၇၃၃ လူသားတို့ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့နေကြသည်

၁ လူတို့သည် သူတို့ကိုယ်သူတို့ များစွာ မတောင်းဆိုကြသော်လည်း ဘုရားသခင်ကို များစွာ တောင်းဆိုတတ်ကြသည်။ သူတို့ကို အထူးသနားကြင်နာမှု ပြရန်၊ သူတို့အပေါ် စိတ်ရှည်သည်းခံရန်၊ သူတို့ကို ချစ်ခင်မြတ်နိုးရန်၊ သူတို့ကို ထောက်ပံ့ပေးရန်၊ သူတို့ကို ပြုံးရယ်ပြရန်နှင့် နည်းလမ်းများစွာဖြင့် သူတို့ကို စောင့်ရှောက်ရန် သူ့ကို သူတို့ တောင်းဆိုကြသည်။ သူတို့သည် သူက သူတို့အပေါ် လုံးဝတင်းကျပ်ခြင်းမရှိရန် သို့မဟုတ် သူတို့ကို စိုးစဥ်းမျှပင် ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မပြုရန် သူ့ကို မျှော်လင့်ကြပြီး သူ့အနေဖြင့် သူတို့ကို နေ့ရက်စဉ်တိုင်း ချော့မော့မှသာ သူတို့ကျေနပ်ကြသည်။ လူသားများမှာ ဆင်ခြင်တုံတရားအရာ၌ အလွန်ချို့တဲ့လေစွ။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာ၊ မိမိတို့ ပြီးမြောက်သင့်သည့်အရာ၊ မိမိတို့ ရှိသင့်သည့် ရှုထောင့်အမြင်များ၊ ဘုရားသခင်ကို အစေခံဖို့ရာတွင် မိမိတို့ ရပ်တည်သင့်သည့် အနေအထားနှင့် မိမိတို့ကိုယ်ကိုယ် ထားရှိဖို့ မည်သည့်အနေအထားက ၎င်းတို့အတွက် သင့်လျော်သည်ဆိုသည်တို့အပေါ် မရှင်းလင်းကြချေ။ အဆင့်အတန်း အနည်းငယ်မျှရှိသည့် လူတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အထင်ကြီးကြပြီး၊ အဆင့်အတန်းမရှိသည့် လူတို့သည်လည်း မိမိတို့ကိုယ်ကိုယ် အတော်လေး အထင်ကြီးကြ၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ မသိရှိကြချေ။

၂ လတ်တလောတွင်၊ သင်တို့သည် အလွန်များစွာသော တောင်းဆိုချက်များရှိကြပြီး ၎င်းတို့က လွန်စွာ လွန်ကဲလေသည်။ သင်တို့၏ ရည်ရွယ်ချက်များစွာက သင်သည် မှန်ကန်သည့် နေရာတွင် ရပ်တည်ခြင်းမရှိ၊ သင်၏ ရာထူးက မြင့်လွန်းပြီး သင်က ဘုရားသခင်ထက် သိပ်မနိမ့်ကျသည့်အလား သင့်ကိုယ်သင် အလွန်ဂုဏ်သရေရှိသူအဖြစ် ရှုမြင်ပြီးဖြစ်သည်ကို သက်သေပြသည်။ ထို့ကြောင့်၊ သင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲပြီး ဤသည်မှာ စာတန်၏ သဘောသဘာဝ အတိအကျ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင့်ကို ဘုရားသခင် မည်သို့ ပြောဆိုပါစေ၊ သူက သင်နှင့်ပတ်သက်၍ မည်မျှတင်းကျပ်ပါစေ၊ ပြီးလျှင် သင့်ကို သူ မည်မျှ လျစ်လျူရှုပါစေ၊ ညည်းညူခြင်းမရှိဘဲ ဆက်ယုံကြည်ကာ သင်၏ တာဝန်ကို လုပ်ဆောင်နေကျအတိုင်း ဆက်လက်လုပ်ဆောင်နိုင်သည့် အတိုင်းအတာအထိ သင် ရောက်လာရမည်။ ထိုအခါ သင်သည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသည့် လူတစ်ဦးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဝိညာဉ်အသက်တာ အချို့နှင့် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား အနည်းငယ် သင် အမှန်တကယ်ရှိလိမ့်မည်။ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုလိမ့်မည်မဟုတ်၊ လွန်ကဲသော စိတ်ဆန္ဒများ သင် ရှိတော့မည် မဟုတ်သကဲ့သို့၊ သင်၏ နှစ်သက်မှုများအတိုင်း အခြားသူများအပေါ် သို့မဟုတ် ဘုရားသခင်အပေါ် တောင်းခံချက်များ သင် ပြုတော့မည်မဟုတ်။ ဤအရာက၊ သင်သည် အတော်အတန် အတိုင်းအတာတစ်ခုအထိ လူသားတစ်ဦး၏ ပုံသဏ္ဌာန် ပိုင်ဆိုင်သည်ကို ပြလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၃၂ လူသားသည် အဘယ်ကြောင့် ဘုရားသခင်ကို အမြဲတောင်းဆိုမှုများ ပြုသနည်း

နောက်တစ်ခုသို့- ၇၃၄ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုသည့်အခါ သူ့ကို သင် အာခံဖို့ အလားအလာရှိသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။