၂။ နာကျင်ဖွယ် ကျရှုံးမှုမှ ရရှိခဲ့သော သင်ခန်းစာများ

ဂါဘရီအယ်လ်လာ၊ အီတလီ

၂၀၁၄ ခုနှစ်မှာ ကျွန်မ အသင်းတော်မှာ သရုပ်ဆောင်တာဝန်ကို စပြီးထမ်းဆောင်ခဲ့တယ်။ သရုပ်ဆောင်တာနဲ့ ကိုယ့်ရဲ့အရည်အချင်း တက်အောင်လုပ်တာကလွဲရင် ကျန်တဲ့အချိန်တွေကို ကိုယ့်သဘောနဲ့ကိုယ် စီစဉ်လို့ရတော့၊ ဘဝက တော်တော်လေး လွတ်လပ်ပြီး သက်သောင့်သက်သာရှိတာပေါ့။ ကျွန်မက သရုပ်ဆောင်ရတာကို သဘောကျပြီး ကိုယ့်ရဲ့ဖျော်ဖြေမှုတွေမှာ ကြိုးစားအားထုတ်ချင်စိတ်ရှိခဲ့လို့ ရုပ်ရှင်နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ အရည်အချင်းတွေက သိသိသာသာ တိုးတက်လာခဲ့တာပေါ့။ ဒါကြောင့် ခေါင်းဆောင်က ကျွန်မကို ဒါရိုက်တာတာဝန် ထမ်းဆောင်ဖို့ လေ့ကျင့်ခိုင်းခဲ့တယ်။ အဲဒီတုန်းကတော့ ကျွန်မ တော်တော်လေး အင်တင်တင်ဖြစ်ခဲ့တယ်၊ တွေးမိတာက “ဒါရိုက်တာတစ်ယောက်မှာ တာဝန်တွေက အရမ်းများတာပဲ။ အဖွဲ့ကလုပ်တဲ့ အရာရာတိုင်းမှာ ပါဝင်ရမယ်၊ ရိုက်ကူးပြီးရင် ရုပ်ရှင်ကို ပြန်စစ်ဆေးရမယ်။ စိတ်ရောလူရော ပင်ပန်းတယ်။ နေ့တိုင်း ဒီလောက်ကြိုးစားလုပ်ရရင် လုံးဝ ပင်ပန်းနွမ်းနယ်ပြီး ပိန်လှီသွားမှာပဲ” လို့ပေါ့။ ဒါပေမဲ့ တာဝန်တစ်ခုကို ငြင်းလိုက်ရင် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူးလို့ တွေးမိတော့ မလွှဲသာမရှောင်သာ လက်ခံလိုက်ရတယ်။ ကျွန်မ ဒါရိုက်တာတာဝန် ထမ်းဆောင်ဖို့ ရာထူးတိုးသွားမှန်းသိသွားတော့ ကျွန်မအတွက် ညီအစ်မတွေအားလုံး ဝမ်းသာခဲ့ကြတာပေါ့။ ဒါပေမဲ့ ကျွန်မကတော့ တွေးမိတယ်၊ “ဒါက ပင်ပန်းတဲ့အလုပ်ဆိုတာ အသိအသာကြီး။ ငါက ကြီးကြီးမားမား တာဝန်ပေးစေခိုင်းချက်မျိုးကို တာဝန်ယူဖို့ မလိုက်စားဘူး။ ဘာလို့လဲဆိုတော့ ဝန်ထုပ်ဝန်ပိုးကြီးလေလေ ဇာတိပကတိအတွက် ပိုပင်ပန်းလေလေ ဖြစ်လို့ပဲ။ ငါက သာမန်သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ချင်တယ်။ ကိုယ့်မှာ အလုပ်မရှိဘဲ အားနေတာမျိုး မဖြစ်ရင် ပြီးတာပဲ” လို့ပေါ့။

ကျွန်မ ပထမဆုံးရုပ်ရှင်ကို ဒါရိုက်တာလုပ်တုန်းက ညှိနှိုင်းရေးမှူးက နေ့တိုင်းအတွက် အချိန်စာရင်းကို ပြည့်ကျပ်နေအောင် စီစဉ်ထားတယ်။ ရိုက်ကူးမှုတစ်ခုပြီးတိုင်း နောက်တစ်ခန်းအတွက် သရုပ်ဆောင်ပုံ၊ ရိုက်ချက် ဒါမှမဟုတ် ဇာတ်ဝင်ခန်းကိစ္စတွေကို ဆက်ဆွေးနွေးရသေးတယ်။ ရိုက်ကူးနေတဲ့အချိန်မှာဆို မော်နီတာရှေ့မှာထိုင်ပြီး တစ်စက္ကန့်လေးတောင် အာရုံမလွင့်ရဲခဲ့ဘူး။ အာရုံလွင့်သွားရင် သရုပ်ဆောင်မှုက တိကျမှုရှိမရှိ ကျွန်မ မဆုံးဖြတ်နိုင်တော့ဘဲ ပြန်ကြည့်တာ ဒါမှမဟုတ် ပြန်ရိုက်တာတွေ လုပ်ခဲ့ရတယ်။ တစ်ခါတလေ၊ ရိုက်ကွင်းမှာ ရိုက်ကူးရေး ပြီးသွားပြီး တခြားအဖွဲ့သားတွေ ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မက တခြားအလုပ်တွေ ကိုင်တွယ်ဖြေရှင်းဖို့ ကျန်နေခဲ့ရသေးတယ်။ ဒါ့အပြင် ဒီရုပ်ရှင်မှာ အဓိကဇာတ်ကောင်တွေကော၊ ဗီလိန်ဇာတ်ကောင်တွေကော အများကြီးပဲ။ ကျွန်မက သရုပ်ဆောင်တွေကို သူတို့သရုပ်ဆောင်ရမယ့် အခန်းတွေ ရှင်းပြပေးရတယ်၊ သူတို့နဲ့အတူတူ လေ့ကျင့်ပေးရတယ်၊ သင်ပြပေးရတယ်၊ အားလုံးကို ကြီးကြပ်ပေးရတယ်။ သရုပ်ဆောင်တွေရဲ့ ဖျော်ဖြေမှုတွေက သူတို့ရဲ့ဇာတ်ကောင်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို ဆုံးဖြတ်နိုင်လို့၊ အခန်းတိုင်းအတွက် ဇာတ်ကောင်တွေကို ကြိုတင်လေ့လာပြီး သူတို့ကို သေချာနားလည်အောင် လုပ်ခဲ့ရတယ်။ ဒါက အထူးသဖြင့် စိတ်ခံစားမှုပြင်းတဲ့ အခန်းတွေအတွက် ပိုမှန်တယ်၊ သရုပ်ဆောင်က ဇာတ်ကောင်ထဲကို စိတ်နှစ်လို့မရတဲ့အခါ သူတို့ကို မှန်ကန်တဲ့ စိတ်ခံစားမှုအခြေအနေထဲကို ရောက်အောင်လုပ်ပေးဖို့ နည်းလမ်းတွေရှာခဲ့ရတယ်။ ဒါရိုက်တာလုပ်ရတာ တကယ်ကို စိတ်ပင်ပန်းလွန်းတယ်လို့ ခံစားခဲ့ရတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ဆို ကိုယ့်အပိုင်းကို ကောင်းကောင်းသရုပ်ဆောင်ရုံပဲ၊ ပြီးပြီ။ အဲဒီတာဝန်က အများကြီး ပိုပြီးစိတ်အေးလက်အေးနိုင်တယ်။ ဒီဒါရိုက်တာတာဝန်ကို အူလှိုက်သည်းလှိုက် မုန်းတီးခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်လာခဲ့တယ်။ ရိုက်ကူးနေတုန်း သရုပ်ဆောင်တွေက လိုချင်တဲ့ပုံစံအတိုင်း ရဖို့ ကြိုးစားနေတာကိုတွေ့ရင် သူတို့ရဲ့သရုပ်ဆောင်ပုံ တိုးတက်အောင် ဘယ်လိုသင်ကြားပေးမလဲဆိုတာကို စဉ်းစားမယ့်အစား အလျင်စလိုပဲ ရိုက်ချက်ကို အတည်ပြုလိုက်တယ်။ အကျိုးဆက်အနေနဲ့ ခေါင်းဆောင်က ရုပ်ရှင်အပိုင်းတွေကို ပြန်စစ်တဲ့အခါမှာ သရုပ်ဆောင်တာတွေက စံနှုန်းမပြည့်တာကို တွေ့သွားပြီး ကျွန်မတို့ ပြန်ရိုက်ခဲ့ရတယ်။ နောက်တစ်ခါကျတော့ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ညီအစ်မက လေ့ကျင့်နေတုန်း သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုထဲမှာ ကိုယ်ဟန်အမူအရာတချို့ ထည့်ပေးဖို့ ပြောတယ်။ ကျွန်မက အဲဒါက အရမ်းဒုက္ခများတယ်လို့ တွေးပြီး မထည့်ခဲ့ဘူး။ နောက်ဆုံးတော့ သရုပ်ဆောင်တာက လိုအပ်ချက်တွေရှိနေပြီး ရိုက်ကူးရေးမစခင်လေးမှာပဲ သူက သရုပ်ဆောင်တွေကို နေရာမှာတင် အမူအရာတွေ ထပ်ထည့်ပြီး သင်ပြပေးခဲ့ရလို့ ရိုက်ကူးရေး နှောင့်နှေးသွားခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ့်တာဝန်ကိုယ်မကျေမှန်းသိလို့ စိတ်ထဲမှာ တော်တော်မကောင်းဘူး။ ဒါပေမဲ့ အဲဒီနောက်မှာ အမှန်တကယ် အလုပ်လုပ်ရမယ့်အချိန်ရောက်တိုင်း ဒီတာဝန်ကို ထမ်းဆောင်ရတာက အရမ်းပင်ပန်းပြီး ဒုက္ခများတယ်လို့ ကျွန်မ ခံစားခဲ့ရတုန်းပဲ။ အချိန်နှစ်လက ခဏနဲ့ ကုန်ဆုံးသွားတယ်၊ သရုပ်ဆောင်တွေက သူတို့ရဲ့ သရုပ်ဆောင်မှုမှာ ပြဿနာတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ ညှိနှိုင်းရေးမှူးက သရုပ်ဆောင်တွေကို သူတို့ရဲ့အခန်းတွေအတွက် ပိုပြီးအသေးစိတ် ရှင်းပြပေးဖို့ ကျွန်မကို အကြိမ်ကြိမ် သတိပေးခဲ့တယ်၊ ကျွန်မက နားမထောင်တဲ့အပြင် အတိုက်အခံလုပ်စိတ်ဝင်ပြီး၊ “ပိုပြီးအသေးစိတ်လုပ်ရင် အရမ်းဒုက္ခများမှာပဲ။ လေ့ကျင့်ခန်းတွေက ဘယ်လောက်ကြာသွားမလဲ” လို့ပေါ့။ ငြင်းခုံဖို့တောင် ကျွန်မ ကြိုးစားခဲ့တယ်၊ “ကျွန်မ သရုပ်ဆောင်လုပ်ခဲ့တုန်းက ဘယ်သူမှ ကျွန်မကို ဒီလောက်အသေးစိတ် မသင်ကြားပေးခဲ့ဘူး။ သရုပ်ဆောင်တယ်ဆိုတာ သရုပ်ဆောင်ရဲ့ ကိုယ်ပိုင်တာဝန်မဟုတ်ဘူးလား” လို့ ပြောလိုက်တယ်။ လေ့ကျင့်ချိန်ရောက်တော့လည်း ကျွန်မက သရုပ်ဆောင်တွေကို အသေးစိတ်မပါဘဲ အကြမ်းဖျင်းလောက်ပဲ ပြောပြနေတုန်းပဲ။ အဲဒါကြောင့် ခဏခဏ ပြန်ရိုက်ရပြီး ထုတ်လုပ်ရေးအချိန်ဇယားကို နှောင့်နှေးစေခဲ့တယ်။

