမ္မဓိဋ္ဌာန်ကျသော လူအားလုံး၊ ဖြစ်ရပ်အားလုံးနှင့် အမှုအရာအားလုံးကို ပြုပြင်ပြောင်းလဲ၍ ပြောဆိုပြီး အမှန်တရားကို လွဲမှားစွာ ဖော်ပြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့် အမြင်များအတိုင်း၊ သို့မဟုတ် မိမိတို့အတွက် အကျိုးရှိမရှိအပေါ် အခြေခံ၍ လုံးလုံးလျားလျား အကဲဖြတ်ပြီး ဆက်ဆံကြသည်။
လူ့သဘာဝ၏ အရည်အသွေးများ မရှိသော ဤလူစားမျိုးသည် လူ့သဘာဝ၏ ဖြောင့်မတ်ခြင်း၊ ကြင်နာခြင်းနှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ဤသရုပ်သကန်များမှ အကဲဖြတ်ရလျှင် ထိုသို့သော လူများကို ဆက်ဆံရန် ခက်ခဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ကို ဆက်ဆံရန် ခက်ခဲပြီး ပေါင်းသင်းရန်လည်း ခက်ခဲသည်။ သင်သည် ၎င်းတို့ကို မှန်ကန်သော အတွေးများနှင့် အမြင်များကို လက်ခံစေရန် မည်သည့်အခါမျှ မလုပ်ဆောင်နိုင်ပေ၊ အကြောင်းမှာ ၎င်းတို့တွင် အပြုသဘောဆောင်သော အရာများကို လက်ခံရန် စွမ်းရည်မရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့တွင် မည်သည့် မှန်ကန်သော အတွေးများနှင့် အမြင်များကိုမဆို လက်ခံရန် အခြေအနေများ မရှိကြောင်း ဆိုလိုသည်။ ထို့ကြောင့် မှန်ကန်သော အမြင်များနှင့် အပြုသဘောဆောင်သော အရာများစွာသည် ၎င်းတို့၏လက်ထဲတွင် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူခြင်းနှင့် ပုံပျက်အောင် လုပ်ခြင်းတို့ကို ခံရပြီး ပုံပျက်အောင်လုပ်ခြင်း ခံရပြီးနောက်တွင် ၎င်းတို့သည် ဤလူစားမျိုးနှင့်သာ သက်ဆိုင်သော အမျိုးမျိုးသော အတွေးများ၊ အမြင်များနှင့် အဆိုများ ဖြစ်လာကြသည်။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှကို ၎င်းတို့ ဖတ်ရှုပြီးဖြစ်စေ၊ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်း မည်မျှကို ၎င်းတို့ နားထောင်ပြီးဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် မှားယွင်းသော အတွေးများနှင့် အမြင်များကို မိမိတို့၏ စိတ်နှလုံးထဲတွင် အမြဲတစေ ဖက်တွယ်ထားပြီး မည်သည့်အခါမျှ လက်မလွှတ်ကြပေ။ ဘုရားသခင်က ၎င်းတို့အား သမ္မာတရားကို ပေးအပ်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ထံမှ မှန်ကန်သော အတွေးများနှင့် အမြင်များကို လုံးဝ လက်ခံနိုင်မည်မဟုတ်သည့်အပြင် လူတစ်ဦး သို့မဟုတ် ကိစ္စရပ်တစ်ခုကို မှန်ကန်သော ဖော်ပြချက်များဖြင့်လည်းကောင်း၊ မှန်ကန်သော နည်းလမ်းတစ်ခုဖြင့်လည်းကောင်း လုံးဝ ဆက်ဆံနိုင်မည် သို့မဟုတ် အကဲဖြတ်နိုင်မည်လည်း မဟုတ်ပေ။ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးများကို အခြေခံ၍ ၎င်းတို့သည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို ၎င်းတို့၏ တစ်မူထူးခြားသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးများနှင့် အမြင်များကို အသုံးပြု၍သာ ဆက်ဆံကြလိမ့်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းကို မလျှော့တမ်း ဆက်လက် လုပ်ဆောင်ကြလိမ့်မည်။ သို့ဖြစ်၍ သင်သည် ထိုသို့သော လူများထံမှ ၎င်းတို့တွင် မာနထောင်လွှားပြီး လှည့်ဖြားတတ်သော စိတ်သဘောထားများ ရှိခြင်းအပြင် အထူးသဖြင့် ထင်ရှားပေါ်လွင်သော အခြားစိတ်သဘောထားတစ်ခု ရှိသည်ကို မြင်နိုင်သည်၊ ယင်းမှာ အထူးသဖြင့် မာကျောခြင်း ဖြစ်သည်။ ဤအရာ၏ တိကျသော သရုပ်သကန်မှာ ၎င်းတို့သည် အထူးသဖြင့် တစ်ယူသန်ခြင်း၊ မိုက်မဲခြင်း၊ ခေါင်းမာခြင်းနှင့် အယူအဆဟောင်းများကိုပင် စွဲကိုင်ထားခြင်းတို့ ဖြစ်သည်။ သင်သည် ထိုသို့သော လူတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံပြီး အချို့သော အကြောင်းအရာများကို ဆွေးနွေးသောအခါ သို့မဟုတ် ၎င်းတို့နှင့် ပေါင်းသင်းနေစဉ် အချို့သော ကိစ္စရပ်များကို အတူတကွ ရင်ဆိုင်ရသောအခါ ကိစ္စရပ်များကို ရင်ဆိုင်ရာတွင် ၎င်းတို့၏ သဘောထားများနှင့် စိတ်သဘောထားများသည် အထူးသဖြင့် မာကျောပြီး တစ်ယူသန်၍ မိုက်မဲသည့်အပြင် ခေါင်းမာသည်ကို သင် မြင်တွေ့ရသည်။ ပုံမှန်လူတစ်ဦးအတွက် လက်ခံရန် အလွန် လွယ်ကူကြောင်း ထင်ရှားသော မှန်ကန်သည့် ကိစ္စရပ်တစ်ခု သို့မဟုတ် မှန်ကန်သည့် အတွေးနှင့် အမြင်တစ်ခုသည် ၎င်းတို့နှင့် ပတ်သက်လာသောအခါတွင်မူ များစွာသော အတားအဆီးများ ပါဝင်လျက် လက်ခံရန် အလွန် ခက်ခဲသွားသည်။ ယင်းက သင့်ကို ရယ်ရခက် ငိုရခက် ဖြစ်စေပြီး ဤလူသည် အလွန် ဒုက္ခပေးကြောင်း သင် ခံစားရသည်၊ “အဘယ်ကြောင့် ဤမျှ ရိုးရှင်းသော ကိစ္စရပ်တစ်ခုက သူတို့နှင့်ကြုံသောအခါ ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သွားရသနည်း။ ၎င်းတို့သည် လူသားများပင် ဟုတ်ကြသေးသလော” ဟူ၍ ဖြစ်သည်။ မှန်ကန်သော ကိစ္စရပ်တစ်ခု သို့မဟုတ် မှန်ကန်သော အမြင်တစ်ခုကို ၎င်းတို့အား လက်ခံစေခြင်းသည် ဝံပုလွေတစ်ကောင်ကို အသားစွန့်လွှတ်ပြီး ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စားစေခြင်းကဲ့သို့ ပင်ပန်းကြီးစွာသော အလုပ်ဖြစ်ပေသည်။ ယင်းသည် ၎င်းတို့၏ အမျိုးအစားကို ပြောင်းလဲရန် တောင်းဆိုခြင်းနှင့် ညီမျှသည်၊ ထိုမျှ ခက်ခဲလှသည်။ သေးငယ်သော ကိစ္စရပ်အချို့အတွက် သင်သည် အချိန်များစွာကို အသုံးပြု၍ ရှင်းပြပြီး ယင်းကို လက်ခံရန် ၎င်းတို့အား အင်မတန်ကြိုးစားပမ်းစား ဖျောင်းဖျရသော်လည်း အခြားကိစ္စရပ်တစ်ခု ပေါ်ပေါက်လာသောအခါတွင်မူ ၎င်းတို့၏ မာကျောသော စိတ်သဘောထားသည် တစ်ဖန် ထင်ရှားပေါ်လွင်လာပြီး ၎င်းတို့၏ လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်းနှင့် ခေါင်းမာမှုကို ပြသခြင်းအပြင် မိုက်မဲခြင်း၊ ခေါင်းမာခြင်းနှင့် အယူအဆဟောင်းများကို စွဲကိုင်ထားခြင်းတို့ဖြင့် အထူးသဖြင့် သိသာထင်ရှားသော နည်းလမ်းဖြင့် ထင်ရှားလာသည်။ သင်သည် ထိုသို့သော လူများနှင့် ပို၍ ထိတွေ့ဆက်ဆံပြီး ပို၍ ထိုးထွင်းသိမြင်လာသည်နှင့်အမျှ လူတို့၏ အနှစ်သာရများသည် ကွဲပြားကြောင်း သင် ရှာဖွေတွေ့ရှိလိမ့်မည်။ ထိုသို့သော လူများ၏ အနှစ်သာရနှင့် ပတ်သက်လာသောအခါ သင်သည် အရေးမပါသော ကိစ္စရပ်အချို့နှင့်ပတ်သက်၍ ၎င်းတို့ကို နားလည်စေရန်နှင့် အမှုအရာများကို အသေအချာ ရှင်းပြရန် ကြီးမားလှသော အားထုတ်မှုကို အသုံးပြုရကောင်း ရနိုင်ပြီး နောက်ဆုံးတွင် အလွန် ခက်ခဲစွာဖြင့် အချို့သော ရလဒ်များကို ရရှိပေမည်။ သို့သော် ရှုထောင့်အမြင်နှင့် ရပ်တည်ချက်ဆိုင်ရာ ကိစ္စရပ်များ သို့မဟုတ် အဓိကကျသော ကိစ္စရပ်များနှင့် ပတ်သက်လာသောအခါတွင်မူ သင်သည် ၎င်းတို့နှင့် မည်သည့်အခါမျှ ဆက်သွယ်ပြောဆိုနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် လူများအတွက် အမျိုးအစားများ ရှိကြောင်းနှင့် လူတိုင်း၏ အမျိုးအစားသည် ကွဲပြားကြောင်း သင် သိရှိလိမ့်မည်။ လူနှစ်ဦးသည် ချောမွေ့စွာ ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိပါက သို့မဟုတ် အတူတကွ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပါက မည်သည့်ကိစ္စရပ်ကိုမဆို ဆွေးနွေးသောအခါ ၎င်းတို့၏ ရှုထောင့်အမြင်များအပေါ် သဟဇာတဖြစ်မှုနှင့် တူညီသောသဘောထားကို လျင်မြန်စွာ မရရှိနိုင်ပါက ၎င်းတို့သည် မတူညီသော အမျိုးအစားများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာမှန်သည်နှင့် မည်သည့်အရာမှားသည်ကို မသိသော လူစားမျိုးသည် ၎င်းတို့၏ လူ့သဘာဝတွင် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်သည့် စွမ်းရည်မရှိသောကြောင့် ၎င်းတို့သည် သိသာထင်ရှားစွာ မှန်ကန်သော အတွေးများနှင့် အမြင်များ၊ မှန်ကန်သော စကားများနှင့် မှန်ကန်သော ကိစ္စရပ်များသည် အဘယ်ကြောင့် မှန်ကန်သည်ကိုဖြစ်စေ၊ ၎င်းတို့၏ မှန်ကန်မှုသည် မည်သည့်နေရာတွင် တည်ရှိသည်ကိုဖြစ်စေ မည်သည့်အခါမျှ သဘောပေါက်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့က “အဘယ်ကြောင့် သင် ပြောဆိုသည့်အရာက မှန်ကန်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ် ပြောဆိုသည့်အရာက မမှန်ကန်ရသနည်း။ သင် ပြောဆိုသည့်အရာက မည်သို့များ အတိအကျ မှန်ကန်နေသနည်း” ဟု ဆိုကြလိမ့်မည်။ တစ်ခါတစ်ရံတွင် သင် ပြောဆိုသည့်အရာ မှန်ကန်ကြောင်း သက်သေပြရန် သင်သည် အချက်အလက်များကို တင်ပြပြီး အမှုအရာများကို ကျိုးကြောင်းဆင်ခြင် ပြောဆိုပြရသည်၊ ဥပမာများစွာ ပေးပြီး နှိုင်းယှဉ်ခိုင်းနှိုင်းချက်များစွာ ပြုလုပ်ရကာ များစွာသော ဒုက္ခကို ဖြတ်သန်းပြီး တော်တော်လေး အချိန်ပေးစဉ်းစားပြီးမှသာ ကိစ္စရပ်တစ်ခုကို ၎င်းတို့အား အသေအချာ ရှင်းပြနိုင်သည်။ နောက်ဆုံး၌ ထိုသို့ လုပ်ဆောင်ပြီးနောက်တွင် ပေါ်ပေါက်လာသော နောက်ကိစ္စရပ်တစ်ခုကို ၎င်းတို့အား အသေအချာ ရှင်းပြရန် များစွာသော အတွေးအခေါ်ကို ရင်းနှီးမြှုပ်နှံပြီး များစွာသော ဒုက္ခကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ သင်သည် ဤသို့ အစဉ်သဖြင့် လုပ်ဆောင်ပါက အချိန်ကြာလာသည်နှင့်အမျှ ထိုသို့ လုပ်ဆောင်ခြင်းသည် လူတစ်ဦး၏ အမျိုးအစားကို နောက်ဆုံးတွင် မပြောင်းလဲနိုင်ကြောင်းနှင့် သင်သည် အချည်းနှီး လုပ်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိမ့်မည်။ သင်သည် အားထုတ်မှုများစွာကို အသုံးပြုပြီး ၎င်းတို့အပေါ် ကြီးမားသော မျှော်လင့်ချက်ကို ထားရှိလျှင်ပင် သင် ရရှိမည့် ရလဒ်များသည် အလွန် သေးငယ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် မည်သူမျှ လူတစ်ဦး၏ အမျိုးအစားကို မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် အမှားအမှန်ကိုပင် မသိပါက ၎င်းတို့၏ အမျိုးအစားကို ပြောင်းလဲနိုင်သည့် နည်းလမ်းတစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ ၎င်းတို့သည် တစ်ဖန် လူဝင်စားဖို့ ၎င်းတို့၏ မူလပုံစံသို့ ပြန်သွားရန် ဖြစ်သည်။ ၎င်းတို့ ကံကောင်းပါက ၎င်းတို့သည် လူသားတစ်ဦးအဖြစ် လူဝင်စားလိမ့်မည်၊ ၎င်းတို့ ကံမကောင်းဘဲ လူသားမဟုတ်သော အခြားတစ်စုံတစ်ခုအဖြစ် တစ်ဖန် လူဝင်စားပါက ထိုသို့သော လူများအား မည်သည့်အရာမှန်သည်နှင့် မည်သည့်အရာမှားသည်ကို သိရှိစေရန် မျှော်လင့်ချက် ရှိနေဦးမည် မဟုတ်ပေ။ ဤသည်မှာ ပကတိအခြေအနေပင် ဖြစ်လေသည်။
လူ့သဘာဝ၏ အရည်အသွေးများ မရှိသော ဤလူစားမျိုးသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အခြားသော ထူးခြားသည့်လက္ခဏာတစ်ခု ရှိသည်၊ ၎င်းတို့သည် အခြားလူတိုင်းတွင် အမျိုးမျိုးသော အမှားများကို ထောက်ပြနိုင်သော်လည်း ၎င်းတို့တွင် ဤတူညီသော အမှားများ ရှိသောအခါတွင်မူ ၎င်းတို့သည် အမှားများဖြစ်ကြောင်း မည်သည့်အခါမျှ ဝန်မခံကြပေ။ ၎င်းတို့သည် အခြားသူများတွင် မည်သည့် အားသာချက် သို့မဟုတ် ကောင်းကွက်ကိုမျှ မမြင်နိုင်ကြပေ၊ ၎င်းတို့သည် ထိုလူတို့၏ အမှားများကိုသာ ထောက်ပြပြီး ထိုသူတို့၏ အားနည်းချက်များကို ဖော်ထုတ်ကာ ဤအရာကို အခြားသူများက ၎င်းတို့နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိဟု ဆိုရန်နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်းသည် အခြားသူများ၏ အမှားသာဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်မှာမူ လုံးဝ အမှားမရှိသကဲ့သို့ မိမိတို့ကိုယ်ကို သိရန် လိုအပ်သူများမှာ အခြားသူများသာဖြစ်သည်ဟု ဆိုရန် အကြောင်းပြချက်အဖြစ် အသုံးပြုကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာ ဖြစ်သနည်း။ ကျင့်ကြံပြုမူရာတွင်လည်းကောင်း၊ အမှုအရာများကို ကိုင်တွယ်ရာတွင်လည်းကောင်း ထိုသို့သော လူများသည် အခြားသူများကို ဆင်ခြင်တုံတရားဖြင့် မည်သည့်အခါမျှ မဆက်ဆံနိုင်သည့်အပြင် ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကိုလည်း ဆင်ခြင်တုံတရားဖြင့်၊ မှန်ကန်စွာနှင့် တရားမျှတသော နည်းလမ်းဖြင့် မဆက်ဆံနိုင်ကြပေ။ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်နှင့် လူများကို ဆက်ဆံရာတွင် ၎င်းတို့၏ သဘောထားသည် မှန်ကန်သည်ဟု သင်တို့ ပြောမည်လော သို့မဟုတ် မမှန်ကန်ဟု သင်တို့ ပြောမည်လော။ (မမှန်ကန်ပါ။) သို့သော် ၎င်းတို့ ဤအရာကို သိကြသလော။ (မသိကြပါ။) ၎င်းတို့သည် အခြားသူများကို ကိုယ်ကျင့်တရားအရ သာလွန်မြင့်မြတ်သည့် နေရာမှ အစဉ်သဖြင့် အကဲဖြတ်ပြီး ရှုမြင်ကြသည်။ အခြားသူများကို ၎င်းတို့ ရှုမြင်ပုံနှင့် ထိုသို့ ရှုမြင်သည့် ရှုထောင့်သည် အခြားသူများကို ပိုင်းခြားသိမြင်ရန် ၎င်းတို့၏ ကိုယ်ပိုင် “အမှားအမှန်” ဟု ခေါ်ဆိုသည့်အရာကို အသုံးပြုခြင်း ပါဝင်သည်။ ၎င်းတို့သည် အခြားသူများ လုပ်ဆောင်သမျှကို မှားယွင်းပြီး ၎င်းတို့ထက် နိမ့်ကျသည်ဟု မြင်ကြသည်။ အငြင်းပွားမှုတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပါက ယင်းသည် အခြားသူများ၏ ပြဿနာသာဖြစ်ပြီး အခြားသူများကြောင့် ဖြစ်ရသည်ဟုလည်းကောင်း၊ အခြားသူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဟုလည်းကောင်း၊ အပြောင်းအလဲများ ပြုလုပ်ပြီး ပြောင်းလဲရမည်မှာ အခြားသူများသာ ဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် အခြားသူများကို ကောင်းကွက်တစ်ခုတလေမျှမရှိဘဲ အမှားများနှင့် ပြဿနာများဖြင့် ပြည့်နေသည်ဟု မြင်ပြီး မိမိတို့ကိုယ်ကိုမူ ကောင်းကွက်များဖြင့် ပြည့်လျှံနေကာ အမှားတစ်စက်မျှ မရှိဟု ရှုမြင်ကြသည်။ ထိုသို့သော လူများတွင် ဆင်ခြင်တုံတရား ရှိသည်ဟု သင် ပြောမည်လား။ (မရှိပါ။) ဆင်ခြင်တုံတရားမရှိသော လူများ၏ မျက်စိများသည် မည်သည့်ရည်ရွယ်ချက်အတွက် အသုံးဝင်သနည်း။ (အသုံးမဝင်ပါ။) ၎င်းတို့သည် လူအမျိုးမျိုးတွင်ရှိသော အားသာချက်များနှင့် ကောင်းကွက်များကို မမြင်နိုင်ကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် အခြားသူများ၏ အားနည်းချက်များကို အမိအရဖမ်းဆုပ်ပြီး အဆမတန် ချဲ့ကားပြောဆိုကြသည်၊ အမှန်တွင် ထိုအရာများသည် အားနည်းချက်များ ဖြစ်ချင်မှ ဖြစ်မည်ဖြစ်သည်။ ပြဿနာများ မပေါ်ပေါက်ပါက အမှုအရာများ အဆင်ပြေနေသော်လည်း ပြဿနာတစ်ခု ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အခြားတစ်ဖက်၏ အားနည်းချက်များကို အမိအရဖမ်းဆုပ်ပြီး လက်မလွှတ်ဘဲ “သင်က ကျွန်ုပ်ထက် မည်သည့်နည်းလမ်းဖြင့် ပိုကောင်းသနည်း။ သင်က ကျွန်ုပ်ထက် ပိုကောင်းပါက အဘယ်ကြောင့် ဤပြဿနာ ဖြစ်ပွားနေဆဲ ဖြစ်သနည်း” ဟု ဆိုကြသည်။ ၎င်းတို့၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဆန့်ကျင်မှုသည် ပေါက်ကွဲထွက်လာပြီး ၎င်းတို့၏ စစ်မှန်သော စိတ်အတွင်းပိုင်း ရှုထောင့်အမြင်များ အားလုံးသည် ပေါ်လွင်ထင်ရှားလာသည်။ ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဆင်ခြင်တုံတရားဖြင့် မည်သည့်အခါမျှ မရှုမြင်ကြပေ။ ၎င်းတို့၏ အမြင်တွင် အခြားသူများထံမှ မည်သည့် သရုပ်သကန်မဆိုသည် ပြဿနာတစ်ခု၊ အမှားတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အတွေးများနှင့် အမြင်များအတိုင်းဆိုလျှင် ထိုအရာများထဲမှ တစ်ခုမျှ စံချိန်မမီပေ၊ အားလုံးသည် မှားယွင်းသည်၊ အားလုံးသည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး အားလုံးသည် ၎င်းတို့ ဝေဖန်ရန် အသုံးပြုဖို့အတွက် နိုင်ကွက်များ ဖြစ်ကြသည်။ ထိုသို့သော လူများကို ဆက်ဆံရန် ခက်ခဲသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြသောကြောင့် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာတွင် ၎င်းတို့၏ “အမှားအမှန်” ဟု ခေါ်ဆိုသည့်အရာသည် ၎င်းတို့ မှန်ကန်သည်ဟု ထင်သည့် မည်သည့်အရာမဆို မှန်ကန်ပြီး ၎င်းတို့ မမှန်ကန်ဟု ထင်သည့် မည်သည့်အရာမဆို မမှန်ကန်ကြောင်းကိုသာ ဆိုလိုသည်။ ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ မှန်ကန်မှုကို မိမိတို့၏ ကိုယ်ပိုင်အကဲဖြတ်မှုနှင့် နှစ်သက်မှုများအပေါ် အခြေခံ၍လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအပေါ် အခြေခံ၍လည်းကောင်း အကဲဖြတ်ကြသည်။ ၎င်းတို့သည် လူများနှင့် အမှုအရာများကို တရားမျှတစွာ ရှုမြင်မည်မဟုတ်ပေ။ ၎င်းတို့ မကြိုက်နှစ်သက်သော၊ သဟဇာတမဖြစ်သော၊ အကျိုးမရှိသော သို့မဟုတ် အထင်သေးသော မည်သည့်အရာကိုမဆို ဆွေးနွေးခွင့် တစ်ခုတလေမျှ မပေးဘဲ မှားယွင်းပြီး ဆိုးသည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ကြသည်။ ထိုသို့သော လူများသည် ဆက်ဆံရန် ခက်ခဲသည်သာမက ကြောက်မက်ဖွယ်လည်း ကောင်းသည်။ သင့်ပတ်ဝန်းကျင်တွင် ထိုသို့သော လူတစ်ဦး ရှိပါက ၎င်းတို့၏ အတွေးများနှင့် အမြင်များအားလုံး ဖော်ပြခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စရိုက်သည် အပြည့်အဝ ပေါ်လွင်ထင်ရှားလာသည်။ ၎င်းတို့၏ စိတ်ဝိညာဉ် နက်ရှိုင်းသောနေရာတွင် အတိအကျ မည်သည့်အရာ ရှိသည်၊ ၎င်းတို့ အတိအကျ မည်သည့်အရာကို ချစ်မြတ်နိုးသည်၊ ၎င်းတို့၏ လိုအပ်ချက်များ အတိအကျမှာ အဘယ်အရာဖြစ်သည်နှင့် ၎င်းတို့ အတိအကျ မည်သည့်အရာကို လိုက်စားသည်ကို သင် မြင်တွေ့နိုင်သည်။ ၎င်းတို့တွင် ဤအရာများကို မြင်တွေ့ခြင်းက သင့်ကို ၎င်းတို့အား တစ်သက်တာအတွက် စက်ဆုပ်ရွံရှာစေနိုင်သည်။ အမှန်ပင်၊ ၎င်းတို့၏ ဤပြဿနာများအားလုံး ပေါ်လွင်ထင်ရှားလာသောအခါ သင်သည် ၎င်းတို့၏ လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်းကဲ့သို့သော ၎င်းတို့၏ သရုပ်သကန်များနှင့် ၎င်းတို့၏ မာကျောသော စိတ်သဘောထားကြောင့် ၎င်းတို့ ထုတ်ဖော်ပြသသော ခေါင်းမာခြင်း၊ မိုက်မဲခြင်း၊ တစ်ယူသန်ခြင်းနှင့် လွဲမှားမှုများဆီသို့ ယိမ်းယိုင်တတ်ခြင်းတို့နှင့်ပတ်သက်၍ အဖြေကို ရရှိလိမ့်မည်။ ဤအဖြေမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ထိုသို့သော လူများသည် ပုံမှန်လူ့သဘာဝကို မပိုင်ဆိုင်ကြခြင်းပင် ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် လူသားတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြပေ၊ ၎င်းတို့သည် လူသားများ မဟုတ်ကြပေ။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ် ရှိခဲ့ပါက ၎င်းတို့သည် လွဲမှားသော ကျိုးကြောင်းဆင်ခြင်မှုကို အမိအရဖမ်းဆုပ်ပြီး ယင်းကို မှန်ကန်သည့်အလား ပြောဆိုကြမည်မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရာတွင် တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်သဖြင့် ၎င်းတို့သည် အနည်းဆုံး သမ္မာတရား အနည်းငယ်ကို နားလည်သင့်ပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များသည် အတော်အတန် ပြောင်းလဲသင့်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် အမှုအရာများကို ဘာသာတရား မရှိသူများ၏ ရှုထောင့်အမြင်များကို အသုံးပြု၍ ရှုမြင်နေဆဲဖြစ်သနည်း၊ မှားယွင်းသော ရှုထောင့်အမြင်များနှင့် လွဲမှားသော ကျိုးကြောင်းဆင်ခြင်မှုကို မှန်ကန်သည်၊ သမ္မာတရား ဖြစ်သည်ဟု သဘောထားပြီး သမ္မာတရား၊ အပြုသဘောဆောင်သော အရာများနှင့် မှန်ကန်သော အရာများကိုပင် အပျက်သဘောဆောင်သော အရာများအဖြစ် အဘယ်ကြောင့် ပြစ်တင်ရှုတ်ချနေဆဲ ဖြစ်သနည်း။ ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များ ပေါ်လွင်ထင်ရှားလာသောအခါ သင်သည် အဖြေကို ရရှိသည်။ ၎င်းတို့သည် ဘဝတွင် အဖြူကို အမည်း၊ အမည်းကို အဖြူ ပြောင်းပြီး အချက်အလက်များကို ပြုပြင်ပြောင်းလဲထားသော အရာများစွာကို ပြောဆိုနိုင်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ၊ ယင်းမှာ ၎င်းတို့ သမ္မာတရားကို လုံးဝ လက်မခံခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့တွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ပင်ကိုအရည်အသွေး ရှိသောကြောင့် ၎င်းတို့ ထိုအရာများကို ထုတ်ဖော်ခြင်းသည် ယုတ္တိရှိလေသည်။ ဤသည်မှာ ၎င်းတို့၏ မိဘများက ၎င်းတို့ကို သင်ကြားပေးပုံကြောင့် မဟုတ်သည့်အပြင် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့်လည်း မဟုတ်၊ လူ့အဖွဲ့အစည်းက ၎င်းတို့ကို သင်ကြားပေးသည့်အရာကြောင့် ပို၍ပင် မဟုတ်ပေ၊ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ၊ ၎င်းတို့တွင် ဤပင်ကိုအရည်အသွေး ရှိသည်။ လူတစ်ဦး ချစ်မြတ်နိုးသည့်အရာ၊ ၎င်းတို့ ထုတ်ဖော်ပြသသော လူ့သဘာဝအမျိုးအစား၊ နေ့စဉ်ဘဝတွင် ၎င်းတို့ သဘာဝအတိုင်း ထုတ်ဖော်ပြသသည့်အရာနှင့် ဘဝတွင် ၎င်းတို့၏ သာမန်အခြေအနေမှာ အဘယ်အရာဖြစ်သည်၊ ဤအရာအားလုံးသည် လူတစ်ဦး၏ ပင်ကိုအရည်အသွေးများအပေါ် မူတည်သည်။ မည်သူမျှ လူတစ်ဦး၏ ပင်ကိုအရည်အသွေးများကို မပြောင်းလဲနိုင်ပေ။ မြွေတစ်ကောင်ကဲ့သို့ပင် ကောက်ကွေ့သော ပင်ကိုအရည်အသွေးရှိသောကြောင့် ၎င်းသည် ဖြောင့်တန်းစွာ မည်သည့်အခါမျှ တွားသွားမည်မဟုတ်ပေ။ ဂဏန်းတစ်ကောင်ကဲ့သို့ပင် ၎င်းသည် ဘေးတိုက် လျှောက်လှမ်းပြီး သင်က ၎င်းကို ကျဉ်းမြောင်းသော နေရာတွင် ထားလျှင်ပင် ၎င်းသည် ဘေးတိုက်ပင် လျှောက်လှမ်းနေဦးမည် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့၏ ပင်ကိုအရည်အသွေးများဖြစ်ပြီး ပင်ကိုအရည်အသွေးများကို မပြောင်းလဲနိုင်ပေ။ လူတစ်ဦးသည် အမှားအမှန်ကို မပိုင်းခြားနိုင်ပါက သို့မဟုတ် အမှားအမှန်ကို မသိနိုင်ပါက ဤထူးခြားသော လက္ခဏာသည် ၎င်းတို့တွင်ရှိသော ပင်ကိုအရည်အသွေးတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့တွင် ဤပင်ကိုအရည်အသွေး ရှိသောကြောင့် ၎င်းတို့သည် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ယင်းနှင့် သက်ဆိုင်သော အရာများစွာကို သဘာဝအတိုင်း ထုတ်ဖော်ပြသကြသည်၊ ဤသည်မှာ အလွန် သဘာဝကျလေသည်။
