၇၈၂ ဘုရားကို သိကျွမ်းရန် သူ့အမှုအဆင့်သုံးဆင့်ကို သင်သိရမည်ကျူး

၁ ဘုရားသခင်၏အမှုကို လူသားက မစွမ်းဆောင်မရရှိနိုင်သကဲ့သို့၊ လူသားက ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုသည် လူသားသိရမည့် ရူပါရုံ ဖြစ်၏။ အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း တစ်ရပ်လုံး ဖြစ်ပြီး၊ လူသားမှ သိသင့်သည့် သာ၍ ကြီးမြတ်သော ရူပါရုံ မရှိပေ။ လူသားသည် ဤတန်ခိုးကြီးမားသော ရူပါရုံကို မသိပါက၊ ဘုရားသခင်ကို သိရန်မလွယ်ပေ၊ ဘုရားသခင်၏ အလိုကို နားလည်ရန် မလွယ်ကူသကဲ့သို့၊ ထို့အပြင် လူသား လျှောက်လှမ်းသည့် လမ်းကြောင်းသည် တိုး၍တိုး၍ ခက်ခဲကြမ်းတမ်း လာလိမ့်မည်။ ရူပါရုံများ မရှိဘဲ၊ လူသားသည် ဤမျှအထိ ရောက်လာနိုင်ခဲ့မည် မဟုတ်ပေ။ လူသားကို ယနေ့တိုင် ကာကွယ်ထားခဲ့ပြီး အကြီးမားဆုံးသော အကာအကွယ်ကို ပေးခဲ့သည်မှာ ဤရူပါရုံများ ဖြစ်၏။ အနာဂတ်တွင်၊ သင်တို့၏ အသိပညာသည် ပိုမိုနက်နဲလာရမည် ဖြစ်ကာ သင်တို့သည် သူ၏အလို အလုံးစုံနှင့် အမှု၏အဆင့်သုံးဆင့် အတွင်းရှိ သူ၏ဉာဏ်ပညာရှိသော အမှု၏ အနှစ်သာရကို သိလာရမည် ဖြစ်သည်။ ဤသည်သာလျှင် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ဖြစ်၏။

၂ ကယ်တင်ခြင်း အမှု အလုံးစုံသည် အမှု၏ အဆင့်သုံးဆင့် ဖြစ်ပြီး၊ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်သည့်အတွက်၊ ဤအဆင့်သုံးဆင့်မှ မည်သည့် အဆင့်တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ် အားလုံးသိရမည့် တစ်ခုတည်းသော ရူပါရုံဟု စွဲကိုင်ထား၍မရပေ။ ကယ်တင်ခြင်းအမှု မပြီးမြောက်သေးသရွေ့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ပြီးပြည့်စုံသည့် အဆုံးသတ်တစ်ခုသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ဖြစ်ခြင်း၊ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ကို ကယ်တင်ခြင်းအမှု အလုံးစုံတွင် ဖော်ပြထား၏။ ယင်းတို့ကို တကယ့်အစတွင် လူသားထံ ဖော်ပြမထားဘဲ၊ ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားပြီးဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှု၏ အဆင့်တိုင်းသည် ဘုရားသခင်၏ဖြစ်ခြင်း အလုံးစုံကို တိုက်ရိုက်နှင့် ပြီးပြည့်စုံစွာ ဖော်ပြနိုင်သည် မဟုတ်ပေ။

၃ ကယ်တင်ခြင်းအမှုကို အမှု၏ အဆင့်သုံးဆင့် ပြီးစီးသည်နှင့်တစ်ပြိုင်နက်တွင်သာ အပြည့်အဝ အဆုံးသတ်နိုင်ပေသည်၊ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံနှင့်ဆိုင်သည့် လူသား၏အသိပညာကို ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ သင်သည် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့်- ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံးနှင့်ဆိုင်သည့်- ရှင်းလင်းသော အသိပညာတစ်ခု ရှိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင့်အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို လက်ရှိအဆင့်နှင့် အပြည့်အဝ အပြန်အလှန် ဆက်စပ်နိုင်ပြီး ယင်းမှာ ဘုရားသခင် တစ်ဆူတည်းက လုပ်ဆောင်သည့် အမှုဖြစ်သည်ကို မြင်နိုင်ပါက၊ သင့်ထံတွင် မယှဉ်သာသည့် ခိုင်မာသော အခြေခံအုတ်မြစ် ရှိလိမ့်မည်ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းဆီသို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၈၁ သူ့ကိုသိကျွမ်းခြင်းသည် ဘုရား၏နောက်ဆုံးလိုအပ်ချက်

နောက်တစ်ခုသို့- ၇၈၃ ဘုရားကို သိကျွမ်းခြင်းသည် ဖန်ဆင်းခံအရာများအတွက် အမြင့်မြတ်ဆုံးသောဂုဏ်တည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။