၁၈၀  ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ဘုရားသခင် ဖြစ်သည်

၁  လူ့ဇာတိခံကာ လူသားဖြစ်လာရင်း၊ လေနှင့်မိုးများစွာကို ဖြတ်သန်ရင်းဖြင့်၊ လူတို့ကြား ကိုယ်တော် နှိမ့်ချကာ ကွယ်ဝှက်သည် - မည်သူမျှ ကိုယ်တော်ကို မသိဖူးခဲ့ကြ။ လူသားမျိုးနွယ်၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်းကို ကိုယ်တော် တရားစီရင်ကာ ဖော်ထုတ်သည်။ ကျွန်ုပ်၏ မဖြောင့်မတ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ကိုယ်တော် ပြစ်တင်ဆုံးမသည်။ ထိုသို့သော ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို ကျွန်ုပ် ကြံရပြီးသော်လည်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရလေပြီ။ ကျွန်ုပ်သည် မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူလေ့ရှိကာ ကိုယ်တော်နှင့်အတူ အပေးအယူများ လုပ်ဆောင်ခဲ့သည်- ကျွန်ုပ်၏ အားထုတ်မှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းအတွက် အလှဲအလှယ်အနေဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာကို အမြဲရရှိလိုခြင်းဖြင့်၊ ၎င်းသည် အမှန်တကယ် အလွန် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်စရာဖြစ်သည်။ ယင်းမှာ အဘယ်သို့သော အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျိုး ဖြစ်ပါသနည်း။ ကောင်းမြတ်သော အပြုအမူ အနည်းငယ်ဖြင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း အိပ်မက်ကိုပင် မက်လျက်၊ ကိုယ်တော်၏ အလိုတော်နှင့် ကိုက်ညီနိုင်မည်ဟု ကျွန်ုပ် ထင်မိခဲ့ပေ။ ကျွန်ုပ်သည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့ကာ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် ပြည့်လေသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ် လက်မခံခဲ့လျှင်၊ ကျွန်ုပ်၏ အဆုံးသတ်မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။

၂  ကိုယ်တော်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို သန့်စင်စေပြီ။ ကိုယ်တော်၏ အမှုတော်က ကျွန်ုပ်ကို မှန်သောအသက်ကို ပေးကာ ပြောင်းလဲစေပြီ။ ကိုယ်တော့်ကို ကျွန်ုပ်၏ စိတ်နှလုံးမှ အဘယ်သို့ ကျေးဇူးမတင်ရှိဘဲ နေနိုင်မည်နည်း။ ကျွန်ုပ်သည် သန့်စင်ခံရရန် လိုအပ်သည့် ပုန်ကန်မှုနှင့် မဖြောင့်မတ်ခြင်းတို့ များစွာ ရှိသေးသော်လည်း၊ ကိုယ်တော် မည်မျှသော ချစ်ဖွယ်ကောင်းခြင်း များစွာကို ပိုင်ဆိုင်ကြောင်း ကျွန်ုပ် မြင်ပြီးလေပြီ။ စမ်းသပ်မှုများ မည်မျှ ကြီးမားပါစေ၊ ကိုယ်တော်ကို ကျွန်ုပ် ဘယ်သောအခါမျှ စွန့်ခွာမည်မဟုတ်ပေ။ အတိတ်က ကျွန်ုပ်သည် မိမိအတွက် အရာရာကို လုပ်ဆောင်ခဲ့ပြီး ကိုယ်တော့်ကို စိတ်ထိခိုက်စေကာ၊ ကိုယ်တော့်ကို နာကျင်စေလျက်၊ ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့ပေ၊ ကိုယ်တော် မျက်ရည်မည်မျှ စီးကျခဲ့သည်ကို အဘယ်သူမျှမသိနိုင်ပေ။ ကျွန်ုပ်အတွက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို စဉ်းစားရင်း၊ ကျွန်ုပ်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သာ၍ပင် ကျွန်ုပ် မုန်းမိပေ။ ကိုယ်တော်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ သမ္မာတရားကို လိုက်စားရန် ကျွန်ုပ် ဆန္ဒရှိပေ။ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ကိုယ်တော် ဖြစ်ပေ။ ကိုယ်တော်၏ တရားစီရင်ခြင်းမရှိဘဲ၊ ယနေ့ ဤနေရာတွင် ကျွန်ုပ် ရှိမည်မဟုတ်ပေ။ ကိုယ်တော်၏ မယုံနိုင်စရာ ကျေးဇူးတော်ထဲ ကျွန်ုပ် မွေ့လျော်ပြီ- ယင်းသည် အမှန်တကယ် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာဖြစ်ပေ။ အို ဘုရားရှင်၊ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ကိုယ်တော် ဖြစ်ပေ။ ကိုယ်တော်၏ စိတ်သဘောထားက ဖြောင့်မတ်သည်ကို မြင်ရင်း၊ ကိုယ်တော့်ကို ကျွန်ုပ်၏ စိတ်နှလုံးမှ ချစ်မိပေ။ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ကိုယ်တော် ဖြစ်ပေ။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်ုပ် ကိုယ်တော့်ကို အစဉ်အမြဲ ကျေးဇူးတင်ရှိကာ ချီးမွမ်းပါမည်။

အရှေ့သို့- ၁၇၉  အသင်းတော် ဓမ္မတေးသီချင်း

နောက်တစ်ခုသို့- ၁၈၁  ကျွန်ုပ်ရှေ့တွင် ကိုယ်တော် ပေါ်ထွန်းစဉ် ကိုယ်တော်၏ ပြုံးရွှင်သော မျက်နှာကို ကျွန်ုပ်ကြိုဆိုမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၁  လူတစ်ဦး၏ သဘာဝကို ဖြေရှင်းခြင်းနှင့် ဆိုင်သည့် အခြေခံသဘောတရားများ

လူတစ်ဦး၏ သဘာဝကို ဖြေရှင်းခြင်းသည် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် စတင်ပြီး၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းသည်လည်း အခြေခံသဘောတရားများ ရှိခြင်း...

၁၈၃  စစ်ဆေးခြင်းမှ ယုံကြည်ခြင်းလာ၏ကျူး

၁သင့်ယုံကြည်ခြင်းအတွင်း၌သာ ဘုရားကို မြင်တွေ့နိုင်မည်ယုံကြည်ခြင်းရှိလျှင် သင့်ကို ဘုရား စုံလင်စေမည်သင်သည် ယုံကြည်ခြင်းမရှိလျှင် သင့်ကို...

၆၀၉  လူ့ဇာတိခံယူသော လူသားသည် ဘုရားကိုယ်တိုင်ဖြစ်သည်

၁ဘုရားသဘောသဘာဝသည်လူ့အသွေးအသားတွင် ဖြစ်ပေါ်ခဲ့သောအခါသူရှိနေခြင်းသည် ၀ိုးတိုးဝါးတား မဟုတ်တော့ပါလူဟာ ဘုရားနားရောက် ပြီး သူ့ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။