အချို့လူတို့သည် ခံစားချက်များနှင့်ပတ်သက်၍ဖြစ်စေ၊ အမှုအရာများကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍ဖြစ်စေ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိကြပေ။ ထိုနည်းတူ ယောက်ျားနှင့်မိန်းမကြား ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်၍လည်း မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို ၎င်းတို့ မသိကြပေ။ ဥပမာအားဖြင့် ဆန့်ကျင်ဘက်လိင်နှင့် ပေါင်းသင်းဆက်ဆံရာတွင် မည်သို့ကင်းကင်းနေရမည်ကိုဖြစ်စေ၊ မည်သည့်အကြောင်းအရာများ၊ မှတ်ချက်စကားများနှင့် ပြုမူပုံများကို ရှောင်ကြဉ်ရမည်ကိုဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်စကားပြောဆိုခြင်းနှင့် ကျင့်ကြံပြုမူခြင်းတို့တွင် မည်သည့်အသေးစိတ်အချက်များကို အာရုံစိုက်ရမည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ဤသည်မှာ နားလည်ရန် ခက်ခဲသောအရာဖြစ်သည်။ ပုံမှန်လူများသည် ဆန့်ကျင်ဘက်လိင်နှင့် ပေါင်းသင်းရာတွင် စည်းများ ရှိရမည်ကို မသိကြသလော။ (သိကြပါသည်။) ဤသည်မှာ သင်ကြားပေးရန် လိုအပ်သည့်အရာတစ်ခုလော။ လူတစ်ဦး ကလေးဘဝတွင်ရှိစဉ် ၎င်းတို့၏ မိဘများက ဤအရာကို သင်ကြားပေးရန် လိုအပ်ကောင်းလိုအပ်မည် ဖြစ်သော်လည်း လူတစ်ဦး တဖြည်းဖြည်း ကြီးပြင်းလာပြီး အသိတရားဝင်လာသည်နှင့်အမျှ ၎င်းတို့၏ မိသားစု သို့မဟုတ် လူ့အဖွဲ့အစည်း၏ သင်ကြားပေးရန်မလိုဘဲ ဤအရာများကို အလိုအလျောက် သိလာကြသည်။ ယင်းမှာ မွေးရာပါအရာတစ်ခု ဖြစ်သည် မဟုတ်လော။ ယောက်ျားနှင့်မိန်းမကြားတွင် စည်းများရှိသည်ကို သိခြင်းသည် လူ့သဘာဝ၏ အရည်အသွေးတစ်ခု ဖြစ်သည်။ လူ့သဘာဝ၏ အရည်အသွေးများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သောကြောင့် လူတို့သည် ရှက်စိတ်ရှိခြင်း ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သေချာပေါက် သိကြသည်။ သင်သည် ရှက်စိတ်ရှိပါက ဆန့်ကျင်ဘက်လိင်ကို မည်သို့ဆက်ဆံရမည်ကို သင်သိပေမည်။ သင်မသိဘဲ ရှက်စိတ်မရှိဘဲ ပြုမူပါက မည်သည့်ပြုမူပုံက မှန်ပြီး မည်သည့်ပြုမူပုံက မှားသည်ကိုလည်းကောင်း၊ မည်သည့်ပြုမူပုံက သင့်လျော်ပြီး ဆင်ခြင်တုံတရား ရှိသည်ကိုလည်းကောင်း၊ မည်သည့်ပြုမူပုံက လွန်ကဲပြီး စည်းကျော်သည်ကိုလည်းကောင်း မသိပါက သင်၏ လူ့သဘာဝတွင် ပြဿနာတစ်ခု ရှိနေပြီဖြစ်သည်။ အကြောင်းမှာ ဤသည်မှာ ပုံမှန်လူတစ်ဦး အနည်းဆုံး သိသင့်သည့်အရာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ လူတစ်ဦးသည် ဤအရာများကို သိပြီး ယင်းတို့ကို စွဲကိုင်ထားနိုင်ပါက ထိုသူသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ လူတစ်ဦးသည် ဤအရာများထဲမှ တစ်ခုကိုမျှ မသိဘဲ အခြားသူများ၏ သတိပေးခြင်းနှင့် ချုပ်တည်းခြင်းကိုပင် လိုအပ်နေသေးပါက ဤလူစားမျိုးတွင် ပြဿနာကြီးတစ်ခု ရှိနေပြီဖြစ်သည်။ အထူးသဖြင့် လူတစ်မျိုးရှိပြီး ၎င်းတို့သည် အခြားသူများကြားတွင် ရှိနေသည့်အခါ လိင်တူသူများနှင့် မထိုင်ဘဲ ဆန့်ကျင်ဘက်လိင်၏ ဘေးတွင် တကူးတက ထိုင်တတ်ကြပြီး ၎င်းတို့နှင့် အလွန်နီးကပ်စွာ နေတတ်ကြသည်၊ ၎င်းတို့သည် ဤအရာကို ရှောင်ရှားရန် မကြိုးစားကြပေ။ အခြားသူများက ထိုသို့သောလူတစ်ဦးကို သတိပေးသောအခါ ၎င်းတို့က “တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိုင်ခြင်းသည် အဘယ်မှာ မှားနေသနည်း။ လူအများရှေ့တွင် ကျွန်ုပ်တို့ မည်သည့်အရာများ လုပ်နိုင်မည်နည်း။ ကျွန်ုပ်သည် အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ဖြစ်သည်။ ကျွန်ုပ်ကို သင် စောင့်ကြည့်ရန် လိုအပ်သလော။ အဘယ်ကြောင့်များ သင်သည် ကျွန်ုပ်ကိုသာ အစဉ်သဖြင့် ရွေးပြီး ပြောဆိုနေရသနည်း” ဟု ပြောဆိုလျက် ယင်းကို ထူးဆန်းသည်ဟုပင် ထင်ကြသည်။ ၎င်းတို့တွင် “လူအများရှေ့တွင် ကျွန်ုပ်တို့ အဘယ်အရာများ လုပ်နိုင်စရာ ရှိသနည်း” ဟု ပြောဆိုရလောက်အောင်ပင် သတ္တိရှိကြသည်၊ ၎င်းတို့တွင် ရှက်စိတ် တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ပြဿနာမှာ ၎င်းတို့ အမှန်တကယ် တစ်စုံတစ်ခု လုပ်ရမည်ဟူသော ကိစ္စလော။ သို့မဟုတ် ၎င်းတို့ တစ်စုံတစ်ရာ မလုပ်သရွေ့ ယောက်ျားနှင့်မိန်းမကြားရှိ စည်းများကို စောင့်ထိန်းရန် မလိုအပ်ဟူသော ကိစ္စလော။ ယောက်ျားနှင့်မိန်းမကြားတွင် ကွဲပြားခြားနားမှု မရှိသလော။ (ရှိပါသည်။) ထိုသို့ဖြစ်သောကြောင့် ၎င်းတို့ကြားတွင် စည်းများ ထားရှိသင့်ပြီး ဤစည်းများကို ထိန်းသိမ်းခြင်းသည် လူ့သဘာဝအတွင်းရှိ ရှက်စိတ်အားဖြင့် တွန်းအားပေးခြင်းခံရသည်။ သင်သည် ရှက်စိတ်ရှိပါက ဆန့်ကျင်ဘက်လိင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ အလွန်သဘာဝကျစွာ စည်းများကို ထိန်းသိမ်းလိမ့်မည်။ သင့်ကို အခြားသူများ ကြီးကြပ်ရန် မလိုအပ်သည့်အပြင် ပတ်ဝန်းကျင်၏ ချုပ်တည်းမှုကိုလည်း ခံရန် မလိုအပ်ပေ၊ သင်ကိုယ်တိုင် ယင်းကို လုပ်ဆောင်နိုင်သည်။ သင်သည် ဤရှက်စိတ် အနည်းငယ်မျှပင် ကင်းမဲ့ပြီး သင့်ကို အခြားသူများ စောင့်ကြည့်ရန်နှင့် သတိပေးရန် လိုအပ်နေသေးပါက သင်ကဲ့သို့သောသူတစ်ဦးသည် ကြီးမားသော အန္တရာယ်တွင် ရှိနေသည်။ အချို့လူတို့သည် ယောက်ျားနှင့်မိန်းမကြားရှိ ကိစ္စရပ်များနှင့်ပတ်သက်၍ အထူးသဖြင့် ပေါ့ပေါ့ဆဆနေတတ်ကြပြီး ဆန့်ကျင်ဘက်လိင်ကို မကြာခဏ မျက်စိမှိတ်ပြ၊ မျက်ရိပ်ပြကာ ၎င်းတို့အပေါ် ထိုအရာကိုင်၊ ဤအရာကိုင် လုပ်တတ်ကြသည်။ အထူးသဖြင့် အချို့လူတို့သည် ဆန့်ကျင်ဘက်လိင်၏ ရှေ့တွင် မိမိတို့ကိုယ်ကို အထူးကိုယ်ရည်သွေးလိုကြသည်။ ဆန့်ကျင်ဘက်လိင်များ ပို၍ရှိလေလေ ၎င်းတို့ ပို၍ အထိန်းအကွပ်မဲ့ကာ စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး မိမိတို့ကိုယ်ကို ပို၍ အားတက်သရော ကိုယ်ရည်သွေးလေလေ ဖြစ်သည်။ အခြားသူများက ဤသည်မှာ မသင့်လျော်ဘဲ ဂုဏ်သိက္ခာမဲ့သည်ဟု မြင်ကြသည့်တိုင် ၎င်းတို့ကမူ ယင်းမှာ ပြဿနာတစ်ခုဖြစ်သည်ဟု မခံစားရသည့်အပြင် လိပ်ပြာမသန့်ခြင်းကိုလည်း မခံစားရပေ။ ထိုအစား ၎င်းတို့က “ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ ယောက်ျားနှင့် မိန်းမကြားတွင် ဤသို့သာ ဖြစ်သင့်သည် မဟုတ်လော။ မိန်းမများကို ယောက်ျားများအတွက် ဤလောကထဲသို့ ခေါ်ဆောင်လာခြင်း မဟုတ်လော။ ပြီးလျှင် ယောက်ျားများသည်လည်း မိန်းမများအတွက် မဟုတ်လော။ အတူတကွ အနည်းငယ် ပျော်ရွှင်ခြင်းသည် အဘယ်များ မှားယွင်းနေသနည်း။ ဤသည်မှာ ပျော်စရာ ကိစ္စတစ်ခုပင် မဟုတ်လော။ သင်တို့ကဲ့သို့ အလေးအနက်ထားပြီး အသက်ရှင်နေထိုင်ရသည်မှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသည်။ ‘ယောက်ျားနှင့် မိန်းမ အတူတကွ အလုပ်လုပ်ခြင်းသည် ဝန်ကို ပေါ့ပါးစေသည်’ ဟု လူများပြောသည်ကို သင်တို့ မကြားဖူးကြသလော” ဟု တွေးကြသည်။ သင်မြင်သလော၊ ၎င်းတို့သည် မည်သည့်အတွေးကိုဖြစ်စေ၊ မည်သည့်အမြင်ကိုဖြစ်စေ လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု မြင်ကြသည်။ အထူးသဖြင့် ၎င်းတို့သည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များကို အပြည့်အဝ လက်ခံကြသည့်တိုင် အပြုသဘောဆောင်သော ပြောဆိုချက်များကိုမူ စိုးစဉ်းမျှပင် လက်မခံဘဲ ထိုအစား အတိုက်အခံလုပ်ကာ ချေပပြီး ငြင်းပယ်ကြသည်။ သင်က ၎င်းတို့ကို သတိပေးရန် ကြိုးစားပါက ၎င်းတို့သည် ထိုအရာကို မနှစ်မြို့ကြသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သင့်ကို မုန်းတီးကာ သင့်ကို ရန်လိုသည့်စိတ်ဖြင့် သဘောထားကြသည်။ ၎င်းတို့သည် မည်သူ့အကြံဉာဏ်ကိုမျှ လက်မခံဘဲ ဤနည်းအတိုင်း မရမက ပြုမူကြသည်။ အချို့လူတို့သည် တစ်ခဏတာ ထိန်းချုပ်မှုလွတ်သွားနိုင်သည် သို့မဟုတ် သတိလက်လွတ် ဖြစ်သွားနိုင်ပြီး ရံဖန်ရံခါ အနည်းငယ် အကျင့်ပျက်စွာ ပြုမူမိနိုင်သည်။ အခြားသူများ၏ သတိပေးခြင်းကို မလိုအပ်ဘဲ ၎င်းတို့သည် အတွင်းစိတ် မလုံမလဲဖြစ်ကာ အနာဂတ်တွင် သတိထားရမည်ဟု ခံစားကြရသည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးတွင် ရှိသင့်သည့် သရုပ်သကန်ဖြစ်သည်။ သို့သော် ဤအခြားလူစားမျိုးမှာမူ အလွန်အကျွံ လွန်ကျူးပြီး ဆိုးရွားသောနည်းဖြင့် စည်းကို ကျော်လွန်ပြီးဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ တပ်မက်မှုတွင် မွေ့လျော်ခံစားနေကြပြီးဖြစ်သည်။ လူများစွာတို့သည် ဤအရာကို မြင်ရသည်ကို မခံရပ်နိုင်ကြပေ။ ၎င်းတို့ ဤအတိုင်း ဆက်လုပ်နေပါက မိမိတို့ကိုယ်ကို အန္တရာယ်ဖြစ်စေမည်ဖြစ်ပြီး ဘုရားသခင်၏ ပစ်ပယ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရကြလိမ့်မည်။ သို့သော်လည်း ၎င်းတို့က ဂရုမစိုက်ဘဲ “တပ်မက်မှုတွင် မွေ့လျော်ခံစားခြင်း၌ အဘယ်အန္တရာယ် ရှိနိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့တွင် အမှန်တကယ်တွင် မည်သည့်သတိပြုမိခြင်းမျှ မရှိပေ။ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးအချို့သည် အမျိုးသားများ၏ အိမ်များတွင် ညအိပ်ညနေနေလျက် ဆန့်ကျင်ဘက်လိင်နှင့် ပေါ့ပေါ့ဆဆ ပေါင်းသင်းကြသည်။ ဤအကြောင်း ပေါက်ကြားသွားပါက ၎င်းတို့၏ ဂုဏ်သတင်းကို ပျက်စီးစေမည်ဖြစ်သည့်တိုင် ၎င်းတို့က မည်သို့ပင်ဖြစ်စေ ဂရုမစိုက်ကြပေ။ ထိုသို့သောလူတစ်ဦးတွင် ရှက်စိတ် ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ရှက်စိတ် လုံးဝမရှိပေ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူတစ်ဦးသည် ယောက်ျားနှင့်မိန်းမကြားရှိ ကိစ္စရပ်များနှင့်ပတ်သက်၍ မိမိ၏စိတ်နှလုံးထဲတွင် အနိမ့်ဆုံးစည်းတစ်ခု မရှိပါက၊ “အရှက်” ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို မသိပါက ဤသည်မှာ ၎င်းတို့တွင် လူ့သဘာဝ၏ အရည်အသွေးများ မပိုင်ဆိုင်ကြောင်း အပြည့်အဝ အတည်ပြုခြင်းပင် ဖြစ်သည်။ လူတစ်ဦးသည် လူ့သဘာဝ၏ အရည်အသွေးများကို ပိုင်ဆိုင်ပြီး ၎င်းတို့ ရံဖန်ရံခါ ဆန့်ကျင်ဘက်လိင်နှင့်ပတ်သက်သော အမှားတစ်ခု ပြုလုပ်မိပါက သို့မဟုတ် အလွန်အကျွံ လွန်ကျူးသည့်အရာတစ်ခုကို လုပ်ဆောင်မိပါက ၎င်းတို့သည် တစ်သက်လုံး နောင်တရကြလိမ့်မည်။ ၎င်းတို့ ထိုအကြောင်းကို တွေးမိသည့်အခါတိုင်း မျက်နှာများ ပူလာမည်ဖြစ်ပြီး စိတ်နှလုံးထဲတွင် စိုးရိမ်ကြောင့်ကြသော ခံစားမှုတစ်ခုကို ခံစားရလိမ့်မည်။ ၎င်းတို့သည် စိတ်မသက်မသာဖြစ်ပြီး မလုံမလဲ ခံစားရမည်ဖြစ်ကာ ထိုကိစ္စကို နောက်တစ်ကြိမ် ထုတ်ဖော်ပြောဆိုလိုတော့မည် မဟုတ်ဘဲ အနာဂတ်တွင် ထိုသို့သောအရာမျိုး မည်သည့်အခါမျှ ထပ်မဖြစ်ပွားရန် မျှော်လင့်ကြလိမ့်မည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာသည် ၎င်းတို့အတွက် ထာဝရအစွန်းအထင်းတစ်ခု ဖြစ်သည်။ ပုံမှန်လူများတွင် ယောက်ျားနှင့်မိန်းမကြားရှိ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှက်စိတ်နှင့် အနိမ့်ဆုံးစည်းတစ်ခု ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ကာ ချုပ်တည်းကြမည်ဖြစ်ပြီး ထိုသို့သောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့ တစ်ခဏတာ ထိန်းချုပ်မှုလွတ်သွားပြီး ဆန့်ကျင်ဘက်လိင်နှင့် အမှားတစ်ခု ပြုလုပ်မိလျှင်ပင် နောင်တရကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏အမှားကို ထပ်ဆင့်ကျူးလွန်မည်မဟုတ်သကဲ့သို့ အခါအခွင့်သင့်သည့်အချိန်တွင်လည်း မိမိတို့ကိုယ်ကို မွေ့လျော်ခံစားစေပြီး ယိုယွင်းပျက်စီးစေမည်မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ချုပ်တည်းခြင်းခံရလိမ့်မည်။ ဤသည်ကို မည်သို့ဖြစ်မြောက်အောင်မြင်သနည်း။ ယင်းမှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရခြင်းမှ သင်ရရှိသော ကောင်းမွန်သည့်ရလဒ်ဖြစ်သည်။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် သင့်ကို ချုပ်တည်းကာ ထိန်းညှိပေးမည်ဖြစ်ပြီး သင့်အား အနိမ့်ဆုံးစည်းတစ်ခုကို ပေးလိမ့်မည်။ ယင်းမှာ ထိုသို့သောကိစ္စရပ်များကို သဘောထားပြုမူရာတွင် သင်၏ အနိမ့်ဆုံးစံနှုန်းလည်း ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းတို့သည် ဤအနိမ့်ဆုံးစည်းကို ကျော်လွန်ခြင်းမှ ရှောင်ရှားရန်နှင့် ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရန် သင့်ကို ကူညီလိမ့်မည်ဖြစ်သည်။ အားနည်းမှု သို့မဟုတ် အချို့သော အထူးအကြောင်းရင်းတစ်ခုခုကြောင့် သင်သည် သင်၏ ပြင်းပြသောဆန္ဒများကို ယာယီ မကျော်လွှားနိုင်ဘဲ ဆန့်ကျင်ဘက်လိင်နှင့် အမှားတစ်ခု ပြုလုပ်မိသည့်အခါတွင် သင်၏စိတ်နှလုံး နက်ရှိုင်းရာ၌ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံစားရမည်ဖြစ်ပြီး တစ်သက်လုံး နောင်တရခြင်းကိုပင် ခံစားရလိမ့်မည်၊ ဤဘဝတွင် ဒုတိယအကြိမ် ဖြစ်ပွားလိမ့်မည်မဟုတ်ပေ။ သို့သော် လူ့သဘာဝမရှိသော လူတို့သည် ထိုသို့သောအရာများကို လုပ်ဆောင်သည့်အခါ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ထိုအရာကို နေရာတိုင်းတွင်ပင် ကြွားဝါပြီး ဤသည်မှာ ကျွမ်းကျင်မှုတစ်ခုနှင့် လုပ်နိုင်စွမ်းတစ်ခု ဖြစ်သည်ဟုလည်းကောင်း၊ ဤသည်မှာ စန်းရှိခြင်းဟု ခေါ်သည်ဟုလည်းကောင်း၊ ဤသည်မှာ အကျိုးအမြတ် ရရှိခြင်းဟု ခေါ်သည်ဟုလည်းကောင်း၊ ထိုသို့မလုပ်ပါက အလဟဿဖြစ်မည်ဟုလည်းကောင်း တွေးလျက် အခြားသူများနှင့် နှိုင်းယှဉ်ကာ မိမိတို့ မည်သို့အဆင့်ရှိသည်ကို ကြည့်ရှုကြသည်။ ထိုသို့သောလူများတွင် အခွင့်အရေးရှိပါက ၎င်းတို့သည် ထိုသို့သောအရာများကို နောက်တစ်ကြိမ် လုပ်ဆောင်ကြမည်လော။ အဖြေမှာ သေချာပေါက် လုပ်ဆောင်ကြသည် ဟူ၍ဖြစ်သည်၊ ၎င်းတို့ လုံးဝ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် ထိုသို့သောအရာများကို လုပ်ဆောင်ပြီးသည့်တိုင် မည်သည့်အခါမျှ စိတ်မကောင်းမဖြစ်ဘဲ ထိုအစား ထိုအရာများနှင့်ပတ်သက်၍ ကြွားဝါကြသည်။ ဤသည်မှာ ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ (ရွံရှာဖွယ်ကောင်းပါသည်။) ၎င်းတို့ စိတ်မကောင်း မဖြစ်သည်မှာပင် အတော်အတန် စိတ်ပျက်စရာ ကောင်းနေပြီဖြစ်သော်လည်း ၎င်းတို့က ကြွားပင် ကြွားဝါသေးသည်၊ ယင်းမှာ သာ၍ပင် ရွံရှာဖွယ် ကောင်းသေးသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာက အခြားသူများကို မထီမဲ့မြင်ပြုခြင်းကို ခံစားရစေသော်လည်း ၎င်းတို့ကိုယ်တိုင်မှာမူ မည်သည့်အရှက်တရားကိုမျှ လုံးဝ မခံစားရပေ။ ထိုသို့သောလူများသည် လူဟုခေါ်ဆိုခံထိုက်သူများ မဟုတ်ပေ။ ၎င်းတို့သည် ထိုသို့သော ရှက်ဖွယ်ကောင်းသည့်အရာများကို မကြာခဏ လုပ်ဆောင်ကြသော်လည်း ရှက်ကြောက်ခြင်း၊ နောင်တရခြင်း သို့မဟုတ် စိတ်မကောင်းဖြစ်ခြင်းတို့ကို မခံစားရသည့်အပြင် အနာဂတ်တွင် အခွင့်အရေးတစ်ခု ရှိပါက သို့မဟုတ် အခါအခွင့်သင့်ပါက ၎င်းတို့သည် ထိုအရာများကို နောက်တစ်ကြိမ် လုပ်ဆောင်ကြလိမ့်မည်၊ ဤသည်မှာ ရှက်စိတ်မရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ထိုသို့သောလူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက ၎င်းတို့ စိတ်မကောင်းဖြစ်ခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းကို ခံစားရမည်လော။ (မခံစားရပါ။) မှန်ပေသည်၊ ၎င်းတို့သည် စိတ်မကောင်းဖြစ်ခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းကိုလည်း ခံစားရမည်မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ (အကြောင်းမှာ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသောကြောင့် ဖြစ်ပါသည်။) ရှက်ဖွယ်ကောင်းသည့် အရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်လာလျှင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော လူတစ်ဦးသည် ဘာသတရားမရှိသူများပင် ရှက်ဖွယ်ဖြစ်သည်ဟု မြင်မည့်အရာတစ်ခုကို လုပ်ဆောင်ရာတွင် ရှက်ကြောက်ခြင်းကို မခံစားရသည့်အပြင် ၎င်းတို့သည် ထိုအရာကို လုပ်ဆောင်သည့်အခါတွင်လည်း စိတ်မကောင်းဖြစ်ခြင်းကို မခံစားရပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်သည့်အရာများကို လုပ်ဆောင်သည့်အခါတွင် စိတ်မကောင်းဖြစ်ခြင်းကို ခံစားရဖွယ် သာ၍ပင် မရှိပေ၊ မှန်သလော။ (မှန်ပါသည်။) ဘာသာတရားမရှိသူများ၏ အမြင်တွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို မလိုက်စားခြင်းသည် အလွန် ပုံမှန်ဖြစ်သည်။ ယင်းကို ဂုဏ်သိက္ခာမဲ့သည်ဟု မမှတ်ယူသည့်အပြင် လူ့ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သည်ဟုလည်း မမှတ်ယူပေ။ အကြောင်းမှာ လူအများစုသည် ထိုသို့ဖြစ်သောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် ယင်းက ထိုသို့သောလူစားမျိုးကို မည်သည့်အရာကိုမျှ မခံစားရစေပေ။ ပုံမှန်လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ပြီး စည်းမျဉ်းများကို ဆန့်ကျင်သောကြောင့် ပြုပြင်ခြင်းခံရပါက ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် စိတ်နှလုံးထဲတွင် အပြစ်ဖော်ဆုံးမခြင်းကို ခံစားရမည်ဖြစ်ပြီး ၎င်းတို့သည် လိပ်ပြာမသန့်ဖြစ်လိမ့်မည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော လူတစ်ဦးသည် အရှက်မရှိသောအရာများ သို့မဟုတ် အခြားသူများတွင် မထီမဲ့မြင်ပြုခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းကို ဖြစ်ပေါ်စေသည့်အရာများကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့သည် စိတ်မသက်မသာဖြစ်ခြင်း သို့မဟုတ် မလုံမလဲဖြစ်ခြင်းတို့ကို မခံစားရပေ။ ၎င်းတို့၏ အမြင်တွင် ၎င်းတို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည်မှာ လုံးဝ ပုံမှန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့တွင် မည်သည့်သတိပြုမိခြင်းမျှ လုံးဝမရှိပေ၊ သို့ဖြစ်၍ ထိုသို့သောလူများသည် မျှော်လင့်ချက်မရှိတော့ပေ။
