၈၀၃ ဘုရားကို သိကျွမ်းခြင်းအားဖြင့်သာ သူ့ကို အမှန်တကယ် သင်ကိုးကွယ်နိုင်မည်ကျူး

၁ ခြွင်းချက်မရှိ၊ ဘုရားသခင်ကို စစ်မှန်စွာသိသူအားလုံးသည် သူ့ကို မြင်သည့်အခါတိုင်းတွင် ကိုးကွယ်ကာ ကြည်ညိုကြ၏။ ၎င်းတို့အားလုံးသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်ဖို့ လှုံ့ဆော်ခံရကြ၏။ လတ်တလောတွင်၊ လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေစဉ်တွင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်လေလေ၊ ၎င်းတို့သည် ဤအရာများကို သာ၍တန်ဖိုးထားလေလေ ဖြစ်ပြီး၊ သူ့ကို သာ၍ချစ်ကြောက်ရိုသေလေလေ ဖြစ်လိမ့်မည်။ ယေဘုယျအားဖြင့် လူတို့သည် သိနားလည်မှု သာ၍နည်းလေ၊ သာ၍ဂရုမပြုလေဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်ကို လူသားကဲ့သို့ ၎င်းတို့ ဆက်ဆံကြလေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိရှိကာ မြင်ခဲ့ကြပါက၊ ၎င်းတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ခဲ့ကြလိမ့်မည်။ “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။” ယောဟန်သည် ဤအရာကို အဘယ်ကြောင့်ဆိုခဲ့သနည်း။ စိတ်ထဲတွင် အလွန် နက်နဲသော သိနားလည်မှု သူ မရှိခဲ့သော်လည်း၊ ဘုရားသခင်သည် အံ့ဖွယ်ကောင်းသည်ကို သူသိခဲ့၏။

၂ လူတို့သည် ဘုရားသခင် အမှန်တကယ် ကိုးကွယ်နိုင်ဖို့ မဆိုထားနှင့်၊ ခရစ်တော်၏ အနှစ်သာရကို ၎င်းတို့ မသိသကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်ကြပေ။ ၎င်းတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ မြင်သော်လည်း၊ သူ၏အနှစ်သာရကို မသိပါက၊ သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်ဆံရန် ၎င်းတို့အတွက် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ ပြီးလျှင်သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို မနာခံဘဲနေနိုင်ပြီး၊ သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို အလေးအနက် ထားကောင်း ထားနိုင်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများ၊ ရှုတ်ချမှုများနှင့် ပြစ်မှားစော်ကားမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန်၊ ခရစ်တော်၏ အနှစ်သာရနှင့် ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည့် အယောက်တိုင်းက ဝင်ရောက်၍ ရရှိရမည့်အရာဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၀၂ ဘုရားကို သိကျွမ်းသူတို့သာ ဘုရားကို ရရှိနိုင်၏ကျူး

နောက်တစ်ခုသို့- ၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။