အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၆

ဘုရားသခင်သည် ဝိညာဉ်လောက၌ လူတို့မတတ်စွမ်းနိုင်ဘဲ ဘုရားသခင်ကိုယ်တိုင်သာ ပြီးမြောက်စေနိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည့် ကြီးမားသောအလုပ်ကို လုပ်ပြီးပြီဖြစ်ကြောင်း သဘောပေါက်သောကြောင့် လူသားတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၌ ကြက်သေသေသွားကြသည်။ ဤအကြောင်းရင်းကြောင့် လူတို့၏ စိတ်နှလုံးများသည် ဆန့်ကျင့်ကွဲလွဲမှုများနှင့် ပြည့်နှက်ကာ “ဘုရားသခင်သည် သနားခြင်းကရုဏာ သို့မဟုတ် ချစ်ခြင်းမေတ္တာ ကင်းမဲ့သောဘုရားသခင်တစ်ဆူ ဖြစ်သည်၊ သို့သော် အတိအကျဆိုပါက လူသားတို့ကို ဆုံးမရန် အခိုင်အမာဆုံးဖြတ်ပြီးသော ဘုရားသခင်တစ်ဆူဖြစ်သည်၊ ထို့ကြောင့် သူသည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် သက်ညှာမှု ပြသင့်သနည်း။ ဘုရားသခင်သည် နောက်ထပ်တစ်ဖန် နည်းလမ်းတစ်ခုသို့ ပြောင်းလဲခဲ့ခြင်း ဖြစ်နိုင်သလော” ဟု သိလိုကြသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်အား သက်ညှာသောနှုတ်ကပတ်တော်များကို နောက်တစ်ဖန် ထပ်၍အဆိုပြုလေသည်။ ဤအယူအဆ၊ ဤအတွေးအခေါ်သည် ၎င်းတို့၏စိတ်အတွင်း ရုပ်လုံးပေါ်လာသည့်အခိုက်အတန့်တွင် ၎င်းတို့သည် အစွမ်းရှိသမျှဖြင့် ၎င်းကို ဆန့်ကျင်၍ ရုန်းကန်ကြသည်။ သို့သော်ငြားလည်း ဘုရားသခင်၏အမှုသည် အခြားအချိန်ကာလတစ်ခုအထိ တိုးတက်ပြီးနောက်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်အတွင်း ကြီးမားသောအလုပ်တစ်ခုကို လက်ခံဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် လူသားတစ်ဦးတစ်ယောက်စီသည် မိမိ၏တာဝန်ကို စတင်ထမ်းဆောင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သောအခါ၊ ယင်းအချိန်တွင် လူသားအားလုံးသည် ဘုရားသခင်၏ ဤနည်းလမ်းအတွင်းကို ၀င်ရောက်ခဲ့ပြီးဖြစ်မည်။ ဤသည်မှာ ဘုရားသခင် ပြောသောအရာနှင့် ပြုသောအရာ၌ အပြစ်အနာအဆာ တစ်စုံတစ်ရာကို မည်သူမျှမတွေ့သည့်အပြင် ဘုရားသခင်သည် မည်သည့်အရာကို ဆက်လက်၍ အမှန်တကယ် ပြုမည်နှင့်စပ်လျဉ်း၍ မည်သူမျှ သိနိုင်ခြင်း သို့မဟုတ် ၎င်းကို မှန်းဆနိုင်ခြင်းပင် မရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်က သူကိုယ်တိုင်၏နှုတ်ဖြင့် “ကောင်းကင်ဘုံအောက်တွင် နေထိုင်သောလူအားလုံးအနက် ငါ၏လက်ဖဝါးအတွင်း၌ မရှိသောသူတစ်စုံတစ်ဦး ရှိသလော။ ငါ၏လမ်းညွှန်မှုနှင့်အညီ ပြုမူလုပ်ဆောင်ခြင်း မရှိသောသူတစ်စုံတစ်ဦး ရှိသလော” ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ သို့သော် ငါသည် သင်တို့ကို အကြံဉာဏ်အနည်းငယ် ပေးမည်၊ သင်တို့ လုံးဝ နားမလည်သော ကိစ္စများတွင် သင်တို့တစ်စုံတစ်ဦးမျှ ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း မပြုကြနှင့်။ ယခုပင် ငါပြောပြီးသောအရာမှာ သင်၏စိတ်အားထက်သန်မှုကို ရပ်တန့်စေရန် မဟုတ်ဘဲ သင်၏လုပ်ဆောင်ချက်များ၌ ဘုရားသခင်၏လမ်းညွန်မှုကို လိုက်နာရေးအတွက် သင့်ကို တိုက်တွန်းရန်ဖြစ်သည်။ “အပြစ်အနာအဆာများ” အကြောင်း ငါပြောခဲ့သည့်အတွက် သင်သည် မည်သည့်အခါမျှ စိတ်ပျက်ခြင်း သို့မဟုတ် သံသယဝင်ခြင်း မဖြစ်သင့်ပေ၊ ငါ၏ရည်ရွယ်ချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အာရုံစိုက်ရန်အလို့ငှာ အဓိက သတိပေးရန်ဖြစ်သည်။ ဘုရားသခင်က “ဝိညာဉ်တော်အတွင်းမှ အရေးကိစ္စများနှင့်ပတ်သက်လာလျှင် သင်သည် ပါးနပ်စွာပင် ဆင်ခြင်ပြုမူသင့်သည်၊ ငါ၏နှုတ်ကပတ်တော်များနှင့် ပတ်သက်လာလျှင်မူ သင်သည် သတိထားပြီးအာရုံစိုက်သင့်သည်။ ငါ၏ဝိညာဉ်တော်နှင့် ငါ၏လူ့ဇာတိကိုယ်ခန္ဓာ၊ ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏လူ့ဇာတိကိုယ်ခန္ဓာတို့ကို ခွဲခြမ်း၍မရနိုင်သည့် တစ်လုံးတစ်ဝတည်းအဖြစ် သင်ရှုမြင်သည့်အနေအထားသို့ရောက်အောင် ရည်ရွယ်ထားရမည်၊ ထိုသို့အားဖြင့် လူသားအားလုံးသည် ငါ၏မျက်မှောက်တော်ထဲ၌ ငါ့အား စိတ်ကျေနပ်စေနိုင်ရန်ဖြစ်သည်။” ဟု ဆိုသောအခါ ဤနှုတ်ကပတ်တော်များကို ဖတ်ရှု၍ လူသားတို့သည် နောက်ထပ်တစ်ဖန် ကြက်သေသေသွားကြသည်။ ၎င်းတို့ ယမန်နေ့က မြင်ခဲ့သောအရာမှာ သတိပေးစကားတစ်ခွန်း ဖြစ်သည်၊ ဘုရားသခင်၏သက်ညှာမှုဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း