ငါ့ကို ပြောလော့၊ အမှားနှင့်အမှန်ကို ထိုးထွင်းသိမြင်နိုင်သောသူတို့သည် အရေအတွက်အားဖြင့် များသလော။ သင်တို့၏ ပတ်ဝန်းကျင်ရှိ မိသားစု၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအပါအဝင် လူတို့ကို ကြည့်လော့၊ ထို့နောက် ညီအစ်ကိုမောင်နှမများကို ကြည့်လော့။ ဤလူတို့အကြားတွင် မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်၊ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို ပိုင်းခြားသိမြင်နိုင်ပြီး ထိုးထွင်းသိမြင်နိုင်သောသူတို့သည် အရေအတွက်အားဖြင့် များသလော၊ နည်းသလော။ (အလွန်နည်းပါးပါသည်။) မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို သိနိုင်သောသူ အများအပြားမရှိပေ။ ဆိုလိုသည်မှာ ဤလောကတွင် ဖြောင့်မတ်ပြီး ကြင်နာတတ်သော လူ့သဘာဝရှိသည့် လူအများအပြားမရှိ၊ မိမိတို့၏ စကားပြောဆိုခြင်းနှင့် လုပ်ဆောင်ချက်များတွင် တရားမျှတပြီး ဓမ္မဓိဋ္ဌာန်ကျသည့် လူအများအပြားမရှိ၊ မကောင်းမှုများကို သောင်းကျန်းစွာ မလုပ်ဆောင်သည့် လူအများအပြားမရှိ၊ ကျိုးကြောင်းဆီလျော်စွာ ပြောဆိုပြီး ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို အသုံးမပြုသည့် လူအများအပြား မရှိပေ။ အထူးသဖြင့် ဘာသာတရားမရှိသူများအကြားတွင် ထိုသို့သောလူများသည် အလွန်ပင် နည်းပါးလှသည်။ သင်သည် မည်သည့်ဘာသာတရားမရှိသူနှင့်မဆို ထိတွေ့ဆက်ဆံသည့်အခါ ၎င်းတို့ မည်သို့သောလူစားမျိုး ဖြစ်သည်ကို သိဖို့ ၎င်းတို့၏စကားကို နားထောင်ရန်သာ လိုအပ်သည်။ ဘာသာတရားမရှိသူများ၏ စကားများတွင် မှားယွင်းခြင်းနှင့် မသန့်စင်ခြင်းတို့ အလွန်များပြားသည်။ ၎င်းတို့အများစုသည် တရားမျှတစွာနှင့် ဓမ္မဓိဋ္ဌာန်ကျကျ မပြောဆိုကြပေ။ ၎င်းတို့သည် မိမိတို့၏ ခံစားချက်များကို အခြေခံ၍လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်လည်းကောင်း ပြောဆိုကြသည်။ ၎င်းတို့ မည်သည့်မှားယွင်းသော စကားများကို ပြောဆိုသည်ဖြစ်စေ၊ မည်သည့်မှားယွင်းသော အရာများကို လုပ်ဆောင်သည်ဖြစ်စေ မိမိတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ ထိုအကြောင်းကို သတိပြုမိခြင်းမရှိကြပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် လူတစ်ဦးသည် မိမိ၏စကားပြောဆိုခြင်းနှင့် လုပ်ဆောင်ချက်များတွင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိဘဲ ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်နေပါက၊ ၎င်းတို့ပြောဆိုသည့်စကားများနှင့် စွဲကိုင်ထားသည့်အမြင်များသည် မှားယွင်းနေသော်လည်း မှားယွင်းသောအမြင်များကို အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားအဖြစ် မှတ်ယူလျက်၊ ထိုသို့သောအမြင်များကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များနေရာ၌ အစားထိုးရန်ပင် အသုံးပြုလျက် ယင်းတို့တွင် ကြောင်းကျိုးမမြင်ဘဲ ဆက်လက်စွဲကိုင်နေပါက ထိုသို့သောလူတစ်ဦးအတွက် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် တစ်ခုခု ရှိသေးသလော။ (မရှိပါ။) အချို့လူတို့သည် ဘုရားသခင်ကို အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်၊ သို့မဟုတ် တစ်သက်လုံးပင် ယုံကြည်ခဲ့ကြသော်လည်း မည်သည့်အရာများက အပြုသဘောဆောင်သော အရာများဖြစ်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သော အရာများဖြစ်သည်ကို မည်သည့်အခါမျှ မသိကြသည့်အပြင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကိုလည်း မည်သည့်အခါမျှ ရှင်းလင်းစွာ မသိကြပေ။ တစ်စုံတစ်ခုသည် ၎င်းတို့အတွက် အကျိုးရှိသရွေ့ ၎င်းတို့က ထိုအရာကို ကြိုက်နှစ်သက်ပြီး ကာကွယ်ပြောဆိုကြသည်။ ၎င်းတို့အတွက် အကျိုးမရှိပါက ထိုအရာသည် မကောင်း၊ မှားယွင်းသည်ဟု ဆိုကာ ငြင်းပယ်ကြသည်။ ၎င်းတို့သည် ယခုအချိန်အထိ ထိုသို့သော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်နှင့် သဘောထားဖြင့် နေထိုင်လာခဲ့ကြသော်လည်း မိမိတို့ ဘုရားသခင်ကို ယုံကြည်ပြီး ကယ်တင်ခြင်းခံရလိုသည်ဟု ဆိုနေကြသေးသည်၊ ဤသည်မှာ ဟာသတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က ဘုရားသခင်၏ နောက်လိုက်များနှင့် ဘုရားသခင်အတွက် သက်သေခံသူများဖြစ်သည်ဟုလည်း အခိုင်အမာ ဆိုကြသည်။ ဘုရားသခင်အတွက် သက်သေခံရန် ၎င်းတို့ မည်သည့်အရာကို အသုံးပြုနိုင်မည်နည်း။ ၎င်းတို့သည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကိုပင် မသိကြသည့်တိုင် ဘုရားသခင်အတွက် သက်သေခံလိုသည်ဟု အခိုင်အမာ ဆိုကြသည်၊ ဤသည်မှာ လုံးဝ ယုတ္တိမရှိသောစကား မဟုတ်လော။ ဘုရားသခင်သည် သူ့အတွက် သက်သေခံရန် ထိုသို့သော နားဝေတိမ်တောင် ဖြစ်သောလူများကို အသုံးပြုမည်လော။ (မပြုပါ။) ထိုသို့သောလူများက သူ့အတွက် သက်သေခံခြင်းသည် ဘုရားသခင်အတွက် ဂုဏ်သရေပျက်စေခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို မှန်ကန်သည်ဟု မည်သည့်အခါမျှ မခံစားရပေ။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များကို အသုံးပြု၍ အကဲဖြတ်ပါက ဘုရားသခင်လုပ်ဆောင်သည့် အမှုအရာ များစွာတို့သည် ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် မကိုက်ညီသည့်အပြင် ၎င်းတို့၏ အယူအဆများနှင့်လည်း မကိုက်ညီပေ၊ ထို့ပြင် ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့်လည်း မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်သည်။ မကြာခဏဆိုသလို ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားအမှုတော်သည် ၎င်းတို့၏ ဆန္ဒများ၊ ၎င်းတို့၏ တစ်ကိုယ်ရေ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ၊ ၎င်းတို့၏ အမျိုးမျိုးသော တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် ဆန့်ကျင်နေတတ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ ယုံကြည်ခဲ့သော အချို့လူများအတွက် စိတ်နှလုံးထဲမှလာသော စကားတစ်ခွန်းကို ပြောဆိုရန်၊ ဘုရားသခင် လုပ်ဆောင်သမျှသည် မှန်ကန်ပြီး အမှားအယွင်း ကင်းမဲ့သည်ဟု ပြောဆိုရန် အလွန်ခက်ခဲသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားသည့် တစ်စုံတစ်ရာ ရှိနေသည်ဟု ဆိုနိုင်သည်။ ဤမျှနှစ်များတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်လာခဲ့ပြီးနောက် ၎င်းတို့တွင် ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံရှိကြသည်၊ ၎င်းတို့၏ လိုအင်ဆန္ဒများ မပြည့်ဝခဲ့ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် အရာရှိတစ်ဦး ဖြစ်လိုခဲ့သော်လည်း မဖြစ်ခဲ့ရ၊ ကောင်းချီးများ ရယူလိုခဲ့သော်လည်း မရရှိခဲ့ကြပေ။ ဘုရားအိမ်တော်သည် ၎င်းတို့ကို တရားမမျှတစွာ ဆက်ဆံသည်ဟု ထင်ရသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထုတ်ဖော်ပြောဆိုလိုသော်လည်း မပြောနိုင်သည့် မကျေနပ်ချက်များနှင့် နစ်နာသည်ဟု ခံစားရခြင်းများ ရှိနေသည်။ ထုတ်ပြောလိုက်ပါက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိမည်ကိုဖြစ်စေ၊ အခြားသူများအား ၎င်းတို့အပေါ် တိုက်ခိုက်ရာတွင် သုံးရန် နိုင်ကွက်ပေးသကဲ့သို့ ဖြစ်မည်ကိုဖြစ်စေ၊ လူတို့၏ စိတ်နှလုံးထဲတွင် မိမိတို့၏ ပုံရိပ်ကောင်းကို မထိန်းသိမ်းနိုင်မည်ကိုဖြစ်စေ ၎င်းတို့ ကြောက်ရွံ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် အမှုအရာများစွာကို အတွင်း၌ မျိုသိပ်ထားကြသည်။ ၎င်းတို့ ထုတ်မပြောဆိုရုံမျှဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတွေးအခေါ်များ သို့မဟုတ် အချို့အရာများ မရှိဟု မဆိုလိုပေ။ ဤ “အရာများ” ဟုခေါ်ဆိုသည့်အရာများမှာ အဘယ်အရာများနည်း။ ယင်းတို့သည် ဘုရားသခင်နှင့် သူ၏အမှုတော်အပေါ် ဤလူတို့၏ အပြုသဘောဆောင်သော သဘောပေါက်နားလည်မှုနှင့် သိမြင်မှုမဟုတ်ဘဲ ထိုအစား ဘုရားသခင်အပေါ် ၎င်းတို့၏ နားမလည်နိုင်ခြင်း၊ အာခံခြင်းနှင့် မကျေမချမ်းဖြစ်ခြင်းအပြင် ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက်လုံး စုပုံလာခဲ့သော ၎င်းတို့ ခံစားခဲ့ရသည်ဟု ယုံကြည်သည့် မကျေနပ်ချက်များ ဖြစ်ကြသည်။ သို့သော် ၎င်းတို့ယုံကြည်သည့်အရာမှာ ဘုရားသခင် ဖြစ်သောကြောင့် ၎င်းတို့ ထိုအကြောင်းကို မပြောနိုင်ကြပေ။ အဘယ်ကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထုတ်ဖော်မပြောဆိုနိုင်သည့်အရာများ ဤမျှလောက် များပြားနေရသနည်း။ ဤအရာ၏ နောက်ကွယ်တွင်လည်း အကြောင်းရင်းတစ်ခု ရှိနေသည်။ ဤအချက်တစ်ခုတည်းကပင် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း ၎င်းတို့ သမ္မာတရားကို အမှန်တကယ် နားမလည်ခဲ့ကြောင်း ပြသရန် လုံလောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းကို အလေးအနက်မထားကြပေ။ ၎င်းတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များအတိုင်း အမှုအရာများကို မရှုမြင်ကြသည့်အပြင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ရှာဖွေရန် သမ္မာတရားကိုလည်း မရှာဖွေကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားနှင့် အသက်အဖြစ် မည်သည့်အခါမျှ လက်မခံခဲ့ကြပေ။ ၎င်းတို့သည် သမ္မာတရားကို တန်ဖိုးမထား သို့မဟုတ် အလေးမထားကြသည့်အပြင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နှင့်ပတ်သက်၍လည်း အလေးအနက်မထားကြပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်း၊ စူးစမ်းခြင်းနှင့် မေးခွန်းထုတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို အတိုက်အခံ လုပ်ခြင်းပင်ပြုလျက် သို့မဟုတ် မိမိတို့၏ မှန်ကန်သည်ဟုခေါ်သော အမြင်များဖြင့် ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်ကို အကဲဖြတ်ကာ ဝေဖန်သုံးသပ်လျက် ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် အစဉ်သဖြင့် ရပ်တည်ခဲ့ကြသည်။ သို့ဖြစ်၍ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံး၌ စိတ်နှလုံးထဲမှ စကားတစ်ခွန်းကို ပြောဆိုကြသည်၊ “ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်ုပ် အဘယ်အရာ ရရှိခဲ့သနည်း” ဟူ၍ ဖြစ်သည်။ ဆိုလိုရင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နှစ်များတစ်လျှောက် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အလွန်အမင်း ဒုက္ခခံစားခဲ့ရပြီး အဖိုးအခများစွာ ပေးဆပ်ခဲ့ရသော်လည်း ကောင်းချီးများရယူလိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားလိုသည့် ၎င်းတို့၏ ဆန္ဒတို့မှာ မပြည့်ဝခဲ့ဟု ယုံကြည်ကြသည်။ အချို့ကမူ ဘုရားသခင်သည် ၎င်းတို့ခံစားခဲ့ရသော နစ်နာမှုများကို မဖြေရှင်းပေးခဲ့ဟုပင် ယုံကြည်ကြသောကြောင့် ၎င်းတို့သည် စိတ်တွင်း၌ အာခံခြင်း၊ မကျေမချမ်းဖြစ်ခြင်းနှင့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေကြသည်။ ကောင်းချီးများရယူခြင်း၏ အကျိုးငှာနှင့် မိမိတို့ ပန်းတိုင်၏ အကျိုးငှာ ၎င်းတို့တွင် မိမိတို့၏ တာဝန်အနည်းငယ်ကို နစ်နာစွာ ထမ်းဆောင်ရန်နှင့် ဘုရားအိမ်တော်၌ အလုပ်အနည်းငယ် လုပ်ဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ၊ သို့သော် အဆုံးတွင် ၎င်းတို့၏ မျှော်လင့်ချက်များမှာ အချည်းနှီးဖြစ်သွားပြီး မည်သည့်အရာမျှ မရရှိကြပေ။ ဤကဲ့သို့သောလူများ ရှိသလော။ ထိုသို့သောလူများ အနည်းဆုံး တစ်စိတ်တစ်ပိုင်း ရှိနေသည်။ ၎င်းတို့ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် မည်သည့်အရာမျှ မရရှိခဲ့ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကြောင့် ဖြစ်သည်။ ၎င်းတို့တွင် သမ္မာတရားကို သဘောပေါက်နားလည်ရန် သို့မဟုတ် နားလည်ရန် စွမ်းရည်မရှိသည့်အပြင် ကောင်းချီးများရယူရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်နောက်သို့ လိုက်ကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ မိမိတို့ကိုယ်ကို ရိုးသားစွာ အသုံးခံခဲ့ပြီးဖြစ်သော်လည်း၊ ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး အလွန်အမင်း ဒုက္ခခံစားခဲ့ပြီးဖြစ်သော်လည်း ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများကို မည်သည့်အခါမျှ စိတ်ဝင်စားခြင်းမရှိခဲ့ကြပေ။ ၎င်းတို့သည် ထိုအရာများကို မိမိတို့၏ စိတ်နှလုံးထဲသို့ မည်သည့်အခါမျှ လက်မခံခဲ့ကြသည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကိုလည်း အလေးအနက် မထားခဲ့ကြပေ။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်ကို မည်သည့်အခါမျှ မသိကြပေ။ ၎င်းတို့က “ကျွန်ုပ်တို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ပြီး အချို့သော သမ္မာတရားများကို နားလည်သည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိဟု မည်သို့ ဆိုနိုင်မည်နည်း” ဟု တွေးကြသည်။ သို့သော် ၎င်းတို့သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်ခုကိုမျှ မရေးသားနိုင်ပေ၊ သို့ဆိုလျှင် ၎င်းတို့၏ ဤသမ္မာတရား လက်တွေ့ကျမှုမှာ အဘယ်မှာနည်း။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များသည် ဘာသာတရားမရှိသူများ၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များကဲ့သို့ပင် ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ အပြုအမူသည် ဘာသာတရားမရှိသူများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပြောင်းလဲသွားရုံသာ ဖြစ်သည်။ မိမိတို့၏ ကျင့်ကြံပြုမူပုံ နည်းလမ်းများနှင့် နည်းစနစ်များဖြင့်လည်းကောင်း၊ အဖြစ်အပျက်များနှင့် အမှုအရာအားလုံးအပေါ် မိမိတို့၏ အတွေးအခေါ်များနှင့် အမြင်များဖြင့်လည်းကောင်း၊ အထူးသဖြင့် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများနှင့် ပတ်သက်၍လည်းကောင်း၊ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်နှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို အခြေခံ၍ အမှုအရာများကို မည်သည့်အခါမျှ မရှုမြင်ခဲ့ကြပေ။ ထိုအစား ၎င်းတို့သည် အရာခပ်သိမ်းကို မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် အမြင်များအတိုင်း ရှုမြင်ကြသည်။ ၎င်းတို့ ကြိုက်နှစ်သက်သည့် မည်သည့်အရာမဆို အပြုသဘောဆောင်သောအရာဖြစ်ပြီး ၎င်းတို့မုန်းတီးသည့် မည်သည့်အရာမဆို အပျက်သဘောဆောင်သောအရာဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံအဖြစ်အသုံးပြု၍ လူများနှင့် အမှုအရာများကို မည်သည့်အခါမျှ မရှုမြင်ကြသည့်အပြင် ၎င်းတို့ကြုံတွေ့ရသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများတွင် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေ သို့မဟုတ် သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် နှစ်သက်မှုများအတိုင်း ပြုမူရန်၊ နေထိုင်ရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏ ကိုယ်ပိုင် ဖြစ်လိုသောဆန္ဒအတိုင်းသာ လုပ်ဆောင်ကြသည်။ အမှုအရာများကို စွန့်လွှတ်နိုင်ခြင်း၊ မိမိတို့ကိုယ်ကို အသုံးခံခြင်း၊ ဒုက္ခခံစားခြင်းနှင့် အဖိုးအခ ပေးဆပ်နိုင်ခြင်းတို့သည် ဘုရားသခင်အတွက် ကြီးမားသော ပံ့ပိုးမှုကို ပြုလုပ်ပြီးဖြစ်ကြောင်း ဆိုလိုသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းက ဆိုလိုသည့်အရာဖြစ်ပြီး ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ စိတ်ကူးထားသော ဘုရားကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ယုံကြည်ကြပြီး သမ္မာတရားကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် လိုက်စားကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း အစဉ်သဖြင့် မဆင်မခြင် လက်လွတ်စပယ် ပြုမူသောကြောင့် ပြုပြင်ခြင်းခံရသည့်အခါ သို့မဟုတ် ဘုရားအိမ်တော်၌ အရေးကြီးသော တာဝန်များအတွက် အသုံးပြုခြင်း မခံရသည့်အခါတွင် ၎င်းတို့သည် စိတ်ဓာတ်ကျကာ စိတ်ပျက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အရာခပ်သိမ်းကို စကားတစ်ခွန်းအဖြစ် အကျဉ်းချုပ်လိုက်သည်၊ “ဤမျှနှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်ုပ် အဘယ်အရာ ရရှိခဲ့သနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အရာမျှ မရရှိခဲ့ကြပေ။ ၎င်းတို့ သမ္မာတရားကို မရရှိခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့ သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်သည်။ ဤအတွက် ဘုရားသခင်ကို အပြစ်တင်၍မရနိုင်ပေ။ ဤသည်မှာ ဘုရားသခင်သည် လူတို့ကို မျက်နှာမလိုက်သည့်အပြင် သမ္မာတရားသည်လည်း မျက်နှာမလိုက်သောကြောင့် ဖြစ်သည်။ သင် သမ္မာတရားကို မရရှိခဲ့ခြင်းမှာ ဘုရားသခင်က သင့်အား အခွင့်အရေး မပေးခဲ့သောကြောင့် သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို သင့်အား ကြားခွင့် မပြုခဲ့သောကြောင့်မဟုတ်ဘဲ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ကြားခဲ့သော်လည်း ယင်းတို့ကို ဆင်ခြင်သုံးသပ်ခြင်း၊ တွေးတောခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်း မပြုသောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို မချစ်သောကြောင့် ယင်းကို လက်မခံခြင်းဖြစ်သည်။ ဘုရားသခင်သည် သင်၏မျက်စိများကို ပိတ်ထားခြင်း သို့မဟုတ် သင်၏စိတ်နှလုံးကို တံဆိပ်ခတ်ထားခြင်း မဟုတ်ပေ။ ထိုအစား သင်၏ စိတ်နှလုံးကို ပိတ်ဆို့ထားသည်မှာ သင်၏ နှစ်သက်မှုများနှင့် သင်၏ ယုတ္တိမရှိခြင်းတို့ ဖြစ်သောကြောင့် သင်သည် သမ္မာတရားကို လက်မခံနိုင်ခြင်း ဖြစ်သည်။ သင် သမ္မာတရားကို မရရှိခဲ့ခြင်းမှာ ဘုရားသခင်က သင့်အား ယင်းကို မပေးအပ်ခဲ့သောကြောင့်မဟုတ်ဘဲ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် မည်သည့်အခါမျှ မနှစ်သက်ခဲ့သောကြောင့်ဖြစ်ပြီး သင်၏စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို လက်မခံသောကြောင့် ဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ယုံကြည်ချက်များနှင့် အမြင်များကို လိုက်စားရန်နှင့် ကျိုးနွံနာခံရန် သမ္မာတရားအဖြစ် သဘောထားသည်၊ သင်သည် လူတို့က သင့်ကို ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေလိုသလော။ ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားအမှုတော်သည် သင့်အတွက် အပေါ်ယံလုပ်ရပ်တစ်ခု၊ ပုံသေနည်းတစ်ခုမျှသာ ဖြစ်သည်။ သင်သည် သမ္မာတရားနှင့် အသက်ကို လုံးဝ လိုက်စားခဲ့ခြင်းမရှိပေ။ သို့ဖြစ်၍ သင် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဆုံးသတ်မှာ တစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ သင် အမှန်တကယ်တွင် မည်သည့်အရာမျှ မရရှိခဲ့ခြင်းပင် ဖြစ်သည်။ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရရှိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်က သင့်အား ကျေးဇူးတော်ကို မချပေးခဲ့သောကြောင့်မဟုတ်ဘဲ သင် ကိုယ်တိုင် လျှောက်လှမ်းသော လမ်းကြောင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား အခွင့်အရေးများစွာ ပေးခဲ့ပြီး သင့်ကို စိတ်ရင်းမှန်ဖြင့် စိတ်ရှည်စွာ တိုက်တွန်းအားပေးကာ ကူညီခဲ့သော်လည်း သင်က အလေးမထားခဲ့ပေ။ သင်သည် ပြုပြင်ခြင်းခံရသည်ကိုလည်း လက်မခံခဲ့ပေ။ သင်သည် ကောင်းချီးများရယူခြင်းကို သို့မဟုတ် ကျော်ကြားမှုနှင့် အဆင့်အတန်းကို အစဉ်သဖြင့် လိုက်စားပြီး မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ပေ။ သင်၏ နောက်ဆုံးတွင် သမ္မာတရားကို မရရှိခြင်းမှာ သင် ကိုယ်တိုင် လျှောက်လှမ်းခဲ့သော လမ်းကြောင်းကြောင့် လုံးလုံး ဖြစ်ပွားရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို မလျှောက်လှမ်းခဲ့ပေ။ ဤသည်မှာ ဘုရားသခင်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် လူတို့ကို မျက်နှာမလိုက်သကဲ့သို့ သမ္မာတရားသည်လည်း မျက်နှာမလိုက်ပေ။ သင်၏ အမျိုးအစားခွဲခြားမှု မည်သို့ပင်ဖြစ်စေ သင်သည် လူသားတစ်ဦးဖြစ်နေသရွေ့ သင်၏ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းသည် ပုံမှန်လူတစ်ဦးထက် အနည်းငယ် ပိုဆိုးနိုင်သည်ဟု ယူဆလျှင်ပင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သင်၏စိတ်နှလုံးဖြင့် နားထောင်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို လက်ခံကာ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် အချို့သော အယူဝါဒများကိုသာ နားလည်ပြီး အချို့သော စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နာနိုင်သည်ဟူသော အချက်ရှိလင့်ကစား သင်သည် တစ်စုံတစ်ရာကို ရရှိနိုင်သေးသည်။ လူအများစုသည် ဤသည်ကို လုပ်ဆောင်နိုင်ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သင် မလုပ်ဆောင်နိုင်ရသနည်း။ အခြားသူများသည် တရားဒေသနာများကို နားထောင်ပြီး မိမိတို့၏ တာဝန်ကို ထိုနည်းတူစွာ ထမ်းဆောင်ကြသည်၊ သို့ဆိုလျှင် ၎င်းတို့က သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်နိုင်ကာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သော်လည်း သင်ကမူ အဘယ်ကြောင့် မလုပ်ဆောင်နိုင်ရသနည်း။ ဘုရားသခင်သည် သင် သမ္မာတရားကို နားလည်ပြီး ယင်းကို လက်တွေ့လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် ပတ်ဝန်းကျင်ကို သင့်အတွက် စီစဉ်ပေးခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် သင့်ကို မဟန့်တားခဲ့ပေ၊ သို့သော် သင်ကိုယ်တိုင်က လောကီအမှုအရာများနှင့် ဇာတိပကတိဆိုင်ရာ သာယာမှုကို အစဉ်သဖြင့် တပ်မက်သည်၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို မစားမသောက်သည့်အပြင် သင်၏စိတ်နှလုံးထဲတွင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ဘဲ ငြင်းပယ်သည်။ သင်သည် စာတန်၏ အတွေးအခေါ်များနှင့် သင်ယူမှု၊ အသိပညာတို့ကို အပြုသဘောဆောင်သော အရာများ အဖြစ်လည်းကောင်း၊ သမ္မာတရား အဖြစ်လည်းကောင်း စွဲကိုင်ထားပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကိုမူ သင်၏ရန်သူအဖြစ်၊ သင့်ကို ဆန့်ကျင်သောအရာတစ်ခုအဖြစ် မှတ်ယူလျက် လျစ်လျူရှုသည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို မချစ်သဖြင့် အဘယ်ကြောင့်များ ဘုရားသခင်ကို ယုံကြည်သနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို နားမထောင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်မခံပေ၊ သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်နိုင်သေးသလော။ သင်သည် သမ္မာတရားကို လက်မခံ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားပေ၊ သို့ဆိုလျှင် သင်သည် မည်သို့ ကယ်တင်ခံရနိုင်မည်နည်း။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်မခံဘဲ သမ္မာတရားကို မလိုက်စားသော်လည်း ဘုရားသခင်၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းကို ခံရလိုနေသေးသည်၊ ဤသည်မှာ စိတ်ကူးယဉ် အိမ်မက်တစ်ခု ဖြစ်သည်၊ ယင်းမှာ အလုပ်ဖြစ်မည် မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်မခံဘဲ သမ္မာတရားကို လက်မခံပေ၊ သို့ဖြစ်၍ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာမရှိဟု ဆိုလိုသည်။ သင်သည် ဘုရားသခင်နှင့် တဖြည်းဖြည်း ပို၍ပို၍ အလှမ်းဝေးသွားမည်သာ ဖြစ်သည်။ သင်သည် မယုံကြည်သူတစ်ဦးကဲ့သို့သာ ဖြစ်လိမ့်မည်၊ သင် ကယ်တင်ခြင်းကို ရရှိရန် မဖြစ်နိုင်ပေ။
