၄၉၁ အသိပညာသည် လက်တွေ့အရှိတရားအတွက် အစားထိုးမဟုတ်

၁ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ့်မည်။

၂ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ အမှန်တကယ် တည်ရှိသည့် ပြဿနာများ အကြောင်းကို ပို၍ပြောဆိုလော့။ အခြားလူတို့၏ အတွေ့အကြုံများကို သင်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ အခြားသူများ ကြည်ညိုလေးစားစေဖို့ ထိုအတွေ့အကြုံများကို မပြလေနှင့်။ သင့်အနေဖြင့် သင်ကိုယ်တိုင်၏၊ သီးခြား ထွက်ပေါက်ကို ရှာဖွေရမည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၉၀ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရာ၌ လုံ့လစိုက်ထုတ်လော့ကျူး

နောက်တစ်ခုသို့- ၄၉၂ လူတို့အတွက် ဘုရား၏ အကြံပေးချက်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။