၇၈၃ ဘုရားကို သိကျွမ်းခြင်းသည် ဖန်ဆင်းခံအရာများအတွက် အမြင့်မြတ်ဆုံးသောဂုဏ်တည်းကျူး
၁ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့အတွက် ကြီးမားသော အခက်အခဲရှိပြီး၊ ဘုရားသခင်ကို သိခြင်းသည် သာ၍ ကြီးမားသော ပြဿနာ ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းလမ်းကြောင်းတွင် အောင်မြင်မှုအချို့ ရရှိပြီးသူ အချို့အလယ်တွင် အဆင့်အတန်းမီသူ လုံးဝ မရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည်ကို ဆိုလိုကြောင်း သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် မည်သည့် အတိုင်းအတာထိ ကြိုးပမ်းရရှိရမည်ကို လူသားသည် မသိပေ။ ဤသည်မှာ လူသားမျိုးနွယ်အဖို့ အလွန် ဝေခွဲမရဖြစ်ရသည့်အရာ ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ် ရင်ဆိုင်ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်သည်မှာ အတော်အတန် ရိုးရှင်းလှ၏- မည်သူမျှ ဤမေးခွန်းကို ဖြေနိုင်စွမ်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ ဤအမှုကို လေ့လာရာတွင် လူသားမျိုးနွယ်အလယ် မည်သူမျှ အောင်မြင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
၂ အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ပဟေဠိကို လူသားမျိုးနွယ်ထံ အသိပေးသည့်အခါ၊ ဘုရားသခင်ကို သိရှိသည့် ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်း ပေါ်လာပေမည်။ ဟုတ်ပေ၏၊ ထိုသို့ဖြစ်သည်ကို ငါမျှော်လင့်မိပြီး၊ ထို့အပြင် ငါသည် ဤအမှုအား ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် ရှိပြီး၊ မကြာတော့သည့် အနာဂတ်တွင် ပိုမိုများပြားသည့် ထိုသို့သော ပါရမီရှင်များ ပေါ်ထွက်ခြင်းကိုတွေ့ရန် ငါမျှော်လင့်သည်။ ၎င်းတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များကို သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ ဤအမှု၏ အဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ အမှန်တကယ် လိုက်စားသူများသည် ဤကောင်းချီးမင်္ဂလာကို ရရှိနိုင်မည်ဟု ငါမျှော်လင့်ဆဲဖြစ်၏။ အချိန်၏ အစကတည်းက၊ ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိဖူးပေ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ထိုသို့သော တာဝန်တစ်ခုသည် မည်သည့်အခါမျှ မဖြစ်ပေါ်ဖူးပေ။
၃ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက၊ ဤသည်မှာ သတ္တဝါများအားလုံးအလယ်တွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာတစ်ရပ် ဖြစ်မည်မဟုတ်လော။ လူသားမျိုးနွယ်ထဲမှ အဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်လေသည် ဘုရားသခင်၏ ချီးကျူးခြင်းကို သာ၍ ခံရမည်လော။ ထိုသို့သောအမှုကို စွမ်းဆောင်ရရှိရန် မလွယ်သော်လည်း၊ နောက်ဆုံးတွင် ဆုလာဘ်များ ရိတ်သိမ်းရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားဖြစ်ခြင်းတို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သည့် အသိပညာ ရရှိနိုင်စွမ်း ရှိသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူများသာ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်ပြီး အနာဂတ်၏အမှုလည်း ဖြစ်၏။ ဤသည်မှာ အနှစ်ခြောက်ထောင် အမှုတွင် ပြီးမြောက်မည့် နောက်ဆုံးနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အတန်းအစားအသီးသီးကို ထုတ်ဖော်ပြသည့် အမှုပြုခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်