ယနေ့တွင် ဟောပြောချက်သည် ဝိညာဉ်အတွင်းမှ ကိစ္စများသို့ ရုတ်ခြည်း ပြောင်းလဲခဲ့သည်၊ ဤအရာသည် အဘယ်အရာကိုများ ဆိုလိုခြင်းဖြစ်သနည်း။ ဘုရားသခင်သည် သူ၏စကားပြောသောပုံစံကို အဘယ်ကြောင့် ပြောင်းပြီးရင်းပြောင်းနေသနည်း။ ထို့အပြင် ဤအရာအားလုံးကို အဘယ်ကြောင့် ခွဲခြမ်း၍ မရနိုင်သော အရာတစ်ခုတည်းအဖြစ် သဘောထားရမည်နည်း။ ယင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များမှာ အမှန်တရားကင်းမဲ့ခြင်းကြောင့် ဖြစ်နိုင်သလော။ ဤနှုတ်ကပတ်တော်များကို စားမြုံ့ပြန်ကာ လူတစ်ဦးက ဘုရားသခင်၏ဝိညာဉ်နှင့်လူ့ဇာတိ သီးခြားဖြစ်သောအခါ ထိုလူ့ဇာတိမှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခု၏ ပင်ကိုအရည်အချင်းများ ရှိသော ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခု ဖြစ်ကြောင်း၊ တစ်နည်းဆိုပါက လူတို့ခေါ်သည့် လမ်းလျှောက်နေသောအလောင်းကောင် ဖြစ်ကြောင်း သဘောပေါက်သွားသည်။ လူ့ဇာတိခံယူသော ဇာတိပကတိမှာ ဝိညာဉ်တော်မှ အစပြုခြင်းဖြစ်သည်၊ သူသည် ဝိညာဉ်တော်၏လူ့ဇာတိခံယူခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်းဖြစ်သည်။ တစ်နည်းဆိုပါက ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိအတွင်း အသက်ရှင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်ကို လူတို့ထံမှ သီးခြားခွဲရန် ကြိုးစားသည့် ကြီးလေးသောအမှား တည်ရှိကြောင်းကို လူတစ်ဦးအနေဖြင့် ဤသည်မှ မြင်နိုင်သည်။ ဤအကြောင်းရင်းကြောင့် သူ့ကို “လူသား” ဟုခေါ်သော်လည်း သူသည် လူသားမျိုးနွယ်ဝင်နှင့် မသက်ဆိုင်သည့်အပြင် လူသား၏ ပင်ကိုအရည်အချင်းများ မရှိပေ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် ယူတင်ဝတ်ဆင်သော လူသားဖြစ်သည်၊ ဤသည်မှာ ဘုရားသခင် လက်ခံသောလူသားဖြစ်သည်။ နှုတ်ကပတ်တော်များအတွင်း ဘုရားသခင်၏ဝိညာဉ်တော်ကို သရုပ်ထင်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ တိုက်ရိုက်ထုတ်ဖော်ထားသည်။ ဘုရားသခင်သည် လူ့ဇာတိ၌ နေထိုင်ပြီး ပို၍လက်တွေ့ကျသော ဘုရားသခင်တစ်ဆူဖြစ်ကြောင်း ဤအရာက သာ၍ပင်ရှင်းလင်းစေ၍၊ ၎င်းမှ ဘုရားသခင် တည်ရှိကြောင်းကို သက်သေပြိသဖြင့် လူသားတို့ ဘုရားသခင်ကို ဆန့်ကျင်သည့် ခေတ်ကာလကို အဆုံးသတ်စေမည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်ကို သိခြင်းသို့ ဦးတည်သော လမ်းကြောင်းကို လူသားတို့ကို ညွှန်ပြပြီးနောက်တွင် ဘုရားသခင်သည် အကြောင်းအရာကို ထပ်မံပြောင်းလဲပြီး ပြဿနာ၏အခြားရှုထောင့်ကို စတင်လေသည်။

“ဟင်းလင်းပြင် တစ်ခွင်လုံးကို ငါသည် မျက်စိတစ်ဆုံး စူးစိုက် ကြည့်လျက် စကြဝဠာအား ငါ့ခြေဖြင့် နင်းလျှောက်ခဲ့ပြီ၊ လူ့အတွေ့အကြုံ၏ ချိုသော၊ ချဉ်သော၊ ခါးသက်သောနှင့် စူးရှသော အနံ့အရသာများကို မြည်းစမ်း၍ လူသားမျိုးနွယ် အားလုံး၏ အလယ်တွင် ငါသည် လျှောက်သွားခဲ့ပြီ” ဟူသော ဤထွက်ဆိုချက်မှာ ရိုးရှင်းမှုရှိသော်လည်း နားလည်သဘောပေါက်ရန် အလွန်ခက်ခက်သည်။ အကြောင်းအရာ ပြောင်းလဲပြီးဖြစ်သော်လည်း အနှစ်သာရအားဖြင့် ၎င်းမှာ တူညီဆဲဖြစ်သည်၊ ယင်းသည် လူသားတို့ကို သူ့အား သူ၏လူ့ဇာတိခံယူသော ဇာတိပကတိ၌ သိစေဆဲဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အတွေ့အကြုံဖြစ်သော အချို၊ အချဉ်၊ အခါးနှင့် စူးရှသောအရသာများကို သူ မြည်းစမ်းပြီးပြီဟု အဘယ်ကြောင့် ဆိုသနည်း။ လူသားမျိုးနွယ်အားလုံးအကြား၌ သူ လျှောက်လှမ်းပြီးပြီဟု အဘယ်ကြောင့် ဆိုသနည်း။ ဘုရားသခင်သည် ဝိညာဉ်ဖြစ်သော်လည်း သူသည် လူ့ဇာတိခံယူသော လူသားတစ်ဦးလည်း ဖြစ်သည်။ လူသား၏အကန့်အသတ်များ၏ နှောင်ဖွဲ့ခြင်းမခံရသော ဝိညာဉ်တော်သည် စကြဝဠာအနှံ့ နင်းနိုင်ပြီး စကြဝဠာကို အကြွင်းမဲ့ဖြစ်သောအကြည့်တစ်ချက်ဖြင့် လွှမ်းခြုံလျက်ရှိသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် စကြာဝဠာတစ်ခွင်လုံး ပြည့်လျက်ရှိပြီး ကမ္ဘာမြေကြီးကို ဝင်ရိုးစွန်းတစ်ခုမှ အခြားတစ်ခုသို့ လွှမ်းထားကြောင်းကို လူတစ်ဦးသည် ဤ သည်မှ မြင်နိုင်သည်၊ သူ၏လက်များဖြင့် စီစဉ်ထားခြင်း မရှိသောနေရာ တစ်နေရာမျှ မရှိပေ၊ သူ၏ခြေလှမ်းများ၏ အရိပ်အယောင် မပြသော နေရာတစ်နေရာမျှ မရှိပေ။ ဝိညာဉ်တော်သည် လူ့ဇာတိခံယူကာ လူသားတစ်ဦးအဖြစ် မွေးဖွားသော်လည်း