အချို့သောလူတို့သည် မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်ခံခဲ့ကြခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခွန်းကိုပင် လက်မခံကြပေ။ ဘုရားအိမ်တော်က ၎င်းတို့ကို မမြှောက်စား သို့မဟုတ် အသုံးမပြုသောအခါ ၎င်းတို့က “အဘယ်ကြောင့် ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်ရသနည်း။ အဘယ်ကြောင့် ဘုရားအိမ်တော်က ကျွန်ုပ်ကို မည်သည့်အခါမျှ မမြှောက်စား သို့မဟုတ် အရေးကြီးသောနေရာတွင် မထားရသနည်း။ ကျွန်ုပ်သည် အချို့သော သမ္မာတရားများကို နားလည်သည်၊ ကျွန်ုပ်တွင် ရည်သန်မျှော်မှန်းချက်များနှင့် စိတ်ပိုင်းဖြတ်မှုရှိပြီး ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံလိုစိတ်လည်း ရှိပါတကား။ ကျွန်ုပ်သည် ပညာတတ်ဖြစ်ပြီး အရည်အချင်း ရှိသည့်အပြင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သည်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ဘုရားအိမ်တော်က ကျွန်ုပ်ကို အခွင့်အရေး မပေးရသနည်း။ ကျွန်ုပ်ကို ဤသို့ဆက်ဆံခြင်းသည် တရားမမျှတပါ။ အခြားသူများ အခွင့်အရေးများ ရကြလျှင် ကျွန်ုပ် အဘယ်ကြောင့် မရရသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်တော်မမူပါ” ဟု စောဒကတက်ကြသည်။ သို့ဆိုလျှင် သင်သည် လူတို့ကို မြှောက်စားပြီး အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကို အဘယ်ကြောင့် မကြည့်သနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အား ပိတ်ထားပြီး သင်သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို အတိုက်အခံလုပ်သည်၊ ဘုရားသခင် ပြောသည့်အရာကို သင် နှလုံးသွင်းပြီးပြီလော။ သင် အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ရှာဖွေဖူးသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြောဆိုသည့်အရာကို နားမထောင်သည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေပေ၊ သို့ဖြစ်လျှင် ဘုရားအိမ်တော်က သင့်ကို မည်သို့ အသုံးပြုနိုင်မည်နည်း။ ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ဖွဲ့စည်းပေးလျှင်ပင်၊ ဘုရားအိမ်တော်က သင့်ကို မြှောက်စားအသုံးပြုခံရမည့် အခွင့်အရေးတစ်ခု ပေးလျှင်ပင် သင်သည် မည်သည့်အလုပ်တွင် အရည်အချင်း ပြည့်မီနိုင်မည်နည်း။ မည်သည့်အလုပ်ကို သင် ထမ်းရွက်နိုင်မည်နည်း။ ထိုသို့သောလူတစ်ဦးကို အသင်းတော်အလုပ်အတွက် အသုံးပြုခဲ့ပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အလိုအတိုင်း ထင်ရာစိုင်း၍ မကောင်းမှုများကို ကျူးလွန်မည်မှာ သေချာပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေကာ ယင်းက အရာတစ်ခုတည်းသို့သာ ဦးတည်နိုင်ပေသည်။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ လူတို့ ဖယ်ရှားရှင်းလင်းခြင်းခံရသည့် အကြောင်းရင်းနှစ်ရပ် ရှိသည်။ တစ်ခုမှာ လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ ထင်ရာစိုင်း၍ မကောင်းမှုများကို ကျူးလွန်သော၊ မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်သော၊ အသင်းတော်၏ အလုပ် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထောက်ခံသော အန္တိခရစ်တစ်ဦး ဖြစ်ခြင်းဖြစ်သည်။ အဆုံးတွင် နှစ်မျိုးစလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှလက်မခံပေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် အလွန်အမင်း မနှစ်မြို့ပေ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အား ပိတ်ထားပြီး အမှုအရာများကို လုပ်ဆောင်သောအခါ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေပေ။ ဘုရားသခင်က သင့်ကို ကျေးဇူးတော်ဖြင့် ဆက်ဆံပြီး အခွင့်အရေးတစ်ခု ပေးမည်ဆိုလျှင်ပင်၊ ဘုရားအိမ်တော်က သင့်ကို မြှောက်စားအသုံးပြုမည်ဆိုလျှင်ပင် သင်သည် အလုပ်တွင် အရည်အချင်း ပြည့်မီမည်မဟုတ်သည့်အပြင် မည်သည့်အလုပ်ကိုမျှလည်း အမှီအခိုကင်းစွာ တာဝန်ယူနိုင်မည် မဟုတ်ပေ။ အဆုံးတွင် သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရဦးမည်သာ ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်က သင့်ကို မြှောက်စားပြီး အသုံးပြုရန် မျှော်လင့်သော်လည်း သင်၏ စိတ်နေစိတ်ထားသည် အပြုသဘောဆောင်ပါသလော။ သင်၏ ရည်ရွယ်ချက်သည် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်၊ သမ္မာတရားကို ရရှိရန်နှင့် ဘုရားသခင်၏ မေတ္တာကို ပြန်ဆပ်ရန် မဟုတ်ပါက သင်၏ စိတ်နေစိတ်ထားသည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသာ ဖြစ်သည်။ ဤသည်မှာ သင်၏ မာနထောင်လွှားသော စိတ်သဘောထားက ထကြွလာခြင်းကြောင့် ဖြစ်ပြီး ဘုရားသခင်သည် ယင်းကို လက်မခံပေ။ ငါ့ကို ပြောလော့၊ သင်၏ ဤသို့သော သရုပ်သကန်များဖြင့် ဘုရားအိမ်တော်က သင့်ကို အသုံးပြုဝံ့မည်လော။ သင့်ကို အသုံးပြုခဲ့ပါက အသင်းတော်၏ အလုပ်အတွက် ဒုက္ခနှင့် ဆုံးရှုံးမှုကိုသာ ဆောင်ကြဉ်းလာမည်ဖြစ်သည်။ သင်သည် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်သည့်အပြင် သင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူအများအပြားက အခြေအနေကို ပြန်လည်ကုစားပြီး အရှုပ်အထွေးများကို ရှင်းလင်းပေးရသည်။ ထို့ကြောင့် ဘုရားအိမ်တော်က သင့်ကို အသုံးပြုရန် မဝံ့ပေ။ အသင်းတော်အလုပ်၏ အချက်တိုင်းသည် အတော်အတန် အရေးကြီးသည်၊ သင် ထမ်းရွက်နိုင်သလော။ တစ်စုံတစ်ခု မှားယွင်းသွားပါက သင် တာဝန်ယူနိုင်သလော။ သင်သည် အလုပ်တွင် အရည်အချင်း မပြည့်မီသည့်အပြင် ယင်းကို မထမ်းရွက်နိုင်သော်လည်း ဘုရားအိမ်တော်က သင့်ကို အရေးကြီးသောနေရာတွင် ထားရှိရန် သင် လိုလားနေဆဲဖြစ်သည်၊ ယင်းမှာ အတော်အတန် ကြီးမားသော ရည်မှန်းချက်ပင်တကား။ သင်သည် အသင်းတော်အလုပ်ကို တာဝန်ယူရန် အမှန်တကယ် မြှောက်စားခြင်းခံလိုပါက သင်သည် အဘယ်ကြောင့် မိမိကိုယ်ကို သမ္မာတရားများဖြင့် ပိုမို၍ ပြင်ဆင်ရန်နှင့် သမ္မာတရားကို ပိုမိုနားလည်ရန် မစဉ်းစားသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရန်သူမလုပ်နှင့်။ သင်၏ မှန်ကန်သည်ဟု ဆိုသော အတွေးများနှင့် အမြင်များကို စွန့်လွှတ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်အားထက်သန်စွာ ဖတ်ရှုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကျိုးနွံနာခံသော သဘောထားတစ်ခု ရှိရုံမျှပင် ကောင်းပေမည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံဖို့ မဆိုထားနှင့်၊ ယင်းတို့အပေါ် ကျိုးနွံနာခံသော သဘောထားတစ်ခုပင် မရှိပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံဘဲ ဘုရားအိမ်တော်၌ မြှောက်စားခြင်းခံရရန်နှင့် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် လိုလားနေဆဲဖြစ်ပါက သင်သည် ဖယ်ရှားရှင်းလင်းခြင်း မခံရမီ ရက်အနည်းငယ်မျှ ကြာရှည်ခံမည် မဟုတ်ပေ။ ဤသို့သော လူစားမျိုးအားလုံးသည် မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ မိမိတို့၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များ ရှိကြပုံရသော်လည်း ဤရည်သန်မျှော်မှန်းချက်များသည် မည်သည့်အခါမျှ အကောင်အထည်ပေါ်နိုင်မည် မဟုတ်သည့်အပြင် ၎င်းတို့၏ စိတ်နှလုံးများသည်လည်း ကျေနပ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်၌ နှစ်ပေါင်းများစွာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့်အပြင် အမှုအရာများကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အား အစဉ်သဖြင့် ပိတ်ထားပြီး သမ္မာတရားအပေါ် အတိုက်အခံလုပ်သော သဘောထားတစ်ခု ရှိသောကြောင့် ၎င်းတို့သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် မည်သည့်အရာမျှ မရရှိခဲ့ဟု ခံစားကြရသည်။ ငါက “သင် ပြောသည့်အရာသည် အတော်အတန် မှန်ပေသည်၊ သင်သည် အမှန်တကယ်ပင် မည်သည့်အရာမျှ မရရှိခဲ့ပေ” ဟု ဆိုသည်။ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် အချို့သော သမ္မာတရားကို အမှန်တကယ် ရရှိခဲ့ပါလျှင် ယင်းသည် အမှန်ပင် အဖိုးတန်ပေလိမ့်မည်။ သင်၏ အတွင်း၌ ရတနာများ အမှန်တကယ် ရှိခဲ့ပါလျှင် ဘုရားအိမ်တော်သည် ထိုသို့သော လူတစ်ဦးကို အမှန်တကယ် နှစ်သက်ပြီး တန်ဖိုးထားပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သင်သည် ထိုသို့သော လူစားမျိုး မဟုတ်ပေ။ သင် ရရှိခဲ့သည့်အရာသည် သမ္မာတရား မဟုတ်သကဲ့သို့ ရတနာများလည်း မဟုတ်ပေ။ ထိုအစား သင်၏စိတ်ထဲတွင် မတရားခံရသည်ဟူသော ခံစားချက်များ၊ အာခံခြင်း၊ မကျေနပ်မှုနှင့် စောဒကတက်ခြင်းများဖြင့်သာ ပြည့်နေသည်။ သင်သည် မည်သည့်အရာမျှ မရရှိခဲ့ဟု ပြောပြီး ယင်းမှာ မှန်ကန်သည်၊ ယင်းမှာ အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။ သင်သည် အချို့သော သမ္မာတရားကို အမှန်တကယ် နားလည်ပြီး အချို့သော သမ္မာတရားကို ရရှိခဲ့ပါလျှင် သင်၏ စိတ်နှလုံးထဲ၌ မတရားခံရသည်ဟူသော ခံစားချက်များ၊ အာခံခြင်း၊ စောဒကတက်ခြင်းများနှင့် ထိုသို့သော အခြား အပျက်သဘောဆောင်သည့်အရာများ ရှိမည်မဟုတ်ပေ။ ထိုအစား သင့်တွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်ကို နားလည်ခြင်း၊ ဘုရားသခင်ကို အလေးထားခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတည်းဟူသော ဤအပြုသဘောဆောင်သည့်အရာများ အားလုံး ရှိပေလိမ့်မည်။ သင်၏ အတွင်း၌ ရှိနေသည့်အရာသည် အပြုသဘောဆောင်သော အရာများမဟုတ်ဘဲ လုံးလုံး အပျက်သဘောဆောင်သော အရာများသာ ဖြစ်နေသည်မှာ ဝမ်းနည်းစရာပင်။ သို့တိုင် သင်သည် ဤအရာများသည် အဖိုးတန်ဆုံးဖြစ်သည်ဟု တွေးထင်လျက် ယင်းတို့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ယင်းတို့ကို ဆုပ်ကိုင်ထားရင်း သင်သည် မိမိကိုယ်ကိုယ် မှန်ကြောင်းပြရန် ဆင်ခြေတစ်ခုရှိသည်ဟု ထင်နေသည်။ ဤသည်မှာ မိုက်မဲသော အတွေးတစ်ခု ဖြစ်သည်။ သင်၏ ထိုဒေါသ၊ အမုန်း၊ တရားစီရင်ခြင်း၊ အာခံခြင်းနှင့် နာကြည်းခြင်းတို့သည် သမ္မာတရား မဟုတ်ပေ။ ယင်းတို့အားလုံးသည် စာတန်ထံမှ လာသောအရာများ ဖြစ်သည်၊ ယင်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထုတ်လုပ်လိုက်သည့် ကင်ဆာအကျိတ်များ ဖြစ်ကြသည်။ သင်သည် ယင်းတို့ကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားရမည်။ ဤအရာများသည် သင့်ကို ကယ်တင်ခြင်း ရရှိနိုင်စေမည် မဟုတ်သည့်အပြင် သမ္မာတရားကို လက်ခံပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန်နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ အရှိအတိုင်း ပွင့်လင်းစွာ လာရောက်နိုင်စေမည်လည်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် ဤအရာများကို အစဉ်သဖြင့် တန်ဖိုးထားပြီး လက်မလွှတ်ပါက ယင်းက သင့်ကို ဘုရားသခင်နှင့် တဖြည်းဖြည်း ပို၍ပို၍ အလှမ်းဝေးသွားစေမည်သာဖြစ်ပြီး အတွင်း၌ အစဉ်သဖြင့် ပို၍မှောင်မိုက်လာကာ ပို၍နိမ့်ကျသွားစေမည် ဖြစ်သည်။ အဆုံးတွင် ယင်းက သင့်ကို ဘုရားသခင်အပေါ် ယုံကြည်ခြင်း တဖြည်းဖြည်း နည်းပါးလာစေမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ စိတ်သဘောထား အနှစ်သာရတို့ကို တိုး၍ ရွံရှာစက်ဆုပ်လာစေမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ကိုယ်တော်နှင့် တဖြည်းဖြည်း ပို၍ပို၍ အလှမ်းဝေးသွားနေသည်၊ ဤသည်မှာ နိမိတ်ကောင်းတစ်ခု မဟုတ်ပေ။ သင့်အတွက်မူ ဤသည်မှာ လုံးဝပျက်စီးခြင်းကို ဆောင်ကြဉ်းပေးမည့် ကပ်ဘေးတစ်ခု ဖြစ်သည်။ သင်သည် ဤအခြေအနေကို ပြောင်းပြန်လှန်သင့်ပြီး ဤအရာများကို စွဲမကိုင်ထားသင့်ပေ။ သင်သည် ဤအပျက်သဘောဆောင်သော အရာများကို စွဲကိုင်ထားပါက ယင်းက သင့်ကို ပျက်စီးခြင်းဆီသို့သာ ဦးတည်စေလိမ့်မည်။ သင်သည် ဤအရာများကို စိတ်ဖြာလေ့လာဆွေးနွေးရန်၊ ယင်းတို့ကို လက်လွှတ်ရန်နှင့် သမ္မာတရားကို လက်ခံရန် အများမြင်သာအောင် ထုတ်ပြခြင်းက ပို၍ကောင်းပေမည်။ အချို့လူများက “ကျွန်ုပ်တို့ကဲ့သို့ လူစားမျိုးတွင် သမ္မာတရားကို လက်ခံနိုင်သည့် စွမ်းရည်မရှိဟု ကိုယ်တော် ပြောခဲ့သည် မဟုတ်လော” ဟု ဆိုကြသည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သည့် စွမ်းရည်မရှိပေ၊ သို့သော် ငါသည် ယခု သင့်ကို ပြောနေသည်မှာ သင်၏ စိတ်တွင်း၌ရှိသော မတရားခံရသည်ဟူသော ခံစားချက်များ၊ မကျေနပ်မှု၊ အာခံခြင်း၊ နာကြည်းခြင်း၊ အမုန်းနှင့် ေေဝေဖန်သုံးသပ်ခြင်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော အရာများချည်းသာ ဖြစ်သည်။ သင်သည် ဤအရာကို နားလည်ပြီး သင်၏ အတွင်း၌ရှိသော ပြဿနာများကို ပိုင်းခြားသိမြင်နိုင်ပါက သင်သည် ဤအရာများကို လက်လွှတ်သင့်သည်။ အချို့လူများက “ကျွန်ုပ် သမ္မာတရားကို နားမလည်သဖြင့် မည်သို့ လက်လွှတ်ရမည်ကို မသိပါ” ဟု ဆိုကြသည်။ သို့ဆိုလျှင် သင်သည် စည်းမျဉ်းစည်းကမ်းများကို မည်သို့ လိုက်နာရမည်ကို သိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ပြောသည့်အတိုင်းသာ လုပ်ဆောင်လော့။ ဥပမာအားဖြင့် သင်သည် မကောင်းမှုပြုခြင်းမှ ရှောင်ကြဉ်နိုင်သလော။ သင်သည် ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ခြင်းမှ ရှောင်ကြဉ်နိုင်သလော။ သင်သည် ကောင်းမှုများကို ပို၍ လုပ်ဆောင်နိုင်သလော။ သင်သည် မကောင်းမှုပြုသူများနောက်သို့ လိုက်ခြင်းမှ ရှောင်ကြဉ်နိုင်သလော။ သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟနိုင်သလော။ သင်သည် ပြဿနာများကို တွေ့ရှိသောအခါ ဘုရားအိမ်တော်သို့ သတင်းပို့နိုင်သလော။ သင်သည် ဘုရားသခင်ထံ ဆုတောင်းသောအခါ စိတ်နှလုံးထဲမှ စကားကို ပြောနိုင်သလော။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်းမှ ရှောင်ကြဉ်နိုင်သလော။ သင်သည် ဤအရာများကို လုပ်ဆောင်နိုင်ပါက သင့်အတွက် မျှော်လင့်ချက် ရှိနေသေးသည်။ သင်သည် ဤအရာများကိုပင် မလုပ်ဆောင်နိုင်ပါက ငါသည် သင့်ကို အမှန်တရားကို ပြောမည်၊ သင်သည် ကယ်တင်၍မရနိုင်တော့သူတစ်ဦး ဖြစ်သည်။ သင်၏ ရှေ့၌ ရှိနေသည့်အရာသည် အလင်းမဟုတ်ဘဲ အမှောင်ထုသာ ဖြစ်သည်။ သင်သည် စာတန်နှင့်သက်ဆိုင်သော လူတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ကယ်တင်ခြင်းကို မခံရနိုင်ပေ။
လူတစ်ဦးသည် သမ္မာတရားကို နားမလည်လျှင်ပင် ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ပါက မည်သည့်အရာကို ကြုံတွေ့ရသည်ဖြစ်စေ အတိုင်းအတာတစ်ခုအထိ အမှန်နှင့်အမှားကို ပိုင်းခြားသိမြင်နိုင်ကြသည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော လူတို့သည် ကိစ္စရပ်များစွာတွင် အမှန်နှင့်အမှားကို မသိကြသဖြင့် အခြားသူများက ၎င်းတို့ကို အလွန်ထူးဆန်းသည်ဟု ထင်မြင်စေသည်။ လူတို့သည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ သို့မဟုတ် ကိစ္စရပ်များကို ကိုင်တွယ်သောအခါ၊ အမှုအရာများစွာသည် ၎င်းတို့နှင့် အဆင်မပြေသည့်အပြင် စကားများစွာ်လည်း ၎င်းတို့ နားဝင်ခြင်းမရှိပေ။ ထို့အပြင် ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် အလွန် သမားရိုးကျမဟုတ်ဘဲ အစွန်းရောက်နေကာ ၎င်းတို့သည် လူ့လောကတွင် မည်သည့်အခါမျှနေထိုင်ခဲ့ဖူးခြင်း မရှိသည့်အလား လူတို့က ၎င်းတို့ကို အံ့ဩ၍မဆုံး ဖြစ်ကြရသည်။ ၎င်းတို့သည် မှန်ကန်သည်ဟု တစ်လောကလုံးက အသိအမှတ်ပြုထားသော အမှုအရာများစွာကို နားမလည်ကြပေ။ ၎င်းတို့သည် ထိုအရာများကို အသိအမှတ်ပြုရန် သို့မဟုတ် လက်ခံရန် မတတ်နိုင်သည်သာမက လွဲမှားသော ကျိုးကြောင်းဆင်ခြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများ အစုတစ်ခုကိုပင် ဖော်ပြနိုင်ကြသည်။ အထူးသဖြင့် အချို့လူတို့သည် အုပ်စုတစ်ခုအတွင်း၌ မကြာခဏ မကောင်းကြံကာ ရန်တိုက်ပေးပြီး အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့တွင် အာရုံစိုက် လုပ်ဆောင်ရန် လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုမျှ မရှိသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့သည် ဤလူကို ဝေဖန်ကဲ့ရဲ့ခြင်း သို့မဟုတ် ထိုကိစ္စကို ဝေဖန်ကဲ့ရဲ့ခြင်း တစ်ခုခုကို ပြုလုပ်နေကြပြီး ယင်း၌ ပျော်မွေ့ကြသည်။ ၎င်းတို့ပြောသည့်အရာများကို မည်သူမျှ အာရုံမစိုက်လျှင်ပင်၊ ဤအရာများကို မည်သူမျှ စိတ်မဝင်စားလျှင်ပင် ၎င်းတို့သည် ထိုအရာများကို ပြောဆိုလုပ်ဆောင်ရာ၌ မည်သည့်အခါမျှ မမောပန်းကြပေ။ ၎င်းတို့သည် လူတို့၏ ဆက်ဆံရေးများတွင် အစဉ်သဖြင့် ရန်တိုက်ပေးကြပြီး နောက်ကွယ်တွင် အခြားသူများကို ဝေဖန်ပိုင်းခြားကာ အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြကြသည်။ အမှုအရာများ မိမိတို့အလိုအတိုင်း မဖြစ်သောအခါ ၎င်းတို့သည် ညည်းညူကြသည်၊ စောဒကတက်ကြပြီး လူတို့၏ နောက်ကွယ်၌ ဝေဖန်ကဲ့ရဲ့ခြင်းကိုပင် ပြုလုပ်ကြသည်။ ၎င်းတို့၏ ဘဝများသည် ဤအရာများဖြင့် လုံးလုံး ပြည့်နှက်နေသည်။ သင်သည် ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်နားလည်မှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ရရှိခဲ့သော ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်း၊ သို့မဟုတ် အချို့သော ကိစ္စရပ်တစ်ခု၌ ၎င်းတို့၏ အတွေ့အကြုံတို့ကို လူတိုင်းနှင့် မိတ်သဟာယဖွဲ့ မျှဝေသည်ကို မည်သည့်အခါမျှ မြင်ရမည်မဟုတ်ပေ။ ထိုသို့သော သင့်လျော်သည့် ကိစ္စရပ်များကို ဆွေးနွေးနေသည့် အခြေအနေမျိုး ပိုဖြစ်လာလေလေ၊ ၎င်းတို့သည် အပြုသဘောဆောင်သော သဘောထား ကင်းမဲ့လျက် ပျင်းရိနွမ်းနယ်ပြီး မည်သည့်ခွန်အားမျှ မထုတ်နိုင်ပုံ ပေါက်ကာ ပို၍ တိတ်ဆိတ်သွားလေလေ ဖြစ်သည်။ ၎င်းတို့ စိတ်အားထက်သန်သည့်အရာမှာ ရန်တိုက်ပေးခြင်းနှင့် အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြခြင်းဖြစ်သည်။ အချို့သော ကိစ္စရပ်တစ်ခုကို ဆွေးနွေးသောအခါ၌ပင် ၎င်းတို့သည် မည်သည့်ကိစ္စကိုမျှ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအရ မည်သည့်အခါမျှမဆွေးနွေးဘဲ၊ အမှားအမှန်၊ မှန်ကန်သည့်အရာနှင့် မမှန်ကန်သည့်အရာ ရှုထောင့်မှ ကြည့်ရှုရာတွင် ဘာသာတရားမရှိသူများကဲ့သို့ ပြုမူကြသည်။ ၎င်းတို့သည် လူအုပ်စုများကြားတွင် ခြင်၊ ယင်ကောင်၊ ကြွက် စသည်တို့၏ အခန်းကဏ္ဍမှ အစဉ်သဖြင့် ပါဝင်ပြုမူကြပြီး ထိုသူတို့၏ ပုံမှန်ဘဝများကို နှောင့်ယှက်ကာ ဒုက္ခပေးကြသည်။ ၎င်းတို့ စကားပြောပြီး မိမိတို့၏ အမြင်များကို ဖော်ပြသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် တစ်စုံတစ်ခုကို အကဲဖြတ်ပြီး ဝေဖန်ကဲ့ရဲ့သည်နှင့်တစ်ပြိုင်နက် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် နှောင့်ယှက်ခံရခြင်းတို့ကို ခံစားကြရပြီး သမ္မာတရားကို နားမလည်သော ဝိညာဉ်ရင့်ကျက်မှုသေးနုပ်သည့် အချို့လူတို့သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ဘောင်ခတ်ခြင်းကိုပင် ခံကြရသည်။ ဤလူတို့သည် အုပ်စုတစ်ခု၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ မည်သည့်အခါမျှမပါဝင်ကြပေ။ ၎င်းတို့သည် ဤလူ၏ အမှားများ၊ ထို့နောက် ထိုလူ လုပ်ဆောင်ခဲ့သည့် အရာများအကြောင်း ပြောဆိုလျက် အစဉ်သဖြင့် အတင်းအဖျင်းပြောပြီး အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြနေကြသည်။ သို့တိုင် ဤသို့ပြုလုပ်ခြင်း၌ မှားယွင်းသည့်အရာ တစ်စုံတစ်ခု ရှိသည်ဟု ၎င်းတို့ မည်သည့်အခါမျှမခံစားကြရပေ။ ထိုအစား ဤသည်မှာ လူတို့ နေထိုင်သင့်သည့်ပုံစံဖြစ်ကြောင်းနှင့် ဤနည်းလမ်းအတိုင်း နေထိုင်ခြင်းအားဖြင့်သာ ပျော်ရွှင်ပြီး လွတ်လပ်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဤမှားယွင်းသော နေထိုင်မှုပုံစံနှင့် အမှုအရာများကို ကိုင်တွယ်ပုံကို မှန်ကန်သည်ဟုလည်းကောင်း၊ ပုံမှန်လူ့သဘာဝရှိသော လူတို့ ရှိသင့်သည့် နေထိုင်မှုပုံစံဟုလည်းကောင်း မှတ်ယူကြပြီး အခြားသူများက ၎င်းတို့ကို ပြုပြင်ပြီး ဖော်ထုတ်သောအခါ လက်မခံကြပေ။ ၎င်းတို့၏ လုပ်နည်းကိုင်နည်းသည် အချို့သော အုပ်စုတစ်ခု၌ အလုပ်မဖြစ်ပါက ၎င်းတို့သည် အမှားအမှန်များကို အတူတကွ ဝေဖန်ပိုင်းခြားရန် ၎င်းတို့နှင့် အမျိုးအစားတူသူများ၊ ၎င်းတို့ကဲ့သို့ ညစ်ညမ်းသော စိတ်နေစိတ်ထား ရှိကြသော အခြားသူများကို ရှာဖွေရန် နောက်အုပ်စုတစ်ခုသို့ သွားကြသည်။ စိတ်တူသဘောတူတစ်ဦးကို တွေ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ဘဝ၏ နေ့ရက်တိုင်းသည် အလွန် ပျော်ရွှင်ချမ်းမြေ့သည်ဟု ခံစားကြရသည်။ မည်သည့်အခြေအနေ၌မဆို ဤလူတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍမှာ အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြသူ၊ ရန်တိုက်ပေးရန်၊ လူတို့ကို ဆွဲဆောင်ရန် ကြိုးစားသူ၊ လူတို့ကို နှောင့်ယှက်ပြီး