အချိန်အတန်ကြာတော့ ညီအစ်ကိုဧလိယကို ကျွန်မနဲ့အတူ ဒါရိုက်တာတာဝန် ပူးပေါင်းထမ်းဆောင်ဖို့ တာဝန်ပေးလိုက်တယ်။ ညှိနှိုင်းရေးမှူးက ကျွန်မကို ပြောတယ်၊ “ကြည့်ရတာ အစ်မတစ်ယောက်တည်း ဒါရိုက်တာတာဝန်လုပ်ဆောင်ဖို့ ရုန်းကန်နေရပုံပဲ။ ဒီနေ့ကစပြီး အစ်မက သရုပ်ဆောင်တွေကို သူတို့ပါတဲ့အခန်းတွေအတွက် ရှင်းပြပေးတဲ့အပိုင်းကို အဓိကတာဝန်ယူရမယ်၊ ညီအစ်ကိုဧလိယက မော်နီတာရှေ့ကနေ ကြီးကြပ်ပေးလိမ့်မယ်” တဲ့။ ဒါကိုကြားတော့ ကျွန်မ တော်တော်လေး ပျော်သွားတယ်။ တွေးမိတာပေါ့၊ “ကောင်းလိုက်တာ။ ငါ မော်နီတာကို ကြည့်ပြီး ကြီးကြပ်စရာမလိုတော့ဘူး။ ဒီလိုဆိုတော့ ငါ အားအားလပ်လပ် ပိုရှိသွားမယ်၊ အရမ်းလည်း မပင်ပန်းတော့ဘူးပေါ့” လို့ပေါ့။ အဲဒီနောက်ပိုင်း သရုပ်ဆောင်တွေနဲ့ လေ့ကျင့်ပြီးတာနဲ့ ကျွန်မက ကိုယ့်ကိုယ်ပိုင်ကိစ္စတွေ သွားလုပ်တော့တာပဲ။ သူတို့ဘယ်လို သရုပ်ဆောင်သလဲဆိုတာကိုလည်း ဂရုမစိုက်ဘူး၊ အကျိုးဆက်အနေနဲ့ တကယ်ရိုက်ကူးတဲ့အခါမှာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုမှာ အမြဲတမ်း ပြဿနာတွေရှိနေခဲ့တယ်။ ညှိနှိုင်းရေးမှူးက ကျွန်မကို ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ဆန်းစစ်ဖို့ပြောတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “သရုပ်ဆောင်တွေက ကောင်းကောင်းမသရုပ်ဆောင်နိုင်ရင် ငါက ဘာဆန်းစစ်စရာ ရှိလို့လဲ။ အခု ဒါကို ငါ့အပြစ်လို့ ပြောနေတာလား” လို့ပေါ့။ ကျွန်မ ဒီအကြောင်းကို ပိုပြီးစဉ်းစားလေလေ၊ ဒီတာဝန်က ကျေးဇူးတင်မခံရတဲ့ အလုပ်တစ်ခုလို့ ပိုပြီးခံစားရလေလေပဲ။ အဲဒီရက်ပိုင်းတွေမှာ ကျွန်မသင်ပြပေးနေတဲ့ သရုပ်ဆောင်တချို့က ရိုက်ကူးရေးမှာ ပြဿနာတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ ညှိနှိုင်းရေးမှူးက ကျွန်မကို ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ပြန်ဆင်ခြင်သုံးသပ်ဖို့ နောက်တစ်ခါ သတိပေးတော့မှပဲ ကျွန်မ စပြီးဆင်ခြင်သုံးသပ်ခဲ့တယ်။ ပြန်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ရက်ပိုင်းတွေမှာ ကျွန်မရဲ့ ဇာတိပကတိက သက်သောင့်သက်သာရှိခဲ့ပေမဲ့ စိတ်နှလုံးထဲမှာတော့ ထူးဆန်းတဲ့ စိတ်ဘဝင်မကျမှုကို ခံစားခဲ့ရတယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်တယ်။ “‘သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် ကိုယ်စိတ်ချမ်းသာမှုတွင် အစဉ်ထာဝရ ပျော်မွေ့လော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။” ပြီးတော့ အဲဒီနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင် ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသည့် တာဝန်တစ်ခုတွင်ပင် သင်သည် ကောင်းမွန်စွာ လုပ်ဆောင်ရန် ပျက်ကွက်လိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီလိမ့်မည် မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်မချရဘဲ အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်ထဲ၌ အလုပ်လုပ်လိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ‘သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် ကိုယ်စိတ်ချမ်းသာမှုတွင် အစဉ်ထာဝရ ပျော်မွေ့လော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) အဲဒါကိုဖတ်ပြီးနောက်မှာ လူတစ်ယောက်ရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက အရေးပါတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ လူတွေကသာ ကိုယ့်တာဝန်ကို စိတ်ရောကိုယ်ပါနှစ်ပြီး ထမ်းဆောင်နိုင်ရင် ဘုရားသခင်က သူတို့ကို ဉာဏ်ပွင့်စေပြီး လမ်းပြမှာဖြစ်လို့၊ ကောင်းတဲ့ရလဒ်တွေ ရရှိနိုင်မှာပဲ။ ဒါပေမဲ့ သူတို့ရဲ့သဘောထားက ပေါ့ပေါ့ဆဆ ဒါမှမဟုတ် ဝတ်ကျေတမ်းကျေဖြစ်နေရင် နည်းနည်းလေး အားစိုက်လိုက်ရုံနဲ့ ကောင်းကောင်းထမ်းဆောင်နိုင်တဲ့ တာဝန်မျိုးတောင်မှ ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူး။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက စံမမီဘူးဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ရဲ့သားနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမများရအောင် သူတို့ကို စိတ်ရှည်ရှည်နဲ့ မသင်ကြားပေးဘဲ ရိုက်ချက်တွေကို အလျင်စလို အတည်ပြုခဲ့တယ်၊ ဒါကြောင့် သရုပ်ဆောင်မှုတွေ မအောင်ခဲ့လို့ ပြန်ရိုက်ဖို့ လိုခဲ့တယ်။ လေ့ကျင့်ချိန်မှာ သရုပ်ဆောင်တွေကို အသေးစိတ်မပါဘဲ အကြမ်းဖျင်းလောက်ပဲ ပြောပြခဲ့လို့ သူတို့ထဲက တော်တော်များများက ရိုက်ကွင်းမှာ သရုပ်ဆောင်တဲ့အခါ ပြဿနာတွေဖြစ်ပြီး ဆက်တိုက်ပြန်ရိုက်ရလို့ အချိန်ဇယားကို နှောင့်နှေးစေခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မ တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး ဖြတ်လမ်းလိုက်ခဲ့လို့ ဖြစ်ရတာပဲ။ ညှိနှိုင်းရေးမှူးက ကျွန်မကို ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ဆင်ခြင်သုံးသပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ ကျွန်မက အကြောင်းပြချက်တွေပေးပြီး ငြင်းခုံခဲ့တယ်။ ကျွန်မက တာဝန်မှာ အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်လို့ ပြဿနာတွေ ဆက်တိုက်ဖြစ်တော့ ညှိနှိုင်းရေးမှူးက ကျွန်မကို မော်နီတာရှေ့ကနေ ကြီးကြပ်ခွင့် မပေးတော့ဘူး။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု မရှိတဲ့အပြင် ဇာတိပကတိက ပိုပြီးသက်သောင့်သက်သာရှိနိုင်မှာဖြစ်လို့ တကယ်တမ်းမှာ ပျော်ခဲ့တယ်လေ။ ကျွန်မ လုံးဝ ထုံသွားခဲ့ပြီ။ အသင်းတော်က ကျွန်မကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပျိုးထောင်ပေးခဲ့ပြီး လေ့ကျင့်ဖို့အခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်ပွင့်စေမှုနဲ့ လမ်းပြမှုကြောင့် ကျွန်မမှာ သရုပ်ဆောင်မှုအတွေ့အကြုံတချို့လည်း စုဆောင်းမိခဲ့တယ်။ အခု အသင်းတော်က ကျွန်မကို ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ ပျိုးထောင်ပေးပြီး ကျွန်မသင်ယူခဲ့တာတွေကို ကိုယ့်တာဝန်မှာ အသုံးချဖို့ လိုအပ်လာတဲ့အခါမှာတော့ အချိန်နဲ့အားစိုက်ထုတ်မှု နည်းနည်းပေးဖို့ လိုပြီး ဇာတိပကတိ ဒုက္ခခံရမှာစိုးလို့ ကျွန်မ အတိုက်အခံလုပ်တယ်၊ မကျေမနပ်ပြောတယ်၊ ဝတ်ကျေတမ်းကျေလုပ်ခဲ့တယ်။ ကျွန်မ လူ့သဘာဝ အရမ်းကင်းမဲ့ပြီး ဘုရားသခင်အတွက် တကယ်ကို စက်ဆုပ်စရာပဲ။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ “သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။” “ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။” ကျွန်မကို မော်နီတာကနေ ကြီးကြပ်ခွင့်မပြုတော့တဲ့ အကြောင်းရင်းက ကျွန်မ ကိုယ့်တာဝန်မှာ ဖြတ်လမ်းလိုက်ပြီး တာဝန်မဲ့ခဲ့လို့ပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက ယုံကြည်ကိုးစားလို့ မရတော့တဲ့အတွက် ဒီတာဝန်ရဲ့အပိုင်းကို ထမ်းဆောင်ခွင့်က တခြားတစ်ယောက်ဆီ ရောက်သွားခဲ့တာ။ ကျွန်မက အန္တရာယ်ရှိတဲ့ ချောက်ကမ်းပါးစွန်းမှာ ရောက်နေခဲ့ပြီ။ နောင်တမရရင် သရုပ်ဆောင်တွေကို သူတို့ရဲ့အခန်းတွေအတွက် ရှင်းပြပေးခွင့်တောင် ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် အဲဒီနောက်မှာ ကျွန်မ သရုပ်ဆောင်တွေနဲ့အတူ လေ့ကျင့်တာကို အလေးအနက်ထားခဲ့တယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်မှုမှာ လိုအပ်ချက်ရှိတာကို မြင်တာနဲ့ ချက်ချင်းထောက်ပြပြီး စိတ်ရှည်ရှည်နဲ့ သင်ပြပေးခဲ့တယ်။ သရုပ်ဆောင်တွေနဲ့ အတူတူလေ့လာဖို့ နမူနာဗီဒီယိုတချို့ကိုလည်း ရှာဖွေခဲ့တယ်။ နောက်ဆုံးမှာတော့ အဲဒီရုပ်ရှင်ကို အဆင်ပြေပြေနဲ့ ရိုက်ကူးပြီးစီးခဲ့ပါတယ်။

