အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည်

လူတို့၏ အရည်အချင်း မြှင့်တင်ခြင်းဆိုသည်မှာ သင်တို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့နှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ရမည်ကို သိရှိဖို့အလို့ငှာ သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်းများကို တိုးတက်စေဖို့ သတ်မှတ်ခြင်းဟု ဆိုလိုပေသည်။ ဤသည်မှာ အားလုံးထဲတွင် အခြေခံကျဆုံး သတ်မှတ်ချက် ဖြစ်သည်။ ငါပြောသည့် အရာကို နားမလည်ဘဲ ငါ့နောက်သို့ သင် လိုက်ပါက၊ သင်၏ ယုံကြည်ခြင်းသည် မရေမရာ ဖြစ်နေသည် မဟုတ်လော။ နှုတ်ကပတ်တော် မည်မျှ ငါ မိန့်မြွက်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များကို သင်တို့ လက်လှမ်းမမီနိုင်ပါက၊ မည်သည့်အရာကို ငါပြောသည်ဖြစ်စေ သင်တို့ သိပ်နားမလည်ပါက၊ ဤသည်မှာ သင်တို့ အရည်အချင်းညံ့ဖျင်းသည်ဟု ဆိုလိုပေသည်။ သဘောပေါက် နားလည်နိုင်စွမ်းများ မရှိဘဲ၊ ငါပြောသည့်အရာများထဲမှ မည်သည့်အရာကိုမျှ သင်တို့ နားမလည်ပေ၊ ယင်းက လိုချင်သော အကျိုးဆက်ကို ရရှိဖို့ အလွန်ခက်ခဲစေသည်။ သင်တို့ကို ငါ တိုက်ရိုက် ပြော၍မရသည့် အရာများစွာရှိနေပြီး၊ ရည်ရွယ်သည့် အကျိုးဆက်ကိုလည်း မရရှိနိုင်၊ ထို့ကြောင့် နောက်ထပ်အလုပ် လိုအပ်ပေသည်။ သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို သိမြင်နိုင်စွမ်းနှင့် သင် အသက်ရှင်သည့် စံနှုန်းများသည် မပြည့်ဝလွန်းသည့်အတွက်၊ “အရည်အချင်း မြှင့်တင်ခြင်း” အလုပ်ကို သင်တို့တွင် ဆောင်ရွက်ရမည်ဖြစ်သည်။ ဤအရာကို ရှောင်လွှဲမရသကဲ့သို့၊ အခြားနည်းလမ်းလည်း မရှိပေ။ ဤသို့ဖြင့်သာ အချို့သော အကျိုးဆက်များကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ ငါပြောသမျှသော နှုတ်ကပတ်တော်အားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ ထိုအခါ သင်တို့အားလုံးသည် အပြစ်သားများအဖြစ် သမိုင်းတွင်သွားကြလိမ့်မည် မဟုတ်လော။ သင်တို့သည် ကမ္ဘာမြေ၏ လူဖျင်းများ ဖြစ်သွားကြလိမ့်မည် မဟုတ်လော။ သင်တို့၌ မည်သည့်အမှု ဆောင်ရွက်လျက်ရှိပြီး သင်တို့ကို မည်သည့်အရာ တောင်းဆိုထားသည်ကို သင်တို့ မသိကြသလော။ သင်တို့၏ ကိုယ်ပိုင်အရည်အချင်းကို သင်တို့ သိသင့်သည်။ ယင်းသည် ငါ၏ သတ်မှတ်ချက်များကို လုံးဝ မဖြည့်ဆည်းပေ။ ဤအရာက ငါ၏အမှုကို နှောင့်နှေးစေသည် မဟုတ်လော။ သင်တို့၏ လက်ရှိ အရည်အချင်းနှင့် လက်ရှိ သင်၏ အကျင့်စရိုက် အခြေအနေပေါ် အခြေခံ၍၊ သင်တို့ထဲမှ မည်သူမျှ ငါ့ကို သက်သေခံဖို့ မသင့်တော်သကဲ့သို့ ငါ၏ အနာဂတ်အမှုနှင့်ဆိုင်သည့် လေးလံသော တာဝန်များကို ထမ်းဆောင်ခြင်း