၂၅၄ နောင်တ
၁ ရည်ရွယ်ချက်ကောင်းများ၊ နောက်ဆုံးသောကာလ အသိပေးချက်က လကို နှစ်ခြိုက်စွာအိပ်စက်နေခြင်းမှ လှုပ်နိုး။ နာကျင်ရသော အမှတ်တရများ၊ ကျန်ရစ်ခဲ့သော အစွန်းအထင်းများ ကျွန်ုပ်၏အသိစိတ်ကို နှိပ်စက်လို့နေ။ ရှုပ်ထွေးလို့နေကာ ကျွန်ုပ် ကြောက်ရွံ့စွာ ဆုတောင်း၊ စစ်မှန်သောစိတ်နှင့် နောင်တရနေ။ ကိုယ်တော် အလွန်ချစ်ခင်ကြင်နာတတ်၏၊ သို့သော် မေတ္တာတုနဲ့ ကိုယ်တော့်ကို လှည့်စားမိခဲ့။ ဆိုးမိုက်သော ငါ့ဝိညာဉ်သည် နောင်တမရခဲ့။ ကြောက်ရွံ့ခြင်းကင်းကာ အပြစ်ထဲမှာ ကျင်လည်၊ ကိုယ်တော်ရှင်ရဲ့ ခံစားချက်ကို ဂရုမစိုက်ခဲ့။ ကျေးဇူးတော်ကိုသာ လိုချင်မိခဲ့။ မိမိကိုယ်ကိုသနားမိ၍ ထိုပြုခဲ့သောအရာတို့အတွက် ကျွန်ုပ်ဝမ်းနည်းမိခဲ့သော်လည်း မစွန့်လွှတ်နိုင်။ မိမိကိုယ်ကို လှည့်စားခြင်းအား ဖုံးကွယ်ဖို့ခက်ခဲ။
၂ ကိုယ်တော်ရှင် ဖြောင့်မတ်သစ္စာရှိမှန်း မသိရှိဘဲ မိမိလမ်းကိုသာ ဉီးတည်ရှာခဲ့။ ဘေးဒုက္ခရောက်တာနဲ့တစ်ပြိုင်နက်၊ ဘယ်သူ ကိုယ်တော်ကိုတားနိုင်လဲ။ ညည်းတွားခြင်းနှင့် နောင်တတရားတို့သာ ကျန်ရစ်ခဲ့။ အပြစ်ဒုစရိုက် ဖောက်ပြန်မှုထဲ ကျင်လည်ရင်း၊ ကျွန်ုပ်နှလုံးသားထဲတွင် အပြစ်တွေ တိုးပွားလာ။ လေးနက်သည့် နှုတ်ကပတ်တရားများ ကျွန်ုပ်ထဲမှာ ရစ်ဝဲနေ၊ ကျွန်ုပ်၏ ဆိုးယုတ်ပုံကို မုန်းတယ်။ ကျွန်ုပ် လက်ချည်းသက်သက်ဖြင့် နှုတ်ကပတ်တော်သို့ မျက်နှာမူ၊ ကိုယ်တော်ကို ကြည့်ရှုဖို့ အလွန်ရှက်ကြောက်မိ။