ကျွန်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်းပြောင်းလဲပြီလို့ ထင်ခဲ့ပေမဲ့ ဒါပေမဲ့ နောက်ရုပ်ရှင်ကို ရိုက်ကူးနေတုန်းမှာ ကျွန်မရဲ့ အကျင့်ဟောင်းတွေ ပြန်ထလာမယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မက သရုပ်ဆောင်တွေကို သင်ပြပေးရတဲ့ တာဝန်ကိုပဲ ယူထားတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်က ညီအစ်မအိဇဘက်လ်ပေါ့။ သူက သရုပ်ဆောင်ပညာကို လေ့ကျင့်ခါစပဲရှိသေးတော့ သူ့ရဲ့သရုပ်ဆောင်မှုမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ဒါကြောင့် ကျွန်မ စိုက်ထုတ်ရမယ့် စိတ်ပိုင်းဆိုင်ရာ အင်အားနဲ့ ပေးဆပ်ရမယ့် အဖိုးအခက အရင်ကထက် ပိုများခဲ့တယ်။ ရိုက်ကူးရေးစစချင်းမှာတော့ ကျွန်မ အလေးအနက်ထားပြီး အလုပ်လုပ်နိုင်ခဲ့သေးတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုမှာ လိုအပ်နေတဲ့နေရာတွေကို ချက်ချင်းထောက်ပြပေးတယ်၊ တစ်ခါတလေ ကိုယ်တိုင် သရုပ်ပြပေးခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အခန်းတိုင်းအတွက် သရုပ်ဆောင်တွေကို သင်ကြားပေးရတာက စိတ် ပင်ပန်းလာတယ်လို့ ခံစားခဲ့ရတယ်။ ဒါ့အပြင် ကျွန်မနဲ့တွဲဖက်လုပ်တဲ့ ညီအစ်ကိုဗင်းဆင့်ကလည်း သူ့တာဝန်မှာ တော်တော်တက်ကြွပြီး သရုပ်ဆောင်တွေကို သင်ပြပေးတဲ့နေရာမှာ အရမ်း တာဝန်ကျေပွန်တော့ ကျွန်မရဲ့ဝန်တာထားတဲ့စိတ်က တဖြည်းဖြည်း လျော့နည်းသွားတယ်။ တခြားအလုပ်တွေကိုလည်း စိတ်မပူတော့ဘူး။ ညီအစ်မအိဇဘက်လ်က သူ့ဇာတ်ကောင်ကို သိပ်နားမလည်တာကို ကျွန်မ သုံးလေးခါ သတိပြုမိခဲ့တယ်။ အစကတော့ ညဘက် အချိန်နည်းနည်းရှာပြီး သူနဲ့စကားပြောမယ်လို့ စီစဉ်ထားပေမဲ့ တစ်နေကုန် အခန်းတွေ လေ့ကျင့်ခဲ့ရလို့ ပင်ပန်းနေပြီဆိုတာကို တွေးမိတယ်။ ညဘက်မှာ သူ့ကို သင်ပြပေးရင် နောက်နေ့ရိုက်ကူးရေးအတွက် ကိုယ့်မှာ လုံးဝအားရှိမှာမဟုတ်ဘူး။ ဒါနဲ့ပဲ “ထားလိုက်ပါတော့၊ သင်မပေးတော့ပါဘူး” လို့ တွေးလိုက်တယ်။ အကျိုးဆက်ကတော့ နောက်နေ့ရိုက်ကူးရေးမှာ ညီအစ်မအိဇဘက်လ်ရဲ့ သရုပ်ဆောင်မှုမှာ ပြဿနာတွေပေါ်လာပြီး ရုပ်ရှင်တိုးတက်မှု နှောင့်နှေးခဲ့ရတယ်။ ကိုယ့်တာဝန်ကိုယ်မကျေတဲ့အတွက် အရမ်းနောင်တရခဲ့ပေမဲ့ နောက်ပိုင်း အဖိုးအခပေးဆပ်ရမယ့်အချိန်တိုင်းမှာ ကိုယ့်ဇာတိပကတိကိုပဲ အလေးထားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ တဖြည်းဖြည်းနဲ့ သရုပ်ဆောင်တွေကို သင်ပြပေးရတာ ပိုပိုပြီး ခက်ခဲလာတယ်၊ နောက်ဆုံး သူတို့ရဲ့သရုပ်ဆောင်မှုမှာရှိတဲ့ ပြဿနာတွေကိုတောင် မမြင်နိုင်တော့တဲ့အထိပဲ။ သရုပ်ဆောင်မှုပြဿနာတွေကြောင့် ကျွန်မတို့ ခဏခဏပြန်ရိုက်ခဲ့ရတယ်။ ဒါနဲ့ တခြားအကြောင်းအမျိုးမျိုး ပေါင်းစပ်ပြီးတော့ ရုပ်ရှင်က ရိုက်လို့မပြီးနိုင်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ရုပ်ရှင်အဖွဲ့ကို ဖျက်သိမ်းလိုက်ရတယ်။ အဖွဲ့ဖျက်သိမ်းလိုက်တဲ့ညမှာ ကျွန်မ တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်ခဲ့ဘူး။ ပြန်ကြည့်လိုက်တော့ ကျွန်မကို ဒါရိုက်တာတာဝန် ထမ်းဆောင်ခိုင်းတဲ့အချိန်ကစပြီး ကျွန်မ တကယ်ကို ကျိုးနွံနာခံခဲ့တာမျိုး မရှိခဲ့ဘူး။ ဒီတာဝန်ကို ပင်ပန်းလွန်းလို့ အမြဲတမ်း မကြိုက်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားမေးကြည့်တယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်တာက ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်ခံစားဖို့ပဲလား။ ဒါက ဘုရားသခင်ကို ပုန်ကန်နေတာ မဟုတ်ဘူးလား” ပေါ့။ စုဝေးပွဲတစ်ခုမှာ ခေါင်းဆောင်က ကျွန်မကို ပြုပြင်ပြီးပြောတယ်၊ “ဘုရားသခင်ရဲ့အိမ်တော်က နင့်ကို ဒါရိုက်တာတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တာ၊ ဒါပေမဲ့ နင်က ဒီလောက်တာဝန်မဲ့လိမ့်မယ်လို့ ငါတစ်ခါမှမထင်ခဲ့ဘူး။ နင်က တကယ်ကို ယုံကြည်ကိုးစားလို့မရတဲ့သူပဲ” တဲ့။ အဲဒီအချိန်တုန်းက ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေခဲ့တယ်။ ပြုပြင်ဖို့ အခွင့်အရေးမရှိတော့ဘူးဆိုတဲ့ အတွေးဝင်လာတိုင်း နာကျင်မှုကြောင့် မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းခဲ့မိတာရယ်၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှားခြင်းတွေအတွက်ရယ် ခဏခဏ စိတ်သောကရောက်ခဲ့ရတယ်။ ကျွန်မ ဘုရားသခင်အပေါ် အကြွေးအရမ်းတင်နေလို့ သူ့ကို ဆုတောင်းဖို့တောင် ရှက်ခဲ့ရတယ်၊ ဘုရားသခင်က ကျွန်မကို စက်ဆုပ်ရွံရှာပြီး မုန်းတီးနေတယ်၊ သူ့မျက်နှာတော်ကို ကျွန်မဆီကနေ ဝှက်ထားပြီး ကျွန်မကို လျစ်လျူရှုနေတယ်လို့ အမြဲခံစားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မကို ဘေးဖယ်ထားလိုက်သလိုပဲ၊ ကျွန်မရဲ့ဝိညာဉ်က အမှောင်နဲ့နာကျင်မှုထဲမှာ ရောက်နေခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျွန်မကို ဧဝံဂေလိတရားဟောဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မက တာဝန်တစ်ခုကို ထမ်းဆောင်နေတုန်းပဲဆိုပေမဲ့ ဒီကိစ္စက ကျွန်မရဲ့စိတ်နှလုံးထဲမှာ မဖြေရှင်းနိုင်တဲ့ အထုံးအဖွဲ့တစ်ခုအနေနဲ့ ကျန်နေခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်မ အကြိမ်ကြိမ် ဆုတောင်းပြီး ရှာဖွေခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး ဘယ်နေရာမှာ အတိအကျ ကျရှုံးခဲ့တာလဲ။ ကိုယ့်ကိုယ်ကိုယ်သိဖို့ သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” လို့ပေါ့။

