သင့်နှလုံးသားထဲသို့ ဘုရားကို ဝင်ခွင့်ပေးလော့ကျူး
သင်က သူ့ကို ဖွင့်ဟပေးမှသာ ဘုရားသခင်က သင့်နှလုံးသားထဲကို ဝင်လာနိုင်ပါသည်။ သူက သင့်နှလုံးသားထဲကို ဝင်ရောက်လာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကိုသာ သင်မြင်နိုင်ပြီး သင့်အတွက် သူ၏အလိုတော်ကိုသာ သင်မြင်နိုင်သည်။
၁ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အကြောင်းအရာတိုင်းက အလွန်တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် တန်ဖိုးထားရန် အလွန်ထိုက်တန်သည်ဆိုသည်ကို သင်တွေ့လာပါလိမ့်မည်။ ၎င်းနှင့် နှိုင်းယှဉ်လိုက်လျှင် သင့်ပတ်ဝန်းကျင်၌ရှိသောလူများ၊ သင့်ဘဝတွင်ရှိသော အရာဝတ္ထုနှင့် အဖြစ်အပျက်များ၊ သင်ချစ်ရသောသူပင်လျှင်ပါဝင်ပြီး၊ သင်၏အဖော်၊ သင်ချစ်သော အရာတို့သည် ထုတ်ဖော်ပြောရန်ပင် မထိုက်တန်ပေ။ ၎င်းတို့က အလွန်သေးငယ်ပြီး အလွန်နိမ့်ကျပါသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများကမှ သင့်ကို နောက်တစ်ကြိမ် ဆွဲဆောင်နိုင်မှာ မဟုတ်တော့ဟု သင်ခံစားရလိမ့်မည်။ ဤပစ္စည်းများက သူတို့အတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို ပြုလုပ်နိုင်မှာ မဟုတ်တော့ချေ။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သာလွန်မှုကို သင်မြင်ရလိမ့်မည်။ တစ်ဖန်လွန်စွာသေးငယ်သည်ဟု သင်ယုံကြည်ထားသော သူလုပ်ဆောင်ခဲ့သည့်အရာတစ်ခုခုတွင် သူ၏အဆုံးအစမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို မြင်ရလိမ့်မည်။ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှု၊ သင့်အပေါ် သူ၏နားလည်မှုကို သင်မြင်ရလိမ့်မည်။ ၎င်းက သင့်အတွင်း၌ သူ့အတွက် အချစ်တစ်ခု ဖြစ်ပေါ်စေလိမ့်မည်။
၂ ထိုနေ့တွင် လူသားမျိုးနွယ်သည် ညစ်ညမ်းနေသော ကမ္ဘာ၌ အသက်ရှင်နေရခြင်းကို၊ သင့်ဘေး၌ရှိသောလူတို့နှင့် သင့်ဘဝ၌ဖြစ်ပျက်နေသောအရာများ၊ သင်ချစ်သောသူများ၊ သင့်အတွက် သူတို့၏အချစ်များ၊ သူတို့၏ အကာအကွယ်ဟုခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် သူတို့၏ စိုးရိမ်ခြင်းများသည် ပြောပြရန်ပင် မထိုက်တန်ဟုဆိုသည်နှင့်၊ ဘုရားသခင်သာလျှင် သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင်တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်ကြောင်းကို သင်ခံစားရပါလိမ့်မည်။ ထိုအချိန်ရောက်လာသောအခါတွင် တစ်ချို့လူတို့က ဤကဲ့သို့ပြောကြလိမ့်မယ်ဆိုသည်ကို ငါမြင်သည်။ ဘုရားသခင်၏ ချစ်ခြင်းက အလွန်ကြီးမြတ်သည်။ သူ၏အနှစ်သာရသည် အလွန်သန့်ရှင်းမြင့်မြတ်သည်။ ဘုရားသခင်ထံတွင် လှည့်စားခြင်း၊ ဆိုးယုတ်ခြင်း၊ မနာလိုခြင်း၊ ခိုက်ရန်ဒေါသဖြစ်ခြင်းတို့ မရှိဘဲ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့က ဆာငတ်တောင့်တသင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။ုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။