၂၆၀ အသင်းတော် ဓမ္မတေးသီချင်း
ကျွန်ုပ် နှလုံးသားထဲ ကိုယ်တော်ကို ချစ်ဖို့သာ ကြိုးစားသည်
၁
အို ဘုရား၊ အခြားသူများ ကျွန်ုပ်ကို ကောင်းစွာ ဆက်ဆံရမယ်၊
သည်းခံရမယ် ကျွန်ုပ်ကို နားလည်ပေးရမယ်၊
လက်ခံရမယ်လို့လည်း မတောင်းဆိုပါ
ကျွန်ုပ်တစ်ခုတောင်းဆိုတာက
ကိုယ်တော်ကို နှလုံးသားနဲ့ ချစ်နိုင်ရမယ်
အသိစိတ် လိပ်ပြာသန့်နိုင်ရမယ် နှလုံးသား ငြိမ်းအေးနိုင်ရမယ်
ကိုယ်တော်ကို ချစ်တဲ့ ကျွန်ုပ်နှလုံးသားအပေါ်
အခြေခံ၍သာ ဆောင်ရွက်လိုတယ်
စစ်မှန်သော နှလုံးသားနှင့် သမ္မာတရားဖြင့်
ကိုယ်တော်ကို အစေခံဖို့သာ တောင်းဆိုပါတယ်
အသက်ရှင်နေသရွေ့ အလိုတော်ဆောင်ရွက်ဖို့ထက်ဘာကိုမှ မလိုချင်
လုပ်သမျှကို အလိုတော်အတိုင်း ဆောင်ရွက်လိုပါတယ်
၂
အခြားသူများ ကျွန်ုပ်ကို ချီးမွမ်း၊
အထင်ကြီးလေးစားဖို့ မတောင်းဆိုပါ
နှလုံးသားမှ ကိုယ်တော်ကို ကျေနပ်စေနိုင်ဖို့သာ တောင်းဆိုပြီး
သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့သာ တောင့်တ
ကိုယ်တော်ကို စိတ်ကျေနပ်စေနိုင်ဖို့အတွက်ပါ
ကိုယ်တော်ကို စိတ်ကျေနပ်စေနိုင်ဖို့အတွက်ပါ
ကိုယ်တော်ကို ချစ်တဲ့ ကျွန်ုပ်နှလုံးသားအပေါ်
အခြေခံ၍သာ ဆောင်ရွက်လိုတယ်
စစ်မှန်သော နှလုံးသားနှင့် သမ္မာတရားဖြင့်
ကိုယ်တော်ကို အစေခံဖို့သာ တောင်းဆိုပါတယ်
အသက်ရှင်နေသရွေ့ အလိုတော်ဆောင်ရွက်ဖို့ထက်ဘာကိုမှ မလိုချင်
လုပ်သမျှကို အလိုတော်အတိုင်း ဆောင်ရွက်လိုပါတယ်
၃
သစ္စာစောင့်သိမှုအပြည့်နဲ့ ကျွန်ုပ်တာဝန်ကို ထမ်းဆောင်၊
အရည်အချင်းအားနည်းပြီး ရူးမိုက်ပေမဲ့
ကိုယ်တော် ချစ်ဖွယ်ဖြစ်ကြောင်း ကောင်းစွာသိပြီး၊
ကျွန်ုပ်အလုံးစုံကို ကိုယ်တော်အား ပေးအပ်လိုတယ်