တစ်နေ့မှာ ပျင်းရိတဲ့လူတွေကို ဖော်ထုတ်ပြီး လက္ခဏာခွဲပြထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတဲ့အခါ ကျွန်မရဲ့စိတ်နှလုံးထဲမှာ စူးစူးနစ်နစ် ထိခိုက်ခံစားခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) အဲဒီနှုတ်ကပတ်တော်တွေကို တွေးဆရင်း၊ ဒါရိုက်တာတာဝန် ထမ်းဆောင်ခဲ့တဲ့အချိန်က မြင်ကွင်းတွေက တစ်ခုပြီးတစ်ခု စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်က သရုပ်ဆောင်တွေကို သူတို့ရဲ့သရုပ်ဆောင်မှုမှာ သင်ပြပေးဖို့ ကျွန်မကို ဒါရိုက်တာတစ်ယောက်ဖြစ်အောင် စီစဉ်ပေးခဲ့တယ်။ အဓိကဇာတ်ဆောင်မင်းသမီးရဲ့ သရုပ်ဆောင်မှုမှာ အားနည်းချက်တွေရှိတာကို ကျွန်မ ရှင်းရှင်းလင်းလင်းမြင်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်မပင်ပန်းစေချင်လို့ သူ့ကို မသင်ပြပေးခဲ့ဘဲ၊ ကိုယ့်ရဲ့အခြေခံအကျဆုံး တာဝန်ကိုတောင် မကျေပွန်ခဲ့ဘူး။ ညီအစ်ကို ဗင်းဆင့်က အရမ်းတက်ကြွနေတာကို မြင်တော့ အခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ့်အလုပ်ကနေ စွန့်လွှတ်ဖယ်ခွာတယ်။ စာရွက်ပေါ်မှာတော့ ကျွန်မလည်း ဒါရိုက်တာတစ်ယောက်ပဲ၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ ညီအစ်ကိုဗင်းဆင့် တစ်ယောက်တည်းကပဲ ဒါရိုက်တာလုပ်နေခဲ့တာ။ ဒါကြောင့် အလုပ်ရဲ့ ကဏ္ဍတော်တော်များများမှာ ကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့ဘဲ နောက်ဆုံးမှာ ရုပ်ရှင်က မပြီးစီးနိုင်ဖြစ်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေ လနဲ့ချီပြီး ပေးဆပ်ခဲ့တဲ့အဖိုးအခနဲ့ ဘုရားသခင်အိမ်တော်က ကုန်ကျခဲ့သမျှအားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့တယ်။ ကျွန်မက ဒါရိုက်တာဆိုတဲ့ နာမည်ခံထားပေမဲ့ တကယ့်အလုပ်ကိုမလုပ်ခဲ့ဘဲ ကိုယ့်ရဲ့လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မက နာမည်ခံပဲရှိပြီး လုံးဝအသုံးမကျတဲ့သူတစ်ယောက် မဟုတ်ဘူးလား။ ကျွန်မက ပျင်းရိပြီး ဂရုမစိုက်ဘူး၊ တာဝန်မှာလည်း အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို သတိပေးဖို့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို အကြိမ်ကြိမ် ချီးမြှင့်ခဲ့ပေမဲ့ ကျွန်မ ဘယ်တော့မှ တကယ်နောင်တမရခဲ့ဘူး။ နောက်ဆုံးမှာတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးခဲ့ရတယ်၊ ကိုယ့်တာဝန်မှာရှိတဲ့ ပြဿနာတွေကို မခွဲခြားနိုင်တော့ဘူး၊ ဝိညာဉ်ကလည်း အရမ်းကို အမှောင်ကျပြီး နာကျင်ခံစားခဲ့ရတယ်။ ကျွန်မက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” တို့၊ “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေအတိုင်း အမြဲတမ်း အသက်ရှင်ခဲ့တယ်။ ဆယ်စုနှစ်နည်းနည်းသာ နေရတဲ့ လူ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ပင်ပန်းအောင် မလုပ်သင့်ဘူး၊ နေ့တိုင်း လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ နေသွားရုံနဲ့ လုံလောက်ပြီလို့ ယုံကြည်ခဲ့တယ်။ ဒီလိုအတွေးအခေါ်မျိုးရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်မ ပျင်းရိလာပြီး တိုးတက်ဖို့ မလိုက်စားတော့ဘူး။ ကျောင်းတက်တုန်းက တခြားသူတွေက နံပါတ်တစ်ဖြစ်ဖို့ ကြိုးစားစာသင်နေချိန်မှာ ကျွန်မက စာသင်ရတာကို ပင်ပန်းလွန်းလို့ဆိုပြီး ကျောင်းစောစောထွက်ခဲ့တာကို သတိရမိတယ်။ အိမ်ထောင်ကျပြီးနောက်မှာလည်း တခြားသူတွေ ကားတွေ၊ အိမ်တွေဝယ်တာကို အားမကျခဲ့ဘူး၊ ဘာလို့လဲဆိုတော့ အိမ်အရစ်ကျချေးငွေ၊ ကားအရစ်ကျချေးငွေရဲ့ ကျေးကျွန် မဖြစ်ချင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် အဲ့လောက် ဖိအားမပေးချင်ဘူးလေ။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ရဲ့အိမ်တော်မှာ တာဝန်ထမ်းဆောင်လာပြီးနောက်မှာလည်း အရေးကြီးတဲ့အလုပ်ကို မယူချင်ခဲ့ဘူး။ တာဝန်တစ်ခုကို ထမ်းဆောင်နေရုံနဲ့ ကျေနပ်နေခဲ့ပြီး ဘုရားသခင်ရဲ့အမှုတော် ပြီးဆုံးတဲ့အခါမှာ မပျက်စီးဘဲ ကျန်ရစ်မယ့် ရလဒ်တစ်ခုကို ရဖို့အတွက် ကြံဖန်ပြီးလုပ်ကိုင်သွားရုံနဲ့ လုံလောက်ပြီလို့ တွေးခဲ့တယ်။ အသင်းတော်က ကျွန်မကို ကိုယ့်အရည်အချင်းတွေကိုသုံးပြီး တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းနိုင်မယ်လို့ မျှော်လင့်ပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒီတာဝန်ကို ပင်ပန်းလွန်းတယ်လို့ တွေ့ရပြီး စိတ်ထဲကနေ အတိုက်အခံလုပ်ခဲ့တယ်။ လက်ခံခဲ့ပေမဲ့လည်း နေရာတကာမှာ ဖြတ်လမ်းလိုက်ပြီး ဝတ်ကျေတမ်းကျေလုပ်ခဲ့တယ်။ ကျွန်မ သမ္မာကျမ်းစာက ကျမ်းစာတစ်ကြောင်းကို တွေးမိတယ်။ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။(ဟေဗြဲသြဝါဒစာ ၁၀:၂၆) ကျွန်မ တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တာနဲ့ ဖြတ်လမ်းလိုက်တာတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူးဆိုတာကို ကောင်းကောင်းသိရဲ့သားနဲ့ ဇာတိပကတိရဲ့ သက်သာမှုအတွက် ဒါတွေကိုလုပ်ခဲ့ပြီး ရုပ်ရှင်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒါက ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ မဟုတ်ဘူးလား။ စာတန်ဆန်တဲ့ အမြင်တွေနဲ့ အသက်ရှင်ရင်း၊ သက်သာမှုကို မွေ့လျော်ခံစားပြီး တာဝန်မှာ တာဝန်မဲ့ခဲ့တော့ ပြစ်မှားခြင်းတွေကိုပဲ တစ်ခုပြီးတစ်ခု ချန်ထားခဲ့တယ်။ ဘုရားသခင်က ပြောသည် “ပြစ်မှားခြင်းများက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) စာတန်ဆန်တဲ့ အဆိပ်အတောက်တွေအတိုင်း အသက်ရှင်ရင်း ကျွန်မက ပျက်စီးခြင်းနဲ့ ဖျက်ဆီးခြင်းလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တယ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ ကျွန်မက အဖွဲ့အတွက် စံနမူနာပြဖြစ်ရမှာ၊ ဒါပေမဲ့ ကျွန်မ လမ်းကြောင်းမှန်ကို မလျှောက်ခဲ့ဘူး။ ကိုယ့်ရဲ့ဇာတိပကတိ သက်သာဖို့နဲ့ ပင်ပန်းတာကို ရှောင်ဖို့ပဲ စဉ်းစားခဲ့ပြီး တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး ဖြတ်လမ်းလိုက်ခဲ့တယ်။ အကျိုးဆက်ကတော့ ညီအစ်ကိုမောင်နှမတွေ လနဲ့ချီပြီး အချိန်ပေးခဲ့ရပေမဲ့ ဘာပြစရာမှမရှိခဲ့ဘဲ အဖွဲ့တစ်ခုလုံး ဖျက်သိမ်းရတဲ့အထိ ရောက်သွားခဲ့တယ်။ လူတစ်ယောက် ဖြည့်ဆည်းသင့်တဲ့ တာဝန်ကို ကျွန်မ မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မက အသုံးမကျတဲ့သူတစ်ယောက်ပဲ၊ ဖယ်ရှားရှင်းလင်းခံရဖို့ပဲ ထိုက်တန်တယ်။ ဘုရားသခင်က ကျွန်မကို ဘေးဖယ်ထားတာဟာ ကျွန်မအပေါ်ထားတဲ့ ကိုယ်တော်ရဲ့ တိတ်တဆိတ် တရားစီရင်ခြင်းဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်လာခဲ့တယ်။ ဒါက ကျွန်မအပေါ် သက်ရောက်လာတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဖြစ်ပြီး၊ ကျွန်မအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပဲ။ မဟုတ်ရင် ကျွန်မရဲ့ လိုက်စားမှုနောက်ကွယ်က မှားယွင်းတဲ့အမြင်တွေကို ကျွန်မ ဆင်ခြင်သုံးသပ်မိမှာ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သတိရမိတယ်။ “လူသားမျိုးနွယ်အဖို့အလို့ငှာ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ တစ်စမကျန် တိတ်တိတ်ဆိတ်ဆိတ် အသုံးခံပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်။...(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဒီစကားကို သေသေချာချာ တွေးဆလိုက်တဲ့အခါ “လူသားမျိုးနွယ်အဖို့အလို့ငှာ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်” ကျွန်မရဲ့စိတ်နှလုံးက တို့ထိခံရသလို ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မှုတွေနဲ့ ပြည့်သွားခဲ့တယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားသခင်က ကောင်းကင်ကနေ မြေကြီးကို ဇာတိပကတိနဲ့ နှစ်ကြိမ်ကြွလာခဲ့တယ်၊ ကြီးမားတဲ့ အရှက်ကွဲခြင်းကို ခါးစည်းခံခဲ့တယ်။ ပထမအကြိမ်မှာ လူသားတွေကို ရွေးနုတ်ဖို့အတွက် ကားတိုင်မှာ အသေခံပြီး သူ့အသက်ကို ပေးခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ကျွန်မတို့ကို ရေလောင်းပြီး ထောက်ပံ့ပေးဖို့ သမ္မာတရားများစွာကို ဖော်ပြခဲ့တယ်။ ဘုရားသခင်လုပ်ဆောင်သမျှအားလုံးဟာ လူတွေကို ကယ်တင်ဖို့အတွက်ဖြစ်ပြီး လူတွေအတွက် ချစ်ခြင်းမေတ္တာတွေချည်းပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို ဘာပြန်ပေးခဲ့သလဲ။ ပုန်ကန်မှုနဲ့ အတိုက်အခံလုပ်မှုကလွဲပြီး ဘာမှမရှိခဲ့ဘူး။ ဘုရားသခင်ရဲ့အိမ်တော်က ကျွန်မကို တာဝန်တစ်ခုထမ်းဆောင်ဖို့ အခွင့်အရေးပေးနေတုန်းပဲ။ ဒါက ဘုရားသခင်ရဲ့ သနားကရုဏာဖြစ်ပြီး ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးတာပဲ။ ကျွန်မရဲ့ စိတ်သဘောထားအဟောင်းက မပြောင်းလဲဘူးဆိုရင် ဘုရားသခင်ရဲ့အမှုတော် ပြီးဆုံးတဲ့အခါ ကျွန်မက ဖျက်ဆီးခြင်းခံရမယ့်အရာတစ်ခု ဖြစ်မှာသေချာတယ်။