တိုက်ခိုက်သူ တစ်ဦး၏ အခန်းကဏ္ဍဖြစ်သည်။ သင်သည် ဤသို့ပြုလုပ်ရာတွင် ၎င်းတို့၌ မည်သည့် မသမာသော ရည်ရွယ်ချက်များ ရှိသည်ကိုလည်းကောင်း၊ မည်သည့်ပန်းတိုင်ကို ၎င်းတို့ ရရှိလိုသည်ကိုလည်းကောင်း ၎င်းတို့ကို မေးမြန်းပါက ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ရသည်ကို မိမိတို့ကိုယ်တိုင်ပင် ရှင်းလင်းစွာ ရှင်းပြနိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့တွင် ရှင်းလင်းသော ပန်းတိုင်တစ်ခု ရှိချင်မှ ရှိမည်ဖြစ်သော်လည်း ၎င်းတို့ ပုံမှန်အားဖြင့် နေထိုင်သည့် အနေအထားသည် ဤသရုပ်သကန်များ၊ လက်တွေ့လုပ်ဆောင်မှုများဖြင့် ပြည့်နှက်နေသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူတို့ကို အမျိုးအစားခွဲခြားမှုသည် အဘယ်အရာဖြစ်သနည်း။ သင်က ၎င်းတို့သည် ဤသို့ပြုလုပ်ရာတွင် မသမာသော ရည်ရွယ်ချက်များ ရှိသည်ဟု ဆိုပါက ၎င်းတို့သည် ဆင်ခြေများဖြင့် ပြည့်နေသည်၊ “ကျွန်ုပ်က မည်သူ၏ တာဝန်ထမ်းဆောင်မှုကိုမျှ ထိခိုက်စေရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပါ၊ ကျွန်ုပ်က မည်သူ့ကိုမျှ နှောင့်ယှက်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပါ၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ရန်လည်း ရည်ရွယ်ခဲ့ခြင်း မဟုတ်ပါ။ ကျွန်ုပ် စိတ်ထဲရှိသည့်အရာကို ပြောရုံမျှ မပြောနိုင်ဘူးလား” ဟူ၍ ဖြစ်သည်။ သင်သည် ၎င်းတို့ကို ဖော်ထုတ်သောအခါ ၎င်းတို့သည် အာခံကြသည်။ ၎င်းတို့သည် ဤသို့ပြုလုပ်ရန် အခိုင်အမာ ပြောဆိုကြသည်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း ပြုလုပ်ရန် အခိုင်အမာ ပြောဆိုကြပြီး အခြားသူများကြားတွင် ဤသို့ နေထိုင်ရန် အခိုင်အမာ ပြောဆိုကြသည်။ ၎င်းတို့ မည်သူ့ကို ဝေဖန်ပိုင်းခြားသည်ဖြစ်စေ သို့မဟုတ် မည်သည့် အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြသည်ဖြစ်စေ၊ ၎င်းတို့၏ နေထိုင်ပုံနှင့် ကျင့်ကြံပြုမူပုံသည် မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) သို့တိုင် ၎င်းတို့သည် ယင်း၌ ပျော်မွေ့နိုင်ကြသည်။ ထိုသို့သော လူတို့၏ ပြဿနာသည် အလွန်ကြီးလေးသည်ဟု သင် ဆိုမည်လော။ (ဆိုပါမည်။) ၎င်းတို့သည် အရွယ်ရောက်ပြီးသူများ ဖြစ်ကြသော်လည်း မည်သည့်စကားများနှင့် မည်သည့်လုပ်ရပ်များသည် မှန်ကန်သည်၊ တန်ဖိုးရှိသည်၊ အဓိပ္ပာယ်ရှိသည်၊ လုပ်သင့်လုပ်ထိုက်သောအလုပ်ကို ဂရုစိုက်ခြင်း ဖြစ်သည်ကို မသိကြသည့်အပြင် မည်သည့်လုပ်ရပ်များသည် လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လျစ်လျူရှုခြင်းဖြစ်သည်ကိုလည်း မသိကြပေ။ ဤသို့သော လူစားမျိုးသည် အမှန်စင်စစ်တွင် လူပေလူတေများသာ ဖြစ်ကြပြီး ပုံမှန်လူများ မဟုတ်ကြပေ။ ၎င်းတို့သည် အခြားသူများကို နှောင့်ယှက်မှုများ ဖြစ်စေသည်ဖြစ်စေ မဖြစ်စေသည်ဖြစ်စေ၊ ၎င်းတို့လုပ်ဆောင်နေသည့် အရာသည် မှန်ကန်ခြင်း ရှိမရှိကို မသိဘဲ ထင်ရာစိုင်း၍ မကောင်းမှုများကို ကျူးလွန်သည့် အနေအထားတစ်ခု၌ နေ့စဉ် အသက်ရှင်နေထိုင်နေကြသည်ကို ထောက်ရှုလျှင် မိမိတို့၏ အသိစိတ်ထဲတွင် သတိပြုမိခြင်း တစ်ခုမျှမရှိဘဲ အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြခြင်းနှင့် ရန်တိုက်ပေးခြင်းတို့ကို လုပ်သင့်လုပ်ထိုက်သော အလုပ်အဖြစ် မှတ်ယူနေကြသည်ကို ထောက်ရှုလျှင် ၎င်းတို့တွင် လူ့သဘာဝရှိသည်ဟု သင် ဆိုမည်လော။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ အမှန်တကယ် ရှိခဲ့ပါလျှင် စကားပြောခြင်းနှင့် ပြုမူခြင်းကို အုပ်စိုးသော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ သိသင့်သည်၊ ထို့ထက်မက ကျင့်ကြံပြုမူရာတွင် လူတစ်ဦးသည် သမ္မာတရားကို နားလည်ရမည် ဖြစ်ကြောင်းနှင့် ဤသည်မှာ လူတို့၏ အကြီးမားဆုံးသော လိုအပ်ချက်ဖြစ်ကြောင်းကို ၎င်းတို့ သိသင့်သည်။ သို့သော် ၎င်းတို့သည် လူတို့ မည်သည့်အရာ လိုအပ်သည်ကို သို့မဟုတ် လူတို့ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို မသိကြပေ။ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ မရှိပေ၊ ၎င်းတို့သည် တိရစ္ဆာန်များ ဖြစ်ကြသည်။ အချို့မှာ တိရစ္ဆာန်များထက်ပင် ပို၍ဆိုးသေးသည်။ ကြောင်များကို ကြည့်လော့၊ ၎င်းတို့သည် နေ့ဘက်တွင် အိပ်စက်ပြီး တစ်ခါတစ်ရံ ကစားကြကာ မှောင်လာသောအခါ ကြွက်များကို သွားဖမ်းကြသည်။ ကြွက်များသည် လူသားများအတွက် အန္တရာယ်ရှိသောကြောင့် ကြွက်များကို ဖမ်းခြင်းအားဖြင့် ကြောင်များသည် လူသားများအတွက် အကျိုးရှိသော အရာတစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့မဟုတ် ခွေးများ နေထိုင်ပုံကို ကြည့်လော့။ မိမိတို့၏ သခင်များနှင့် ကစားခြင်းအပြင် ခွေးများသည် အိမ်ကို စောင့်ကြပ်ပေးကြသည်။ လူစိမ်းတစ်ဦး ရောက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ သခင်ကို သတိပေးရန်နှင့် အိမ်ကို စောင့်ကြပ်ရန် စတင်ဟောင်ကြသည်။ မိမိတို့၏ သခင်က ၎င်းတို့ကို အပြင်သို့ ခေါ်သွားသောအခါ ၎င်းတို့သည် မိမိတို့သခင်၏ ဘေးတွင် နေကြပြီး လူစိမ်းတစ်ဦး ချဉ်းကပ်လာပါက မိမိတို့၏ သခင်ကို ကာကွယ်ပေးကြသည်။ ၎င်းတို့သည် အိမ်ကို စောင့်ကြပ်ခြင်းနှင့် စောင့်ကြည့်ခြင်း အခန်းကဏ္ဍကို ဖြည့်ဆည်းကြသည်။ ကြောင်များဖြစ်စေ၊ ခွေးများဖြစ်စေ ၎င်းတို့အားလုံးသည် လုပ်သင့်လုပ်ထိုက်သော အလုပ်ကို ဂရုစိုက်နိုင်ကြသည်။ တိရစ္ဆာန်များသည် ဤသို့ပြုလုပ်ခြင်းမှာ အသိစိတ်၏ အုပ်စိုးသည့် စွမ်းအားကြောင့် မဟုတ်ဘဲ ဗီဇကြောင့် ဖြစ်သည်မှာ အမှန်ပင်။ ဘုရားသခင်က ၎င်းတို့ကို ဖန်ဆင်းသောအခါ ကိုယ်တော်သည် ဤဗီဇကို ဖန်ဆင်းခဲ့ပြီး ၎င်းတို့အား ထိုသို့သော အထူးတာဝန်တစ်ခုကို ပေးခဲ့ရာ ၎င်းတို့သည် မိမိတို့၏ အထူးတာဝန်ကို စွဲကိုင်ထားကြပြီး မည်သူမျှ ဤအရာကို မပြောင်းလဲနိုင်ပေ။ တိရစ္ဆာန်များပင်လျှင် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး လုပ်သင့်လုပ်ထိုက်သော အလုပ်ကို ဂရုစိုက်နိုင်ကြသည်။ လူတစ်ဦးဖြစ်ပါက အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အုပ်စိုးခြင်းကို ခံရမည်ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးထဲ၌ နေ့စဉ်နေ့တိုင်း မည်သည့်အရာကို လုပ်ဆောင်သင့်ပြီး မည်သည့်အရာကို မလုပ်ဆောင်သင့်ဟူသည်နှင့်ပတ်သက်၍လည်းကောင်း၊ မည်သည့်လုပ်ရပ်များသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး မည်သည့်လုပ်ရပ်များသည် လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လျစ်လျူရှုခြင်းဖြစ်ကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း စံနှုန်းများနှင့် အနိမ့်ဆုံး စည်းတစ်ခု ရှိသင့်သည်။ ဤစံနှုန်းများနှင့် ဤအနိမ့်ဆုံးစည်းတို့ကို လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အသုံးပြု၍ လျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်သည်။ ဥပမာအားဖြင့် ကိုယ်ကျင့်တရား ပျက်ပြားပြီး ချုပ်တည်းမှုမရှိခြင်း၊ အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြခြင်းကို နှစ်သက်ခြင်း စသည်တို့ကဲ့သို့ ဤအရာများကို မည်သို့သော လူစားမျိုးက လုပ်ဆောင်ကြသနည်း။ ပုံမှန်လူများက “ထိုအရာများသည် လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လျစ်လျူရှုသော အလုပ်မရှိအကိုင် မရှိသူများနှင့် လူပေလူတေများ လုပ်ဆောင်သည့်အရာများ ဖြစ်သည်။ ပုံမှန်လူများသည် လုပ်သင့်လုပ်ထိုက်သော ကိစ္စရပ်များဖြင့် အလွန်အမင်း အလုပ်များနေကြသည်၊ မည်သူက ထိုအရာများကို လုပ်ဆောင်မည်နည်း။ ယင်းတို့၌ အဓိပ္ပာယ်မရှိပေ။ ထို့အပြင် အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြခြင်းနှင့် ရန်တိုက်ပေးခြင်း တည်းဟူသော ဤအရာများအားလုံးသည် အပျက်သဘောဆောင်ပြီး မှားယွင်းသည်။ လူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါက ၎င်းတို့သည် ထိုအရာများကို လုံးဝ မလုပ်ဆောင်သင့်ပေ။ ရံဖန်ရံခါတွင် တစ်စုံတစ်ဦးက သင့်ကို စော်ကားခြင်းကဲ့သို့သော အထူးအခြေအနေတစ်မျိုးမျိုး ရှိကောင်းရှိနိုင်ပြီး သင်သည် တဇောက်ကန်းဖြစ်ခြင်းကြောင့် စကားအနည်းငယ် ညည်းညူမိနိုင်သော်လည်း သင်သည် ဤအရာကို သင်၏ နေ့စဉ်ဘဝအတွက် ပုံမှန်အလေ့အထအဖြစ်သို့ မပြောင်းလဲနိုင်ပေ၊ သင်သည် ယင်းကို လုပ်သင့်လုပ်ထိုက်သော အလုပ်အဖြစ် မမှတ်ယူနိုင်ပါ” ဟု သဘောပေါက်နိုင်သည်။ ဤသည်မှာ ပုံမှန်လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အသုံးပြု၍ ပိုင်းခြားသိမြင်နိုင်သည့် အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်နိုင်ကြသည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရား မပိုင်ဆိုင်သော လူတို့သည် ဤအရာများကို လုပ်သင့်လုပ်ထိုက်သော အလုပ်အဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို နှောင့်နှေးစေခြင်းအတွက် စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောင့်ကြခြင်း မရှိကြပေ။ မိမိတို့၏ အလုပ်ကို မပြီးစီးသေးဘဲ အခြားသူများက ၎င်းတို့ကို တိုက်တွန်းသောအခါ ၎င်းတို့သည် အလေးအနက် မထားကြပေ။ အခြားသူများအားလုံးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေကြသော်လည်း ၎င်းတို့သည် ဤအရာကို မမြင်ယောင်ဆောင်ကြသည်။ မိမိတို့ စိတ်ရှိသည့်အခါတိုင်း ၎င်းတို့သည် အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြခြင်း သို့မဟုတ် ရန်တိုက်ပေးခြင်း တစ်ခုခုကို ပြုလုပ်ကာ အကျိုးမရှိသော စကားများကို ပြောဆိုကြသည်။ ဤသရုပ်သကန်များသည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များ မဟုတ်ဘဲ လူမဟုတ်သော သတ္တဝါများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ လူသားမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် အရွယ်ရောက်ပြီးနောက် လူတိုင်းသည် လူတစ်ဦးအနေဖြင့် မည်သို့သော ဘဝအပေါ် ရှုမြင်ပုံကို တည်ဆောက်သင့်သည်၊ မည်သို့သော ရည်သန်မျှော်မှန်းချက်များနှင့် လိုက်စားမှုများ ရှိသင့်သည်၊ မည်သည့်အရာကို ယုံကြည်သင့်သည်၊ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသင့်သည်၊ ဤဘဝတွင် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိစေရန် မည်သို့ နေထိုင်ရမည် စသည်တို့ကဲ့သို့သော သင့်လျော်သည့် ကိစ္စရပ်အချို့ကို စဉ်းစားဆင်ခြင်သင့်သည်၊ လူတစ်ဦး စဉ်းစားဆင်ခြင်ပြီး နားလည်သင့်သည့် အရာများ အလွန်များပြားလှသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ထမ်းဆောင်သည့်နောက်တွင် ဤသည်မှာ အထူးသဖြင့် ထိုအတိုင်းပင်ဖြစ်သည်၊ ထိုနေရာတွင် အလုပ်အချက်တိုင်း၏ ပမာဏသည် ကြီးမားပြီး ပြီးမြောက်ရန် တိုးတက်မှုနှင့် ထိရောက်မှု လိုအပ်သည်။ လူတိုင်း အလွန်အလုပ်များကြသည်၊ အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြရန်နှင့် ရန်တိုက်ပေးရန် မည်သူ့တွင် အားလပ်ချိန် ရှိသနည်း။ လူအများစုသည် မိမိတို့၏ အချိန်ကို ဤအရာများအပေါ်တွင် သုံးစွဲကြမည် မဟုတ်ပေ။ ထို့အပြင် လူအများစုတွင် ဤဝါသနာ မရှိပေ၊ ထိုသို့ပြုလုပ်သော မည်သူမဆိုသည် အလွန် ထူးခြားပြီး ငကြောင်တစ်ယောက် ဖြစ်နေပုံ ပေါက်သည်။ အမှန်ကိုအမှား၊ အမှားကိုအမှန် လွဲမှားစွာ ဖော်ပြခြင်းနှင့် ရန်တိုက်ပေးခြင်းကို ဝါသနာတစ်ခုအဖြစ် မှတ်ယူသူများသည် လူမဟုတ်သော သတ္တဝါများ ဖြစ်ကြသည်၊ အကြောင်းမှာ ၎င်းတို့၏ အပြုအမူသည် ပုံမှန်လူများ၏ အပြုအမူနှင့် လုံးဝ ကွဲပြားပြီး ပုံမှန်လူများ ပိုင်ဆိုင်သင့်သည့် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လူများသည် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လျစ်လျူရှုသော အသုံးမကျသူများ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာများသည် ပုံမှန်လူများ လုပ်ဆောင်သင့်သည့် အရာများ မဟုတ်ပေ၊ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍမှာ လူမဟုတ်သော သတ္တဝါတစ်ဦး၏ အခန်းကဏ္ဍ ဖြစ်သည်။ သို့တိုင် ၎င်းတို့ကိုယ်တိုင်ကမူ ယင်းသည် အတော်အတန် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ထင်ကြသည်။ ဤသည်မှာ အမှန်နှင့်အမှားကို မသိခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။)
အချို့လူတို့သည် လူတို့၏ နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်တတ်ပြီး သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်သော အပြုအမူများကို အစဉ်သဖြင့် ပြုလုပ်နေကြသည်။ ဥပမာအားဖြင့် အချို့သည် သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာ နေ့စဉ်မှတ်တမ်းများနှင့် ဝတ်ပြုခြင်း မှတ်စုများကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ဆေးခြင်းကို နှစ်သက်ကြသည်။ အချို့သည် သူတစ်ပါး၏ ဆုတောင်းသံများကို ခိုးနားထောင်ခြင်း၊ သို့မဟုတ် မိမိတို့အကြောင်း ဖော်ပြခံရခြင်း ရှိမရှိနှင့် အခြားသူများက မိမိတို့အပေါ် မည်သို့ထင်မြင်သည်ကို သိရှိရန် သူတစ်ပါး၏ စကားဝိုင်းများကို ခိုးနားထောင်ခြင်းကို နှစ်သက်ကြသည်။ အချို့သည် သူတစ်ပါး၏ ကွန်ပျူတာများကို ခိုးကြည့်ကာ ၎င်းတို့တွင် မည်သည့်စာများ ရှိသည်ကိုလည်းကောင်း၊ မည်သူနှင့် ဆက်သွယ်နေသည်ကိုလည်းကောင်း၊ မည်သည့်သီချင်းများ နားထောင်နေသည်ကိုလည်းကောင်း၊ မည်သည့်ဗီဒီယိုများကို ကြည့်ရှုနေသည်ကိုလည်းကောင်း သိရှိရန် သူတစ်ပါး၏ ကိုယ်ပိုင်ဘဝကို အစဉ်သဖြင့် စပ်စုနေကြသည်။ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါး၏ ကိုယ်ပိုင်ပစ္စည်းများ၊ အထုပ်များနှင့် အိပ်ယာခင်းများကိုပင် မွှေနှောက်ရှာဖွေတတ်သော လက်ဆော့သည့် အချို့လူများလည်း ရှိသေးသည်။ ၎င်းတို့သည် အခြားသူများ စားသောက်၊ ဝတ်ဆင်၊ သို့မဟုတ် အသုံးပြုသည့် မည်သည့်အရာကိုမဆို စစ်ဆေးကြသည်။ ပစ္စည်းကောင်းတစ်ခုကို တွေ့ရှိပါက ၎င်းတို့သည် ယူငင်သုံးစွဲကြပြီး သုံးစွဲ၍ ကောင်းသည်ဟု ခံစားရပါက မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် မှတ်ယူကြသည်။ အခြားသူများက မုန့်ပဲသရေစာအချို့ ဝယ်သောအခါ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက် ကြည့်ရှုကြပြီး အရသာရှိသော အရာတစ်ခုခုကို တွေ့ရှိပါက တစ်ကိုက် သို့မဟုတ် တစ်ဖဲ့ ယူစားကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကြည့်ရုံသက်သက်မဟုတ်ဘဲ စားချင်စိတ်ပြင်းပြသောကြောင့် စားသုံးရန် ဖြစ်သည်။ ၎င်းတို့ စားလိုပါက အနည်းငယ် တောင်းနိုင်ပြီး မည်သူမျှ ၎င်းတို့ကို ရယ်မောကြမည် မဟုတ်ပေ။ သို့သော် အဘယ်ကြောင့် ၎င်းတို့သည် သူတစ်ပါး၏ အစားအစာကို နောက်ကွယ်တွင် ခိုးယူကြသနည်း။ ဤသို့ပြုလုပ်ခြင်းသည် မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) ၎င်းတို့သည် မှားယွင်းကြောင်း သိသော်လည်း ပြုလုပ်နေဆဲဖြစ်ပြီး သူတစ်ပါး၏ ပစ္စည်းများကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကဲ့သို့ မွှေနှောက်ရှာဖွေကာ ယင်းသို့ မကြာခဏ ပြုလုပ်ကြသည်။ လူမိသွားပါက ၎င်းတို့သည် ကြည့်ရုံမျှသာဖြစ်သည်ဟု ဆိုကာ မိမိတို့ကိုယ်ကိုယ် အကြောင်းပြချက်ပေးကြပြီး ဤအတွက် ရှက်ကြောက်စိတ် မခံစားကြရပေ။ မည်သူမျှ မရှိသည့်အခါ ၎င်းတို့သည် ဆက်လက်၍ မွှေနှောက်ရှာဖွေကာ ခိုးယူကြသည်။ ၎င်းတို့တွင် ရှက်ကြောက်စိတ် အသိတရား မရှိပေ၊ မှန်ကန်ခြင်း ရှိမရှိကိုပင် ၎င်းတို့ မသိကြပေ။ ထိုသို့သောအရာများကို မည်သို့သော လူစားမျိုးက လုပ်ဆောင်သနည်း။ ယေဘုယျအားဖြင့် အသိအလိမ္မာရှိသော ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ် ကလေးများပင်လျှင် ဤအရာများကို မလုပ်ဆောင်ကြပေ။ အရွယ်ရောက်ပြီးသူတစ်ဦးသည် ထိုအရာများကို လုပ်ဆောင်နေဆဲဖြစ်ပါက ၎င်းတို့သည် ငယ်စဉ်ကတည်းက ထိုသို့ပြုလုပ်ရန် အကျင့်ပါနေသောကြောင့် ဖြစ်သည်။ ယင်းမှာ ခိုးခြင်းကို အကျင့်ပါနေပြီး မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ခိုးဝှက်တတ်သော သူခိုးတစ်ဦးနှင့် တူသည်။ ၎င်းတို့တွင် မည်သည့်အရာမျှ မချို့တဲ့လျှင်ပင်၊ ခိုးယူလိုစိတ် ရှိနေဆဲဖြစ်သည်၊ ယင်းမှာ ပင်ကိုစရိုက်လို ဖြစ်နေပြီး မရပ်တန့်နိုင်တော့ပေ။ ရပ်တန့်လိုလျှင်ပင်၊ မတတ်နိုင်ကြပေ။ ၎င်းတို့သည် မွေးရာပါ သူခိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် လူမဟုတ်သော သတ္တဝါများ မဟုတ်ကြလော။ (ဟုတ်ပါသည်။) သင်သည် စပ်စုပြီး သူတစ်ပါး၏ ကိုယ်ပိုင်ပစ္စည်းများကို ကြည့်ရှုရန် အခိုင်အမာ တောင်းဆိုသော်လည်း ကြည့်ရှုခြင်းက မည်သည့်အကျိုးကျေးဇူးကို ဖြစ်ထွန်းစေနိုင်မည်နည်း။ သင် ကြည့်ရှုလျှင်ပင် ယင်းတို့သည် သင်နှင့်မသက်ဆိုင်သည့်အပြင် သင်သည် ယင်းတို့ကို မရရှိနိုင်ပေ။ သင်သည် တစ်စုံတစ်ခုကို တစ်ကြိမ် ငှားရမ်းလိုပါက ထိုသူကို မေးမြန်းပြီး ၎င်းတို့ သဘောတူပြီးမှသာ အသုံးပြုလော့။ အမှုအရာများကို ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသား လုပ်ဆောင်လော့၊ ခိုးကြောင်ခိုးဝှက် မလုပ်နှင့်။ သင်သည် အခြားတစ်စုံတစ်ဦး၏ အဝတ်အစားများကို ဝတ်ဆင်လိုပါက သင့်ကို ငှားရမ်းရန် ၎င်းတို့ကို ပွင့်လင်းစွာ တောင်းဆိုလော့။ ၎င်းတို့က သင့်ကို ငှားရမ်းရန် သဘောတူမှသာ သင် ဝတ်ဆင်နိုင်သည်။ ၎င်းတို့ တန်ဖိုးထားသော အရာတစ်ခုကို သင့်အား အင်တင်တင်ဖြင့် ငှားရမ်းပါက ဤသည်မှာ ညီအစ်ကိုမောင်နှမများကြားရှိ ချစ်ခင်တွယ်တာမှုအဖြစ် မှတ်ယူနိုင်သည်။ ၎င်းတို့က သင့်ကို မငှားရမ်းပါက တိတ်တဆိတ် မဝတ်ဆင်နှင့်။ ဘုရားသခင်ကို ယုံကြည်သူများသည် အရွယ်ရောက်ပြီးသူများချည်း ဖြစ်ကြသော်လည်း ၎င်းတို့ထဲမှ အချို့သည် ပြုမူပုံ၌ မဖွယ်မရာ ဖြစ်နေဆဲဖြစ်ပြီး လူအနည်းငယ်မှာမူ လက်ဆော့တတ်ကြသည်။ ၎င်းတို့သည် မှားယွင်းကြောင်း မသိဘဲ သူတစ်ပါး၏ အရာများကို တိတ်တဆိတ် မွှေနှောက်ရှာဖွေကြသည်။ ၎င်းတို့ တွေ့ရှိခံရပြီး အခြားသူများက ၎င်းတို့အကြောင်း ပြောဆိုသောအခါ ၎င်းတို့သည် ရှက်ကြောက်စိတ် မခံစားရသည့်အပြင် “သင်၏ ပစ္စည်းများကို မွှေနှောက်ရှာဖွေတော့ မည်သည့်အရာဖြစ်သနည်း။ သင်သည် မည်သည့်အရာမျှ မဆုံးရှုံးသွားပါ။ ပြီးလျှင် သင်၏ ပစ္စည်းများအား သန့်ရှင်းသောအရာအဖြစ် သီးသန့်ဖယ်ထားခြင်း မဟုတ်။ သို့ဖြစ်၍ ကျွန်ုပ် အဘယ်ကြောင့် ကြည့်၍မရနိုင်သနည်း” ဟုပင် တွေးတောကြသည်။ မြင်သလော၊ ၎င်းတို့သည် ကောက်ကျစ်သော အကြောင်းပြချက်ကိုပင် အသုံးပြုကြသည်။ ဤပြဿနာသည် ကြီးလေးသည်၊ ယင်းမှာ ၎င်းတို့၏ အပြုအမူနှင့်ဆိုင်သော ကိစ္စတစ်ခုသာမကဘဲ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရနှင့်ဆိုင်သော ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ထိုသို့သော လူတို့သည် မှားယွင်းသောအရာကို လုပ်ဆောင်သောအခါ မည်သို့မျှ သတိပြုမိခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာကို တွေ့ရှိပြီး ပြုပြင်ပေးသောအခါ ၎င်းတို့သည် လက်မခံသည်သာမက မိမိတို့ကိုယ်ကို မှန်ကြောင်း ရှင်းချက်ထုတ်ကြသည်၊ ကောက်ကျစ်သော အကြောင်းပြချက်ကို အသုံးပြုကြပြီး ထိုနည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ဇွတ်တိုးလုပ်ဆောင်ကြသည်။ ဤသည်မှာ ၎င်းတို့သည် လူမဟုတ်သော သတ္တဝါများဖြစ်ကြောင်း ပြသနေသည်။ လူမဟုတ်သော သတ္တဝါများ၏ လက္ခဏာတစ်ခုမှာ ၎င်းတို့သည် မှားယွင်းသောအရာကို လုပ်ဆောင်သောအခါ မှားကြောင်း မည်သည့်အခါမျှဝန်မခံခြင်း၊ မည်သို့မျှ နောင်တမရခြင်း၊ မိမိတို့ မှန်ကန်သည်ဟု ဆက်လက် ယုံကြည်ခြင်း၊ အကြောင်းပြချက်များဖြင့် ပြည့်နှက်နေခြင်းတို့ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မှားယွင်းသောအရာများ၊ လွဲချော်သောအရာများ၊ ကောက်ကျစ်ပြီး ဆိုးညစ်သောအရာများကို မှန်ကန်သော အရာများအဖြစ် ပြောဆိုကြခြင်း ဖြစ်သည်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ကျိုးကြောင်းဆင်ခြင်မှုကို မှန်ကန်ဘိသကဲ့သို့ မှတ်ယူခြင်း ဖြစ်သည်။ ဤလက္ခဏာကို ပိုင်ဆိုင်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော လူတို့သည် လူမဟုတ်သော သတ္တဝါများ ဖြစ်ကြသည်။ ဤသည်တို့မှာ လူမဟုတ်သော သတ္တဝါများတွင် ရှိသည့် သရုပ်သကန် အမျိုးအစားများ အတိအကျပင် ဖြစ်သည်။ ၎င်းတို့သည် သူတစ်ပါး၏ အရာများကို တိတ်တဆိတ် မွှေနှောက်ရှာဖွေသောအခါ သင်သည် ၎င်းတို့ကို မည်သို့ပင် ဖော်ထုတ်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် လက်မခံကြပေ။ ၎င်းတို့သည် နောင်တမရသည်သာမက၊ “ကျွန်ုပ်က လူတစ်ဦး၏ ပစ္စည်းများကို မွှေနှောက်ရှာဖွေရုံသာ ဖြစ်သည်၊ ယင်းမှာ အဘယ်များမှားနေသနည်း။ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ လူသတ်ခြင်း သို့မဟုတ် မီးရှို့ခြင်းတို့အား လုပ်ဆောင်ပြီး စိတ်ကူးနိုင်သမျှ မကောင်းမှုလုပ်ရပ်တိုင်းကို ကျူးလွန်ခဲ့သော သူများနှင့်ယှဉ်လျှင် ကျွန်ုပ်သည် အကောင်းဆုံးလူ ဖြစ်သည်။ ကျွန်ုပ်ကဲ့သို့ ကောင်းသည်လူကို သင်တို့ အခြားမည်သည့်နေရာတွင် သွားရောက်ရှာဖွေ၍ရနိုင်ဦးမည်နည်း” ဟု ဆိုကာ ကောက်ကျစ်သော အကြောင်းပြချက်ကိုလည်း အသုံးပြုကြသည်။ ဤသည်မှာ လုံးဝ အကျိုးအကြောင်း မဆီလျော်ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးသည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ပြီး ယင်းကို ခေါင်းမာစွာ ဝန်ခံရန် ငြင်းပယ်ပါက ၎င်းတို့သည် မျှော်လင့်ချက်မရှိတော့ပေ။ အချို့လူတို့သည် သမ္မာတရားကို အသုံးပြု၍ အကဲဖြတ်ရန် မဆိုထားနှင့်၊ လူ့ကိုယ်ကျင့်တရားကို အသုံးပြု၍ အကဲဖြတ်လျှင်ပင် လက်မခံနိုင်လောက်အောင် ကြီးလေးသော မှားယွင်းမှုများကို ကျူးလွန်ကြသည်၊ ၎င်းတို့၏ အစွမ်းအစသည် ဤအရာကို သဘောပေါက်ရန် အရည်အချင်းမမီအောင် ဖြစ်စေသည်။ လူ့သဘာဝအရ၊ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လူမဟုတ်သော သတ္တဝါများ ဖြစ်ကြသည်။ သင်သည် မိမိကိုယ်ကို မည်မျှပင် ကောင်းသည်၊ ကြင်နာသည်၊ ကြီးမြတ်သည်၊ သို့မဟုတ် မြင့်မြတ်သည်ဟု ထင်မြင်သည်ဖြစ်စေ၊ သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သရုပ်သကန်များ ရှိရမည့်အစား လူမဟုတ်သော သရုပ်သကန်များစွာကို အသက်ရှင်နေထိုင်ပြီး တိကျသော လက်တွေ့လုပ်ဆောင်မှုများနှင့် မှားယွင်းသော အတွေးအခေါ်အမြင်များစွာပင် ရှိနေပါက သင်သည် လူမဟုတ်သော သတ္တဝါတစ်ဦး ဖြစ်သည်။ လူမဟုတ်သော သတ္တဝါများ၏ အဓိက လက္ခဏာများမှာ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများကို လက်မခံဘဲ မှားယွင်းသောအရာများကို မှန်ကန်သော ရှုမြင်ပုံများအဖြစ် လက်ခံကြပြီး လူတို့ကို အထင်အမြင်မှားစေရန် အမှားနှင့်အမှန်ကို ရောထွေးကာ အမည်းကိုအဖြူဖြစ်အောင်ပင် ပြောင်းလဲနိုင်ကြခြင်း ဖြစ်သည်။
