၅၉၉ သင့်တာဝန်ကို ထမ်းဆောင်ရန်အတွက် အသက်ရှင်ခြင်းမှာ အနက်အဓိပ္ပာယ်ရှိသည်

၁ အသိဉာဏ်အရှိဆုံးသူများမှာ ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုကို လက်ခံသော ဤသူများဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုကို နှစ်အတန်ကြာ ကြုံရပြီးနောက်တွင် သူတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် သူ၏ စီမံခန့်ခွဲမှုနှင့် ကယ်တင်ခြင်း၏ နက်နဲမှုကိုလည်းကောင်း သတိမထားမိဘဲ နားလည်လာကြသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီး သူ၏ အချုပ်အခြာအာဏာကို သိလာကြသည်။ သူတို့သည် ကြွယ်ဝချမ်းသာစေသည့် အသက်တာများကို အခက်အခဲမရှိ အဓိပ္ပာယ်ရှိစွာ နေထိုင်ကြသည်ဟု သူတို့ခံစားကြသည်။ ဘုရားသခင်သည် သင့်ကို အသက်ရှင်ခွင့်ပေးပြီး၊ သင်သည် ဘုရားသခင်အတွက် အသက်ရှင်ပြီး ဖန်ဆင်းခံလူသားတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ဖို့ အသက်ရှင်ပါက သင်သည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်နေခြင်းဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်မခံ၊ ဇာတိသွေးသားအတွက်သာ အသက်ရှင်လျက် ဝိညာဉ်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်၏ အသက်တာမျိုးကို နေထိုင်ပါက သင့်အသက်တာ၌ တန်ဖိုးမရှိသဖြင့် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်နေခြင်းမဟုတ်ပေ။

၂ သင်တို့သည် လူသားမျိုးနွယ်ခပ်သိမ်းထဲမှ ဘုရားသခင် ကြိုတင်ခွဲခန့်ပြီး ရွေးချယ်ထားသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းပြည်ထဲတွင် ဤခေတ်ထဲ၌ မွေးဖွားလာကြပြီး ကိုယ်တော်သည် သင်၏ လက်ရှိတာဝန်များကို ထမ်းဆောင်နိုင်ရန် သင့်ကို အခွင့်ပေးလေသည်။ သင်တို့သည် ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ခံရကြကာ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရကြပြီ။ ဤသည်မှာ ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ့အဖို့ မိမိကိုယ်ကိုယ် အသုံးခံရန်၊ ဘုရားသခင်၏ မိသားစု၌ သင်၏တာ၀န်များကို ထမ်းဆောင်ရန်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်နှင့်၊ သင့်စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ဆက်ကပ်ပူဇော်ရန် သင့်ကို အခွင့်ပေးသည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာ မဟုတ်သလော။ ယခုတွင် သင်တို့၏ နေ့ရက်တိုင်းကို ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားကို ဖြန့်ဝေရန် အသက်ရှင်နိုင်သည်။ ယင်းကို ဘုရားသခင်မှ နှစ်သက်သဘောကျသည်။

၃ ဘုရားသခင်က သင့်ကို ဤသို့အသက်ရှင်ရန်နှင့် သူ့အဖို့ မိမိကိုယ်ကိုယ် အသုံးခံရန် ဤအခွင့်အရေးကို ပေးခြင်းဖြစ်သည်၊ ဤသည်မှာ အနက်အဓိပ္ပာယ်ရှိသော အရာတစ်ခုပင်။ ဤအခွင့်အရေးကို သင်တို့ တန်ဖိုးထားပြီးလျှင် ဝင့်ကြွားဂုဏ်ယူသင့်သည်။ ဤတာဝန်ကို ဤခေတ်၊ ဤပတ်ဝန်းကျင်နှင့် ဤအနေအထားများတွင် ထမ်းဆောင်နိုင်ဖို့ရန်မှာ အလွန်ကြုံတောင့်ကြုံခဲသော အခွင့်အရေးဖြစ်သည်တကား။ ဘုရားသခင်သည် လူသားမျိုးနွယ်ကြားမှ ဂရုတစိုက် ရွေးကောက်ပြီးလျှင် သင်တို့ကို သူရွေးချယ်လေပြီ။ ဤသည်မှာ သင်တို့၏ အခွင့်အရေးဖြစ်သည်။ ဤသည်မှာ သင်တို့၏ အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ ဤကောင်းချီးမင်္ဂလာမှာ ခေတ်ကာလများနှင့် မျိုးဆက်များတစ်လျှောက်ရှိ သန့်ရှင်းသူများ၏ ကောင်းချီးမင်္ဂလာများထက်ပင် သာ၍ကြီးမြတ်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၉၈ အရာရာ၌ ဘုရား၏စိစစ်ခြင်းကို သင်လက်ခံသင့်၏ကျူး

နောက်တစ်ခုသို့- ၆၀၀ အောင်မြင်မှု၊ ဆုံးရှုံးမှုသည် လူလျှောက်သော လမ်းအပေါ် မူတည်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။