၇၈၄ ဘုရား၏အမှုကို သိခြင်းအားဖြင့်သာ အဆုံးတိုင် သင်လိုက်လျှောက်နိုင်မည်ကျူး

၁ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ လောကီ ပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။

၂ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။

၃ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၈၃ ဘုရားကို သိကျွမ်းခြင်းသည် ဖန်ဆင်းခံအရာများအတွက် အမြင့်မြတ်ဆုံးသောဂုဏ်တည်းကျူး

နောက်တစ်ခုသို့- ၇၈၅ ဘုရားကို သိကျွမ်းရန် သူ့နှုတ်ကပတ်တော်များကို သင်သိကျွမ်းရမည်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။