အဲဒီအချိန်တုန်းက “နောဧ၏ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းက ကိုယ်တော့်အသိအမှတ်ပြုမှုကို ရရှိခဲ့သည်” ဆိုတဲ့ ဓမ္မတေးကို ကျွန်မ အကြိမ်ကြိမ်သီဆိုခဲ့တယ်။

၁  လူသားအားလုံးအနက်၊ နောဧသည် အတုယူထိုက်ဆုံးဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်သည့်စံပြပုဂ္ဂိုလ် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရပြီး၊ ယနေ့ ဘုရားသခင်နောက်သို့ လိုက်သောသူများအတွက် စံနမူနာတစ်ဦး ဖြစ်သင့်သည်။ သူနှင့်ပတ်သက်၍ အဘယ်အရာက အဖိုးတန်ဆုံး ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၌ သဘောထားတစ်ခုတည်းသာ ရှိခဲ့သည်၊ ယင်းမှာ နားထောင်ပြီး လက်ခံရန်၊ လက်ခံပြီး ကျိုးနွံနာခံရန်၊ သေသည်အထိ ကျိုးနွံနာခံရန် ဖြစ်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သူ့အား ရရှိစေခဲ့သည်မှာ အားလုံးထက် အဖိုးတန်ဆုံးဖြစ်သော ဤသဘောထားပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်လာလျှင်၊ သူသည် ဝတ်ကျေတမ်းကျေ မလုပ်ခဲ့၊ ဟန်ဆောင်လုပ်ဆောင်ခြင်း မပြုခဲ့သည့်အပြင်၊ သူ၏ဦးခေါင်းထဲ၌ ၎င်းတို့ကို စိစစ်ခြင်း၊ ပိုင်းခြားစိတ်ဖြာခြင်း၊ အတိုက်အခံလုပ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ မပြုလုပ်ခဲ့ဘဲ၊ ထို့နောက် ၎င်းတို့ကို မေ့မေ့ပျောက်ပျောက် ထားပစ်ခြင်းလည်း မပြုခဲ့ပေ။ ထိုအစား၊ သူသည် အလေးအနက်ထားပြီး နားထောင်ခဲ့သည်၊ ၎င်းတို့ကို သူ၏စိတ်နှလုံးထဲ၌ တဖြည်းဖြည်း လက်ခံခဲ့ပြီး၊ ထို့နောက် ၎င်းတို့ကို မည်သို့ လက်တွေ့အသုံးချရမည်၊ မည်သို့ အကောင်အထည်ဖော်ရမည်၊ ၎င်းတို့ကို မူလရည်ရွယ်ထားသည့်အတိုင်း သွေဖည်မှုတစ်ခုတလေ မရှိစေဘဲ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဆင်ခြင်သုံးသပ်ခဲ့သည်။