သူသည် ဝိညာဉ်တော်အဖြစ် တည်ရှိခြင်းအကြောင်းကြောင့် လူသားတို့ လိုအပ်သောအရာများကို မလိုအပ်ဘဲမနေ သာမန်လူသားတစ်ဦးကဲ့သို့ အစာစားခြင်း၊ အဝတ်ဝတ်ခြင်း၊ အိပ်စက်ခြင်းနှင့် နေအိမ်၌နေခြင်း၊ သာမန်လူသားတစ်ဦး ပြုသမျှကို ပြုတတ်သည်။ တစ်ချိန်တည်းတွင် အတွင်းအနှစ်သာရ ကွဲပြားသဖြင့်သူသည် လူတစ်ဦး ပြောနေကျဖြစ်သည့် လူသားတစ်ဦးနှင့် မတူညီပေ။ သူသည် လူသားမျိုးနွယ်၏ ဒုက္ခဆင်းရဲအားလုံးကို သည်းခံသော်လည်း ထိုအကြောင်းကြောင့် သူသည် ဝိညာဉ်တော်ကို စွန့်ပစ်ခြင်းမရှိပေ၊ သူသည် ကောင်းချီးမင်္ဂလာကို မွေ့လျော်ရသော်လည်း ထိုအကြောင်းကြောင့် သူသည် ဝိညာဉ်တော်ကို မေ့လျော့ခြင်းမရှိပေ။ ဝိညာဉ်တော်နှင့် လူသားကို တိတ်တဆိတ် အပေါက်အလမ်းတည့်ခြင်းဖြင့် ပေါင်းစည်းထားသည်၊ ထိုပုဂ္ဂိုလ်နှစ်ဦးကို ခွဲ၍မရနိုင်သည့်အပြင် ထိုနှစ်ဦးသည် မည်သည့်အခါမျှ အခွဲခံခဲ့ရခြင်းမရှိပေ။ လူသားသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်ပြီး၊ ပုံသဏ္ဌာန်တစ်ခုရှိသော ဝိညာဉ်တော်မှလာခြင်း ဖြစ်သောကြောင့် လူ့ဇာတိ၌ ပင်ကိုအားဖြင့်တည်ရှိသောဝိညာဉ်တော်သည် ထူးကဲသာလွန်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ သူသည် သာမန်ထက်လွန်ကဲသောအမှုအရာများကို မပြုနိုင်ပေ၊ တစ်နည်းအားဖြင့်ဆိုပါက ဤဝိညာဉ်တော်သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှ ထွက်ခွာ၍မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူ ထွက်ခွာခဲ့လျှင် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏လုပ်ဆောင်ချက်၏ အဓိပ္ပာယ် အားလုံး ဆုံးရှုံးမည်ဖြစ်သည်။ ဝိညာဉ်တော်ကို ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်၌ အပြည့်အဝ ဖော်ပြသည့်အခါမှသာလျှင် လူသားတို့အား လက်တွေ့ကျသောဘုရားသခင် ကိုယ်တော်တိုင်ကို သိစေနိုင်မည် ဖြစ်ပြီး ထိုအခါမှသာ ဘုရားသခင်၏အလိုတော် ပြည့်မီလေမည်။ ဘုရားသခင်သည် လူသားတို့အား ဝိညာဉ်တော်နှင့် လူ့ဇာတိကို သီးခြား ပြပြီးသည့်အခါမှသာ လူသား၏မျက်စိကွယ်ခြင်းနှင့် မနာခံခြင်းကို သူထောက်ပြခြင်းဖြစ်သည်၊ “သို့သော်လည်း လူသားသည် ငါ့အား မည်သည့်အခါမျှ စစ်မှန်စွာ အသိအမှတ်ပြုခဲ့ခြင်း မရှိသကဲ့သို့ ငါသည် လှည့်လည်သွားလာခဲ့စဉ်တွင်လည်း သတိပြုမိခြင်း မရှိခဲ့ကြ။” တစ်ဖက်တွင် ဘုရားသခင်က သူသည် လူတို့မြင်စေရန် သဘာဝလွန်ဖြစ်သောအရာ တစ်စုံတစ်ခုကို မည်သည့်အခါမျှ မပြုဘဲ၊ လောကကြီး မသိဘဲ သူ့ကိုယ်သူ လူ့ဇာတိကိုယ်ခန္ဓာတစ်ခု၌ ဖုံးကွယ်ထားကြောင်း ပြောသည်၊ အခြားတစ်ဖက်တွင်လည်း လူသားတို့သည် သူ့ကို မသိကြကြောင်းကို သူ ညည်းညူ၏။ သို့သော်လည်း ဤအရာ၌ ရှေ့နောက်မညီခြင်း မရှိပေ။ အမှန်အားဖြင့် အသေးစိတ်ကြည့်ပါက ဘုရားသခင်သည် သူ၏ရည်မှန်းချက်များကို ရယူသည့်နည်းတွင် နှစ်ဖက်ရှိကြောင်းကို မြင်ရန်မှာ မခက်ခဲပေ။ ယခုအခါ အကယ်၍ ဘုရားသခင်သည် သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုမည်ဆိုပါက ကြီးမားသာအမှုတစ်စုံတစ်ရာကို တာဝန်ယူလုပ်ဆောင်ရန် မလိုဘဲ လူသားတစ်ဦးကို သေဆုံးစေရန် သူ၏နှုတ်ဖြင့်သာ ကျိန်ဆဲကာ ထိုလူသားသည် ချက်ချင်းလက်ငင်း သေဆုံးမည်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားအားလုံးသည် လက်ခံယုံကြည်ကြလိမ့်မည် ဖြစ်သည်၊သို့သော်လည်း ဤအရာသည် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ မျှော်မှန်းချက် အထမြောက်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဤအရာကို အမှန်တကယ် ပြုမည်ဆိုပါက လူသားတို့သည် ၎င်းတို့၏ အသိစိတ်များဖြင့် သူ၏တည်ရှိခြင်းကို မည်သည့်အခါမျှ ယုံကြည်နိုင်လိမ့်မည်မဟုတ်၊ မည်သည့်အခါမျှ စစ်မှန်စွာ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုမျှမက မာရ်နတ်ကို ဘုရားသခင်အဖြစ် တလွဲထင်ကြလိမ့်မည်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ လူသားတို့သည် ဘုရားသခင်၏စိတ်သဘောထားကို မည်သည့်အခါမျှ သိကြလိမ့်မည်မဟုတ်ပေ၊ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင်၏ဖြစ်ခြင်းအဓိပ္ပာယ်၏ ရှုထောင့်တစ်ခုဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတို့သည် ဘုရားသခင်ကို သိနိုင်စွမ်းမရှိပါက ဘုရားသခင်သည် လူ့လောက၌ သြဇာအာဏာလွှမ်းမိုးသည့် မရေရာသော၊ သဘာဝလွန်ဖြစ်သောဘုရားသခင်တစ်ဆူ အမြဲတစေဖြစ်လိမ့်မည်၊ ဤသည်မှာ လူသား၏အယူအဆများသည် လူသားကို စိုးမိုးလိုက်သည့်အခြေအနေတစ်ရပ်ပင် ဖြစ်သည်မဟုတ်လော။ သို့မဟုတ် ဤအရာကို ပို၍ထင်ရှားစွာ ထပ်ပြောပါက ဤသည်မှာ စာတန်မာရ်နတ် သြဇာလွှမ်းမိုးနေခြင်း ဖြစ်လိမ့်မည်မဟုတ်လော။ “ငါ၏တန်ခိုးကို ငါပြန်ယူသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ လူ့ဇာတိခံယူခြင်း၌ အဓိပ္ပာယ်များစွာရှိကြောင်း အဘယ်ကြောင့် ငါဆိုသနည်း။” ဘုရားသခင်သည် လူ့ဇာတိခံယူသည့် အခိုက်အတန့်သည် သူ၏တန်ခိုးကို သူပြန်ယူသောအချိန်ဖြစ်သည်၊ ယင်းမှာ သူ၏ ဘုရားသဘောသဘာဝသည် သူ၏အမှုကို တိုက်ရိုက်ပြုရန် ထွက်ပေါ်လာသောအချိန်လည်းဖြစ်သည်။ လူသားအယောက်တိုင်းသည် လက်တွေ့ကျသောဘုရားသခင်ကို တစ်ဆင့်ပြီးတစ်ဆင့် သိလာကြသည်၊ ထို့အပြင် ဤအရာကြောင့် လူ့စိတ်နှလုံးထဲ၌ ရှိသောစာတန်၏နေရာသည် ဘုရားသခင်၏နေရာ တိုးပွားလာစဉ် လုံးလုံးလျားလျား နှိမ်နင်းခြင်းကို ခံရသည်။ ယခင်က လူသားတို့၏စိတ်ထဲ၌ တည်ရှိခဲ့သော ဘုရားသခင်ကို စာတန်နှင့်ဆိုင်သော ပုံရိပ်တစ်ခု၊ ကိုင်တွယ်၍မရသော၊ မမြင်ရသောဘုရားတစ်ဆူအဖြစ် မြင်ခဲ့ကြသော်လည်း လူတစ်ဦးက ဤဘုရားတည်ရှိကြောင်းကို ယုံကြည်ခဲ့သည်သာမက သဘာဝလွန်နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာအမျိုးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိ၍ နတ်ဆိုးစွဲသောသူများ၏ အကျည်းတန်မှုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှု အားလုံးကို ဖော်ထုတ်နိုင်စွမ်းရှိကြောင်း ယုံကြည်ခဲ့ကြသည်။ ဤအရာမှာ လူသားတို့၏စိတ်ထဲမှ ဘုရားသခင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တစ်ခု မဟုတ်ဘဲ ဘုရားသခင် မဟုတ်သော သတ္တဝါ၏ ရုပ်ပုံသာဖြစ်ကြောင်း သက်သေပြရန်လုံလောက်ပေသည်။ ဘုရားသခင်က သူသည် လူ့စိတ်နှလုံး၏ ၀.၁ ရာခိုင်နှုန်း ရှိသော နေရာတစ်ခုကို ယူလိုကြောင်းနှင့် ဤအရာမှာ လူသားတို့ကို တောင်းဆိုသော အမြင့်ဆုံးစံနှုန်းဖြစ်ကြောင်း ဆိုသည်။ ဤထွက်ဆိုချက်နှင့်စပ်လျဉ်း၍ အပေါ်ယံဖြစ်သောရှုထောင့်တစ်ခု ရှိသည်သာမက၊ လက်တွေ့ကျသောရှုထောင့်တစ်ခုလည်း ရှိသည်။ အကယ်၍ ၎င်းကို ဤနည်းဖြင့် မရှင်းပြခဲ့ပါက လူတို့က ဘုရားသခင်သည် ၎င်းတို့ကို တောင်းဆိုသော တောင်းဆိုချက်များမှာ အလွန်နိမ့်ကြောင်း၊ ဘုရားသခင်သည် ၎င်းတို့အပေါ် နားလည်မှု အလွန်နည်းပါးသကဲ့သို့ မှတ်ယူကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူ့ စိတ်သဘောပင် မဟုတ်လော။

အကယ်၍ လူတစ်ဦးသည် အထက်ပါအရာကိုယူပြီး အောက်ပါပေတရု၏ဥပမာနှင့် ပေါင်းစပ်ပါက ပေတရုသည် မရေရာသောဘုရားသခင်ကို ကျောခိုင်းနိုင်ခဲ့ပြီး လက်တွေ့ကျသောဘုရားသခင်ကို သိခြင်းကို လိုက်စားနိုင်ခဲ့သောကြောင့် သူသည် ဘုရားသခင်ကို အကောင်းဆုံးသိသောလူသား အမှန်ဖြစ်ကြောင်း ၎င်းတို့ တွေ့ကြရလိမ့်မည်။ ဘုရားသခင်က သူ၏မိဘများသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့သောနတ်ဆိုးများဖြစ်ကြောင်း အထူးမှတ်ချက်တစ်ချက်ကို အဘယ်ကြောင့် ပေးခဲ့သနည်း။ ပေတရုသည် ဘုရားသခင်ကို သူ၏စိတ်နှလုံးထဲ၌ လေ့လာဆည်းပူးခြင်း မရှိကြောင်းနှင့် သူ၏မိဘများမှာ မရေရာသောဘုရားသခင်ကို ကိုယ်စားပြုကြောင်း ဤအရာက သက်သေပြလျက်ရှိသည်။ ဤသည်မှာ ပေတရု၏မိဘများ၏ဥပမာအကြောင်း ဘုရားသခင်ပြောဆိုခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ မြောက်မြားစွာသောလူတို့သည် ဤအချက်ကို အထူးအလေးထားမှု မရှိဘဲ ၎င်းတို့၏အာရုံကို ပေတရု၏ဆုတောင်းချက်များအပေါ်၌ အာရုံစိုက်ကြသည်မှာ လူအချို့သည် ပေတရု၏ ဆုတောင်းချက်များကို ၎င်းတို့၏နှုတ်နှင့် စိတ်ထဲတွင် အမြဲသိမ်းဆည်းထားသည်အထိပင််ဖြစ်သော်လည်း မရေရာသောဘုရားသခင်ကို ပေတရု၏သိခြင်းနှင့် မည်သည့်အခါမျှ နှိုင်းယှဉ်ကြည့်ရန် မတွေးကြပေ။ ပေတရုသည် အဘယ်ကြောင့် သူ၏မိဘများကို ကျောခိုင်းပြီး ဘုရားသခင်ကို သိရန်ရှာဖွေခဲ့သနည်း။ သူသည် ပို၍ကြိုးပမ်းအားထုတ်ရန်အတွက် သူ့ကိုယ်သူ လှုံ့ဆော်ပေးရန် အတိတ်က မအောင်မြင်ခဲ့သောသူများထံမှ သင်ယူခဲ့သော သင်ခန်းစာများကို အဘယ်ကြောင့် ပေါင်းစပ်ခဲ့သနည်း။ သူသည် ခေတ်ကာလအဆက်ဆက်တွင် ဘုရားသခင်ကို