လူစားတစ်မျိုးရှိသည်၊ ၎င်းတို့သည် မိမိတို့၏ သမီး ရုပ်ရည်ချောမောသည်ကို မြင်သောအခါ သူမကို အသုံးပြု၍ ငွေများစွာရှာလိုကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် သူမကို သူဌေးတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းပေးပြီး များစွာသော စေ့စပ်လက်ဆောင်များကို တောင်းဆိုကြသည်။ လက်ဆောင်များကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စားသောက်ပြီး အပျော်အပါး လိုက်စားကြသည်။ ခဏအကြာတွင် ငွေအားလုံးနီးပါး သုံးပြီးသောအခါ ၎င်းတို့သည် ပို၍တောင်းရန် ထိုအမျိုးသား၏ မိသားစုထံ ပြန်သွားကြသည်။ ထိုမိသားစုက စေ့စပ်ငွေအားလုံး ပေးပြီးဖြစ်သောကြောင့် နောက်ထပ်မပေးနိုင်တော့ဟု ပြောသောအခါ ထိုမိဘများသည် မိန်းကလေးကို အခြားမိသားစုတစ်ခုနှင့် စေ့စပ်ကြောင်းလမ်းပေးပြီး အတော်အတန်များသော စေ့စပ်လက်ဆောင်များကို တောင်းဆိုကြပြန်သည်။ ပထမမိသားစုက ၎င်းတို့သည် သမီးကို မိမိတို့မိသားစုနှင့် လက်ထပ်ခွင့်ပြုတော့မည် မဟုတ်သည်ကို မြင်သောကြောင့် စေ့စပ်လက်ဆောင်များကို ပြန်တောင်းကြသည်။ ထိုလူများက မည်သို့ ပြောဆိုကြသနည်း။ “ခင်ဗျားက စေ့စပ်ငွေ အလုံအလောက် မပေးခဲ့သောကြောင့် ကျွန်ုပ်၏သမီးသည် ခင်ဗျား၏သားနှင့် လက်ထပ်၍မရနိုင်ပါ။ ကျွန်ုပ်တို့သည် ခင်ဗျားကို ငွေပြန်ပေးရန် တာဝန်မရှိပါ။ ခင်ဗျားကို အလုံအလောက်မပေးရန် မည်သူကများ ပြောခဲ့သနည်း။ ခင်ဗျားက ငွေအလုံအလောက်မပေးဘဲ ကျွန်ုပ်၏သမီးကို ရလိုသေးသည်လော။ မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ငွေကို လိမ်လည်လှည့်ဖြား၍ ရယူပြီးနောက်တွင် ၎င်းတို့သည် ကောက်ကျစ်သော ဆင်ခြေများကို စတင်အသုံးပြုကြသည်။ ပထမမိသားစုသည် လိမ်လည်လှည့်ဖြားသူ၊ လူယုတ်မာနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် ၎င်းတို့ကို လျစ်လျူရှုလိုက်ကြသည်။ ဒုတိယမိသားစုသည်လည်း ထိုနည်းတူစွာ လှည့်စားခြင်းခံခဲ့ရသည်။ မိန်းကလေးသည် ရှုံ့ချည်နှပ်ချည်ဖြင့် မိသားစုအချို့နှင့် စေ့စပ်ကြောင်းလမ်းခြင်းခံရပြီး ကမောက်ကမ ဖြစ်မှုအားလုံးပြီးနောက်တွင် သူမသည် လက်မထပ်ဖြစ်ဘဲ အဆုံးသတ်သွားသော်လည်း သူမ၏မိသားစုမှာမူ ငွေများစွာ ရရှိခဲ့သည်။ ဤမိသားစုသည် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ (၎င်းတို့သည် ယောက်ျားများထံမှ ငွေကို လှည့်ဖြားယူရန် မိမိတို့သမီး၏ အိမ်ထောင်ရေးကို အသုံးပြုခဲ့ပါသည်။ ငွေပြန်တောင်းသောအခါ ၎င်းတို့က ငြင်းပယ်ပြီး ကောက်ကျစ်သော ဆင်ခြေများကို အသုံးပြုခဲ့ပါသည်။ ၎င်းတို့တွင် ဆင်ခြင်တုံတရား လုံးဝမရှိပါ။ ဤကဲ့သို့သော လူများသည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိကြသည့်အပြင် ရှက်စိတ်လည်း မရှိကြပါ၊ ထို့ကြောင့် ၎င်းတို့သည် မကောင်းသောသူများ ဖြစ်ကြပါသည်။) ၎င်းတို့သည် ဤအပြုအမူအားလုံးကို ပြသကြသည်။ ၎င်းတို့သည် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိကြသည့်အပြင် ရှက်စိတ်လည်း မရှိကြပေ။ ၎င်းတို့သည် လိမ်လည်လှည့်ဖြား၍ ရသောငွေကို လိပ်ပြာမသန့်ခြင်း တစ်စက်မျှ မခံစားရဘဲ သုံးစွဲကြသည့်အပြင် ကောင်းစွာပင် စားသောက်ကြကာ နေ့စဉ်နေ့တိုင်း ကြည်လင်သော အသိစိတ်ဖြင့် နေထိုင်ကြသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲတွင် ဤကဲ့သို့သော လူများ ရှိသလော။ (ရှိနိုင်ပါသည်။) ရှိပါသည်။ ဤလူများတွင် မျိုးစုံသော လိမ်လည်လှည့်ဖြားသည့် လှည့်ကွက်များ ရှိကြပြီး ၎င်းတို့ကို သတိထားရှောင်ကြဉ်ရန် မဖြစ်နိုင်ပေ။ ဘာသာတရား မရှိသူများ၏ ဖရိုဖရဲဖြစ်သော ဒုစရိုက်လောကသည် ဤကဲ့သို့ ဖြစ်သော်လည်း ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးက ဤနည်းလမ်းဖြင့် လူများကို လိမ်လည်လှည့်ဖြားနိုင်ပါက ၎င်းတို့သည် လူကောင်းတစ်ဦး သေချာပေါက် မဟုတ်ပေ။ ၎င်းတို့၏ သဘာဝသည် အလွန်ဆိုးရွားလှသည်။ ဘုရားသခင်ကို ယုံကြည်နေစဉ်မှာပင် ၎င်းတို့သည် မယုံကြည်သူတစ်ဦး ဖြစ်နေသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝအားဖြင့် အဆုံးအဖြတ်ပေးခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကံကြွေးကိုပင် မယုံကြည်ကြသည့်တိုင် ဘုရားသခင်ကို ယုံကြည်ကြသေးသည်၊ ၎င်းတို့သည် မည်သို့သော စက်ဆုပ်ဖွယ်ကောင်းသူများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လူများထံမှ စေ့စပ်လက်ဆောင်များကို လှည့်ဖြားရယူပြီး မိမိတို့၏သမီးကို လက်ထပ်ခွင့်မပြုကြပေ။ ဤသည်မှာ လှည့်စားခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် မိသားစုတစ်စုတည်းကိုသာ လိမ်လည်လှည့်ဖြားခြင်း မဟုတ်ဘဲ မိသားစုအချို့ကို လိမ်လည်လှည့်ဖြားပြီး လိပ်ပြာသန့်စွာ အသက်ရှင်နေထိုင်နေကြဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟုပင် အခိုင်အမာဆိုကြသေးသည်။ ဘုရားသခင်သည် ထိုသို့သောသူတစ်ဦးကို အသိအမှတ်ပြုသလော။ (မပြုပါ။) ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်ခြင်းကို အသိအမှတ်မပြုပေ။ ဘုရားအိမ်တော်၌ ထိုသို့သော လူများ ရှိနေပါက ၎င်းတို့ကို ဖယ်ရှားရှင်းလင်းပစ်ရမည် ဖြစ်သည်။ ဘုရားအိမ်တော်သည် ထိုသို့သော လူများကို မလိုလားပေ။ လိမ်လည်လှည့်ဖြားသူများကို ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် ဆိုးယုတ်သောလူများကို ကယ်တင်ခြင်းမပြု။ လိမ်လည်လှည့်ဖြားသူတစ်ဦးသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူများကို လိမ်လည်လှည့်ဖြားလိမ့်မည်။ ၎င်းတို့ ဘုရားအိမ်တော်သို့ လာသောအခါ ညီအစ်ကိုမောင်နှမများကို လှည့်စားမည်လော။ ဘုရားအိမ်တော်ကို လှည့်စားမည်လော။ ၎င်းတို့သည် သေချာပေါက် လှည့်စားကြလိမ့်မည်။ ဘုရားသခင်သည် ထိုသို့သော သူတစ်ဦးကို ကယ်တင်မည်လော။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်မည်မဟုတ်ပေ။ လိမ်လည်လှည့်ဖြားသူများသည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ တိတိကျကျ ပြောရလျှင် ၎င်းတို့သည် လူမဟုတ်သူများ ဖြစ်ကြသည်။ လူမဟုတ်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသော လူများဖြစ်ကြသည်။ သို့ဆိုလျှင် ထိုသို့သောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်နေစဉ် လူများကို လှည့်ပတ်လိမ်လည်လှည့်ဖြားမည်လော။ ၎င်းတို့သည် သေချာပေါက် လိမ်လည်လှည့်ဖြားကြလိမ့်မည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုပါက အချို့သော ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အခက်အခဲများကို ကူညီပေးပြီး ၎င်းတို့၏ လိုအပ်ချိန်တွင် ပေးကမ်းလျက် ၎င်းတို့ကို မေတ္တာဖြင့် ဆက်ဆံကြလိမ့်မည်။ သို့သော် နောက်ဆုံးတွင် အချိန်ကြာလာသည်နှင့်အမျှ ဤသူသည် သမ္မာတရားကို လုံးဝမလိုက်စားဘဲ လိမ်လည်လှည့်ဖြားသူတစ်ဦး ဖြစ်ကြောင်း ၎င်းတို့ တွေ့ရှိကြသည်။ ၎င်းတို့ လှည့်စားခြင်းခံခဲ့ရသည် မဟုတ်လော။ ထို့ကြောင့် လှည့်စားခြင်းမခံရစေရန် ရှောင်ရှားနိုင်ဖို့အလို့ငှာ လိမ်လည်လှည့်ဖြားသူများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိရှိရမည်ဖြစ်သည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများကို လှည့်စားခြင်းမခံရစေရန် ကာကွယ်ပေးခြင်း ဖြစ်သည်။ ထိုသို့သောသူတစ်ဦးကို တွေ့ရှိပါက ၎င်းတို့သည် နာမည်ဆိုးရှိပြီး မည်သည့် မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းအတွင်းမှ လူယုတ်မာတစ်ဦး ဖြစ်သည်။ လူယုတ်မာတစ်ဦးသည် ကယ်တင်ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ လူယုတ်မာများကို အသင်းတော်အတွင်း၌ တည်ရှိခွင့်မပြုပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများအလယ်တွင် အသက်ရှင်နေထိုင်ရန် မသင့်တော်ပေ။ ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ ဆက်လက်တည်ရှိရန် မထိုက်တန်ပေ။
အခြားသူများထံမှ အရာများကို အထူးသဖြင့် ငှားရမ်းခြင်းကို နှစ်သက်သော လူအချို့လည်း ရှိသေးသည်။ အစားအသောက်၊ အဝတ်အစား၊ ကိရိယာများ၊ ကွန်ပျူတာများ သို့မဟုတ် ပရိဘောဂများဖြစ်စေ ၎င်းတို့သည် အရာအားလုံးကို ငှားရမ်းကြသည်၊ ငွေ၊ လက်ဝတ်ရတနာများနှင့် ကားများကိုပင် ငှားရမ်းကြသည်။ အချို့တွင် ကိုယ်ပိုင်ငွေရှိသော်လည်း မိမိတို့ကိုယ်တိုင် ပစ္စည်းများကို မဝယ်ကြပေ။ ၎င်းတို့သည် အခြားသူများကို တမင်တကာ အခွင့်အရေးယူလျက် ထိုသူတို့ထံမှ ငှားရမ်းခြင်းကိုသာ နှစ်သက်ကြသည်။ ဥပမာအားဖြင့် အချို့လူများသည် အပြင်သွားရန် ကားငှားပြီး ဓာတ်ဆီအားလုံး ကုန်သွားသောအခါ ပြန်မဖြည့်ပေးကြပေ။ အချို့သည် ကားငှားပြီး ပြန်မပေးဘဲ ပိုင်ရှင်က လာတောင်းမှသာ ပြန်ပေးကြသည်။ အချို့လူများသည် ပစ္စည်းကိရိယာများကို ငှားရမ်းပြီး ယင်းတို့ကို ချိုးဖျက်မိသောအခါ ပိုင်ရှင်အတွက် ပြန်မပြင်ပေးသည့်အပြင် တောင်းပန်စကားတစ်ခွန်းမျှပင် မပြောကြပေ။ အချို့လူများသည် ငွေချေးပြီး ယင်းမှာ မိမိတို့ပိုင်ဆိုင်သည့်အလား ပြန်ဆပ်ရန် ရည်ရွယ်ချက် တစ်စက်မျှမရှိဘဲ အားလုံးကို သုံးစွဲပစ်ကြသည်။ ၎င်းတို့သည် တမင်တကာ အခွင့်အရေးယူလျက် ငွေချေးသူက ထိုအကြောင်းကို မေ့သွားရန်သာ မျှော်လင့်ကြသည်၊ ယင်းက ၎င်းတို့လိုချင်သည့်အရာပင် ဖြစ်ပေမည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ငွေကိုမူ အတိုးရရန် သို့မဟုတ် စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံရန် သိမ်းဆည်းထားစဉ်တွင် အခြားသူများ၏ငွေကို စီးပွားရေးအတွက်၊ စားသောက်ခြင်းနှင့် ဖျော်ဖြေရေးအတွက် အသုံးပြုကြသည်။ ငွေကို မည်သည့်အချိန်တွင် ပြန်ဆပ်မည်ကို မေးသောအခါ ၎င်းတို့က “ကျွန်ုပ်တွင် ပိုက်ဆံရှိလာသည့်အခါ ပြန်ဆပ်မည်။ ယခု ပိုက်ဆံ တစ်ပြားမျှမရှိဘဲ မည်သို့ပြန်ဆပ်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ မြင်သလော။ ၎င်းတို့၏ စရိုက်မှန်များ ဖော်ထုတ်ခံရသည် မဟုတ်လော။ မည်သည့်အခါမျှ ပြန်မဆပ်ရန်မှာ ၎င်းတို့၏ ရှေးဦးမဆွကတည်းက ရည်ရွယ်ချက် ဖြစ်ခဲ့သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ ဤသည်မှာ လူယုတ်မာတစ်ဦး ဖြစ်သည်။ အခြားသူများမှာမူ တစ်စုံတစ်ဦးတွင် နာရီကောင်းကောင်းတစ်လုံးရှိသည်ကို မြင်သောအခါ ရက်အနည်းငယ် ငှားရန် တောင်းဆိုပြီး နောက်ဆုံးတွင် နာရီကို ညစ်ပတ်အောင် လုပ်ကြသည်။ ပိုင်ရှင်က ပြန်ယူရန် လာသောအခါ ၎င်းတို့က စိတ်ဆိုးပြီး “သင်သည် ကပ်စေးနဲလှပါတကား။ ကျွန်ုပ် ယူထားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ သင်က ပြန်ပင်တောင်းနေပြီဖြစ်သည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ မည်သို့သော စိတ်နေသဘောထားမျိုး ဖြစ်သနည်း။ အခြားသူများ၏ ကောင်းသောအရာများကို မိမိတို့အတွက် အမြဲတစေ သိမ်းပိုက်လိုခြင်း ဖြစ်သည်။ ဤသည်မှာ လောဘကြီးခြင်း မဟုတ်လော။ ၎င်းတို့သည် ပစ္စည်းများကို ငှားရမ်းခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ခံစားရသောကြောင့် အခြားသူများထံမှ ငှားရမ်းရန် အခွင့်အရေးများကို အမြဲ ရှာဖွေနေကြသည်။ မည်သည့်အရာကို ငှားရမ်းသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာများကို မိမိတို့အတွက် သိမ်းပိုက်ရန် မျှော်လင့်လျက် မည်သည့်အခါမျှ ပြန်ပေးလိုခြင်းမရှိကြပေ။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ (ဤသည်မှာ လူမိုက်တစ်ဦးနှင့် လူယုတ်မာတစ်ဦး ဖြစ်ပါသည်။ ဤသည်မှာ လူမဟုတ်သူတစ်ဦး ဖြစ်ပါသည်။) ဘာသာတရား မရှိသူများအလယ်တွင် ဤကဲ့သို့သော လူယုတ်မာများနှင့် လူမဟုတ်သူများ များစွာရှိသည်၊ ငါတို့သည် ၎င်းတို့အကြောင်းကို နောက်ထပ် ဆွေးနွေးမည်မဟုတ်။ သို့သော် ဘုရားသခင်ကို ယုံကြည်သောသူများအလယ်တွင် ဤကဲ့သို့သော လူများ ရှိသလော။ ထိုသို့သောသူတစ်ဦးသည် အသင်းတော်ထဲသို့ ရောနှောဝင်ရောက်လာပါက ၎င်းတို့သည် လူမိုက်တစ်ဦးနှင့် လူယုတ်မာတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူယုတ်မာများသည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသောအခါ ထိုသူတို့ကို အခွင့်အရေးယူလိုသည့် စိတ်နေသဘောထား အစဉ်သဖြင့် ရှိကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများထဲတွင် မည်သူက ငွေရှိသည်၊ မည်သူက ဩဇာလွှမ်းမိုးမှုရှိသည် သို့မဟုတ် မည်သူ၏မိသားစုတွင် ကောင်းသောအရာများရှိသည်ကို အစဉ်သဖြင့် အကဲခတ်နေကြပြီး ဤလူများကို အထူးသဖြင့် ပစ်မှတ်ထားကြသည်။ ၎င်းတို့သည် အသုံးချနိုင်သည့် မည်သူ့ကိုမဆို အသုံးချပြီး အခွင့်အရေးယူရန် လွယ်ကူသည့် မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံကြသည်။ ၎င်းတို့သည် “ညီအစ်ကိုမောင်နှမများသည် မိသားစုတစ်စုတည်း ဖြစ်သည်” ဟူသော အလံအောက်တွင် ညီအစ်ကိုမောင်နှမများထံမှ ပစ္စည်းများကို အစဉ်သဖြင် ငှားရမ်းပြီး ထိုသူတို့ကို ခိုင်းစေကြသည့်အပြင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဧည့်ခံရန်ပင် တောင်းဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခါစ ဖြစ်သော အချို့ညီအစ်ကိုမောင်နှမများသည် သမ္မာတရားကို နားမလည်ကြသည့်အပြင် ပိုင်းခြားသိမြင်မှုလည်း မရှိကြသောကြောင့် ထိုသို့သောသူတစ်ဦးကို ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးအဖြစ် ဆက်ဆံကြပြီး ၎င်းတို့ကို ငြင်းပယ်ပါက အဆင်မပြေဖြစ်မည်ဟု ခံစားကြရသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤသူသည် မိမိတို့အိမ်တွင် ၎င်းတို့ထံမှ အလကားစားသောက်နေပြီး ထွက်မသွားကြောင်း၊ အစားအစာကောင်းကို မြင်သည့်အခါတိုင်း အဆုံးမရှိ စားသုံးကြောင်းနှင့် ကောင်းသောအရာများကို မိမိတို့အလိုရှိသလို ယူငင်သုံးစွဲကြောင်း ၎င်းတို့ တွေ့ရှိကြသည်။ ထို့အပြင် ဤသူသည် တစ်နေ့လုံး အခွင့်အရေးယူရန်သာ တွေးတောလျက် သမ္မာတရားကို မလိုက်စားသည့်အပြင် မိမိ၏တာဝန်ကိုလည်း စိုးစဉ်းမျှ မထမ်းဆောင်ပေ။ သို့ဖြစ်၍ ၎င်းတို့သည် ထိုသူကို စက်ဆုပ်ရွံရှာလာကြသည်။ ဘုရားအိမ်တော်၌ ထိုသို့သော လူများရှိသည်ကို မြင်သောအခါ အချို့သည် “ဘုရားသခင်က ထိုသို့သောသူတစ်ဦးကို မည်သို့ ရွေးချယ်နိုင်ခဲ့သနည်း” ဟု မိမိတို့ဘာသာ တွေးတောလျက် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများပင် ဖြစ်ပေါ်လာကြသည်။ အမှန်တွင် ထိုသို့သောသူတစ်ဦးကို ဘုရားသခင်က ရွေးချယ်ခဲ့ခြင်းမဟုတ်ပေ။ ထိုအစား ၎င်းသည် အသင်းတော်ထဲသို့ ရောနှောဝင်ရောက်လာခြင်း ဖြစ်သည်။ ၎င်းအား ဧဝံဂေလိတရားကို ဟောပြောခဲ့သော လူများသည် ၎င်း၏ စစ်မှန်သော နောက်ကြောင်းကို မသိခဲ့ကြဘဲ အသင်းတော်က ၎င်းကို လက်ခံခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ ဖြစ်ပျက်တတ်ပါသည်။ ဘုရားသခင်သည် ထိုသို့သော လူယုတ်မာများနှင့် လူမဟုတ်သူများကို လုံးဝ ရွေးချယ်တော်မမူပေ။ ထိုသို့သော ဆိုးယုတ်သောလူများနှင့် လူယုတ်မာများကို တွေ့ရှိပါက ၎င်းတို့ကို ရှောင်ကြဉ်ပြီး ငြင်းပယ်သင့်သည်။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မဆက်ဆံကြနှင့်။ ၎င်းတို့သည် အလကားစားသောက်သူများသာ ဖြစ်ကြသည်။ သင်သည် ထိုသို့သော လူယုတ်မာတစ်ဦးကို ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးအဖြစ် ဆက်ဆံပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတစ်ဦး ဖြစ်သည်ဟု ထင်မြင်ပါက သင်၏ သဘောပေါက်နားလည်မှုသည် လွဲချော်နေခြင်းဖြစ်သည်။ ဘုရားသခင် ရွေးချယ်သောလူများသည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိသော ကောင်းမွန်သည့် လူ့သဘာဝရှိသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူယုတ်မာများနှင့် ဆိုးယုတ်သောလူများကို ကယ်တင်ခြင်းမပြုသောကြောင့် ဘုရားသခင်သည် လူယုတ်မာများနှင့် ဆိုးယုတ်သော လူများကို လုံးဝ ရွေးချယ်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထိုသို့သော လူများကို မလိုလားပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်လာလျှင်ပင် ၎င်းတို့သည် ကိုယ်တော်၏ ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရဦးမည် ဖြစ်သည်။ ယခု သင် နားလည်ပြီလော။ (နားလည်ပါပြီ။) လူတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များနှင့် ဆက်ဆံပြီးနောက်တွင် လုံးလုံးလျားလျား စက်ဆုပ်ရွံရှာလာကြပြီး ၎င်းတို့ကို မုန်းတီးကာ ရွံရှာကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရမည်ဆိုပါက ဘုရားသခင်သည် ထိုသို့သော လူများကို နှစ်သက်နိုင်မည်လော။ အဖြေမှာ သိသာထင်ရှားပါသည်၊ ဘုရားသခင်သည် ထိုသို့သော လူများကို လုံးဝ မနှစ်သက်သည့်အပြင် ၎င်းတို့ကို မည်သည့်အခါမျှ ရွေးချယ်တော်မူမည် မဟုတ်ပေ။ ဘုရားအိမ်တော်သည် တာဝန်များထမ်းဆောင်ရန် ထိုသို့သော လူများကို မလိုအပ်သည့်အပြင် ၎င်းတို့သည် မည်သည့်အလုပ်အတွက်မျှ အရည်အချင်းမပြည့်မီကြပေ။ ၎င်းတို့သည် ပန်းတိုင်မဲ့စွာ လျှောက်သွားနေကြသည့် လူလေလူလွင့်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် အလကားစားသောက်ရန်အတွက်သာ ဘုရားအိမ်တော်သို့ လာကြခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူများအားလုံးသည် အထူးသဖြင့် ရိုးသားပြီး မေတ္တာရှိကာ အခြားသူများကို ကူညီလိုစိတ်ရှိသော ဟန်ဆောင်မှုကင်းသူများဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ယုံကြည်သူများသည် ၎င်းတို့အား ငွေချေးလျှင်ပင် ပြန်တောင်းရန် အလွန်အဆင်မပြေ ဖြစ်မည်ဟု ခံစားရမည်ဖြစ်ပြီး ၎င်းတို့ ငွေပြန်မဆပ်လျှင်ပင် ယုံကြည်သူများက ၎င်းတို့ကို တိုင်ကြားမည်မဟုတ်ဟု ၎င်းတို့ ထင်ကြသည်။ ဤလူများသည် အခွင့်အရေးယူရန် အလွယ်ကူဆုံး ဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် အလုပ်လုပ်လိုခြင်း မရှိသောကြောင့် ညီအစ်ကိုမောင်နှမများထံမှ ငွေချေးကြသည်။ ၎င်းတို့သည် အလုပ်မလုပ်ဘဲ နေနိုင်ပြီး အခက်အခဲကြုံတွေ့ပါက အသင်းတော်က ကူညီနိုင်သည်။ ၎င်းတို့၏ အိမ်ငှားခကို တာဝန်ယူပေးရသည်သာမက ၎င်းတို့၏ သုံးစွဲရန်ငွေကိုလည်း တာဝန်ယူပေးရပြီး ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို စိုးရိမ်ပူပန်မှုကင်းစွာ ဖြတ်သန်းကြသည်။ အချို့ညီအစ်ကိုမောင်နှမများသည် ပိုင်းခြားသိမြင်မှုမရှိဘဲ စင်စစ်အားဖြင့် ထိုသို့သော လူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့နေကြကာ ၎င်းတို့ကို အခွင့်အရေးယူပြီး ဟာကွက်များကို အမြတ်ထုတ်ခွင့် အမှန်တကယ် ပေးနေကြသည်။ ဤသည်မှာ ၎င်းတို့တွင် ပိုင်းခြားသိမြင်မှု မရှိသောကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် အလွန်မိုက်မဲပြီး အခြားသူများကို ပိုင်းခြားသိမြင်မှု မရှိကြသောကြောင့် တစ်ခါတစ်ရံတွင် မိုက်မဲသောအရာအချို့ကို လုပ်ဆောင်ကြသည်။ ယခု ထိုသို့သော လူများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ သိပြီလော။ (သိပါပြီ။) သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြ ီဖြစ်သောကြောင့် ထိုသို့သော လူများကို ဖယ်ရှားရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများ မဟုတ်ကြသောကြောင့် ၎င်းတို့အား မည်သည့်မေတ္တာမျှ ပြသရန် မလိုအပ်ပေ။ ၎င်းတို့သည် အမြဲတစေ လုပ်အားမစိုက်ဘဲ အကျိုးအမြတ်ရလိုပြီး မိမိတို့ မစိုက်ပျိုးသောနေရာ၌ ရိတ်သိမ်းလိုကြသည်၊ ၎င်းတို့သည် လူလေလူလွင့်များ ဖြစ်ကြသည်။ မည်သည့်အခြေခံအကြောင်းပြချက်ဖြင့် ၎င်းတို့သည် သင်၏ ချွေးနည်းစာဖြင့် ရသောငွေကို သုံးစွဲသင့်ပြီး သင်၏ ပစ္စည်းများကို ၎င်းတို့အလိုရှိသလို အသုံးပြုသင့်သနည်း။ ထိုသို့သောသူတစ်ဦးကို သည်းခံခြင်းနှင့် အလိုလိုက်ခြင်း၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုကိုပင် ထောက်ပံ့ခြင်း၊ ဤသည်မှာ ဘုရားသခင်ပေးသော သင်၏ တာဝန် မဟုတ်သည့်အပြင် ဘုရားသခင်က သင့်အား အပ်နှံထားသော တာဝန်ပေးစေခိုင်းချက်နှင့် အထူးတာဝန်လည်း မဟုတ်ပေ။ ၎င်းတို့အား မေတ္တာပြသရန် သင့်တွင် မည်သည့်တာဝန် သို့မဟုတ် ဝတ္တရားမျှ လုံးဝမရှိပါ။ စစ်မှန်သော ညီအစ်ကိုမောင်နှမများအား မေတ္တာပြသခြင်းသည် စည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ဖြစ်သည်၊ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ စစ်မှန်သော ညီအစ်ကိုမောင်နှမများကို ဘဏ္ဍာရေးနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကူအညီဖြင့်ပင် ထောက်ပံ့ခြင်း၊ ကူညီခြင်းနှင့် အားပေးခြင်းတို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ကြသည်။ ဤအရာများသည် ကောင်းမှုများဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို အမှတ်ရတော်မူသည်။ သို့သော် ဤလူမဟုတ်သူများနှင့်ပတ်သက်၍မူ ယဉ်ကျေးရန် မလိုအပ်သည့်အပြင် ၎င်းတို့အပေါ် မေတ္တာဖြင့် ပြုမူရန်လည်း မလိုအပ်ပေ။ မေတ္တာ၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများအတွက် ရည်ရွယ်သည်။ လူမဟုတ်သူများအတွက်၊ လူမိုက်များ၊ လူယုတ်မာများနှင့် လူလေလူလွင့်များအတွက် မေတ္တာ၊ သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းကို ပြသရန် မလိုအပ်ပေ။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ အရှက်တရားမရှိဘဲ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိသော လူလေလူလွင့်တစ်ဦး၊ အလကား စားသောက်သူတစ်ဦးအတွက် သင်သည် ထိုသူအား ကြောင်းကျိုးမမြင်ဘဲ စိတ်ရှည်ခြင်းနှင့် မေတ္တာကို ပြသပါက ယင်းမှာ မိုက်မဲပြီး စည်းမျဉ်းမဲ့ခြင်းဖြစ်ကာ ဘုရားသခင်သည် ယင်းကို စိုးစဉ်းမျှ အမှတ်ရတော်မမူပေ။ သင် ဤအရာများကို လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ယင်းကို ဘုရားသခင်က လက်မခံသည့်အပြင် အချည်းနှီးသာ လုပ်ဆောင်ခြင်း ဖြစ်သည်။