၂  ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ ဆင်ခြင်သုံးသပ်နေစဉ်၊ သူသည် မိမိကိုယ်ကို “ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ၎င်းတို့မှာ ဘုရားသခင်၏ ညွှန်ကြားချက်များ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်၊ ငါ၌ တာဝန်ဝတ္တရားရှိသည်၊ ငါ ကျိုးနွံနာခံရမည်၊ မည်သည့်အသေးစိတ်အချက်ကိုမျှ ငါ ချန်လှပ်ထား၍မရ၊ ဘုရားသခင်၏ ဆန္ဒတစ်ခုတလေကိုမျှ ငါ ဆန့်ကျင်၍မရ၊ ကိုယ်တော် မိန့်တော်မူခဲ့သည့်အရာ၏ အသေးစိတ်အချက် တစ်ခုတလေကိုမျှ ငါ လျစ်လျူရှု၍မရပါ၊ သို့မဟုတ်ပါက ငါသည် လူသားဟု ခေါ်ဆိုခြင်းခံရရန် မထိုက်တန်တော့ပေ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ထိုက်တန်မည်မဟုတ်၊ ကိုယ်တော်၏ ချီးမြှောက်ခြင်းကိုလည်း ငါ ထိုက်တန်မည်မဟုတ်။ ဤဘဝ၌၊ ဘုရားသခင် ငါ့အား ပြောကြားပြီး တာဝန်ပေးအပ်ခဲ့သည့်အရာအားလုံးကို ငါ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါက၊ ငါသည် နောင်တများဖြင့် ကျန်ရစ်လိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ငါ့အပေါ် ကိုယ်တော်၏ ချီးမြှောက်ခြင်းကို ထိုက်တန်မည်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်သွားရဲမည် မဟုတ်ပေ။”

၃  နောဧသည် သူ၏စိတ်နှလုံးထဲ၌ တွေးထင်ဆင်ခြင်ခဲ့သည့်အရာအားလုံး၊ သူ၏ ရှုထောင့်တိုင်းနှင့် သူ၏ သဘောထားတိုင်းတို့ဖြစ်သည့် တစ်ခုချင်းစီသည် သူသည် နောက်ဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အသုံးချနိုင်ခဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားတစ်ခု ဖြစ်စေနိုင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသီးအပွင့်များ ဖြစ်ထွန်းစေနိုင်ခဲ့သည်ဟုလည်းကောင်း၊ သူ၏ ကြိုးစားအားထုတ်မှုအားဖြင့် ၎င်းတို့ ပြည့်စုံပြီး အောင်မြင်စေကာ၊ သူ့အားဖြင့် လက်တွေ့အရှိတရားတစ်ခုအဖြစ်သို့ ပြောင်းလဲစေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အချည်းနှီးမဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း ဆုံးဖြတ်ပေးခဲ့သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထိုက်တန်သူဖြစ်သည်၊ သူသည် ဘုရားသခင် ယုံကြည်စိတ်ချရသော လူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင် ကောင်းမွန်စွာရှုမြင်သောသူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ စကားလုံးနှင့် လုပ်ရပ်တိုင်းကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်၊ ကိုယ်တော်သည် သူတို့၏ အတွေးအခေါ်များနှင့် စိတ်ကူးများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်၏ အမြင်၌၊ နောဧ ဤသို့ တွေးထင်နိုင်ခြင်းအတွက်၊ ကိုယ်တော်သည် လူမှားရွေးချယ်ခဲ့ခြင်း မဟုတ်ပေ၊ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို ထမ်းရွက်နိုင်ခဲ့ပြီး၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်နိုင်ခဲ့သည်၊ သူသည် လူသားမျိုးနွယ်အားလုံးအနက် တစ်ဦးတည်းသော ရွေးချယ်မှု ဖြစ်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂)

နောဧဟာ အသိတရားနဲ့ လူ့သဘာဝရှိတဲ့သူတစ်ယောက်ပဲ။ သူက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ချဉ်းကပ်ခဲ့တယ်၊ သင်္ဘောဆောက်တဲ့အလုပ်ကို သူ့ဘဝ ဝတ္တရားနဲ့ အထူးတာဝန်အဖြစ် ခံယူခဲ့တယ်။ နောဧ သင်္ဘောဆောက်နေတုန်းက သူ့ကို ကြီးကြပ်ဖို့ ဒါမှမဟုတ် တိုက်တွန်းဖို့ ဘယ်သူမှမရှိခဲ့ဘူး၊ အခက်အခဲတွေ အများကြီးနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဒါက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်နဲ့ ချီးမြှောက်ခြင်းပဲလို့ သူတွေးမိတဲ့အခါတိုင်းမှာ စိတ်ဓာတ်ခွန်အားတွေ ရခဲ့တယ်။ နောဧက ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် သဘောထားခဲ့တယ်၊ သူက ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်အပေါ် ရိုးသားတဲ့စိတ်နှလုံးရှိခဲ့တယ်။ ကျွန်မ ဆက်ပြီး တွေးဆမိတယ်၊ ဘုရားသခင်က ပြောသည် “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသီးအပွင့်များ ဖြစ်ထွန်းစေနိုင်ခဲ့သည်ဟုလည်းကောင်း၊ သူ၏ ကြိုးစားအားထုတ်မှုအားဖြင့် ၎င်းတို့ ပြည့်စုံပြီး အောင်မြင်စေကာ၊ သူ့အားဖြင့် လက်တွေ့အရှိတရားတစ်ခုအဖြစ်သို့ ပြောင်းလဲစေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အချည်းနှီးမဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း ဆုံးဖြတ်ပေးခဲ့သည်။” ဘုရားသခင်က နောဧရဲ့ တကယ့်အသက်ရှင်နေထိုင်မှုကို ပြောနေတာပဲ။ နောဧက သင်္ဘောဆောက်တဲ့ နည်းပညာကို မသိခဲ့ဘူး၊ အဲဒီခေတ်က နည်းပညာကလည်း အခုခေတ်လို မတိုးတက်သေးဘူး။ ဒါ့အပြင် သူက ပစ္စည်းအားလုံးကို ကိုယ်တိုင်ရှာဖွေခဲ့ရတယ်၊ သင်္ဘောကို သူ့ရဲ့ကိုယ်ပိုင်လုပ်အားနဲ့ တစ်စချင်း တည်ဆောက်ခဲ့ရတယ်။ နောဧက သက်ရှိသတ္တဝါအမျိုးမျိုးကိုလည်း စုဆောင်းရတယ်၊ တိရစ္ဆာန်အစုံအတွက် အစားအစာအမျိုးမျိုးကို ပြင်ဆင်ပေးရတယ်၊ သူတို့ကို ဂရုတစိုက်စောင့်ရှောက်ပြီး မွေးမြူခဲ့ရတယ်။ ဒါက လွယ်ကူတဲ့အလုပ်မဟုတ်ခဲ့ဘူး။ နောဧကသာ ဒါကို စိတ်ပန်းလူပန်းဖြစ်တယ် ဆိုပြီး ဝတ်ကျေတမ်းကျေလုပ်ခဲ့မယ်ဆိုရင် သင်္ဘောက ဘယ်တော့မှ ဆောက်ပြီးမှာမဟုတ်ဘူး၊ သက်ရှိသတ္တဝါအားလုံးလည်း မျိုးတုံးပျောက်ကွယ်သွားမှာပဲ။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ နောဧက နည်းနည်းလေးမှ နောက်မဆုတ်ခဲ့ဘူး။ အဲဒီအစား သူက ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို ဘာအပေးအယူမှ မလုပ်ဘဲ တင်းတင်းကျပ်ကျပ် လိုက်နာခဲ့တယ်၊ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင် နှစ်ပေါင်း ၁၂၀ ကြာ ဇွဲရှိရှိနဲ့ လုပ်ဆောင်ခဲ့တယ်။ နောဧရဲ့စိတ်နှလုံးက ရိုးသားဖြောင့်မတ်တယ်၊ သူက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနဲ့ ကျိုးနွံနာခံခြင်းကို ပြသခဲ့တာကို ကျွန်မတွေ့ခဲ့ရတယ်။ ဒီလိုစဉ်းစားမိတော့ ကျွန်မ အရမ်း တို့ထိခံခဲ့ရပြီး နောဧကို တကယ်ပဲ လေးစားမိတယ်။ သူနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်တော့ ဘုရားနှုတ်ကပတ်တော်တွေ ဒီလောက်အများကြီး ကြားခဲ့ပြီးတာတောင် ကိုယ်တော့်အပေါ်မှာ ကျိုးနွံနာခံမှု၊ သစ္စာစောင့်သိမှု နည်းနည်းလေးမှ မပြခဲ့ဘူး။ ကျွန်မထမ်းဆောင်တဲ့တာဝန်က နောဧသင်္ဘောဆောက်တာထက် အများကြီးပိုလွယ်ပေမဲ့ နည်းနည်းလေးပိုပြီး စိတ်နှစ်ဖို့ မလိုလားခဲ့ဘဲ ဝတ်ကျေတမ်းကျေလုပ်ခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝအရမ်းခေါင်းပါးပြီး လူလို့ခေါ်ဖို့တောင် မထိုက်တန်ဘူးဆိုတာကို တွေ့ခဲ့ရတယ်။ နောဧက ဘုရားသခင်အတွက် အရေးတကြီးဖြစ်နေတဲ့အရာကို လုပ်ဆောင်ဖို့ စိုးရိမ်ပူပန်ခဲ့တယ်၊ ဘုရားသခင် စဉ်းစားနေတာကို စဉ်းစားခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေက သူ့အပေါ်မှာ အချည်းနှီးမဖြစ်သွားအောင် သေချာစေခဲ့တယ်။ သူ့ဇာတိပကတိ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ၊ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ်ထားတဲ့ သူ့ရဲ့သဘောထားက နားထောင်၊ လက်ခံပြီး ကျိုးနွံနာခံဖို့ပဲ။ သူအသက်ရှင်နေသရွေ့ သင်္ဘောကို ဆက်ဆောက်ခဲ့တယ်၊ သေတဲ့အထိ ကျိုးနွံနာခံခဲ့တယ်။ နောဧရဲ့ ဒီတန်ဖိုးရှိတဲ့သဘောထားက ဘုရားသခင်ရဲ့စိတ်နှလုံးကို နှစ်သိမ့်မှုပေးခဲ့တယ်။ နောဧလိုလူမျိုးတွေသာလျှင် လူ့သဘာဝကို အမှန်တကယ်ပိုင်ဆိုင်တဲ့သူတွေပဲ။ ဘုရားသခင်ရဲ့အိမ်တော်က ကျွန်မတို့ကို ရုပ်ရှင်ရိုက်ကူးပြီး ဧဝံဂေလိတရားဟောခိုင်းတယ်၊ ဘုရားသခင်အတွက် သက်သေခံခိုင်းတယ်ဆိုတာ ကျွန်မ စဉ်းစားမိတယ်။ ပုံစံက သင်္ဘောဆောက်တာနဲ့မတူပေမဲ့ လူသားတွေကို ကယ်တင်လိုတဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကတော့ အတူတူပဲ။ ကောင်းကောင်းလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားက လူတွေရဲ့ အယူအဆတွေကို ဖြေရှင်းပေးနိုင်ရုံတင်မကဘဲ သခင်ဘုရားရဲ့ ပြန်ကြွလာခြင်းကို တောင့်တနေတဲ့သူတွေကို မှန်တဲ့ လမ်းခရီးကို ရှာဖွေစုံစမ်းဖို့ လမ်းညွှန်ပေးနိုင်တယ်။ ရုပ်ရှင်ကောင်းကောင်းရိုက်ကူးဖို့က သိပ်အရေးကြီးတယ်၊ ဒါက လူတွေကိုကယ်တင်လိုတဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်နေတယ်လေ။ ဒါကို ကျွန်မက ပျင်းရိပြီး စိတ်နှစ်ရမှာ ဒုက္ခများတယ်ဆိုပြီး လုပ်နေလို့မဖြစ်ဘူး။ ကျွန်မ နောဧကို အတုယူရမယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားတတ်ဖို့ သင်ယူပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။

