၆၈ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်ပန်းတိုင်

၁ သိမ်းပိုက်ခြင်းအမှု၏ အဓိကပန်းတိုင်မှာ သမ္မာတရားကို လူသား ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သမ္မာတရားကို နားလည်သည်မှာ နည်းလွန်းခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူတို့အပေါ် သိမ်းပိုက်သော အမှုကို လုပ်ဆောင်ရန်မှာ အကြီးမားဆုံးသော အရေးပါမှုဖြစ်သည်။ သင်တို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်ခဲ့ပြီး အလွန်အမင်း ထိခိုက်ခံခဲ့ရသည်။ ထို့ကြောင့် ဤအမှု၏ ပန်းတိုင်မှာ လူ့သဘာဝဗီဇကို သင်တို့သိစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ထိုသို့ဖြင့် သမ္မာတရားဖြင့် အသက်ရှင်နေထိုင်နိုင်စေရန် ဖြစ်သည်။ အကယ်၍ သင်သည် ဤအမှောင်၏ လွှမ်းမိုးမှုများထဲမှ လွတ်မြောက်နိုင်ပြီး ထိုမစင်ကြယ်သောအရာများနှင့် သင့်ကိုယ်သင် ကင်းကွာစေနိုင်ပါက၊ အကယ်၍ သင်သည် သန့်ရှင်းသောသူ ဖြစ်လာနိုင်ပါက သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ၎င်းသည် သင်၏သဘာဝဗီဇ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ဇာတိပကတိကို စွန့်လွှတ်နိုင်ခြင်းသာ ဖြစ်သည်။ ဤအရာသည် သန့်ရှင်းစေခြင်းကို ခံရပြီးသောသူများ ပိုင်ဆိုင်သော အရည်အသွေး ဖြစ်သည်။

၂ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် အသက်ရှင်နေထိုင်သော သူများသာလျှင် ဘုရားသခင်၏ လုံးလုံးလျားလျား ရယူခြင်းကို ခံရနိုင်သည်။ ဆိုလိုသည်မှာ ပေတရု၏ ပုံသဏ္ဌာန် ဖြင့် အသက်ရှင်နေထိုင်သော သူများသည် စုံလင်စေခြင်းခံရသောသူများ ဖြစ်ကြပြီး အခြားသူအားလုံးမှာ သိမ်းပိုက်ခံရသောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူ အားလုံးအပေါ် ပြုသောအမှုတွင် ကျိန်ဆဲခြင်းများ ချမှတ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အမျက်ဒေါသပြခြင်းတို့ ပါဝင်ပြီး ၎င်းတို့ထံသို့ ရောက်လာသောအရာမှာ ဖြောင့်မတ်ခြင်းနှင့် ကျိန်ဆဲခြင်းများ ဖြစ်သည်။ ထိုသို့သောလူအပေါ် အမှုပြုခြင်းသည် ဟိတ်ဟန်မရှိဘဲ သို့မဟုတ် ယဉ်ကျေးသိမ်မွေ့မှု မရှိဘဲ ထုတ်ဖော်ခြင်း ဖြစ်သည်- ၎င်းတို့အနေဖြင့် ၎င်းတို့၏အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ကိုယ်တိုင် သိမြင်ပြီး အပြည့်အဝ လက်ခံယုံကြည်ရန်အလို့ငှာ ၎င်းတို့၏အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ရန် ဖြစ်သည်။ လူသားသည် အကြွင်းမဲ့ ကျိုးနွံနာခံလာသည့်အခါ၊ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသည်။ လူအများစုသည် သမ္မာတရားကို နားလည်ရန် မရှာဖွေကြသေးလျှင်ပင် သိမ်းပိုက်ခြင်းအမှုသည် ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၇ အနိုင်ရယူခြင်း၏ နောက်ဆုံးအဆင့်သည် လူကိုကယ်တင်ဖို့ရန် ရည်ရွယ်၏

နောက်တစ်ခုသို့- ၆၉ သိမ်းပိုက်ခြင်းအလုပ်၏ အနှစ်သာရ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။