အလုပ်ကို သင်တို့မည်သူမျှ မထမ်းဆောင်နိုင်ပေ။ သင်တို့ အလွန်အမင်း အရှက်မရကြသလော။ ဤသို့ သင် ဆက်ဖြစ်နေပါက၊ ငါ၏ အလိုကို သင် အဘယ်သို့ ဖြည့်ဆည်းနိုင်မည်နည်း။ သင်သည် သင်၏အသက်တာကို အစွမ်းကုန် အသက်ရှင်သင့်၏။ အချိန်ကို အလဟဿ မကုန်စေနှင့်- ထိုသို့ အချိန်ကုန်စေခြင်းသည် တန်ဖိုးမရှိပေ။ မည်သည့်အရာများဖြင့် သင် ပြင်ဆင်ထားသင့်သည်ကို သင် သိသင့်သည်။ မိမိကိုယ်ကိုယ် ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သူဟု မထင်လေနှင့်- သင် သွားရမည့် ခရီးဝေးသေး၏။ သင်သည် လူ့သဘာဝ၏ အနိမ့်ဆုံး သာမန်အသိစိတ်ပင် မပိုင်ဆိုင်ပါက၊ နောက်ထပ် မည်သည့်အရာ ပြောစရာရှိသနည်း။ ထိုအရာအားလုံး အချည်းနှီး ဖြစ်သည်မဟုတ်လော။ ငါတောင်းဆိုသည့် လူ့သဘာဝနှင့် အရည်အချင်းတို့အတွက်မူ၊ သင်တို့ တစ်ဦးတစ်ယောက်မျှ အပြည့်အဝ အရည်အချင်းမမီကြချေ။ အသုံးပြုရန်အတွက် သင့်တော်သည့်သူတစ်ဦး ရှာတွေ့ရန်မှာ အလွန့်အလွန် ခက်ခဲပေသည်။ သင်တို့သည် ငါ့အတွက် သာ၍ကြီးမားသော အမှုကို လုပ်ဆောင်နိုင်စွမ်းရှိပြီး ငါ့ထံမှ သာ၍ ကြီးမားသော အရာများ ပေးအပ်ခြင်းခံရနိုင်စွမ်း ရှိသည်ဟု မိမိတို့ကိုယ်ကိုယ် ယုံကြည်ကြသည်။ အမှန်တွင်၊ သင်တို့၏ မျက်စိရှေ့ တည့်တည့်တွင်ရှိသည့် သင်ခန်းစာများစွာထဲသို့ မည်သို့ ဝင်ရောက်ရမည်ကိုပင် သင်တို့ မသိကြချေ- ထို့ကြောင့် သင်သည် သာ၍ နက်ရှိုင်းသော သမ္မာတရားများထဲသို့ ဝင်ရောက်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။ သင်တို့၏ ဝင်ရောက်ခြင်းသည် အဆင့်ဆင့်ပြုလုပ်သည့် လုပ်နည်းကိုင်နည်း တစ်ခုကို သုံးသင့်ပြီး နည်းနည်းစီ လုပ်သင့်ပေသည်။ ယင်းသည် ပရမ်းပတာမဖြစ်ရ- ဖြစ်ပါက မကောင်းပေ။ အလွန်ပေါ့တန်ဆုံးသော ဝင်ရောက်မှုဖြင့် စတင်လော့- နားလည်မှုနှင့် ရှင်းလင်းမှု သင်တို့ရသည်အထိ ဤနှုတ်ကပတ်တော်များကို တစ်ကြောင်းပြီး တစ်ကြောင်းဖတ်ရှုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့်အခါ၊ မြင်းပေါ် ဒုန်းဆိုင်းစီးစဉ် ပန်းများကို ကြည်နူးစွာ ကြည့်သကဲ့သို့ ဝေ့ကာသော့၍ မဖတ်လေနှင့်၊ ပြီးလျှင် ဟန်ဆောင် လုပ်ပြခြင်းမျှ မပြုနှင့်။ သင် အသိပညာကို တိုးတက်စေဖို့ (သဒ္ဒါ သို့မဟုတ် နှုတ်မှုစာအုပ်များ ကဲ့သို့သော) ရည်ညွှန်းစာအုပ်အချို့ သင် ပုံမှန်ဖတ်ရှုနိုင်သည်။ အချစ်ဝတ္ထုများ၊ ထူးချွန်ပြောင်မြောက်သောပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများ သို့မဟုတ် လူမှုရေးသိပ္ပံနှင့်ပတ်သက်သော စာအုပ်များကို မဖတ်လေနှင့်။ ဤအရာများသည် အကျိုးမရှိသကဲ့သို့ သင့်ကို ထိခိုက်နစ်နာခြင်းသာ ဖြစ်စေနိုင်သည်။ သင် ဝင်ရောက်ပြီး