၂၀၂၄ ခုနှစ်၊ မေလမှာ အသင်းတော်က ကျွန်မကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုတွေကို ပြန်စစ်ဆေးရတဲ့ အချိန်ပိုင်းတာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ဒါက ဘုရားသခင်က ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးတာပဲဆိုတာကို ကျွန်မသဘောပေါက်လိုက်တယ်၊ ဒါကို အရမ်းတန်ဖိုးထားပြီး ဗီဒီယိုတစ်ခုချင်းစီကို ဂရုတစိုက် စစ်ဆေးခဲ့တယ်။ ကိုယ့်တာဝန်က ကိုယ့်ရဲ့နေ့စဉ်အချိန်ဇယားနဲ့ သွားတိုက်နေတဲ့အခါမှာ ကိုယ့်ဇာတိပကတိကို ပုန်ကန်ပြီး ကိုယ့်တာဝန်ကိုပဲ ဦးစားပေးခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တော့လည်း ပင်ပန်းတယ်လို့ မခံစားရတော့ဘူး။ အောက်တိုဘာလမှာ ခေါင်းဆောင်က သရုပ်ဆောင်တွေကို သင်ကြားပေးဖို့ ကျွန်မကို ရုပ်ရှင်အဖွဲ့ဆီ ထပ်သွားဖို့ စီစဉ်ပေးခဲ့တယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ အရမ်းပျော်သွားတာပေါ့။ လေ့ကျင့်မှုတွေကို မနှောင့်နှေးစေဖို့ ကျွန်မ စောစောထပြီး ညဉ့်နက်မှအိပ်တယ်၊ ဒါမှမဟုတ် နေ့လယ်စာစားချိန်ကိုသုံးပြီး ဗီဒီယိုတွေကို စစ်ဆေးခဲ့တယ်။ သရုပ်ဆောင်တွေနဲ့ လေ့ကျင့်တဲ့အခါမှာလည်း သူတို့ကို အကောင်းဆုံးသင်ပြပေးပြီး သူတို့နဲ့အတူ အများကြီးလေ့ကျင့်ခဲ့တယ်။ ဒီလိုလုပ်ဆောင်တော့ စိတ်နှလုံးက တကယ်ကို အေးချမ်းပြီး တည်ငြိမ်ခဲ့တယ်။

တစ်ခါက ကျွန်မရဲ့ အတိတ်က ကျရှုံးခဲ့တဲ့အတွေ့အကြုံအကြောင်း ညီအစ်မတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ကျွန်မကို ကိုယ့်ရဲ့လိုက်စားမှုနောက်ကွယ်က အမြင်ကို ဆင်ခြင်သုံးသပ်ပြီး နားလည်အောင် လမ်းပြပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရမိတယ်။ “လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် တက်ကြွထက်သန်စွာ ဝင်ရောက်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ မတက်မကြွဖြစ်ပြီး ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ စိတ်ခိုင်မာမှုရှိပြီး ဘုရားသခင်အား ချစ်သော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော စိတ်ခိုင်မာမှုနှင့် ဇွဲလုံ့လမျိုး ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ ဤအခွင့်အရေးမျိုး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် စိတ်ခိုင်မာမှုနှင့် အသိစိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင်သည် စဉ်းစားသုံးသပ်ပြီး သင်၏အသက်တာကို သတိထား၍ ချဉ်းကပ်နိုင်ရမည်ဖြစ်ကာ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ စဉ်းစားသုံးသပ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဒီအပိုဒ်ကို ကျွန်မ အရင်က ဖတ်ဖူးပေမဲ့ ကိုယ့်ရဲ့ဘဝအပေါ်ထားတဲ့အမြင်နဲ့ တန်ဖိုးထားမှုတွေက မှန်ကန်ရဲ့လားဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ အဲဒါကိုဖတ်ပြီးတော့မှ လူတစ်ယောက်ဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို လိုက်စားပြီး အသက်ရှင်ရမယ်ဆိုတာကို နားလည်သွားတယ်။ ပေတရုက သခင်ယေရှုနောက် စလိုက်ပြီးတဲ့နောက်မှာ သခင်ဘုရားရဲ့လမ်းခရီးကို ဟောပြောဖို့ နေရာအနှံ့ ခရီးသွားခဲ့တယ်။ သူက သက်သောင့်သက်သာရှိတဲ့ဘဝကို မလိုက်စားခဲ့ဘဲ ဘုရားသခင်ကိုချစ်ဖို့၊ စိတ်ကျေနပ်စေဖို့နဲ့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ပဲ လိုက်စားခဲ့တယ်။ နောက်ဆုံးမှာ သူက ဘုရားသခင်အတွက် ကားတိုင်မှာ စောက်ထိုး အသေခံခဲ့ပြီး ဘုရားသခင်အတွက် အကြွင်းမဲ့ ချစ်ခြင်းမေတ္တာနဲ့ သေတဲ့အထိ ကျိုးနွံနာခံခြင်းကို ရရှိခဲ့တယ်။ သူက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီး သူ့ဘဝက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိခဲ့တယ်။ ကျွန်မလိုက်စားခဲ့တာကတော့ သက်သောင့်သက်သာရှိတဲ့ဘဝ၊ အမြဲတမ်း စိတ်ပူပင်မှုနည်းချင်ခဲ့တာ။ ဒီလိုအသက်ရှင်နေထိုင်တာက အဓိပ္ပာယ်မရှိဘူး၊ အချိန်ဖြုန်းနေတာသက်သက်ပဲ။ ဒါရိုက်တာတာဝန်ကို ထမ်းဆောင်တယ်ဆိုတာက တခြားသူတွေထက် နည်းနည်းလေး အနားယူချိန်နည်းပြီး နည်းနည်းပိုပြီး စိတ်နှစ်ရတယ်၊ ဇာတိပကတိအတွက် နည်းနည်းပဲ ပိုပင်ပန်းခဲ့ရတယ်ဆိုတာ ကျွန်မ စဉ်းစားမိတယ်။ ဒါပေမဲ့ ဒါက ဧဝံဂေလိအလုပ်မှာ ကျွန်မရဲ့အပိုင်းကို ကျွန်မ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ၊ တော်တော် တန်ဖိုးရှိတဲ့ အရာပါပဲ။ ကျွန်မသာ အဲဒါကို ကောင်းကောင်းလုပ်ခဲ့မယ်ဆိုရင် ဘယ်အချိန်ပဲပြန်စဉ်းစားစဉ်းစား စိတ်နှလုံး အေးချမ်းပြီး တည်ငြိမ်နေမှာပဲ။ ဒါပေမဲ့ အခုတော့ အဲဒီကျရှုံးခဲ့တဲ့ အတွေ့အကြုံကို ပြန်သတိရတိုင်း စိတ်နှလုံးထဲမှာ နောင်တနဲ့ နာကျင်မှုတွေနဲ့ ပြည့်နေတယ်။ ကိုယ့်ရဲ့အကြွေးတွေကို ပြန်ပေးဆပ်နိုင်ဖို့ အချိန်ကိုသာ နောက်ပြန်လှည့်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲဒီအဖြစ်အပျက်က ကျွန်မဘဝရဲ့ ကြီးမားတဲ့ ပြစ်မှားခြင်းနဲ့ နောင်တတစ်ခု ဖြစ်လာခဲ့တယ်။ ကျွန်မ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပစ်ပြီး တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ လိုက်စားမှဖြစ်မယ်။ ဒါက လိုက်စားရမယ့် မှန်ကန်တဲ့ပန်းတိုင်ပဲ။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သတိရမိတယ်။ “ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) လူတစ်ယောက်ကသာ ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်ခံစားဖို့ပဲ အသက်ရှင်ပြီး လိုက်စားစရာပန်းတိုင်မရှိဘူးဆိုရင် သူက တိရစ္ဆာန်နဲ့ ဘာမှမထူးဘူး။ ကျွန်မ ဒီလိုမျိုး ဆက်ပြီး ပျက်စီးယိုယွင်းနေလို့ မဖြစ်တော့ဘူး။ ကိုယ့်ရဲ့စိတ်နဲ့အင်အားကို သမ္မာတရားကိုလိုက်စားဖို့နဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းခြင်းမှာ အာရုံစိုက်ရမယ်။ ဒါက တကယ့်လူသားတစ်ယောက်လို အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။

အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ တာဝန်မှာ နောက်တစ်ခါ ဝတ်ကျေတမ်းကျေလုပ်ခဲ့ရင် ဘုရားသခင်က ကျွန်မကို ရိုက်နှက်ပြီး ဆုံးမပဲ့ပြင်တော်မူပါလို့ပေါ့။ ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကိုလည်း ခဏခဏ ဆန်းစစ်ခဲ့တယ်။ ဝတ်ကျေတမ်းကျေလုပ်ဖို့ သွေးဆောင်ခံရတိုင်း မြန်မြန်ဆန်ဆန် ဆုတောင်းပြီး ကိုယ့်ရဲ့ ဇာတိပကတိကို ပုန်ကန်ခဲ့တယ်။ တစ်နေ့နေ့လယ်ခင်းမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်နဲ့ ဒိုင်ယာလော့ဂ်တွေ လေ့ကျင့်နေခဲ့တယ်။ အကြိမ်ကြိမ် ပြင်ပေးပြီးတဲ့နောက်မှာတောင် သူက တိုးတက်မလာခဲ့ဘူး။ အဲဒါကို အရမ်းဒုက္ခများတယ်လို့ ခံစားလာရပြီး သူ့ကို ထပ်ပြီးမသင်ပေးချင်တော့ဘူး။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့နှစ်ရက်က ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်တယ်။ “သင်သည် သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ဝတ်ကျေတမ်းကျေလုပ်ချင်သည်။ သင်သည် ခိုကတ်ရန် ကြိုးစားသည်။ ဘုရားသခင်၏ စိစစ်မှုကို ရှောင်ကြဉ်ရန် ကြိုးစားသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ အမြန်လာပါ။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်လမ်းဟုတ်မဟုတ်ကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဤအရာကို စဉ်းစားကြည့်ပါ။ ‘ဘုရားသခင်ကို ငါ အဘယ်ကြောင့်ယုံကြည်သနည်း။ ဤသို့သော ဝတ်ကျေတမ်းကျေလုပ်ခြင်း လူတို့က သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သတိမထားမိဘဲ နေလိမ့်မည်လော။ ထို့အပြင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် မခိုကတ်ရန်ဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့အတွက်ဖြစ်သည်။ ဤကဲ့သို့ ငါလုပ်ဆောင်ခြင်းသည် သာမန်လူ့သဘာဝ၏ ပြုမူမှုမဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကိုလည်း မခံရပေ။ မဖြစ်ပေ။ ပြင်ပကမ္ဘာတွင် ငါသည် ခိုကတ်နိုင်ပြီး ငါကျေနပ်သလို လုပ်ဆောင်နိုင်ပေမည်။ သို့သော် ယခု ငါသည် ဘုရားသခင်၏ အိမ်တော်တွင်ရှိနေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ မျက်လုံးများ၏ စိစစ်မှုအောက်တွင်ရှိနေသည်။ ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သင်သည် ငါ၏အသိစိတ်နှင့်အညီ ပြုမူရမည်။ ငါကျေနပ်သလို လုပ်ဆောင်၍မရပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရမည်။ ဝတ်ကျေတမ်းကျေမပြုရပေ။ ခိုကတ်၍ မရပေ။ ဤသို့ဆိုလျှင် မခိုကတ်ရန်၊ ဝတ်ကျေတမ်းကျေမပြုလုပ်ရန် မည်သို့ဆောင်ရွက်သင့်သနည်း။ အနည်းငယ်အားစိုက်ထုတ်ရမည်။ ယခုပင် ဤကဲ့သို့ လုပ်ဆောင်ရန် အလွန်ဒုက္ခများလွန်းသည်ဟု ငါခံစားရသည်။ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်လိုခဲ့သော်လည်း ယခု ငါနားလည်သည်။ ဤသို့လုပ်ဆောင်ရန်မှာ ဒုက္ခအလွန်များနိုင်သည်။ သို့သော် ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤသည်မှာ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်’ ဟု ဖြစ်သည်။ သင်သည် အလုပ်လုပ်နေပြီး ဆင်းရဲဒုက္ခကို ကြောက်နေသေးသောအခါတွင်၊ ဤသို့သော အချိန်မျိုးတွင် ဘုရားသခင်ကို ဆုတောင်းရမည်။ ‘အို ဘုရားသခင်။ ကျွန်ုပ်သည် ပျင်းရိပြီး လှည့်ဖြားတတ်သောသူဖြစ်သည်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါရန်၊ အပြစ်တင်ပါရန် ကိုယ်တော်ကို အသနားခံပါ၏။ ဤသို့ဖြင့် ကျွန်ုပ်သည် လိပ်ပြာမသန့်ဘဲ ရှက်စိတ်တစ်ခု ရှိရန်ဖြစ်သည်။ ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ မဖြစ်လိုပါ။ ကျွန်ုပ်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြရန်၊ ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှုကို ပြသရန် ကိုယ်တော်ကို အသနားခံပါ၏’ ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင်သိမြင်ရန် ကြိုးစားသောအခါ ဤအရာက နောင်တခံစားချက်ကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သင်၏ အကျည်းတန်မှုကို သင် မုန်းတီးနိုင်လိမ့်မည်။ သင်၏ မှားယွင်းသော အခြေအနေသည် စတင်ပြောင်းလဲလိမ့်မည်ဖြစ်ပြီး။...(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ကျွန်မ ကိုယ့်ရဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေကို ပုန်ကန်ဖို့ ဆုတောင်းခဲ့တယ်။ ပြီးတော့ သရုပ်ဆောင်မင်းသမီးနဲ့အတူ ဒိုင်ယာလော့ဂ်တစ်ကြောင်းချင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး သူ့ပြဿနာက ဘယ်နေရာမှာရှိလဲဆိုတာကို ရှာဖွေခဲ့တယ်။ အဲဒီနောက်မှာ သူက ဒိုင်ယာလော့ဂ်တွေကို ပိုကောင်းကောင်း ပြောနိုင်လာပြီး နောက်နေ့ရိုက်ကူးရေးက အရမ်းအဆင်ပြေချောမွေ့သွားခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်တော့ စိတ်နှလုံးက အရမ်းကို အေးချမ်းပြီး တည်ငြိမ်ခဲ့တယ်။ အဲဒီနောက်မှာ ဒါရိုက်တာက ကျွန်မကို မင်းသမီးနဲ့အတူ ဇာတ်ကြောင်းပြောတာကို မှတ်တမ်းတင်ဖို့ သွားခိုင်းခဲ့တယ်။ ဒါကိုလည်း ကျွန်မ အလေးအနက်ထားခဲ့တယ်။ မနက်မိုးလင်းခါနီးအထိ မှတ်တမ်းသွင်းခဲ့ရပေမဲ့လည်း ပင်ပန်းတယ်လို့ မခံစားရဘူး။ နောက်ပိုင်း ရုပ်ရှင်ပြီးသွားလို့ တည်းဖြတ်ပြီးသားဗီဒီယိုကို ကြည့်လိုက်ရတဲ့အခါ စိတ်ထဲမှာ အရမ်းကို တို့ထိခံစားခဲ့ရတယ်။ ဒီရုပ်ရှင်မှာ ကျွန်မက အသေးအဖွဲအပိုင်းတစ်ခုကနေပဲ ပါဝင်ခဲ့ပေမဲ့ ဒီတာဝန်ကို ထမ်းဆောင်ခဲ့ရတာဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၁။ တခြားသူတွေနဲ့ သဟဇာတဖြစ်အောင် ပူးပေါင်းလုပ်ဖို့ ကျွန်တော် သင်ယူခဲ့ရ

နောက်တစ်ခုသို့- ၅။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ဘယ်တော့မှ မစွန့်ခွာသွားကြောင်း ကျွန်မ မြင်တွေ့ခဲ့ရ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။