၁၄၈ လူဇာတိခံ ဘုရားသည် လူသားနှင့် ဘုရား နှစ်မျိုးလုံးဖြစ်၏
၁
လူ့ဇာတိခံယူခြင်းသည် ဘုရားလူ့ဇာတိ၌ ပေါ်ထွန်းခြင်းပါ
လူတို့အကြား လူ့ခန္ဓာဖြင့် သူအလုပ်လုပ်သည်
ဒါကြောင့် လူ့ဇာတိခံယူသောဘုရားသည် ပုံမှန်လူ့သဘာဝနှင့်
အသွေးအသား ဖြစ်ရမည်
ဇာတိ ကိုယ်ထဲ၌ ဘုရားအသက်ရှင်ပြီး အလုပ်လုပ်ခြင်းပါ
သူ၏ တကယ့် အနှစ်သာရတွင်၊ လူသား ဖြစ်လာတာ
လူ့သဘာဝမရှိဘဲ လူ့အသွေးအသားမဖြစ်နိုင်ပါ
၎င်းမရှိ သူတစ်ဦးသည်လည်း လူသားမဖြစ်နိုင်
ဘုရား လူ့ခန္ဓာဖြင့် နေသောအခါ
သူလူ့သဘာဝသည် သူ့၏ပင်ကိုယ်ဂုဏ် ပေ
ဘုရား လူ့ဇာတိခံယူသည့်အခါ သူသည် အကြွင်းမဲ့
ဘုရားသဘောသဘာဝဖြစ်ပြီး လူသားလုံးဝမဟုတ်ဟု မဆိုလေနှင့်
ဒါ ဘုရားကို စော်ကားခြင်း
လူ့ဇာတိခံယူခြင်း၏အမှန်တရားအား ဖီဆန်ခြင်းပင်
ဘုရား လူ့ဇာတိခံယူသည့်အချိန်ကတည်းက
သူ့အနှစ်သာရသည် လူ့သဘာဝနှင့်
ဘုရားသဘာဝဖြစ်ခြင်းတို့ ပေါင်းစပ်ထား၏
ဤပေါင်းစပ်ခြင်းသည် ဘုရားကိုယ်တိုင်ပင်
လောက၌ရှိသော ဘုရားကိုယ်တိုင်ပင်
၂
ဘုရားသည် သူ့အမှုအား သူ၏လူ့သဘာဝထဲ၌ သိုဝှက်ထားသော
ဘုရားသဘာဝအားဖြင့် ပြီးမြောက်စေတာ
သူ့အသွေးသားသည်လူတစ်ဦး
နှင့်ဘုရားအဖြစ်ဘုရား၏မြင့်မြတ်သောအမှုဆောင်ရွက်သောသူဖြစ်၏
ဘုရားသည် အနှစ်သာရနှစ်မျိုးလုံးပါဝင်သော
ခန္ဓာအားဖြင့် လူသားတစ်ဦးဖြစ်လာ
လူအားလုံး၏အထက်၌လည်း ရှိ
သူကဲ့သို့ လူ့ခန္ဓာအပြင်ပန်းကိုယ်ထည်ရှိကြ သူများအထဲ၊
လူ့သဘာဝရှိသည့် သူအားလုံးအထဲ
သူတစ်ပါးသာလျှင် လူ့ဇာတိခံယူသည့် ဘုရားဖြစ်၏
အခြားသူအားလုံး လူသားသက်သက်
ဘုရား လူ့ဇာတိခံယူသည့်အချိန်ကတည်းက
သူ့အနှစ်သာရသည် လူ့သဘာဝနှင့်
ဘုရားသဘာဝဖြစ်ခြင်းတို့ ပေါင်းစပ်ထား၏
ဤပေါင်းစပ်ခြင်းသည် ဘုရားကိုယ်တိုင်ပင်
လောက၌ရှိသော ဘုရား ကိုယ်တိုင်ပင်
ဖန်ဆင်းခံလူသားအားလုံး လူ့သဘာဝတစ်ခုသာ ပိုင်ဆိုင်ကြပြီး
လူ့ဇာတိခံယူသည့် ဘုရားတစ်ပါးသာ
ခန္ဓာကိုယ်နှင့်လူ့သဘာဝ၊ ဘုရားသဘာဝတို့ကို ပိုင်ဆိုင်၏
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်