နားလည်သင့်သည့် အရာဟူသမျှကို သင်က ကျွမ်းကျင်ပိုင်နိုင်ရမည်။ လူတို့၏ အရည်အချင်းကို မြှင့်တင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကိုယ်ပိုင် အနှစ်သာရ၊ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် တန်ဖိုးတို့ကို ၎င်းတို့အား သတိမူမိစေဖို့ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် သမ္မာတရားကို လူတို့ အဘယ်ကြောင့် လိုက်စားရမည် ဆိုသည်နှင့် လူတို့အတွက် ၎င်းတို့၏ အရည်အချင်းကို မြှင့်တင်ခြင်း မပြုသည်မှာ လက်ခံနိုင်စရာ ရှိမရှိဆိုသည်ကို သင် နားလည်သင့်သည်။ သင်တို့ မိမိတို့ကိုယ်ကိုယ် ပညာ တတ်မြောက်လျက် ရှိနေစေရမည်မှာ အလွန်အရေးကြီးပေသည်။ ဤအရာကို သင် လက်မလွှတ်ရ။ လူတို့၏ အရည်အချင်းကို အဘယ်ကြောင့် မြှင့်တင်ရမည်၊ အဘယ်သို့ မြှင့်တင်ရမည်ဆိုသည်နှင့်၊ မည်သည့် ရှုထောင့်များထဲသို့ ဝင်ရောက်ရမည် ဆိုသည်တို့ကို သင်တို့ နားလည်ရမည်။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၏ အဓိပ္ပါယ်၊ ဤအမှုကို အဘယ်ကြောင့် လုပ်ဆောင်ရမည် ဆိုသည်နှင့် လူသားက ဆောင်ရွက်သင့်သည့် အပိုင်းတို့ကို သင်တို့နားလည်ရမည်။ ဥပမာအားဖြင့်၊ ပညာတတ် ဖြစ်လာရာတွင်၊ မည်သည့် ကဏ္ဍများကို လေ့လာသင့်ပြီး၊ ထိုကဏ္ဍများထဲသို့ မည်သို့ ဝင်ရောက်သင့်သည်တို့ကို သင်တို့ နားလည်သင့်၏။ ပညာတတ် ဖြစ်လာခြင်း၏ ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်ကို သင်တို့အားလုံး သိသင့်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နားလည်ရန်နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ရန် ဖြစ်သည် မဟုတ်လော။ ယနေ့တွင် အသင်းတော်များ တစ်လျှောက် မည်သည့်အရာ လွှမ်းမိုးနေသနည်း။ လူတို့ကို မိမိတို့ကိုယ်ကိုယ် ပညာတတ် ဖြစ်လာစေခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအကြောင်းအား မေ့လျော့စေပြီး၊ ပညာတတ်ဖြစ်ခြင်းထက်ကျော်လွန်၍ ၎င်းတို့ တစ်နေ့လုံး မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ သာမန်လူ့သဘာဝ အသက်ရှင်နေထိုင်ရန် ၎င်းတို့ကို သင် တောင်းဆိုပါက၊ ၎င်းတို့အနေဖြင့် မိမိတို့၏အိမ်ရှင်းခြင်း၊ ချက်ပြုတ်ခြင်း သို့မဟုတ် မီးဖိုချောင် အသုံးအဆောင်များ ဝယ်ခြင်းတို့ကိုသာ အာရုံစိုက်ကြလိမ့်မည်။ ဤအရာများသည် ၎င်းတို့၏ အဓိက အာရုံစိုက်ရာဖြစ်လိမ့်မည်- သာမန် အသင်းတော်အသက်ကို မည်ကဲ့သို့ နေထိုင်ရမည်ကိုပင် ၎င်းတို့ သိကြလိမ့်မည်မဟုတ်။ လက်ရှိ အခြေအနေတွင် ရှိသည်ကို သင့်ကိုယ်သင် တွေ့ရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် သင် လမ်းလွဲလေပြီ ဖြစ်သည်။ ထိုသို့ဆိုပါက