၂၁၃ နောင်တနှင့်ပြည့်သော နှလုံးသားတစ်ခု

၁ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှတစ်ဆင့်၊ ကျွန်ုပ်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်သော မျက်နှာကို မြင်ခဲ့ရ။ ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်ကာ သူ၏ နှုတ်ကပတ်တော်များကို ဖတ်သော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံးက သမ္မာတရားကို မတမ်းတခဲ့။ ကျွန်ုပ်ပေးခဲ့သည့်အရာ၊ စွန့်လွှတ်ခဲ့သည့်အရာ၊ ကျွန်ုပ် ကုန်ဆုံးစေခဲ့သည့်အရာ- အားလုံးက ယုတ်ညံ့သော အကြောင်းရင်းများဖြင့် စွန်းထင်းခဲ့။ ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရရန်သာ ကျွန်ုပ် ဆန္ဒရှိခဲ့။ မည်သည့်အခါတွင်မျှ ဘုရားသခင်ကို အမှန်တကယ် မချစ်ခဲ့ပေ။ ဘုရားသခင်၏ မငဲ့ညှာသော တရားစီရင်ခြင်းနှင့် စမ်းသပ်မှုများက ကျွန်ုပ်ကို ဖွင့်ချခဲ့။ ကျွန်ုပ်သည် အပျက်သဘောဆောင်ခဲ့၊ မတုန်မလှုပ်ဖြစ်ခဲ့၊ မိမိကိုယ်ကိုယ် ဖျက်ဆီးစေတတ်ခဲ့၊ ကျွန်ုပ်၏ အလားအလာများနှင့် ကံကြမ္မာတို့ဖြင့် ဖိစီးဆဲဖြစ်ခဲ့ပေ။ ကျွန်ုပ်၏ ယိုယွင်းကျဆင်းခြင်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အကျည်းတန်မှု၊ ကျွန်ုပ်၏ အလိုကြီးသော စိတ်ဆန္ဒများနှင့် ကျွန်ုပ်၏ အယောင်ဆောင်သော မျက်နှာထားတို့ကို ကျွန်ုပ် ကြည်ရှုခဲ့။ ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ကျွန်ပ် အဘယ်ကြောင့် မခံရမည်နည်း။

၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အလင်းတွင် မိမိကိုယ်ကိုယ် သုံးသပ်ရင်း၊ ကျွန်ုပ်၏ စိတ်က ရုတ်တရက် အသိဉာဏ်ပွင့်လင်းခဲ့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရား ဖြစ်ပေ- ကျွန်ုပ်၏ လိုက်စားမှုကို ကျွန်ုပ် ပေါ့လျော့ခြင်းသာ ဖြစ်ပေ။ ကျွန်ုပ်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု မရှိလေပြီ၊ စာတန်၏ အဆိပ်များဖြင့် ကျွန်ုပ် အသက်ရှင်ခဲ့ဆဲ။ ကျွန်ုပ်သည် တစ်ကိုယ်ကောင်းဆန်သည်၊ ကောက်ကျစ်သည်၊ လှည့်ဖြားတတ်ပြီး ဖြစ်ကတတ်ဆန်း ဖြစ်ပေ- ဘုရားသခင်အား ကျွန်ုပ်၏ ကြောက်ရွံ့ခြင်း အဘယ်မှာနည်း။ ကျွန်ုပ်သည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခဲ့၊ လူသားနှင့် ဆင်တူခြင်း မည်သည့်အရာမျှ ကျွန်ုပ် မပါရှိခဲ့၊ သို့သော် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရရန် ကျွန်ုပ် ဆန္ဒရှိဆဲဖြစ်ခဲ့ပေ။ ကျွန်ုပ် မိုက်မဲခဲ့လေစွ။ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကျွန်ပ် မသိခဲ့။ ကျွန်ုပ် လျှောက်ခဲ့ပြီးသည့် လမ်းကြောင်းကို ကျွန်ုပ် ပြန်ကြည့်ခဲ့သည်- စစ်မှန်သော သက်သေခံချက် တစ်ခုတစ်လေ အဘယ်မှာရှိခဲ့သနည်း။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဝမ်းနည်းမှု ရှိခဲ့သည်၊ ကျွန်ုပ် အမှန်တကယ် နောင်တရခဲ့သည်။ သမ္မာတရားကိုသာ ကျွန်ုပ် လိုက်စားရန်နှင့် အသစ်တဖန် စတင်ရန် ဆန္ဒရှိခဲ့သည်။

၃ ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်ရှင်းစေခဲ့ပေ။ သူ၏ နှုတ်ကပတ်တော်များက ကောင်းချီးခံစားဖို့ဖြစ်သော ကျွန်ုပ်၏ အရင်းခံအကြောင်းကို ထုတ်ပစ်ရင်း၊ ကျွန်ုပ်ကို တရားစီရင်ခဲ့၊ ပြစ်တင်ဆုံးမခဲ့ကာ စစ်ဆေးခဲ့ပေ။ တစ်ဦးတစ်ယောက်က သမ္မာတရား ရရှိသည့်အခါမှသာ ဘဝက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည်ဟု ကျွန်ုပ် နားလည်ခဲ့။ ဘုရားသခင် လုပ်ဆောင်သမျှ ဖြောင့်မတ်သည်ဟု ယုံကြည်ကိုးစားရင်း၊ သူ့ကို လုံးဝ နာခံသင့်ပေ။ နာကျင်ခြင်းနှင့် အရှက်ရခြင်းတို့ကို ဘုရားသခင် သည်းခံလေပြီ၊ လူသားကို ကယ်တင်ရန် သမ္မာတရား သူဖော်ပြလေသည်။ သို့သော် သူ့ကို မည်သည့်အရာမျှ ကျွန်ုပ် ပြန်မပေးဆပ်လေပြီ။ ကျွန်ုပ်၏ စိတ်နှလုံးသည် နောင်တနှင့် ပူပန်သောကဖြင့် ပြည့်ခဲ့။ ဘုရားသခင်အား သူ၏ မချိတင်ကဲဖြစ်သော တမ်းတမှုနှင့် စောင့်ဆိုင်းခြင်းတို့ကို ဆက်လက်ခံစားခွင့် အဘယ်သို့ ကျွန်ုပ် ပေးနိုင်မည်နည်း။ ကျွန်ုပ် ကောင်းချီးခံစားရမည်ဖြစ်စေ၊ ကံအကြောင်းမလှသည့် ဖြစ်ရပ် ခံစားရမည်ဖြစ်စေ ကျွန်ုပ်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်ရန်၊ ကျွန်ုပ်၏ တာဝန်ကို ပြီးစီးပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ် ဆုံးဖြတ်ခဲ့။

အရှေ့သို့- ၂၁၂ လှိုက်လှဲသောနောင်တတစ်ခု

နောက်တစ်ခုသို့- ၂၁၄ ဘုရားကို အစေခံခွင့်ရတာ ကျွန်ုပ်တို့ ၏ ကြွယ်ဝမှုဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။