ချစ်ခဲ့သောသူများ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် လက်ခံခဲ့သနည်း။ အပြုသဘောဆောင်သော အရာမှန်သမျှသည် ဘုရားသခင်ထံမှ ပေါ်ပေါက်လာကြောင်း၊ ၎င်းမှာ စာတန်၏ စီမံပြုပြင်မှု တစ်စုံတစ်ရာကို မခံရဘဲ ဘုရားသခင်ထံမှ တန်းတန်းမတ်မတ် လာခြင်းဖြစ်ကြောင်း ပေတရု နားလည်ခဲ့သည်။ သူသိခဲ့သော ပုဂ္ဂိုလ်မှာ လက်တွေ့ကျသောဘုရားသခင်ဖြစ်၍ သဘာဝလွန်ဘုရားတစ်ပါး မဟုတ်ကြောင်း လူတစ်ဦးသည် ဤအရာမှ သိနိုင်၏။ ဘုရားသခင်က ပေတရုသည် ခေတ်ကာလအဆက်ဆက်တွင် ဘုရားသခင်ကို ချစ်ခဲ့သောသူအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို လက်ခံရန် အထူးအာရုံစိုက်ခဲ့ကြောင်း အဘယ်ကြောင့် ဆိုခဲ့သနည်း။ လူတို့သည် ခေတ်ကာလအဆက်ဆက်တွင် မအောင်မြင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့သည် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ကြသော်လည်း လက်တွေ့ကျသော ဘုရားသခင်ကို မသိခဲ့ခြင်းကြောင့် ၎င်းတို့၏ယုံကြည်မှုမှာ ဆက်လက်၍ မရေမရာဖြစ်ကြောင်း လူံတစ်ဦးသည် ဤအရာမှ မြင်နိုင်သည်။ ဘုရားသခင်က ယောဘသည် ဘုရားသခင်ကို သိခဲ့ကြောင်း တစ်ကြိမ်မျှ မဖော်ပြဘဲ သူ၏ယုံကြည်ခြင်းကိုသာ အကြိမ်များစွာ အဘယ်ကြောင့် ဖော်ပြသည့်အပြင် သူ့ကို ပေတရုထက် နိမ့်သောသူဟု အဘယ်ကြောင့် ခေါ်သနည်း။ “သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏” ဟူ၍ ယောဘ၏စကားများမှ ယောဘသည် ယုံကြည်ခြင်းတစ်ခုတည်းကိုသာ ပိုင်ဆိုင်ခဲ့ပြီး အသိအမြင် မရှိခဲ့ကြောင်း လူတစ်ဦးအနေဖြင့် မြင်နိုင်သည်။ “အဖြည့်ခံအနေနှင့် အစေခံသည့် သူ့မိဘများ၏ ဆန့်ကျင်ဘက် သာဓက သည် ပေတရုအနေဖြင့် ငါ၏ ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းကို သာ၍ပင် လိုလိုလားလား အသိအမှတ် ပြုရန် ထောက်ကူပေးခဲ့ပြီး” ဟူသော ထွက်ဆိုချက်ကို ဖတ်၍ လူအများစုသည် မေးခွန်းတစ်ပြုံတစ်ခေါင်းကို မေးရန် လှုံ့ဆော်ခြင်းကို ခံကြရမည်ဖြစ်သည်၊ ပေတရုသည် တိုက်ရိုက်မဟုတ်ဘဲ ငြင်းဆိုသောဥပမာတစ်ခုနှင့် နှိုင်းယှဉ်သည့်အခါမှသာ ဘုရားသခင်ကို သိခြင်း အဘယ်ကြောင့် ဖြစ်ရသနည်း။ သူသည် သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာကိုသာ သိသော်လည်း အခြားအရာများကို အဘယ်ကြောင့် ဖော်ပြထားခြင်းမရှိသနည်း။ ၎င်းမှာ လူတစ်ဦးသည် မရေရာသောဘုရားသခင်၏ လက်တွေ့မဆန်ခြင်းကို သိသည့်အခါမှသာ လက်တွေ့ကျသောဘုရားသခင်အကြောင်း အသိပညာကို လေ့လာဆည်းပူးနိုင်လာမည် ဖြစ်သည်။ ဤမြွက်ဆိုချက်၏ ရည်မှန်းချက်မှာ လူတို့အား မရေရာသောဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးထဲမှ အမြစ်ဖြတ်ပစ်ရေးအတွက် လမ်းပြရန် ဖြစ်သည်။ အကယ်၍ လူသားတို့သည် ဘုရားသခင်၏ စစ်မှန်သောသရုပ်ကို ဖန်ဆင်းခြင်းအစမှ ပစ္စုပ္ပန်နေ့ရက်အထိ အမြဲသိခဲ့ပါက ၎င်းတို့သည် စာတန်၏နည်းလမ်းများနှင့် စေ့စေ့စပ်စပ် ရင်းနှီးကျွမ်းဝင်လာခဲ့လိမ့်မည် မဟုတ်ပေ၊ ၎င်းမှာ “လူတစ်ဦးသည် တောင်တစ်တောင်ကို မဖြတ်ကျော်ဖူးသ၍ ညီညာသောမြေပြင်ကို သတိပြုမိမည်မဟုတ်” ဟူ၍ စကားပုံ၌ လာသည်နှင့်အညီ ဤနှုတ်ကပတ်တော်များကို ဆိုရာ၌ ဘုရားသခင်၏အဓိပ္ပာယ်ကို အလုံအလောက် ရှင်းလင်းစေမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား သူပြောခဲ့သော ဥပမာ၏အမှန်တရားကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်စေရန် လမ်းပြလိုသောကြောင့်၊ သူသည် ပေတရုအသက်ရှင်ခဲ့သောခေတ်ကာလသည် ကျေးဇူးတော်ခေတ်ဖြစ်ခဲ့ကြောင်းကို သက်သေပြ၍ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာအပေါ် တမင်တကာ အလေးပေးခြင်းဖြစ်သည်။ အခြားရှုထောင့်မှ ကြည့်ပါက ဤအရာသည် လူသားတို့ကို ထောင်ချောက်ဆင်ပြီး ဖျက်ဆီးခြင်းကိုသာပြုသည့် မာရ်နတ်၏အကျည်းတန်သော မျက်နှာထားကို ပို၍ပင် ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်ခြင်းဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာကို ပို၍ပင် သိသိသာသာ ဆန့်ကျင်ကွဲလဲစေသည်။

