၅၆ ပြန်ကြွလာခြင်း
၁ ကိုယ်တော် မဆင်းကြွမီ၊ ကျွန်ုပ် တစ်ကိုယ်တည်း မှောင်မှိက်နာကျင်မှုထဲတွင် ငိုကြွေးခဲ့ရ။ ကိုယ်တော် မဆင်းကြွမီ၊ မာနထောင်လွှားသော ကျွန်ုပ် နောက်ချေးပုံ၏ နွံထဲတွင် ရုန်းကန်ခဲ့ရ။ ကိုယ်တော် မဆင်းကြွမီ၊ နိမ့်ကျသည့် ကျွန်ုပ် နတ်ဆိုးများနှင့် သားရဲများအလယ်တွင် တောင်းစားခဲ့ရ။ ကိုယ်တော် မဆင်းကြွမီ၊ ကျွန်ုပ်၏ စိတ်နှလုံးကို နတ်ဆိုးများ၏ ရှင်ဘုရင်ထံ ကျွန်ုပ် ရောင်းစားခဲ့ပြီး၊ ယင်း၏ နင်းခြေခံခဲ့ရ။ ကျွန်ုပ်သည် ကယ်တင်ရှင် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို အသည်းအသန် မျှော်လင့်ရင်း စိတ်ပျက်ခဲ့ရ။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းလာသည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက စစ်မှန်သော အလင်း၏ ပေါ်ထွန်းမှုဖြစ်သည်ကို ကျွန်ုပ် မြင်ခဲ့ရပေ။ ကိုယ်တော်၏ အသံတော်ကို ကျွန်ုပ်ကြားကာ အသစ်သော အသက်ကို ရရှိလျက် ကိုယ်တော်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာသည်။
၂ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ဆိုးယုတ်သော သဘာဝကို တရားစီရင်ကာ ဖော်ထုတ်ရင်း ထက်သော ဓားတစ်စင်းကဲ့သို့ ဖြစ်ပေ။ ကိုယ်တော်၏ အနှစ်သာရမှာ သန့်ရှင်းပေ။ ယင်းက ကျွန်ုပ်၏ ဖော်မပြနိုင်လောက်သည့် ညစ်ညမ်းမှု၊ ကျွန်ုပ်၏ အရေးမပါမှုနှင့် နိမ့်ကျမှုတို့ကို ထုတ်ဖော်ပြပေ။ ကိုယ်တော်၏ စိတ်သဘောထားက ဖြောင့်မတ်သည်။ ကျွန်ုပ်စိတ်ထဲမှ ကိုယ်တော့်ကို ရိုသေလေးမြတ်ခြင်း ဖြစ်ပေါ်လာပြီး ကျွန်ုပ် အာမခံတော့ပေ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးလုံးလျားလျား သန့်စင်ပေးရင်း ကိုယ်တော်၏ တရားစီရင်ခြင်းက ချစ်ခြင်းမေတ္တာ ဖြစ်ပေ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ အလင်းတွင် အသက်ရှင်ဖို့ ကျွန်ုပ်ကို အမှောင်မှ ကယ်တင်သူမှာ ကိုယ်တော် ဖြစ်ပေ။ ကိုယ်တော်သည် ခရစ်တော်၊ ကယ်တင်ရှင်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပေ။ ကျွန်ုပ်တို့ထံ ထာဝရအသက်လမ်း ယူဆောင်လျက် လူသားမျိုးနွယ်ကို ကယ်တင်ရန် အမှုပြုနေသူမှာ ကိုယ်တော် ဖြစ်ပေ။ ဘဝတွင် အလင်း၏ လမ်းကြောင်းပေါ် ကျွန်ုပ်ကို ခေါ်ဆောင်ရင်း၊ ကျွန်ုပ်ကို သန့်စင်ပြီး ကယ်တင်သည်မှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြစ်ပေ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသားမျိုးနွယ်၏ ထာဝရ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ။ ကိုယ်တော်ကို ကျွန်ုပ်တို့ ယုံကြည်၊ ကိုယ်တော်နောက်လိုက်ကာ၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ သက်သေခံကြပေ၊ ဤသည်မှာ ကျွန်ုပ်တို့၏ ဝန်ထုပ်တာဝန်ဖြစ်ပေ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ ချစ်ဖွယ်ကောင်းခြင်းက မျိုးစုံလင်လှပေ။ ကိုယ်တော်ကို ကျွန်ုပ်တို့ အစဉ်အမြဲ ချစ်ကာ ချီးမွမ်းမည်။