၅၅ ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏
၁ ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏၊ သူ၏အသံကို ကျွန်ုပ်တို့ ကြားရသည်။ ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏၊ သိုးသူငယ်၏ စားပွဲတော်သို့ ကျွန်ုပ်တို့ တက်ရောက်ကြသည်။ ကျွန်ုပ်တို့သည် လူ့ဇာတိခံအနန္တတန်ခိုးရှင်ဘုရားသခင်ကိုသိပါ၏၊ သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်တို့ကို ကျွန်ုပ်တို့မြင်ရသည်။ လူ့ဘဝ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ကျွန်ုပ်တို့နားလည်ပါ၏၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဖိုးထိုက်တန်ဆုံး ဖြစ်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ကြပြီး သူ့ရှေတော်တွင် နေကြ၏၊ သမ္မာတရားကို နားလည်ခြင်းသည် တကယ့် ဝမ်းမြောက်ခြင်း ဖြစ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံသည့်အခါကျွန်ုပ်တို့ ဒုက္ခခံစားရသော်လည်း သန့်စင်ခြင်းခံရသည်။ ကျွန်ုပ်တို့သည် သမ္မာတရားနှင့် ထာဝရအသက်လမ်းခရီးကို ရရှိသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးရန် ကြိုးပမ်းရင်း မည်သည့်နောင်တမျှ ကျွန်ုပ်တို့ ရမည်မဟုတ်ပါ။
၂ ဤဘဝသည် ကောင်းကြီးမင်္ဂလာနှင့် အလွန်ပြည့်စုံ၏၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်သောသူများ ဖြစ်လာကြသည်။ ဤဘဝသည် ကောင်းကြီးမင်္ဂလာနှင့် အလွန်ပြည့်စုံ၏၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ချီးမွမ်းခြင်းကို ခံရသည်။ ကျွန်ုပ်တို့၏ တာဝန်များကို ကျေပွန်ခြင်း၊ ဘုရားသခင်ကို သက်သေခံခြင်းနှင့် သမ္မာတရားကို ရှာဖွေလိုက်စားခြင်းတို့သည် အဓိပ္ပါယ်အရှိဆုံး ဖြစ်ပါသည်။ မည်သူ ပို၍ ကံကောင်းနိုင်ပါမည်နည်း။ မည်သူ ပို၍ ကောင်းကြီးမင်္ဂလာ ခံစားရနိုင်မည်နည်း။ ဘုရားသခင်သည် သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ထံ အပ်နှင်းပေးသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ မေတ္တာကို ပြန်လည်ပေးဆပ်ရန် ဘုရားသခင်ကို သက်သေခံကြသည်။