ဘုရားသခင်သည် ပေတရု၏စမ်းသပ်မှုများနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်များကိုလည်း အကြမ်းဖျင်းဖော်ပြသည့်အပြင် ၎င်းတို့၏အမှန်တကယ်ဖြစ်သော အခြေအနေကို ဖော်ပြခြင်းဖြင့် လူတို့သည် ဘုရားသခင်၌ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာ ရှိသည်သာမက သူ၌ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသလည်း ရှိကြောင်းနှင့် ငြိမ်သက်ခြင်း၌နေသောသူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာကြား၌ အသက်ရှင်နေရခြင်း ကျိန်းသေပေါက်မဟုတ်ကြောင်းကို ပို၍ကောင်းစွာ သိမြင်ကောင်းသိမြင်နိုင်မည်ဖြစ်သည်။ ထိုမျှမက ပေတရု၏စမ်းသပ်မှုများပြီးနောက် သူ၏အတွေ့အကြုံများအကြောင်းကို ပြောပြခြင်းမှာ “ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူသည့် ယောဘ၏ စကားများ၏မှန်ကန်ခြင်းကို ပို၍ပင် ရှင်းလင်းစွာ လက်တွေ့ပြခြင်းဖြစ်သည်။ ဤသည်မှာ ပေတရုသည် ယခင်ခေတ်ကာလတစ်စုံတစ်ခုမှ မည်သူမျှ မရခဲ့ဖူးသောအရာတစ်ခုဖြစ်သော ဘုရားသခင်နှင့်ပတ်သက်၍ တစ်ခါမျှမရခဲ့ဖူးသောအသိတစ်ခုကို ရရှိခဲ့ကြောင်း ပြသရန် လုံလောက်ပေသည်၊ ဤအရာမှာ ပေတရုသည် ခေတ်အဆက်ဆက်တွင် ဘုရားသခင်ကို ချစ်ခဲ့သောသူအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို လက်ခံခဲ့ပြီး သူ့ကိုယ်သူ တိုက်တွန်းအားပေးရန်အတွက် အတိတ်မှ ကျရှုံးခြင်းများ၏ သင်ခန်းစာများကို ပေါင်းစပ်သည့်အခါ၌ ရရှိခဲ့သောအသိတစ်ခု ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် ဘုရားသခင်ကို စစ်မှန်စွာသိသော အသိကို ရသည့်သူတိုင်းကို “အသီး” တစ်လုံးဟု ခေါ်ခြင်းဖြစ်ပြီး ပေတရုသည် ထိုအသီးများထဲမှ အသစ်တစ်လုံးဖြစ်သည်။ ဘုရားသခင်ထံ ပေတရု၏ဆုတောင်းချက်များထဲ၌ သူ၏စမ်းသပ်မှုများမှတစ်ဆင့် ရခဲ့သည့် ဘုရားသခင်ကို စစ်မှန်စွာသိသောအသိကို လူတစ်ဦးအနေဖြင့် မြင်နိုင်သော်လည်း အသေးအမွှား ချို့ယွင်းချက်တစ်ခုမှာ သူသည် ဘုရားသခင်၏အလိုတော်ကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဤအကြောင်းကြောင့် ပေတရု ရခဲ့သည့် ဘုရားသခင်ကို သိခြင်းိ၏ အုတ်မြစ်ပေါ် အခြေခံကာ ဘုရားသခင်သည် “လူ့စိတ်နှလုံး၏ ၀.၁ ရာခိုင်နှုန်းုကိုသာ နေရာယူရန်” တောင်းဆိုချက်တစ်ခုကို ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်ကို အကောင်းဆုံးသိသောသူ ဖြစ်ခဲ့သည့် ပေတရုပင်လျှင် ဘုရားသခင်၏အလိုတော်ကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်အချက်ကို ထည့်သွင်းစဉ်းစားပါက လူသား၌ ဘုရားသခင်ကို သိသောအင်္ဂါတစ်ခု တပ်ဆင်ထားခြင်း မရှိကြောင်း ကောက်ချက်ချနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် စာတန်သည် လူတို့ကို ထိုမျှလောက် အတိုင်းအတာတစ်ခုအထိ ဖျက်ဆီးနှင့်ပြီးဖြစ်၍ ဤအရာသည် လူအပေါင်းကို လူသား၏အနှစ်သာရကို သိစေရန် ဦးတည်ပေးသောကြောင့်ဖြစ်သည်။ လူသားတို့၌ ဘုရားသခင်ကို သိသောအင်္ဂါတစ်ခု ကင်းမဲ့သည့်အပြင် စာတန်၏ စိမ့်ဝင်ပျံ့နှံ့ခြင်းကို လုံးလုံးလျားလျား ခံခဲ့ရသည့် ဤကြိုတင်သတ်မှတ်ချက်နှစ်ခုသည် ဘုရားသခင်၏ ကြီးမားသောတန်ခိုးကို ဝါကြွားစေရန် ဝန်းကျင်တစ်ခုကို ပေးသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အသုံးပြုရုံမျှဖြင့် အလုပ်အမျိုးအစား တစ်စုံတစ်ရာကို လက်ခံဆောင်ရွက်ရန်မလိုဘဲ လူ့စိတ်နှလုံးထဲ၌ တိကျသောနေရာတစ်ခုကို ယူခဲ့ပြီးဖြစ်သည်။ ၀.၁ ရာခိုင်နှုန်းသို့ ရောက်ခြင်းမှာ ဘုရားသခင်၏အလိုတော်ကို ပြည့်စုံခြင်းသို့ ရောက်ကြောင်း အဘယ်ကြောင့် ဆိုလိုသနည်း။ ဘုရားသခင်သည် လူသားကို အဆိုပါအင်္ဂါ မပေးခဲ့သည့် အချက်နှင့်စပ်လျဉ်း၍ ရှင်းပြပါက၊ အကယ်၍ လူသားတို့သည် ဤအင်္ဂါမရှိဘဲ တစ်ရာရာခိုင်နှုန်းအသိတစ်ခုကို ရမည်ဆိုပါက ဘုရားသခင်၏လှုပ်ရှားမှုနှင့် လုပ်ဆောင်ချက်တိုင်းသည် လူသားအတွက် ထင်ရှားမြင်သာသောအရာ တစ်ခုဖြစ်သွားလိမ့်မည်၊ ထို့အပြင် လူတို့၏ရှိရင်းစွဲသဘာဝကို ထည့်သွင်းစဉ်းစားပါက သူသည် ဘုရားသခင်ကို ချက်ချင်းပင် ပုန်ကန်၍ ဘုရားသခင်ကို လူသိရှင်ကြား ဆန့်ကျင်ရန် ထကြွလိမ့်မည်ဖြစ်သည် (ဤနည်းဖြင့် စာတန် ကျဆင်းခဲ့ခြင်းဖြစ်သည်)။ ထို့ကြောင့် ဘုရားသခင်သည် လူသားကို မည်သည့်အခါမျှ လျှော့မတွက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လူ၏အသွေးထဲ၌ ရေမည်မျှ ရောထားကြောင်းကို သိလောက်အောင်ပင် အရာခပ်သိမ်းကို သူ ရှင်းလင်းပြတ်သားစွာ သိိစေရန် လူတို့ကို စေ့စေ့စပ်စပ် ခွဲစိတ်လေ့လာခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်၊ သူသည် လူသား၏သိသာထင်ရှားသောသဘာဝကို