၂၃၂ ဘုရားသခင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးလေပြီ

လူသားက ကိုယ်တော့်ထံ ပြန်လာဖို့အတွက် ကိုယ်တော် မည်မျှစောင့်ဆိုင်ပြီးသည်ကို အဘယ်သူ ပြောနိုင်သနည်း။ ပြီးလျှင် လူသားအတွက် အပင်ပန်းခံသော အဖိုးအခတစ်ခုကို ကိုယ်တော် မည်မျှ ပေးပြီးသည်ကို အဘယ်သူ ပြောနိုင်သနည်း။ ကိုယ်တော်၏ ကရုဏာတော် မည်မျှကြီးမားသည်ကို အဘယ်သူ ပြောနိုင်သနည်း။ ပြီးလျှင် ကိုယ်တော်၏ စိတ်နှလုံး မည်မျှ လှပကာ ကောင်းမြတ်သည်ကို အဘယ်သူ အသိအမှတ်ပြုနိုင်သနည်း။

၁ ကိုယ်တော့်ကို နှစ်များစွာ ကျွန်ုပ် ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို ဘယ်သောအခါမျှ ကျွန်ုပ် မလိုက်စားခဲ့။ ကိုယ်တော့်နောက် ကျွန်ုပ် လိုက်ပုံပေါ်ခဲ့သော်လည်း ကျွန်ုပ်၏ နှလုံးသားက ကိုယ်တော်နှင့် မသက်ဆိုင်ခဲ့။ ဆုတောင်းချက်များတွင် ကိုယ်တော့်ကို ကျွန်ုပ် အမြဲ လိမ်လည်မိခဲ့၊ စကားဖြင့်သာ ကိုယ်တော့်ကို ကျွန်ုပ် ချီးမွမ်းခဲ့။ အလုပ်အနည်းငယ် လုပ်ခြင်းဖြင့် ကျွန်ုပ် မိမိကိုယ်ကိုယ် အလွန်ကျေနပ်မိခဲ့၊ ဘုန်းအသရေအားလုံးကို မိမိကိုယ်ကိုယ်ပေါ်သာ ကျွန်ုပ် ယူဆောင်ခဲ့ပေ။ ကိုယ်တော်၏ ရှေ့မှောက်တွင် ကျွန်ုပ် ရပ်တည်သော်လည်း ကိုယ်တော့်ကို ဘယ်သောအခါမျှ ကျွန်ုပ် မသိခဲ့ဘဲ၊ သမ္မာတရား သို့မဟုတ် အသက် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ် ဘယ်သောအခါမျှ မသိခဲ့။ ကျွန်ုပ် မိမိကိုယ်ကိုယ် အယူဝါဒများဖြင့် ပြင်ဆင်ခြင်းကိုသာ ဂရုစိုက်ခဲ့ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်တွေ့မလုပ်ဆောင်ခဲ့ သလို၊ မတွေ့ကြုံခဲ့ရပေ။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မတတ်တခေါက် နားလည်ရင်း၊ ကျွန်ုပ် အလွန်ကြီးမြတ်သည်ဟု တွေးထင်မိခဲ့။

၂ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက တိတ်တဆိတ် ကျွန်ုပ်ထံ လာသည်၊ ကျွန်ုပ်ကို ကိုယ်တော် အပြစ်ဖော်ဆုံးမသည်၊ ပဲ့ပြင်ဆုံးမကာ၊ ကျွန်ုပ်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက ကျွန်ုပ်၏ သူတော်ကောင်းယောင်ဆောင်ခြင်း မျက်နှာဖုံးကို ဖွင့်ခဲ့သည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ကျွန်ုပ် ဆင်းရဲဒုက္ခမခံခဲ့သကဲ့သို့ မိမိကိုယ်ကိုယ် အသုံးမခံခဲ့သော်လည်း ကျွန်ုပ်၏ အဆုံးသတ်အတွက်၊ ကျွန်ုပ်၏ နောက်ဆုံး ပန်းတိုင်အတွက်သာ အသုံးခံခဲ့သည်။ ကျွန်ုပ် မည်မျှ လုံးဝဖောက်ပြန်ပျက်စီးသည်၊ အလွန် လှည့်ဖြားတတ်ကာ မနှစ်မြို့ဖွယ်ဖြစ်သည်တို့ကို မြင်ခဲ့ရသည်။ စမ်းသပ်မှုတစ်ခုတွင် ကျွန်ုပ် ဖော်ထုတ်ခံခဲ့ရချိန်၊ ကိုယ်တော့်ကို ကျွန်ုပ် နားလည်မှုလွဲကာ နာကျင်မှုတွင် ကျွန်ုပ် ငိုကြွေးပြီး စိတ်ပျက်ခဲ့ရသည်။ ကိုယ်တော်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များကို ကျွန်ုပ် ဘယ်သောအခါမျှ အသိအမှတ်မပြုခဲ့ပေ။ ကျွန်ုပ်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိခဲ့။ အလွန် ပုန်ကန်တတ်လျက်၊ လူသားဟု ခေါ်ခံရဖို့ မည်သို့ ကျွန်ုပ် ထိုက်တန်မည်နည်း။