ဝိညာဉ်ရေးအသက်ထဲသို့ ဝင်ရောက်ရန် သင့်ကို အဘယ့်ကြောင့် တောင်းဆိုရသနည်း။ ထိုအရာများကို သင်ယူခြင်း သက်သက်က သင့်ကို တောင်းဆိုထားသည့် အရာအား ရရှိနိုင်စွမ်းမရှိ ဖြစ်စေရစ်လိမ့်မည်။ အသက်ထဲသို့ ဝင်ရောက်ခြင်းသည် အရေးကြီးဆုံးသောအရာ ဖြစ်နေဆဲဖြစ်သည်။ ဤအတောအတွင်း၊ ထိုအလုပ်ကို လုပ်ဆောင်ခြင်းအတွက် အကြောင်းရင်းမှာ လူတို့ ၎င်းတို့၏ အတွေ့အကြုံများတွင် ကြုံရသည့် အခက်အခဲများကို ဖြေရှင်းဖို့ ဖြစ်သည်။ သင်၏ အရည်အချင်းကို မြှင်တင်ခြင်းသည် လူ့သဘာဝ၊ လူ၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင့်အား ပေး၏။ ယင်း၏ အဓိကရည်ရွယ်ချက်မှာ လူတို့၏ ဝိညာဉ်ရေးရာအသက် ကြီးထွားနိုင်ပြီး ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့ရန်အလို့ငှာ ဖြစ်သည်။ သင့်အနေဖြင့် မည်ကဲ့သို့ ဝတ်ဆင်ပြီး မိမိကိုယ်ကိုယ် ကြည့်ကောင်းအောင် မည်သို့ပြုရမည်ကို သိကောင်း သိနိုင်သည်၊ သင့်အနေဖြင့် ထိုးထွင်းအမြင်ရှိပြီး လိမ္မာပါးနပ်မှု ရှိကောင်းရှိနိုင်သည်၊ သို့သော် နောက်ဆုံးတွင် သင့်အတွက် အလုပ်သွားလုပ်ရမည့် နေ့ရက်ရောက်လာသည့်အခါ၊ သင်မလုပ်ဆောင်နိုင်ချေ။ ထို့ကြောင့် သင်၏ အရည်အချင်းကို မြှင့်တင်စဉ်တွင် မည်သည့်အရာ လုပ်ဆောင်သင့်သည်ကိုလည်း သင် သတိပြုသင့်ပေသည်။ ပန်းတိုင်မှာ သင့်ကို ပြောင်းလဲဖို့ ဖြစ်သည်။ သင်၏ အရည်အချင်းကို မြှင့်တင်ခြင်းသည် ဖြည့်စွက်ချက် ဖြစ်သည်။ သင်၏ အရည်အချင်း မတိုးတက်ပါက၊ အလုပ်ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်၏ စိတ်သဘောထား မပြောင်းလဲပါက သာ၍ပင် ဆိုးပေသည်။ မည်သည့်အရာကိုမျှ ချန်ထား၍မဖြစ်ပေ။ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ထူးကဲလှစွာ သက်သေခံပြီးဖြစ်သည်ဟု မဆိုလိုပေ- သင့်ကို တောင်းဆိုထားသော အရာသည် ဤမျှမရိုးရှင်းပေ။

လူတို့၏ အရည်အချင်းသည် ၎င်းတို့အနေဖြင့် အသိစိတ်နှင့် ပုံမှန်လူ့သဘာဝရှိသည့် လူတို့၏ ဘဝနေထိုင်မှုပုံစံကို ရရှိပြီး အသက်ထဲသို့လည်း ဝင်ရောက်ပြီးဖြစ်သည့် အတိုင်းအတာထိ မြှင့်တင်ခံရပြီးသည့်အခါတွင်သာ- ထိုအခါမှသာ ၎င်းတို့အနေဖြင့် ပြောပလောက်စရာ ပြောင်းလဲမှုများနှင့် သက်သေများ ရှိပေလိမ့်မည်။ သင့်အတွက် သက်သေခံဖို့ နေ့ရက် ရောက်လာသည့်အခါ၊ သင်၏ လူသားအသက်ထဲက ပြောင်းလဲမှုများနှင့် သင့်အတွင်းရှိ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအကြောင်းကိုလည်း သင် ပြောဆိုရမည်ဖြစ်သည်။ ယင်းရှုထောင့်နှစ်ခုကို ပေါင်းစပ်ခြင်းသည်သာ သင်၏ စစ်မှန်သော သက်သေခံချက်နှင့် သင်၏ အကျိုး ဖြစ်သည်။ သင်၏ လူ့သဘာဝသည် အပြင်ပန်း ပြောင်းလဲသော်လည်း၊ အတွင်းတွင် သိနားလည်မှု မရှိခြင်းသည် မလုံလောက်သကဲ့သို့၊ အတွင်းတွင် သိနားလည်မှုနှင့် သမ္မာတရားရှိသော်လည်း၊ အဆုံးတွင် သင်၏ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့ လျစ်လျူရှုပါကလည်း၊ အလုပ်ဖြစ်မည် မဟုတ်ပေ။ ယနေ့ သင့်အပေါ် လုပ်ဆောင်သည့် အမှုသည် ပြစားခြင်းအတွက် မဟုတ်ဘဲ သင့်ကို ပြောင်းလဲဖို့ ဖြစ်သည်။ သင် လုပ်ဆောင်ဖို့ လိုအပ်သမျှမှာ မိမိကိုယ်ကိုယ် ပြောင်းလဲခြင်းအပေါ် အာရုံစိုက်ရန်ဖြစ်သည်။ သင့်အသက်တာတွင် အခြားမည်သည့်အရာမျှ မရှိဘဲ နေ့စဉ် စာရေးသားခြင်းနှင့် နားထောင်ခြင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ။ ရှုထောင့်တိုင်းထဲသို့ ဝင်ရောက်မှု သင်၌ ရှိသင့်သည်။ သန့်ရှင်းသူတစ်ဦး၏ ပုံမှန် အသက်တာ သင်၌ ရှိသင့်၏။ များစွာသော ညီအစ်မများသည် ငယ်ရွယ်သော အမျိုးသမီးများကဲ့သို့လည်းကောင်း၊ ညီအစ်ကိုများသည် မှူးမျိုးမတ်နွယ် သို့မဟုတ် ဩဇာရှိသောသူများကဲ့သို့ လည်းကောင်း၊ သန့်ရှင်းသူတို့၏ တင့်တယ်လျောက်ပတ်သော အမူအကျင့် လုံးဝ ကင်းမဲ့လျက်၊ ဝတ်ဆင်ကြ၏။ လူတစ်ဦး၏ အရည်အချင်းကို မြှင့်တင်ဖို့မှာ ဖြစ်နိုင်သည့်အရာ ဖြစ်သည်- ဤအရာကို အမှတ်မထင် ရရှိပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့မှာ ယင်းသို့ မဟုတ်ပေ- ဤသည်မှာ အဓိကကျသောအရာ ဖြစ်၏။ သင်၏ အရည်အချင်း မြှင့်တင်ခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မစားသောက်ခဲ့သောကြောင့် အဆုံးတွင် အသုံးပြုခြင်းမခံရဘဲ ရှိပါက၊ သင်ယူရန် အားထုတ်မှုများကို သင် ဖြုန်းတီးခဲ့ပြီ မဟုတ်လော။ ရှုထောင့်နှစ်ခုလုံးကို ပေါင်းစည်းရမည်။ သင့်ကို တောင်းဆိုသောအရာကို ဆွေးနွေးနေချိန်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော အသိပညာကို အဘယ့်ကြောင့် ပြောဆိုသနည်း။ ယင်းမှာ လာမည့် အမှု၏ ရလဒ်များအတွက် မဟုတ်လော။ သင်သည် သိမ်းပိုက်ခြင်းခံရပြီးသည့်နောက်တွင် သင်၏ ကိုယ်ပိုင်အတွေ့အကြုံများမှ သက်သေခံနိုင်ရမည် ဖြစ်သည်။ သင်၏ အပြင်ပန်း ပုံပန်းသဏ္ဌာန်သည် ပုံမန်လူ့သဘာဝတစ်ခု ဖြစ်သော်လည်း၊ သင်၏ အတွေ့အကြုံများကို စကားများဖြင့် မပြောဆိုနိုင်ဘဲ အဆုံးသတ်ပါက၊ အလုပ်ဖြစ်မည် မဟုတ်ပေ။ ပုံမှန်ဝိညာဉ်ရေးရာ အသက်တစ်ခု ရှိစဉ်တွင်၊ ပုံမှန်လူ့သဘာဝကိုလည်း သင်ရရှိသင့်၏၊ ယင်း၏ ရှုထောင့်များစွာကို အမှတ်မထင် သင်ယူမိလာလိမ့်မည်။ ကြမ်းပြင်ကို တံမြက်လှည်းခြင်းသည် အထူးလေ့ကျင်မှု တစ်စုံတစ်ရာ လိုအပ်သည်ဟု သင်ထင်သလော။ သာ၍ ဆိုးရွားသည်မှာ အစာစားနေချိန်တွင် သင်၏ တူများကို မည်သို့ ကိုင်တွယ်ရမည်ကို လေ့ကျင့်ရင်း အချိန်တစ်နာရီကုန်ခြင်း ဖြစ်သည်။ ပုံမှန်လူ့သဘာဝတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ ထိုးထွင်းသိမြင်ခြင်း၊ ဆင်ခြင်ဉာဏ်၊ အသိတရားနှင့် အကျင့်စရိုက်တို့ဖြစ်၏။ ဤရှုထောင့်အသီးသီးတွင် ပုံမှန်ဖြစ်ခြင်းကို သင် ရရှိနိုင်ပါက၊ သင်၏ လူ့သဘာဝသည် စံချိန်မီလိမ့်မည်။ သင်သည် ပုံမှန် သက်ရှိလူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိသင့်ပြီး၊ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးနှင့် ဆင်တူသင့်သည်။ သင့်အနေဖြင့် အလွန်များစွာ ရရှိဖို့မလို သို့မဟုတ် လူမှုဆက်ဆံရေး ပရိယာယ်တွင် ပါဝင်ပတ်သက်စရာမလိုပေ။ သင့်အနေဖြင့် အမှုအရာများကို ရိပ်မိနိုင်ဖို့ရန် ပုံမှန် လူတစ်ဦး၏ အသိဉာဏ်ရှိသည့် ပုံမှန်လူသားတစ်ဦး ဖြစ်ဖို့သာ လိုပြီး၊ အနည်းဆုံးအနေဖြင့် ပုံမှန်လူသားတစ်ဦးနှင့် တူရမည် ဖြစ်သည်။ ယင်းသည် လုံလောက်လိမ့်မည်။ ယနေ့ သင့်ကို တောင်းဆိုသည့် အရာအားလုံးသည် သင်၏ တတ်စွမ်းနိုင်မှုများ အတွင်းတွင် ရှိ၏။ ဤသည်မှာ ဘဲကို ငှက်အိပ်တန်းပေါ် မောင်းရန် ကြိုးစားနေသည့် ကိစ္စတစ်ခု မဟုတ်ပေ။ သင့်အပေါ် အချည်းနှီး စကားများ သို့မဟုတ် အချည်းနှီး အလုပ်ကို ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ သင့်အသက်တာထဲတွင် ဖော်ပြထားသည့် သို့မဟုတ် ဖွင့်ပြထားသည့် အကျည်းတန်ခြင်း အားလုံးကို ဖယ်ရှားရမည်။ သင်တို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ စာတန်၏ အဆိပ်များဖြင့် ပြည့်လျှံလျက်ရှိသည်။ သင့်ကို တောင်းဆိုသမျှမှာ ဤဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားဖို့ ဖြစ်သည်။ သင့်ကို အဆင့်မြင့်မားသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျော်ကြားသော လူတစ်ဦး သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး ဖြစ်လာဖို့ တောင်းဆိုထားခြင်း မဟုတ်။ ယင်းတွင် အဓိပ္ပာယ်မရှိချေ။ သင်တို့၌ လုပ်ဆောင်သည့် အမှုသည် သင်တို့ထဲက မွေးရာပါဖြစ်သည့်အရာကိုသာ ထည့်တွက်သည်။ လူတို့ကို ငါတောင်းဆိုသည့်အရာအား အကန့်အသတ်များအတွင်းတွင် သတ်မှတ်ထား၏။ အကယ်၍ သင်သည် ပညာတတ်များ ပြောဆိုသည့် နည်းလမ်းနှင့် အသံနေအသံထားဖြင့် သင် လေ့ကျင့်ခဲ့ပါက၊ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ ယင်းကို သင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ အရည်အချင်းကို ထောက်ဆလျှင်၊ သင်တို့သည် အနည်းဆုံးအနေဖြင့် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုတို့ဖြင့် စကားပြောဆိုနိုင်သင့်ပြီး ကိစ္စရပ်များကို ရှင်းလင်းပြီး နားလည်သဘောပေါက်နိုင်သည့် ပုံစံဖြင့် ရှင်းပြနိုင်သင့်ပေသည်။ ယင်းမှာ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ လိုသမျှ အရာအားလုံး ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ကို ရရှိပါက၊ အလုပ်ဖြစ်ပါလိမ့်မည်။ ယခု အရေးကြီးဆုံးသော အရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို စွန့်ပစ်ခြင်း ဖြစ်သည်။ သင်၌ ထင်ရှားသည့် အကျည်းတန်ခြင်းကို သင်စွန့်ပစ်ရမည်။ ဤအရာများကို သင်မစွန့်ပစ်ပါက၊ အမြင့်ဆုံးသော အသိဉာဏ်နှင့် အမြင့်ဆုံးသော ထိုးထွင်းသိမြင်မှုအကြောင်းကို သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ လူများစွာသည် ခေတ်ကာလ ပြောင်းလဲပြီးဖြစ်သည်ကို မြင်သော်လည်း၊ မည်သည့် နှိမ့်ချခြင်း၊ သို့မဟုတ် စိတ်ရှည်ခြင်း လုံးဝ မရှိကြဘဲ၊ မေတ္တာတရား၊ သို့မဟုတ် သန့်ရှင်းသူကဲ့သို့ အပြုအမူ အနေအထိုင် တစ်ခုမျှ မရှိလျှင်လည်း သာ၍ကောင်းလိမ့်မည်။ ထိုသို့သော လူများသည် အဓိပ္ပါယ်မဲ့လှပါတကား။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ တစ်စက်မျှပင် ရှိကြသလော။ ပြောစရာ သက်သေခံချက် တစ်စုံတစ်ရာ ရှိကြသလော။ ၎င်းတို့သည် ထိုးထွင်းအမြင်နှင့် အသိဉာဏ်တို့ လုံးဝမရှိကြချေ။ လူတို့၏ ကျင့်ကြံမှုများနှင့်ဆိုင်သည့် သွေဖည်ပြီး မှားယွင်းသည့် ရှုထောင့်အချို့ကို ပြုပြင်ဖို့လိုသည်မှာ မှန်ပေ၏။ ဥပမာအားဖြင့် ၎င်းတို့၏ ယခင်က တင်းမာသော ဝိညာဉ်ရေးရာ အသက်များနှင့် ၎င်းတို့၏ တွေဝေထိုင်းမှိုင်းပြီး မိုက်မဲသော သွင်ပြင်- ဤအရာအားလုံးကို ပြောင်းလဲရမည် ဖြစ်သည်။ ပြောင်းလဲခြင်း ဆိုသည်မှာ သင် ပြောဆိုလိုသည့် အရာမှန်သမျှကို ပြောဆိုရင်း၊ သင့်ကို ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ဖို့ သို့မဟုတ် ဇာတိပကတိတွင် မွေ့လျော်ဖို့ အခွင့်ပေးခြင်းကို မဆိုလိုပေ။ သင့်အနေဖြင့် မရေမရာ စကားမပြောရ။ ပုံမှန်လူသားတစ်ဦး၏ အပြောအဆိုနှင့် အပြုအမူတို့ ရှိဖို့ဆိုသည်မှာ “ဟုတ်သည်” ကို “ဟုတ်သည်”၊ “မဟုတ်သည်” ကို “မဟုတ်သည်” ဟု ဆိုရင်း၊ ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ ဖြစ်သည်။ အမှန်တရားများကို ဆုပ်ကိုင်ထားပြီး သင့်တင့်လျောက်ပတ်စွာ ပြောဆိုလော့။ မလှည့်စားနှင့်၊ မုသားမပြောနှင့်။ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပုံမှန်လူတစ်ဦး ရောက်ရှိနိုင်သည့် အတိုင်းအတာများကို နားလည်ထားရမည်။ အကယ်၍ နားမလည်ပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

အရှေ့သို့- ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့

နောက်တစ်ခုသို့- မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။