အချို့လူများသည် ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ဘုရားအိမ်တော်နှင့် ၎င်း၏အလုပ်အစီအစဉ်များကို မကြာခဏ တိုက်ခိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် တိုက်ခိုက်ပြီး ဝေဖန်ကဲ့ရဲ့ကြသည်။ ဤသို့ပြုလုပ်ရန် ၎င်းတို့၏ ဆင်ခြေမှာ အဘယ်နည်း။ “ကျွန်ုပ် လုပ်ဆောင်သည့်အရာတွင် မျှတပါသည်။ ကျွန်ုပ်တွင် အခြားရည်ရွယ်ချက်များ မရှိပါ။ ကျွန်ုပ်သည် သမ္မာတရားကို ရှာဖွေပြီး အလေးအနက်ထားသည့် သဘောထားဖြင့် ဤအရာများကို ပြောဆိုပြီး ဤသို့လုပ်ဆောင်နေခြင်း ဖြစ်ပါသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အတော်အတန် ကျိုးကြောင်းဆီလျော်ပုံရပြီး ဖြောင့်မတ်သည့်ဟန်ဖြင့် ပြောဆိုကြသည်။ အမှန်တွင် ၎င်းတို့ပြောဆိုသည့် စကားလုံးတိုင်းနှင့် လုပ်ဆောင်သည့် အရာတိုင်းသည် သမ္မာတရားနှင့် မကိုက်ညီဘဲ ၎င်းတို့၏ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်များ၏ ရလဒ်သာ ဖြစ်သည်။ ထို့အပြင် ယင်းတို့အားလုံးသည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့် လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့်တိုင် ၎င်းတို့က “ငါ လုပ်နေသည့်အရာသည် မှန်သည်။ ငါ မှန်သည်။ သင်သည် ငါ့ကို ပြစ်တင်ရှုတ်ချ၍ မရပါ” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော့်ကို တိုက်ခိုက်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် ဆန့်ကျင်မှုနှင့် မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး ကိုယ်တော့်ကို အထင်သေးကာ နှိမ့်ချကြသည့်တိုင် ဤသည်မှာ မှားယွင်းကြောင်း ၎င်းတို့ သဘောမပေါက်ဘဲ ထိုအစား ယင်းမှာ မှန်ကန်သောအရာဖြစ်သည့်အလား၊ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည့်အလား လုပ်ဆောင်ကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အလယ်တွင် ထိုသို့သော လူများသည် အဆိုးရွားဆုံးသော ပြဿနာများရှိသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများသည် ပုံမှန်လူများတွင် အများအားဖြင့် တွေ့ရလေ့ရှိသော သာမန်မှားယွင်းသည့် အတွေးအခေါ်များနှင့် အမြင်များ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်သည့် နည်းလမ်းများ မဟုတ်သည့်အပြင် လူ့သဘာဝ၏ ချို့ယွင်းချက်များလည်း မဟုတ်ပေ။ ထိုအစား ယင်းတို့သည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ (၎င်းတို့သည် ဘုရားသခင်နှင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်နှင့်လည်းကောင်း သက်ဆိုင်ပါသည်။) ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဘုရားသခင်အပေါ်ထားရှိသော လူတစ်ဦး၏ သဘောထားနှင့် သက်ဆိုင်သည်။ ၎င်းတို့၏ ဤသရုပ်သကန်များသည် လူအချင်းချင်းကြား ဆက်ဆံရေးများ သို့မဟုတ် လူတို့၏ အမှုအရာများကို ကိုင်တွယ်သည့် နည်းလမ်းများ၊ နည်းစနစ်များနှင့်သာ သက်ဆိုင်သည်မဟုတ်၊ လူနှင့် ဘုရားသခင်ကြား ဆက်ဆံရေး၊ လူတို့ ဘုရားသခင်ကို မည်သို့ဆက်ဆံပုံနှင့် ကိုယ်တော့်အပေါ် လူတို့၏ သဘောထားတို့နှင့် သက်ဆိုင်သည်။ ဤလူများသည် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားတွင် စိုးစဉ်းမျှသော ကျိုးနွံနာခံမှု မရှိသည်သာမက ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူ့အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်အားလုံးကို မကြာခဏ တိုက်ခိုက်ခြင်း၊ ဝေဖန်ကဲ့ရဲ့ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့လည်း ပြုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရား ဖြစ်ကြောင်းကိုပင် ၎င်းတို့ ငြင်းပယ်ကြပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အားလုံးကို ငြင်းပယ်နိုင်သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မည်သည့်အငြင်းအခုံများ သို့မဟုတ် ပြောဆိုချက်များကိုမျှ မဖန်တီးကြသည့်အပြင် လူတို့ကို ပေါ်ပေါ်ထင်ထင်နှင့် ဗြောင်ကျကျပုံစံဖြင့်လည်း မလှုံ့ဆော်ကြပေ။ သို့သော် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာတွင် ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ခြင်းနှင့် တိုက်ခိုက်ခြင်းဆိုင်ရာ အတွေးများကို မကြာခဏ ထားရှိကြသည်။ အခါအားလျော်စွာ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို နှောင့်ယှက်ရန်နှင့် ဘုရားသခင်နှင့် ဝေးကွာသွားစေရန် အပျက်သဘောဆောင်ခြင်းနှင့် သေခြင်းတရားကို ဖြန့်ဝေလျက် ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့သည့် မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်အချို့ကို ဖြန့်ဝေကြသည်။ ဤလူများ၏ အနှစ်သာရမှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲတွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များ များစွာရှိကြသည်။ ၎င်းတို့သည် ထိုအရာများကို လူအများရှေ့တွင် ဗြောင်ကျကျ ဖော်ပြရန် မဝံ့ရဲကြသော်လည်း ဤအရာများသည် နောက်ကွယ်တွင် လူတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ အလိုအလျောက် ထုတ်ဖော်ခြင်းခံရသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများတွင် ပြဿနာများ ရှိသလော။ (ရှိပါသည်။) မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ထိုသို့သော လူများတွင် နတ်ဆိုးများ၏ အနှစ်သာရ ရှိပါသည်၊ အကြောင်းမှာ ဘုရားသခင်နှင့် ၎င်းတို့ကြားတွင် မည်သည့်ရန်ငြိုးရန်စမျှမရှိဘဲ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် သမ္မာတရားများစွာကို ဖော်ပြသည့်တိုင် ၎င်းတို့သည် ကိုယ်တော့်ကို အဆက်မပြတ် တိုက်ခိုက်ပြီး ဝေဖန်ကဲ့ရဲ့ကြသောကြောင့် ဖြစ်ပါသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးကြသည်၊ ၎င်းတို့တွင် နတ်ဆိုးများ၏ အနှစ်သာရ ရှိပါသည်။) သင် မြင်သလော၊ ငါသည် ဤနေရာတွင် တရားဟောနေပြီး လူတိုင်း နားထောင်နေစဉ်တွင် အချို့လူများသည် ယင်းကို မည်သို့ ကောင်းစွာနားလည်ပြီး လက်ခံနိုင်မည်ကို စိတ်ထဲတွင် စဉ်းစားကြသည်။ “ယနေ့ တရားဒေသနာ၏ အကြောင်းအရာကား အဘယ်နည်း။ ဖော်ထုတ်ခံရသော ဤဖောက်ပြန်ပျက်စီးခြင်း၏ သရုပ်သကန်များနှင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ နှိုင်းယှဉ်စစ်ဆေးပြီး ကိုယ့်ကိုယ်ကိုယ် သိလာသင့်သနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ သဘောထားမှာ လက်ခံခြင်း သဘောထားတစ်ခု ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်း၌ နေထိုင်သော၊ လက်ခံခြင်းသဘောထားရှိသည့် ဤလူများသည် မကြာခဏဆိုသလို ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းအချို့ကို ရရှိကြသည်။ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာတွင် ၎င်းတို့သည် ဘုရားသခင်၏အလုပ် သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ပယ်ချခြင်းမပြုကြပေ။ ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကြောင့်သာ ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်ရန် အနည်းငယ် နှေးကွေးကြပြီး တစ်ခါတစ်ရံတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရသောကြောင့် ၎င်းတို့၏ အခြေအနေ မကောင်းခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားဆီသို့ ကြိုးစားနေကြပြီး ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် အချိန်အများစုတွင် ပုံမှန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နှောင့်ယှက်ခြင်းကို ခံရသောအခါ ၎င်းတို့သည် အပျက်သဘောဆောင်သော အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီး ဘုရားသခင်နှင့် ထိုမျှ ရင်းနှီးခြင်း မရှိတော့ခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အထင်သေးခြင်း၊ ဘုရားသခင်ကို လှောင်ပြောင်ခြင်း သို့မဟုတ် ကိုယ်တော့်ကို အရိုအသေတန်ကာ ဝမ်းမြောက်ခြင်း သဘောထားလည်း ရှိဖို့မဆိုထားနှင့်၊ ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မရှိကြ သို့မဟုတ် မေးခွန်းမထုတ်ကြပေ၊ ကိုယ်တော့်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်းလည်း မပြုကြ။ သို့သော် ကွဲပြားသော အခြားလူတစ်စု ရှိသေးသည်။ မည်သည့်အကြောင်းအရာကို ဆွေးနွေးနေသည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားအတွက် ဆာငတ်ပြီး ကျိုးနွံနာခံကာ လက်ခံသည့် စိတ်နေသဘောထားဖြင့် တရားဒေသနာကို နားမထောင်ကြပေ။ ထိုအစား ၎င်းတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် မေးခွန်းထုတ်ခြင်း စိတ်နေသဘောထားဖြင့် နားထောင်ကြသည်၊ “သင်သည် အဘယ်ကြောင့် ဤအရာကို ပြောနေသနည်း။ ဤအရာများအား ပြောရခြင်း၌ သင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် မည်သူ့ကို ဖော်ထုတ်ပြီး ထုတ်ဖော်ရန် ကြိုးစားနေသနည်း။ သို့မဟုတ် သင်သည် မည်သူ့ကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချရန် ကြိုးစားနေသနည်း။ ဤသည်မှာ ကျွန်ုပ်နှင့် အဘယ်သို့များ သက်ဆိုင်သနည်း” ဟူ၍ ဖြစ်သည်။ အခြားသူများက ယင်းကို လက်ခံနိုင်ပြီး မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်စေနိုင်ပါက ၎င်းတို့သည် စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရသည်။ တစ်စုံတစ်ဦးသည် ဤသမ္မာတရားများကို ၎င်းတို့အတွက် နားလည်ရန်ခက်ခဲပြီး မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်စေ၍မရနိုင်ကြောင်း မြင်ပါက ၎င်းတို့သည် အလွန်ကျေနပ်ပြီး ကြီးမားသော အောင်မြင်မှုခံစားချက်ကို ရရှိကြသည်၊ “နောက်ဆုံးတွင် ငါ ဘုရားသခင်ကို လှောင်ပြောင်ခွင့်ရပြီ။ နောက်ဆုံးတွင် ငါ ကိုယ်တော်၏ အားနည်းချက်ကို မိပြီ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မကြာခဏဆိုသလို ဤသို့သော စိတ်နေသဘောထားဖြင့် တရားဒေသနာများကို နားထောင်ကြသည်။ အထူးသဖြင့် ပြောဆိုသည့် အကြောင်းအရာအချို့က ၎င်းတို့၏ အခြေအနေများနှင့် သရုပ်သကန်များကို ပစ်မှတ်ထားသောအခါ ၎င်းတို့၏ သဘောထားသည် လက်ခံခြင်းသဘောထားတစ်ခု မဟုတ်သည့်အပြင် အောက်ကျို့ခြင်းနှင့် မိမိကိုယ်ကိုနှိမ့်ချခြင်း သဘောထားတစ်ခုလည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်မှု၊ ရွံရှာစက်ဆုပ်မှုနှင့် အော်ဂလီဆန်မှုတို့ကို ခံစားရသည်။ ၎င်းတို့သည် ငါပြောနေသည့်အရာမှာ ဩဝါဒခြွေခြင်းနှင့် စကားကြီးစကားကျယ်များကို တတွတ်တွတ် ရွတ်နေခြင်းမျှသာဖြစ်သည်ဟု ခံစားရသည်။ ၎င်းတို့သည် နားမထောင်လိုကြသည့်အပြင် လက်မခံနိုင်ကြပေ။ အထူးသဖြင့် ၎င်းတို့၏ အကဲဆတ်သောနေရာများနှင့် အားနည်းချက်များကို ထိပါးသောအခါ ၎င်းတို့သည် ပို၍ပင် ရွံရှာစက်ဆုပ်မှုနှင့် အော်ဂလီဆန်မှုကို ခံစားရပြီး အတွင်းစိတ်တွင် အလွန်အမင်း အနေရခက်ကြသည်။ ၎င်းတို့၏ အနေရခက်မှုသည် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဟူသောအချက်မှ နောင်တ သို့မဟုတ် ဝမ်းနည်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ထိုအစား ၎င်းတို့ကို ဖော်ထုတ်ရန် အသုံးပြုသည့် နည်းလမ်းနှင့် ဘာသာစကားအပေါ် ၎င်းတို့၏ အတိုက်အခံလုပ်မှုနှင့် ငြင်းပယ်မှုတို့အပြင် ဖော်ထုတ်မှု၏ အကြောင်းအရာနှင့် ၎င်းတို့၏ ဖော်ထုတ်ခံရသော အနှစ်သာရတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သာမန်အခြေအနေများအောက်တွင် ပုံမှန်လူတစ်ဦးသည် အသင်းတော်အလုပ်တစ်ခုကို တာဝန်ယူသောအခါ ၎င်းတို့သည် နှိမ့်ချခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားဖြင့် အလုပ်အစီအစဉ်များ သို့မဟုတ် အထက်မှ ထောက်ပံ့မှုနှင့် လမ်းပြမှုကို လက်ခံသရွေ့ အချိန်ကာလတစ်ခုကြာပြီးနောက်တွင် တိုးတက်မှုအချို့ ရရှိကြလိမ့်မည်။ ၎င်းတို့သည် ကျွမ်းကျင်လာမည်၊ နည်းလမ်းအချို့ကို ရှာဖွေတွေ့ရှိမည်၊ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအချို့ကို တွေ့ရှိကြလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် အဆက်မပြတ် တိုးတက်ခြင်း၊ ပြောင်းလဲခြင်းနှင့် တစ်စုံတစ်ခုကို ရရှိခြင်းတို့ ဖြစ်ကြလိမ့်မည်။ သို့သော် မိမိတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ခြင်းကို ထားရှိသောသူများမှာမူ ကွဲပြားသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ အတိုက်အခံလုပ်ခြင်း၊ လှောင်ပြောင်ခြင်းနှင့် သတိထားရှောင်ခြင်းတို့ဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းတို့အတွက်မှာမူ ဘုရားသခင်နှင့် သမ္မာတရားသည် ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ ပစ်မှတ်များ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မဆာငတ်ကြပေ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ရန် မိမိတို့၏ ဆုကျေးဇူးများ သို့မဟုတ် အသေးအဖွဲ ဉာဏ်ကောင်းခြင်းကို အားကိုးကြသည်။ ပြဿနာများ သို့မဟုတ် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များကြုံလာလျှင် ၎င်းတို့ လုံးဝ နားမလည်ကြပေ။ မည်သည့်ပြဿနာကို ရင်ဆိုင်ရသည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ယင်းတို့သည် ပင်ပန်းခက်ခဲပြီး ၎င်းတို့ လက်လှမ်းမမီနိုင်ဟု ခံစားရကာ ငါးတစ်ကောင်ကို ကုန်းပေါ်တွင် နေခိုင်းခြင်း သို့မဟုတ် ဝက်တစ်ကောင်ကို ပျံသန်းခိုင်းခြင်းကဲ့သို့ ခံစားရသည်။ ထိုသို့သော လူများသည် မည်မျှကြိုးစားစေကာမူ သမ္မာတရားကို လက်လှမ်းမမီနိုင်ကြချေ။ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ ဘာသာတရား မရှိသူများကဲ့သို့ ပြောဆိုကြသဖြင့် ၎င်းတို့သည် ယုံကြည်လာခဲ့သည့် နှစ်များတစ်လျှောက်လုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ခါမျှ ဖတ်ဖူးခြင်း ရှိမရှိကိုဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ဖူးခြင်း ရှိမရှိကိုဖြစ်စေ၊ အသင်းတော်အသက်တာတွင် တစ်ခါမျှ အမှန်တကယ် ပါဝင်နေထိုင်ဖူးခြင်း ရှိမရှိကိုဖြစ်စေ သင့်အား သံသယဝင်လာစေသည်။ ယင်းမှာ လုံးဝ နားလည်ရခက်ပါသည်။ ထိုသို့သော လူများသည် အလွန် ဒုက္ခပေးသည် မဟုတ်လော။ ၎င်းတို့ကို ဖော်ပြရန် ငါ့တွင် ဝေါဟာရတစ်ခုရှိသည်။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ အရှိန်အဝါမရှိပေ။ ဤသည်မှာ အရှင်းဆုံးအရာကို လုပ်ဆောင်သည့်အခါမှာပင် ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိနိုင်ကြောင်း၊ အားထုတ်လျှင်ပင် ကျွမ်းကျင်လာနိုင်မည် မဟုတ်ကြောင်း ဆိုလိုသည်။ ဝိညာဉ်ရေးရာ အရှိန်အဝါမရှိခြင်းသည် လူတစ်ဦးက ထိုင်းမှိုင်းပြီး နှေးကွေးလေးကန်ပုံပေါက်သည်ဟု မလွဲမသွေ ဆိုလိုခြင်းမဟုတ်ပေ။ ထိုအစား ယင်းမှာ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ဦးနှောက်မဲ့ကြောင်း ဆိုလိုသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်သည်ဖြစ်စေ စည်းမျဉ်းများ သို့မဟုတ် ဦးတည်ချက်ကို မတွေ့ရှိနိုင်ကြသည့်အပြင် မည်မျှကြာအောင် လုပ်သည်ဖြစ်စေ ပါဝင်သော စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ။ ဤသည်မှာ ဘုရားအိမ်တော်ရှိ အမျိုးမျိုးသော အလုပ်များနှင့်ပတ်သက်၍ အထူးသဖြင့် မှန်ကန်သည်။ ထိုသို့သော လူများသည် ပညာတတ်ဖြစ်နိုင်သည်၊ အတော်အတန် ငယ်ရွယ်နိုင်သည်၊ ဉာဏ်ကောင်းပုံပေါက်နိုင်သော်လည်း ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ အထူးသဖြင့် အချိုးမပြေဖြစ်ပုံပေါ်သည်။ ၎င်းတို့ကို ကြည့်နေရုံမျှဖြင့် လူတို့ကို ဒေါသထွက်စေသည်၊ ယင်းမှာ နားလည်ရခက်ပုံရသည်။ ဤနေရာတွင် အသက်ရှင်လျက် အသက်ရှူနေသော လူတစ်ဦး၊ ပညာတတ်ပြီး ဆုကျေးဇူးရှိသူတစ်ဦး ရှိသည်၊ အလုပ်တိုင်းတွင် ၎င်းသည် မည်သို့ ဤမျှ အရည်အချင်းမပြည့်မီနိုင်ရသနည်း။ ၎င်းတို့သည် မည်သို့ ဤမျှ အချိုးမပြေဖြစ်နိုင်ရသနည်း။ ၎င်းတို့ လောကတွင် လုပ်ခဲ့သောအလုပ်သည် မဆိုးခဲ့သည်မှာ အမှန်ပင်ဖြစ်သည်၊ သို့ဖြစ်လျှင် ဘုရားအိမ်တော်၏အလုပ်ကို လုပ်ဆောင်သောအခါ အဘယ်ကြောင့် ဤမျှ အချိုးမပြေဖြစ်ပြီး အသုံးမကျ ဖြစ်နေရသနည်း။ ဤနေရာတွင် ပြဿနာတစ်ခုရှိသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးသောအခါ ၎င်းတို့ နားလည်သမျှမှာ ထိုစကားလုံးအနည်းငယ်နှင့် အယူဝါဒများသာ ဖြစ်သည်။ ၎င်းတို့သည် စကားပြောသောအခါ ကြွေးကြော်သံများကိုသာ ဟစ်ကြွေးကြပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် လုံးဝ စည်းမျဉ်းများမရှိကြပေ။ ၎င်းတို့ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင် ၎င်းတို့ ပြောဆိုသည့်အရာမှာ စိုးစဉ်းမျှ တိုးတက်မှုမရှိဘဲ အတူတူပင်ဖြစ်သော အကြောင်းအရာဟောင်းများသာ ဖြစ်နေဆဲဖြစ်သည်။ ပလတ်စတစ်ပန်းများကဲ့သို့ ၎င်းတို့သည် လုံးဝ ပြောင်းလဲခြင်းမရှိကြပေ။ ၎င်းတို့တွင် မိမိကိုယ်ကို သိကျွမ်းခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသို့ ဝင်ရောက်မှုမရှိ၊ မည်သည့်အရာကိုမျှ ရရှိခြင်းမရှိကြပေ။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ ပုံပြင်များ ပြောနေခြင်း သို့မဟုတ် အိမ်တွင်းရေးကိစ္စများအကြောင်း ပြောနေခြင်းကဲ့သို့ ဖြစ်သည်၊ အဘယ်ကြောင့် ဤမျှ ကိုးရိုးကားယားနိုင်ပုံပေါက်ရသနည်း။ အခြားသူများက “ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ရမည်၊ ကျွန်ုပ်တို့၏ ရိုးသားစစ်မှန်မှုကို ပေးဆပ်ရမည်၊ ကျွန်ုပ်တို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်၊ ဘုရားသခင်အတွက် ကျွန်ုပ်တို့ကိုယ်ကို အသုံးခံရမည်” ဟု ပြောဆိုကြသည်။ သို့သော် ၎င်းတို့က မည်သို့ ပြောဆိုကြသနည်း။ “ကြိုးစားလုပ်ကြစို့၊ မိမိတို့ အစွမ်းရှိသမျှ အားစိုက်ကာ ကောင်းကောင်းလုပ်ကြစို့” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကို ဆယ်စုနှစ်တစ်ခုကျော် ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် “တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်သည်” ဟူသော စကားလုံးများကိုပင် မပြောနိုင်ကြပေ။ ၎င်းတို့ ပြောတတ်သမျှမှာ “ပိုပြီး အားထုတ်လော့၊ အလုပ်ပိုလုပ်လော့၊ ဘုရားအိမ်တော်အတွက် အမှုအရာတွေလုပ်လော့၊ ဘုရားအိမ်တော်အတွက် အလုပ်လုပ်ဖို့ ကျွန်ုပ်တို့၏ အသက်ကို ရည်စူးဆက်ကပ်ကြပါစို့။ ကျွန်ုပ်တို့ထံတွင် ထိုမျှ မရှိသော်လည်း ကျွန်ုပ်၏ အစွမ်းခွန်အား ရှိသည်” ဟူ၍ ဖြစ်သည်။ ဤအရာများအားလုံးသည် သာမန်လူများ ပြောဆိုသည့်အရာများ ဖြစ်သည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ ဝေါဟာရများကိုပင် အပြည့်အဝ အသုံးမပြုနိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို အတော်အတန်နှစ်များစွာ၊ အနည်းဆုံး ခုနစ်နှစ်၊ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကျော် ယုံကြည်ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်များကို အစဉ်သဖြင့် ထမ်းဆောင်နေခဲ့ကြပြီး တရားဒေသနာများကိုလည်း အတန်သင့် နားထောင်ခဲ့ကြပြီးဖြစ်သည်။ သို့ဖြစ်လျှင် စကားပြောသောအခါ အဘယ်ကြောင့် ဝိညာဉ်ရေးရာ ဝေါဟာရများကို ကောင်းစွာ အသုံးမပြုနိုင်ကြသနည်း။ ထိုသို့သော လူများသည် နေ့စဉ်နေ့တိုင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို တွေးတောနေကြသနည်း၊ စွဲလန်းနေကြသနည်း၊ ဆင်ခြင်သုံးသပ်နေကြသနည်း၊ စဉ်းစားနေကြသနည်း။ ယင်းမှာ လုံးဝ လျှို့ဝှက်ဆန်းကြယ်လှပါတကား။ သင်သည် ၎င်းတို့ကို အချိန်ကာလတစ်ခုအထိ စောင့်ကြည့်လေ့လာပါက ၎င်းတို့ နေ့စဉ်နေ့တိုင်း တွေးတောသည့်အရာ၊ ဆင်ခြင်သုံးသပ်သည့်အရာနှင့် စွဲလန်းနေသည့်အရာမှာ အမှန်တကယ်တွင် ထိုဇာတိပကတိဆိုင်ရာ ကိစ္စရပ်များအားလုံးဖြစ်ကြောင်း သင် တွေ့ရှိလိမ့်မည်။ ၎င်းတို့သည် စိတ်သဘောထား ကျဉ်းမြောင်းသည်၊ သဘောထားသေးသိမ်သည်၊ အလွန်အမင်း အသေးစိတ်သည်၊ မည်သူက ကောင်းပြီး မည်သူက ဆိုးသည်၊ ပုဂ္ဂိုလ်ရေး ရန်ငြိုးများနှင့် သမ္မာတရားနှင့် မည်သို့မျှမသက်ဆိုင်သော အခြားထိုသို့သော အသေးအဖွဲ၊ အဓိပ္ပာယ် မဲ့သည့်အရာများတွင် တစ်နေ့လုံး နစ်မွန်းနေကြသည်။ ၎င်းတို့၏ အတွေးအခေါ်များ၊ စိတ်ကူးများနှင့် ရှုမြင်ပုံများအားလုံးသည် မှားယွင်းသည်၊ အဓိပ္ပာယ်မရှိ၊ အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသည်။ အပြင်ပန်းအားဖြင့် ထိုသို့သော လူများသည် ပညာတတ်ပုံပေါ်ပြီး အစွမ်းအစရှိကြသည်၊ အချို့သည် လူ့အဖွဲ့အစည်းတွင် စီးပွားရေးလုပ်ငန်းများကိုပင် လုပ်ကိုင်ခဲ့ကြဖူးသည်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် အဘယ်ကြောင့် ၎င်းတို့တွင် ဝိညာဉ်ရေးရာ အရှိန်အဝါ စိုးစဉ်းမျှမရှိပုံ ပေါက်ရသနည်း။ သင် ၎င်းတို့ကို မည်သို့ပင် ကြည့်သည်ဖြစ်စေ ၎င်းတို့သည် သစ်သားရုပ် သို့မဟုတ် စက်ရုပ်တစ်ခုကဲ့သို့သာ ထင်ရသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ အဘယ်ကြောင့် ၎င်းတို့သည် ဤမျှ အချိုးမပြေဖြစ်နေရသနည်း။ အဘယ်ကြောင့် ဝိညာဉ်ရေးရာ ဝေါဟာရများသည် ၎င်းတို့၏ ပါးစပ်မှ ထွက်လာသောအခါ ဤမျှ နားဝင်မချိုဖြစ်နေရသနည်း။ ၎င်းတို့သည် စကားကို သံယောင်လိုက်ပြောနိုင်သော ကြက်တူရွေးတစ်ကောင်လောက်ပင် မကောင်းကြပေ။ သင်သည် ကြက်တူရွေးတစ်ကောင်ရှေ့တွင် “အာမင်၊ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါ၏” ဟု ဆက်တိုက်ပြောနေပါက ၎င်းသည် အလွန်ကျွမ်းကျင်စွာ ပြောရန် သင်ယူနိုင်သည်။ သို့သော် ဤလူများသည် “ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါ၏” ဟုပင် မပြောနိုင်ကြပေ၊ ၎င်းတို့က “ကျေးဇူးပါပဲ၊ ဘုရားသခင်” ဟု ပြောဆိုကြသည်။ ပြီးလျှင် သင်သည် အမှုအရာများကို ကိုင်တွယ်ရန် ၎င်းတို့၏ စည်းမျဉ်းများကို ကြည့်ပါက ၎င်းတို့ နေ့စဉ်နေ့တိုင်း မိမိတို့၏ စိတ်နှလုံးထဲတွင် တွေးတောသည့်အရာ၊ တွက်ချက်သည့်အရာ၊ စီစဉ်သည့်အရာနှင့် အတွင်းစိတ်တွင် လိုက်စားရန် အလွန်နှစ်သက်ပြီး စိတ်အားထက်သန်သည့်အရာတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝမသက်ဆိုင်ပေ။ ယင်းတို့အားလုံးသည် ဆိုးယုတ်သော ရေစီးကြောင်းများ၏ အရာများ၊ အပျက်သဘောဆောင်သော အရာများ ဖြစ်ကြသည်။ ထို့ကြောင့် ဤလူများ မိမိတို့၏ စိတ်နှလုံးထဲတွင် တွေးတောသည့်အရာအားလုံးသည် ဆိုးယုတ်သည်၊ ဤပြောဆိုချက်သည် စိုးစဉ်းမျှ မမှားယွင်းပေ။ ၎င်းတို့သည် စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့သည့်အခါမှာပင် ၎င်းတို့၏ မိတ်သဟာယဖွဲ့သည့် အကြောင်းအရာနှင့် ၎င်းတို့ ထုတ်ဖော်သည့် အတွေးအခေါ်များနှင့် အမြင်များအားလုံးသည် လွဲချော်နေသည်။ ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ မရှာဖွေကြသည့်အပြင် မည်သည့်ဉာဏ်အလင်းရခြင်းကိုမျှ သို့မဟုတ် မည်သည့်အလင်းပေးခြင်းကိုမျှ မရရှိနိုင်ကြပေ။ အခြားသူများက မိတ်သဟာယဖွဲ့ပြီး ၎င်းတို့၏ ကိုယ်ပိုင်ဉာဏ်အလင်းရခြင်း၊ အလင်းပေးခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းတို့ကို မျှဝေသောအခါ ၎င်းတို့သည် အလွန် နေရခက်ပြီး မဝင်ဆံ့သည့်အပြင် မည်သည့်အရာ လုပ်ရမည်ကို လုံးဝမသိဘဲ ဖြစ်နေပုံပေါ်သည်။ ပင်ပန်းစွာ အလုပ်လုပ်ခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် အင်အားအချို့ရှိပြီး ကြိုးစားလုပ်ကိုင်လိုစိတ် ရှိကြသော်လည်း သင်က ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် တောင်းဆိုပါက ၎င်းတို့သည် တစ်ခွန်းမျှ မပြောနိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ လူတို့သည် ဘဝတွင် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသင့်သည် သို့မဟုတ် လိုက်စားရန် အဘယ်အရာက အတန်ဖိုးဆုံးဖြစ်သည်ကို မည်သည့်အခါမျှ သဘောမပေါက်ကြပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသော လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်ရောက်သောအခါ ဘဝတွင် လူတို့ ပိုင်ဆိုင်သင့်သော သာမန်အသိတရားနှင့် ထိုးထွင်းဉာဏ်အချို့ကို အသိအမှတ်ပြုနိုင်သည်၊ ပိုမိုနက်ရှိုင်းသောအဆင့်တွင် ၎င်းတို့သည် ဘဝနှင့်ပတ်သက်သော အတွေးအခေါ်အချို့ကိုလည်း သိမြင်နိုင်သည်။ ဘုရားသခင်ကို ယုံကြည်သူများအတွက်မူ ဆိုဖွယ်ရာမရှိပေ၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် သမ္မာတရားအချို့ကို နားလည်နိုင်ပြီး စစ်မှန်သော ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုကို ဖြစ်ပေါ်လာစေနိုင်သည်။ သို့သော် သမ္မာတရားကို မချစ်မြတ်နိုးသောသူများမှာမူ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ ၎င်းတို့၏ အသက်တာ၊ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည် သို့မဟုတ် အသက်တာရှိ ဝိညာဉ်ရေးရာ အရေးကိစ္စများနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် မည်သည့်သဘောပေါက်မှု သို့မဟုတ် မည်သည့်ခံစားချက်မျှ မရှိကြပေ။ ၎င်းတို့သည် အသက်တစ်ရာအထိ အသက်ရှင်လျှင်ပင် ထိုအယူဝါဒအနည်းငယ်ကိုသာ ပြောဆိုနိုင်ပြီး ထိုရှုမြင်ပုံအနည်းငယ်ကို ခေါင်းမာစွာ ဖက်တွယ်ထားကြလိမ့်မည်။ ထိုသို့သော လူများသည် အလွန် ဒုက္ခပေးသည် မဟုတ်လော။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ထိုသို့သော လူများတွင် ဆိုးယုတ်သော လူ့သဘာဝရှိပါက ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများမဟုတ်ဘဲ နားဝေတိမ်တောင်ဖြစ်သော၊ ထုံထိုင်းသော၊ ဉာဏ်ထိုင်းသော လူများသာဖြစ်ပါက ၎င်းတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ (တိရစ္ဆာန်များ ဖြစ်ကြပါသည်။) ယင်းမှာ ၎င်းတို့သည် တိရစ္ဆာန်များမှ လူဝင်စားခြင်းဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ လုံးဝမှန်ကန်သည်။ နတ်ဆိုးများမှ လူဝင်စားသောသူများနှင့် တိရစ္ဆာန်များမှ လူဝင်စားသောသူများ နှစ်မျိုးစလုံးတွင် တူညီသော လက္ခဏာတစ်ခု ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြသည့်အပြင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သရွေ့ နတ်ဆိုးများမှ လူဝင်စားသောသူများသည် သိသာထင်ရှားသော အလွန်အမင်း မနှစ်မြို့မှုနှင့် အတိုက်အခံဖြစ်မှုတို့ကို ပြသကြသည်၊ ၎င်းတို့တွင် သမ္မာတရားတစ်ခုချင်းစီကို ပစ်မှတ်ထားသည့် ရှင်းလင်းသော စိတ်ကူးများ၊ အတွေးအခေါ်များနှင့် အမြင်များ ရှိကြသည်။ သို့သော် တိရစ္ဆာန်များမှ လူဝင်စားသောသူများမှာမူ ရှင်းလင်းသော အတွေးအခေါ်များနှင့် အမြင်များ မရှိကြပေ၊ ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ရွံရှာစက်ဆုပ်မှုကိုသာ ခံစားရပြီး သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့တွင် လုံးဝ မခိုင်လုံသော လွဲချော်သည့် အတွေးအခေါ်များနှင့် အမြင်အချို့လည်း ရှိကြသည်။ ဤအရာများသည် လူအများရှေ့သို့ ထုတ်ပြ၍မရနိုင်သော အမြင်များဖြစ်ပြီး မည်သည့်ပုံမှန်လူကမျှ မည်သည့်အခါမျှ ပြောဆိုမည်မဟုတ်သော အမြင်များဖြစ်သော်လည်း ၎င်းတို့သည် ထိုအရာများကို အလွန်တန်ဖိုးထားကြသည်။ အတိုချုပ်အားဖြင့် နတ်ဆိုးများမှ လူဝင်စားသောသူများနှင့် တိရစ္ဆာန်များမှ လူဝင်စားသောသူများ နှစ်မျိုးစလုံး၏ သရုပ်သကန်များမှာ သမ္မာတရားအပေါ် အလွန်အမင်း ရွံရှာစက်ဆုပ်မှုနှင့် စက်ဆုပ်မုန်းတီးမှု သဘောထားရှိခြင်း ဖြစ်သည်။ ယခင်အမျိုးအစားသည် အလွန်အမင်း ပုဂ္ဂလဓိဋ္ဌာန်ကျသော ရွံရှာစက်ဆုပ်မှု၊ စက်ဆုပ်မုန်းတီးမှုနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ပိုင်ဆိုင်ကြသည်၊ နောက်ပိုင်းအမျိုးအစားသည် စိတ်မပါ့တပါဖြစ်သော ရွံရှာစက်ဆုပ်မှု၊ စက်ဆုပ်မုန်းတီးမှုနှင့် ခပ်ခွာခွာနေခြင်းတို့ ရှိကြသည်၊ ယင်းမှာ ထိုမျှ အစွန်းမရောက်သော်လည်း သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား၏ သဘာဝမှာ အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဤလူအမျိုးအစားနှစ်မျိုးသည် တရားဒေသနာမည်မျှကို ကြားရသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာများကို လုံးဝ လက်မခံနိုင်သောကြောင့် ၎င်းတို့ကို အဓိပ္ပာယ်မဖော်နိုင်သည့်အပြင် နားလည်နိုင်ခြင်းလည်း မရှိပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ယုံကြည်ပြီး ဝိညာဉ်ရေးရာ ဝေါဟာရများကို အပြည့်အဝ သို့မဟုတ် ကောင်းစွာ အသုံးမပြုနိုင်ပါက ဤသည်မှာ ခွင့်လွှတ်နိုင်ဖွယ်ဖြစ်သည်၊ အကြောင်းမှာ လူတိုင်းသည် ဝိညာဉ်ရေးရာ ဝေါဟာရများကို အလွန် မရင်းနှီးသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘာသာစကားအမျိုးအစားသစ်တစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခါစအချိန်၌ ၎င်းတို့ကြားရသော ဝိညာဉ်ရေးရာ ဝေါဟာရများကို ကောင်းစွာ နားမလည်ကြသည့်အပြင် များစွာသော ဝေါဟာရများသည် ၎င်းတို့အတွက် စိမ်းနေသည်။ သို့သော် ဘုရားသခင်ကို ငါးနှစ်ထက်ပို၍ ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် တရားဒေသနာများကို မကြာခဏ နားထောင်ခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် ဤဘာသာစကားနှင့် ထိတွေ့ခြင်းတို့ကြောင့် တဖြည်းဖြည်း ယင်းနှင့် ရင်းနှီးလာကြသည်။ ၎င်းတို့သည် ယင်းကို လွယ်ကူစွာ၊ ကျွမ်းကျင်စွာ၊ သဘာဝကျစွာနှင့် လွတ်လပ်စွာ ပြောဆိုနိုင်ကြလိမ့်မည်။ ၎င်းတို့သည် ယင်းကို အသုံးပြုနိုင်ကြလိမ့်မည်ဖြစ်ပြီး ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားနှင့် ၎င်းတို့၏ အသက်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်။ ဤအရာများသည် ပုံမှန်လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ပုံမှန်လူများ၏ သရုပ်သကန်များ မရှိသောသူများသည် ဤအရာများကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အခြေခံ ဝိညာဉ်ရေးရာ ဝေါဟာရအချို့ကို ပြောဆိုသည့်အခါမှာပင် အလွန် ကိုးရိုးကားရားနိုင်ပုံပေါက်ပြီး အခြားသူများအတွက် နားလည်ရန် ခက်ခဲသည်။ သင်သည် ထိုသို့သော လူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ လူတို့ကို တည်ဆောက်စရာ ဖြစ်သော သို့မဟုတ် ဆင်ခြင်တုံတရားရှိသော သို့မဟုတ် ပြည့်စုံသော စကားတစ်ခွန်းကို ၎င်းတို့ ပြောဆိုသည်ကို သင် ကြားရဖွယ်မရှိပေ။ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ မပြည့်စုံပေ၊ ရှေ့နောက်မညီဖြစ်နေသည်၊ သို့မဟုတ်ပါက ၎င်းတို့၏ တွေးခေါ်မှုတွင် ယုတ္တိမရှိဘဲ အဓိပ္ပာယ်မဲ့သော စကားများသာ ဖြစ်နေသည်။ ဤမျှကြာအောင် အသက်ရှင်ခဲ့ပြီးသော်လည်း ၎င်းတို့သည် စကားပြောဆိုပုံကိုပင် မသိကြသေးပေ။ ၎င်းတို့ တွေးတောနေသည့်အရာ သို့မဟုတ် တွေ့ကြုံခဲ့သည့်အရာကို ၎င်းတို့သည် မဖော်ပြနိုင်၊ မဖော်ကျူးနိုင်၊ အသေအချာ မရှင်းပြနိုင်ကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဝက်တစ်ပျက် ပြောဆိုကြသည်၊ အစဉ်သဖြင့် မိုက်မဲမှုကို ထုတ်ပြနေကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် လွဲချော်သော အတွေးအခေါ်များနှင့် အမြင်များကို ဖော်ပြနေကြသည်။ သင် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှကြည့်သည်ဖြစ်စေ၊ နေ့စဉ်ဘဝတွင် ၎င်းတို့၏ လူ့သဘာဝ၏ ထုတ်ဖော်မှုများနှင့် သရုပ်သကန်များမှ ကြည့်သည်ဖြစ်စေ၊ ဤမျှနှစ်များစွာ အသက်ရှင်ပြီးနောက်တွင် မည်သည့်အရာမျှ မရရှိခဲ့သည်ဟူသောအချက်မှ ကြည့်သည်ဖြစ်စေ ထိုသို့သော လူများသည် လူမဟုတ်သူများ ဖြစ်ကြသည်။ လူမဟုတ်သူများအတွက် သမ္မာတရားကို နားလည်လာရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) ထိုသို့သော လူများအတွက် သမ္မာတရားကို နားလည်ရန် မလွယ်ကူကြောင်း ယခုအခါတွင် ပို၍ပို၍ ရှင်းလင်းလာနေသည်။
မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို သိခြင်းနှင့်ပတ်သက်၍မူ ဤဥပမာများကို ဆွေးနွေးပြီးနောက်တွင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ယခု သင်တို့ သိလောက်သည် မဟုတ်လော။ ငါတို့ ဆွေးနွေးခဲ့သော ဥပမာအများစုမှာ အပျက်သဘောဆောင်သည်။ ဤအပျက်သဘောဆောင်သော ဥပမာများနှင့် နှိုင်းယှဉ်ခြင်းမှတစ်ဆင့် လူတို့သည် မည်သည့်အရာများက အပြုသဘောဆောင်သော အရာများဖြစ်သည်ကို အခြေခံအားဖြင့် သိသင့်သည်။ လူ့သဘာဝ၏ အရည်အသွေးများကို ပိုင်ဆိုင်သော မည်သူမဆို ထိုသို့သော အပျက်သဘောဆောင်သော အရာများကို သိရှိနားလည်ကြသည်။ ထို့ကြောင့် ပုံမှန်လူတစ်ဦးသည် ထိုသို့သော အရာများကို အထူးအခြေအနေများ အောက်တွင်သာ လုပ်ဆောင်မည်ဖြစ်ပြီး ယင်းတို့ကို လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့သည် စိတ်မကောင်းဖြစ်ကာ နာကျင်ခံစားရပြီး နောင်တရသော သဘောထားရှိပေမည်။ သို့သော် လူမဟုတ်သူများမှာမူ ကွဲပြားသည်။ ၎င်းတို့သည် ဤအရာများကို နှစ်တစ်ရာကြာ လုပ်ဆောင်လျှင်ပင် မှားယွင်းကြောင်း သိမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ မှန်ကန်သည်ဟု ထင်နေဆဲဖြစ်ပြီး အဆုံးတိုင် ခေါင်းမာမာ ဆက်လုပ်ကြလိမ့်မည်။ သင်က ၎င်းတို့ လုပ်ဆောင်နေသည့်အရာ မှားယွင်းကြောင်း ဖော်ထုတ်ပါက ၎င်းတို့က “မည်သည့်အကြောင်းပြချက်ဖြင့် သင်က ကျွန်ုပ် လုပ်နေသည့်အရာ မှားသည်ဟု ပြောရသနည်း။ ကျွန်ုပ်သည် ဤအရာကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ မည်သူမျှ ကျွန်ုပ် မှားသည်ဟု တစ်ခါမျှ မပြောခဲ့ဖူးပါ” ဟု ပြန်လည်ချေပကြလိမ့်မည်။ ၎င်းတို့ ဤသို့ပြောဆိုသည်ကို သင် ကြားသောအခါ မည်သို့ ခံစားရသနည်း။ (ဤသူသည် ဆင်ခြင်တုံတရား ကင်းမဲ့သူဖြစ်သည်ဟု ကျွန်ုပ် ခံစားရပါသည်။) ၎င်းသည် ဆင်ခြင်တုံတရား ကင်းမဲ့သူ ဖြစ်ကြသည်။ သင်က ၎င်းအား ဤသို့လုပ်ဆောင်ခြင်းသည် မှားယွင်းကြောင်း ပြောဆိုသော်လည်း ၎င်းသည် လက်မခံဘဲ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို မသိဘဲ ဆက်လက်နေထိုင်ကြသည်။ ထိုအခါ သင်သည် “သင့်ကို ကျိုးကြောင်းပြပြော၍ မဖြစ်နိုင်တော့ပါ။ ဤစကားကို ဆက်မပြောလိုတော့ပါ” ဟုသာ စကားမပြောနိုင်ဘဲ ကျန်ရစ်နိုင်တော့သည်။ လူမဟုတ်သူများ၏ သရုပ်သကန်များကို ယခု သင် ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။) လူမဟုတ်သူများသည် အသက်တာကိစ္စများကိုဖြစ်စေ၊ ခံစားချက် ကိစ္စများကိုဖြစ်စေ၊ မည်သို့ကျင့်ကြံပြုမူပြီး အမှုအရာများကို ကိုင်တွယ်ရမည်ကိုဖြစ်စေ၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့နှင့်ပတ်သက်သော ကိစ္စရပ်များကိုဖြစ်စေ နားမလည်ကြပေ။ ဤအရာများသည် ၎င်းတို့၏ လက်လှမ်းမမီသော အရာများဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ၎င်းတို့သည် လူများနှင့် အရာများကို ဆက်ဆံရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် ထိုမှားယွင်းသော အတွေးအခေါ်များ၊ အမြင်များနှင့် နည်းလမ်းများကို လိပ်ပြာသန့်စွာ ရွေးချယ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ ခေါင်းမာမာ ဆက်လုပ်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းသည် မှန်ကန်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား လုံးဝမရှိကြောင်း ထုတ်ဖော်ပြသသည်။ သို့ဖြစ်၍ ဤလူများသည် လူ့သဘာဝ၏ အရည်အသွေးများကို မပိုင်ဆိုင်ကြောင်း သိသာထင်ရှားသည်၊ ၎င်းတို့သည် လူမဟုတ်သူများ ဖြစ်သည်ဟုသာ ဆိုနိုင်သည်။ ၎င်းတို့သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စွန်းတစ်စမျှ မပိုင်ဆိုင်ကြသည့်အပြင် စာတန်၏ အတွေးအခေါ်များဖြင့် လုံးလုံးလျားလျား အသက်ရှင်ကြပြီး မိမိတို့ကိုယ်ကို အထင်ကြီးကာ မည်သူ့ကိုမျှ အလျှော့မပေးကြပေ။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ဤလူများသည် ဘုရားသခင်အတွက် အနည်းငယ် အသုံးခံပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်ကို ချစ်ပြီး ကိုယ်တော့်ကို ကျိုးနွံနာခံသောသူများဖြစ်သည်ဟု ထင်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ချစ်သည်ဟု အခိုင်အမာဆိုနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ကိုယ်တော်နှင့်ပတ်သက်၍ အယူအဆများ ရှိနေဆဲဖြစ်ပြီး ဘုရားသခင်သည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော အမှုအရာများကို လုပ်ဆောင်သည်ကို မြင်သောအခါ ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ပြီး အတိုက်အခံ လုပ်နိုင်ကြဆဲဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် ၎င်းတို့သည် မိမိတို့သာ ဘုရားသခင်ကို အချစ်ဆုံးသောသူများ ဖြစ်ကြောင်း ရှက်ကြောက်စိတ်မဲ့စွာ ကြေညာဝံ့ကြသေးသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့သူများ မဟုတ်လော။ ဘာသာတရားတွင် ဤကဲ့သို့သော လူများ များစွာရှိသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအကြောင်း ပြောဆိုကြပြီး အပြင်ပန်းအားဖြင့် အယူဝါဒအားလုံးကို နားလည်ပုံရသည့်တိုင် ဘုရားသခင် ဖော်ပြသော သမ္မာတရားကို အသိအမှတ်မပြုနိုင်ကြပေ။ သခင်ယေရှုကို ယုံကြည်နေစဉ်တွင် ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကြသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော့်ကို အတိုက်အခံ လုပ်ကြသည့်အပြင် ကိုယ်တော့်အမှားကို ဖမ်းမိရန် ကြိုးစားပြီး ကိုယ်တော့်ကို တိုက်ပင် တိုက်ခိုက်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဒုက္ခပေးရန် ကျိတ်ကြံစည်ဖို့ အစဉ်သဖြင့် ကြိုးစားနေကြသည်၊ ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ရန် အစဉ်သဖြင့် လိုလားနေကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ခြင်းရှိမရှိကို အကဲဖြတ်ရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ မှန်ကန်ခြင်းရှိမရှိကို အကဲဖြတ်ရန်နှင့် ဘုရားသခင် မှန်ကန်ခြင်းရှိမရှိကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် အစဉ်သဖြင့် လိုလားနေကြသည်။ ထိုသို့သော လူများတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုတလေ ရှိသလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို စားသောက်သည်၊ ကိုယ်တော်၏ ကျေးဇူးတော်များစွာနှင့် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများစွာကို ခံစားရသည့်တိုင် သင်၏ အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုခုကို ဘုရားသခင် လုပ်ဆောင်သည်ကို သင် တွေ့ရှိသရွေ့ သင်သည် ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ဝံ့သည်၊ ဘုရားသခင်ကို အတိုက်အခံ လုပ်ဝံ့သည်၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချဝံ့သည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။ ဆင်ခြင်တုံတရား ကင်းမဲ့သော လူများသည် လူမဟုတ်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် မသင့်တော်သည့်အပြင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန်လည်း မသင့်တော်ပေ။
ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှာ ဤမျှသာဖြစ်သည်။ နှုတ်ဆက်ပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်