မည်မျှပင် ပို၍ ရှင်းလင်းစွာ သိနားလည်သနည်း။ ဘုရားသခင်သည် မည်သည့်အခါမျှ အမှားများကို ကျူးလွန်ခြင်း မရှိသည့်အပြင် သူ၏မြွက်ဆိုချက်များကို ပြုလုပ်ရာ၌ သူသည် သူ၏စကားလုံးများကို အလွန်အသေးစိတ် ရွေးချယ်သည်။ ဤအကြောင်းရင်းကြောင့် ပေတရုသည် ဘုရားသခင်၏အလိုကို နားလည်သဘောပေါက်ရာ၌ မမှန်ကန်ခဲ့သည့် အချက်မှာ သူသည် ဘုရားသခင်ကို အကောင်းဆုံးသိခဲ့သောလူတစ်ဦးလည်း ဖြစ်သည်ဟူသောအချက်နှင့် ဆန့်ကျင်ကွဲလွဲခြင်း မရှိပေ၊ ထို့အပြင် ထိုအချက်နှစ်ချက်မှာ လုံးလုံးလျားလျား ဆက်စပ်မှုမရှိပေ။ ၎င်းမှာ ဘုရားသခင်သည် လူတို့၏အာရုံကို ပေတရုအပေါ် ရောက်စေရန်အတွက် သူ၏ဥပမာကို ပြောခဲ့ခြင်း မဟုတ်ပေ။ အကယ်၍ ယောဘကဲ့သို့သော သူတစ်ဦးသည် ဘုရားသခင်အားသိခြင်းကို မရနိုင်ခဲ့ပါက ပေတရုသည် အဘယ်ကြောင့် ရနိုင်ခဲ့သနည်း။ လူသားတစ်ဦးသည် ၎င်းကို ရရှိနိုင်စွမ်းရှိသည်ဟု ဆိုသော်လည်း ၎င်းမှာ ဘုရားသခင်၏ ကြီးမားသောတန်ခိုးကြောင့် ဖြစ်သည်ဟုလည်း အဘယ်ကြောင့် ဆိုသနည်း။ လူသားတို့၏ မွေးရာပါ ပင်ကိုအရည်အချင်းမှာ အမှန်တကယ်ပင် ကောင်းမွန်သလော။ လူတို့သည် ဤအချက်ကို နားလည်သဘောပေါက်ရန် လွယ်ကူသည်ဟု မထင်ပေ၊ အကယ်၍ ၎င်းကို ငါမရှင်းပြသော် ၎င်း၏ဝှက်ထားသောအဓိပ္ပာယ်ကို သိလိမ့်မည်မဟုတ်ပေ။ ဤနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူသားတို့ကို အသိအမြင်ပုံစံအနည်းငယ် ရစေရန်ထောက်ကူပေး၍ ယင်းမှတစ်ဆင့် ဘုရားသခင်နှင့်ပူးပေါင်းဆောက်ရွက်ရန် ၎င်းတို့ မိမိကိုယ်မိမိယုံကြည်ခြင်း ရကြလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ သူနှင့်ပူးပေါင်းဆောင်ရွက်ရန် လူတို့၏ကြိုးပမ်းအားထုတ်မှုများ၏ ပံ့ပိုးမှုဖြင့် ဘုရားသခင်သည် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်၊ ဤသည်မှာ ဝိညာဉ်လောက၌ အမှန်တကယ်ဖြစ်သော အခြေအနေ ဖြစ်၍ လူသားတို့ လုံးဝ နားလည်သဘောပေါက်နိုင်ခြင်း မရှိသောအရာတစ်စုံတစ်ခုဖြစ်သည်။ လူ့စိတ်နှလုံးထဲတွင် စာတန် သိမ်းပိုက်သောနေရာကို ဖယ်ရှားပြီး ထိုအချိန်မှစ၍ ဘုရားသခင်အား ပိုင်ဆိုင်စေခြင်းကို စာတန်၏ တိုက်ခိုက်မှုအား တွန်းလှန်ခြင်းဟုခေါ်သည်၊ ဤအရာ ပြီးမြောက်သည့်အခါမှသာ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်ခဲ့ပြီဟု ဆိုနိုင်ပြီး ထိုအခါမှသာ လောကတိုင်းနိုင်ငံများသည် ခရစ်တော်၏နိုင်ငံတော် ဖြစ်သွားပြီဟု ဆိုနိုင်မည်ဖြစ်သည်။

ပေတရုသည် လူသားမျိုးနွယ်အတွက် နှစ်ထောင်ပေါင်းများစွာ စံပြတစ်ဦးနှင့် နမူနာပြုထိုက်သူတစ်ဦး ဖြစ်ခဲ့သည်ဟု ဤနေရာ၌ ဖော်ပြထားသည်။ ဤအရာမှာ သူသည် စံပြတစ်ဦးနှင့် နမူနာပြုထိုက်သူတစ်ဦး ဖြစ်သည်ဟူသောအချက်ကို အသေးစိတ်ရှင်းပြရုံအတွက် မဟုတ်ပေ၊ ဤနှုတ်ကပတ်တော်များမှာ ဝိညာဉ်လောက၌ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပွားရာ မြင်ကွင်း တစ်ခုဖြစ်သည်။ စာတန်သည် လူသားတို့ကို မျိုရန် အချည်းနှီးသောမျှော်လင့်ချက်ဖြင့် တစ်ချိန်လုံး လူတို့အပေါ် အလုပ်လုပ်နေခဲ့ခြင်း ဖြစ်ပြီး ဤနည်းဖြင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖျက်ဆီးရန်နှင့် သူ၏သက်သေကို ဆုံးရှုံးရန်အကြောင်း ဖြစ်စေသည်။ သို့သော်လည်း ဘုရားသခင်က “ငါသည် လူ့စိတ်နှလုံးအတွင်း အသေးငယ်ဆုံးသော နေရာယူနိုင်ရန် နမူနာတစ်ခုကို ဦးစွာ ဖန်တီးမည်။ ဤအဆင့်တွင် လူသားတို့သည် ငါ့ကို ကျေနပ်စေခြင်း မရှိ၊ အပြည့်အဝ သိကြခြင်းလည်း မရှိပေ၊ သို့သော်လည်း ငါ၏ကြီးမားသောတန်ခိုးအပေါ် အမှီပြုကာ လူသားသည် ငါ့ကို အပြည့်အဝ နာခံလာနိုင်၍ ငါ့အား ပုန်ကန်မှုကို ရပ်တန့်နိုင်ကြမည်၊ ထို့အပြင် ငါသည် ဤဥပမာကို အသုံးပြု၍ စာတန်ကို နှိမ်နင်းမည်၊ တစ်နည်းအားဖြင့်ဆိုသော် ငါသည် ၀.