ဘုရားသခင်အတွက် တောင့်တခြင်း

ဘုရားသခင် ထွက်ခွာသည်ကို ကြည့်ရင်း၊ ကျွန်ုပ်၏ နှလုံးသား ကြေကွဲ။

အတိတ်က အခိုက်အတန့်များ ကျွန်ုပ်၏ စိတ်ထဲ ပြန်ပေါ်လာ၊ ဘုရားသခင်၏ သွန်သင်မှုက ကျွန်ုပ်၏ နားထဲ ပဲ့တင်ထပ်ပေ။

ဝမ်းမနည်းနှင့်၊ စိတ်မပျက်နှင့်။

ကျွန်ုပ်တို့ ခွဲခွာရသည့်အခိုက်တွင်၊ ကျွန်ုပ်ရင်ဖွင့်ချင်သည့် စကားများစွာ စိတ်နှလုံးထဲ ရှိပေ။

အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။

မည်သည့်အချိန်တွင် ကျွန်ုပ်တို့ တစ်ဖန် တွေ့ဆုံကြမည်နည်း၊ မည်သည့်အချိန်တွင် ကိုယ်တော်၏ သွန်သင်မှုများကို နောက်တစ်ဖန် ကျွန်ုပ်တို့ ကြားမည်နည်း။


ဘုရားသခင်ကို ကျွန်ုပ် လွမ်းဆွတ်တသမိ၊ ကျွန်ုပ်၏ နှလုံးသား နောင်တရပေ။

များလှစွာသော အပြစ်များက ထေမိစေဖို့ ခက်ခဲပေ၊ အကြွေးတစ်ခုက ကျွန်ုပ်၏ နှလုံးသားထဲ ကျန်ရစ်ခဲ့။

ဘုရားသခင်၏ နှုတ်ကပတ်တော်များက တရားစီရင်ပြီး၊ ကျွန်ုပ်ကို ဖြေသိမ့်သည်။

ကျွန်ုပ်ကို အဖန်ဖန် သူ တိုက်တွန်းအားပေးကာ စိတ်ရှည်စွာ ကျွန်ုပ်ကို သွန်သင်သည်။ ခြေလှမ်းတိုင်း ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို လမ်းပြ။

အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။

ကိုယ်တော်ကို ကျွန်ုပ်တို့၏ နှလုံးသားများ တမ်းတကြပေ၊ ကိုယ်တော်၏ လူပုံအလယ် ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ ကြိုဆို။


ဘုရားသခင်ကို တမ်းတရင်း၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျွန်ုပ်လွမ်းဆွတ်တသ။

ကြီးမားသည့် အခက်အခဲနှင့် ဘေးရန်တစ်လျှောက် ဘုရားသခင်နှင့်အတူ ကျွန်ုပ် လျှောက်လှမ်းပေ။ အန္တရာယ်ထဲတွင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို သာ၍နက်ရှိုင်းစွာ ကျွန်ုပ် ခံစားရ။

အရှက်ရခြင်းနှင့် မျက်ရည်များ၊ ထိခိုက်ခြင်းနှင့် နာကျင်မှု။

အခက်အခဲများနှင့် စစ်ဆေးမှုများအလယ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်နှင့်အတူရှိပေ။ ကျွန်ုပ်၏ သက်သေခံခြင်းတွင် ခိုင်မာစွာ ရပ်တည်ကာ စာတန်အပေါ် ကျွန်ုပ် အောင်ပွဲခံပေ။

အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။

ကျွန်ုပ်တို့အပေါ် ကိုယ်တော် အမြဲ စောင့်ရှောက်ပါစေ၊ သို့ဖြစ်လျှင် ကိုယ်တော်၏ ချစ်ခြင်း ထွေးပွေ့မှုထဲတွင် ကျွန်ုပ်တို့ အသက်ရှင်ကြလိမ့်မည်။


အဆုံးမရှိ ဝေမျှခဲ့သည့် အတိတ်က အချိန်များကို ကျွန်ုပ် ပြောဆိုနိုင်ပေ။

သို့သော် ကျွန်ုပ် မျက်လုံးများက မျက်ရည်များ ပြည့်ကာ ကျွန်ုပ် စကားလုံးမဲ့ပေ။ ဘုရားသခင်၏ တိုက်တွန်းခွန်အားပေးခြင်းတို့က ကျွန်ုပ်၏ နှလုံးသားထဲတွင် အောက်မေ့ခဲ့ရပေ။

ကမ္ဘာမြေကြီး၏ ရေမြေဆုံးတိုင် ကျွန်ုပ် သွားသည်။

ခရီးက မည်မျှခက်ခဲကြမ်းတမ်းပါစေ၊ ကျွန်ုပ်၏ တာဝန်ကို ပြည့်စုံစေခြင်းတွင် ကျွန်ုပ် သွေဖည်သွားမည် မဟုတ်။

အို ဘုရားသခင်။ အို ဘုရားသခင်။ ချစ်ဖွယ်သော ဘုရားသခင်။

ကိုယ်တော်သည် ထာဝရ ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပေ၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ထာဝရ ချစ်ကာ ကိုယ်တော်နှင့် ကျွန်ုပ်တို့ သက်ဆိုင်မည်။

အရှေ့သို့- ထာဝရ တောင့်တခြင်း

နောက်တစ်ခုသို့- ကိုယ်တော် သွားသည့်နေရာတိုင်း ကိုယ်တော်ကို ကျွန်ုပ် ဖက်တွယ်မည်

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီနှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းကလူသားတို့ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်