၅၄၄ သမ္မာတရားကို ချစ်သောသူများသည် သမ္မာတရားကို ရရှိလိမ့်မည်

၁ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။

၂ ပြဿနာတစ်ခု သင့်အပေါ် ကျရောက်သောအခါ၊ သင့်အနေဖြင့် ခေါင်းအေးအေးထားကာ မှန်ကန်သော ချဉ်းကပ်မှုရှိရမည်ဖြစ်ပြီး၊ ရွေးချယ်မှုတစ်ခုကို သင် ပြုလုပ်ရမည်။ ပြဿနာကို ဖြေရှင်းရန်သမ္မာတရားကို အသုံးပြုဖို့ သင် သင်ယူသင့်သည်။ ပုံမှန်အချိန်များတွင်၊ သမ္မာတရား အချို့ကို နားလည်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းမှာ သင်၏ ဝမ်းကို ပြည့်စေရန်မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် သင့်ကို တစ်စုံတစ်ရာ ပြောစေရန်မျှမဟုတ်သကဲ့သို့၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန်လည်း မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ၊ ယင်း၏ အသုံးဝင်မှုသည် သင်ကိုယ်တိုင် ပြဿနာမျာ။ ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူသည် စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ကာ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့ပေ။ ဤအရာအားလုံးမှာ အားသာချက်များဖြစ်သည်။ သန္နိဌာန် ချမှတ်ထားပြီး သမ္မာတရားကို လိုက်စားသည့် သူများသာလျှင်၊ ယင်းကို ရရှိနိုင်ပြီး ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၄၃ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင် ပိုင်ဆိုင်ရမည့်အရာ

နောက်တစ်ခုသို့- ၅၄၅ သင်၏စိတ်သဘောထားကို ပြောင်းလဲရန် ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်လော့ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။