၁ ရာခိုင်နှုန်း ရှိသော ငါ၏နေရာကို အသုံးပြုကာ လူတို့အပေါ် ကိုင်စွဲလျက်ရှိသော စာတန်၏ စွမ်းအားအလုံးစုံကို ချိုးနှိမ်မည်” ဟု ဆိုခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ဘုရားသခင်သည် ပေတရု၏ဥပမာကို ပြောခဲ့ခြင်းအားဖြင့် သူသည် လူသားမျိုးနွယ်တစ်ခုလုံး လိုက်နာရန် စံနမူနာတစ်ခုအဖြစ် အစေခံနိုင်မည်ဖြစ်သည်။ ဤအရာကို အဖွင့်စာပုဒ်နှင့်အတူတကွ ပေါင်းစပ်ခြင်းဖြင့် ဝိညာဉ်လောကမှ အမှန်တကယ်ဖြစ်သော အခြေအနေအကြောင်း ဘုရားသခင် ပြောခဲ့သည့်အရာ၏ မှန်ကန်ခြင်းကို လူတစ်ဦးအနေဖြင့် မြင်နိုင်မည်ဖြစ်သည်၊ “ယခုတွင်မူ အမှုအရာများမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ဖန်ဆင်းခြင်း၏ အစအဦးမှစ၍ လောကကြီးသည် တစ်ခါမှ မမြင်တွေ့ဖူးသော အမှုအရာများကို ငါသည် လုပ်ဆောင်မည်၊ ခေတ်ကာလများတစ်လျှောက်တွင် လူသားတို့ လုံးဝမကြားဖူးသော နှုတ်ကပတ်တော်များကို ငါသည် မြွက်ဆိုမည်၊ အဘယ်ကြောင့်ဆိုသော် လူသားအားလုံးသည် ငါ့အား သိကျွမ်းလာစေရန် ငါတောင်းဆိုသောကြောင့် ဖြစ်သည်။” ဘုရားသခင်သည် ယနေ့ သူစတင်ခဲ့ပြီဖြစ်ကြောင်း ပြောခဲ့သောအရာကို လူတစ်ဦးအနေဖြင့် ဤအရာမှတစ်ဆင့် မြင်နိုင်သည်။ လူသားတို့သည် အပြင်ပန်းတွင် ပေါ်လွင်သည့်အတိုင်းသာ အမှုအရာများကို မြင်နိုင်ကြပြီး ဝိညာဉ်လောကအတွင်း အခြေအနေမှန်ကို မမြင်နိုင်ကြပေ။ ဤအကြောင်းရင်းကြောင့် ဘုရားသခင်သည် တိုက်ရိုက်ဖြစ်ပြီး နားလည်လွယ်သောပုံစံဖြင့် “ဤသည်တို့မှာ ငါ၏ စီမံခန့်ခွဲမှုထဲတွင် ရှိသော အဆင့်များဖြစ်ကြသည်၊ ထိုအရာများနှင့် ပတ်သက်၍ လူသားတို့သည် အရိပ်အခြည် ရေးရေးမျှပင် မရှိ။ ငါသည် ထိုအရာများကို ပွင့်ပွင့်လင်းလင်း ပြောဆိုချိန်တွင်ပင် လူသားသည် သူ၏ စိတ်ထဲတွင် ရှုပ်ထွေးလျက်ပင် ရှိသေးသောကြောင့် ထိုအရာတို့ကို လူသားအား ခရေစေ့တွင်းကျ ရှင်းလင်းပြောဆိုရန် မဖြစ်နိုင်ချေ။ ဤတွင် လူသား၏ ကမ်းကုန်သော အောက်တန်းကျမှု တည်ရှိနေသည် မဟုတ်သလော။” ဟု ဆိုခဲ့ခြင်းဖြစ်သည်။ဤနှုတ်ကပတ်တော်များအတွင်း ထုတ်မပြောရသေးသော နှုတ်ကပတ်တော်များ ရှိပြီး အထက်တွင် သွယ်ဝိုက်၍ ရည်ညွှန်းပြောဆိုသကဲ့သို့ ဝိညာဉ်လောကတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားလျက်ရှိကြောင်း ရှင်းပြလျက်ရှိသည်။

ပေတရု၏ဇာတ်ကြောင်းကို အကြမ်းဖျင်းဖော်ပြခြင်းမှာ ဘုရားသခင်၏အလိုတော်ကို အပြည့်အဝ ရရှိခြင်း မရှိသေးသဖြင့် ဘုရားသခင်သည် ပေတရု၏အသက်တာ၌ ဖြစ်ရပ်များနှင့်စပ်လျဉ်းသည့် အောက်ပါ တောင်းဆိုချက်ကို တောင်းဆိုခဲ့ခြင်းဖြစ် ပြုလုပ်ခဲ့သည်၊ “စကြဝဠာအနှံ့အပြားနှင့် မိုးမျက်နှာကြက်၏ အကန့်အသတ်မဲ့သော ဟင်းလင်းပြင် အနှံ့အပြားတွင် ဖန်ဆင်းခြင်း၏ အင်္သချေသော အရာများ၊ ကမ္ဘာမြေကြီးပေါ်မှ အင်္သချေသော အရာများနှင့် ကောင်းကင်ဘုံမှ အင်္သချေသော အရာများ တစ်ခုချင်းစီတိုင်းသည် ငါ့အလုပ်၏ နောက်ဆုံးသော အဆင့်အတွက် ၎င်းတို့၏ ခွန်အားအလုံးစုံကို ဆက်ကပ်အပ်နှံလျက် ရှိသည်။ သင်တို့သည် ဘေးစည်းမှ ပွဲကြည့်ပရိသတ်များ အဖြစ်သာ ရှိနေရစ်ရန်၊ စာတန်အင်အားစုများ၏ ဟိုဟိုသည်သည် တွန်းထိုးခြင်းခံရရန် အလိုမရှိသည်မှာ သေချာသည် မဟုတ်လော။” ပေတရု၏ အသိအမြင်ကို မျက်မြင်တွေ့ခြင်းမှာ လူသားတို့အတွက် ထူးခြားသော အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်ခဲ့သောကြောင့် ပို၍ပင် ကောင်းမွန်သောအသီးများကို ရယူနိုင်ရန် ဘုရားသခင်သည် လူသားတို့အား လျှပ်ပေါ်လော်လည်သော အထိန်းသိမ်းကင်းမဲ့ခြင်းနှင့် သူ့ကို မသိနားမလည်ခြင်းတို့၏ အကျိုးဆက်များကို မြင်စေသည်၊ ထို့အပြင် လူသားတို့အား ဝိညာဉ်လောကရှိ တိုက်ပွဲ၏ အခြေအနေမှန်အကြောင်းကို နောက်ထပ်တစ်ကြိမ် ပို၍အသေးစိတ် ပြောပြသည်။ ဤနည်းအားဖြင့်သာလျှင် လူသားမျိုးနွယ်သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်မှုမှ ၎င်းတို့ကိုယ်ကိုယ် ကာကွယ်ရာတွင် ပို၍သတိရှိလာနိုင်မည်ဖြစ်သည်၊ ထို့အပြင် ဤအကြိမ်တွင် အကယ်၍ ၎င်းတို့ လဲကျပါက ဤအကြိမ်တွင် ၎င်းတို့ ရရှိခဲ့သကဲ့သို့ ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ထပ်မံ ရရှိလိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းစေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် လူသားတို့၏ ထင်မြင်ချက်ကို ပို၍နက်ရှိုင်းစေရာတွင် ခြုံကြည့်သော် ဤသတိပေးချက်ချို့တို့သည် လူတို့အား သူ၏သနားခြင်းကရုဏာကို ပို၍များစွာ ချစ်ခင်မြတ်နိုးစေပြီး သတိပေးသောနှုတ်ကပတ်တော်များကို ခိုင်မြဲစွာ ဆုပ်ကိုင်စေသောကြောင့် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ရည်ရွယ်ချက်သို့ စစ်မှန်စွာ ဆိုက်ရောက်စေခြင်းပင်ဖြစ်သည်။

ယခင်က:အခန်း ၅

နောက်တစ်ခုသို့:ပေတရု၏ အသက်တာ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