၃ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာမှာ ကျွန်ုပ်၏ မာကျောသော နှလုံးသားကို အရည်ပျော်စေသည့် နွေးထွေးသော ရေစီးကြောင်းအလား ဖြစ်ပေ။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့က နာကျင်ဖွယ် ကောင်းသော်လည်း၊ ၎င်းတို့က ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ဖို့ ဆိုလိုပေ။ ကိုယ်တော်၏ အလိုတော်ကို ယခု ကျွန်ုပ် နားလည်၊ ကျွန်ုပ်၏ စိတ်နှလုံး ပြန်လှည့်လာကာ နောင်တမျက်ရည်များ ကျွန်ုပ် စီးကျသည်။ အလွန် ပုန်ကန်တတ်ပြီး မသိနားမလည်ဖြစ်ကာ ကိုယ်တော်၏ အလိုတော်ကို အရေးမစိုက်ခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် မုန်းမိသည်။ သို့သော် ကျွန်ုပ်ကို ကယ်တင်ဖို့ ကိုယ်တော် အစွမ်းကုန် လုပ်ဆောင်ရင်း၊ ကိုယ်တော် အစဉ်အမြဲ စောင့်ကြည့်ကာ စောင့်ဆိုင်းနေ။ ကိုယ်တော်၏ စိတ်နှလုံး အလွန်လှပကာ ကောင်းမြတ်ပေ၊ သမ္မာတရားကို လိုက်စားကာ စစ်မှန်မှုထဲ ဝင်ရောက်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ။ ကျွန်ုပ် မိမိကိုယ်ကိုယ် လူသားတစ်ဦးကဲ့သို့ ပြုမူရန် နှင့် ကိုယ်တော်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ရန် ကျွန်ုပ် စိတ်ဆုံးဖြတ်သည်။

ကိုယ်တော် မည်မျှ ကြည်သာကာ ချစ်ခင်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ပြီ။ ကိုယ်တော်သာလျှင် လူသားချစ်ခြင်းနှင့် ထိုက်တန်ပေ။ ကိုယ်တော်ကို ကျွန်ုပ် စောင့်ဆိုင်းစေတော့မည်မဟုတ်ပေ၊ ကိုယ်တော့်ကို ကျွန်ုပ်၏ စစ်မှန်သော နှလုံးသား ဆက်ကပ်မည်။ ကျွန်ုပ် နောက်ထပ် နောင်တများ မရှိစေဖို့၊ ကိုယ်တော့်ကို ကျွန်ုပ်နှလုံးသားက ချစ်ဖို့ကိုသာ ကျွန်ုပ် တောင်းလျှောက်။ ကိုယ်တော်ကို ကျွန်ုပ်နှလုံးသားက ချစ်ကာ ကိုယ်တော်နှင့်အတူ ကျွန်ုပ် သဟဇာတ ဖြစ်နိုင်ဖို့သာ ကျွန်ုပ် တောင်းလျှောက်သည်။

အရှေ့သို့- ၂၃၁ သမ္မာတရားကို လိုက်စားခြင်းမရှိပါက၊ ကျရှုံးခြင်းက သေချာသည်

နောက်တစ်ခုသို့- ၂၃၃ နောက်ဆုံးအခိုက်အတန့်များကို ချစ်မြတ်နိုး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။