၄၉၀ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရာ၌ လုံ့လစိုက်ထုတ်လော့ကျူး

၁ ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူတို့၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ နေ့စဉ်ဘ၀များတွင် ဘုရားသခင် လုံးဝမပါရှိပေ။ အကယ်စင်စစ်၊ ဘုရားသခင် တည်ရှိကြောင်းကို လူအားလုံးက ယုံကြည်သော်လည်း ဘုရားသခင်သည် သူတို့၏ နေ့စဉ် အသက်တာများတွင် လုံးဝမရှိ။ လူ့နှုတ်ဖျားက ဘုရားသခင်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အမြောက်အမြား ပြောဆိုသော်လည်း၊ သူတို့စိတ်နှလုံးအထဲတွင် ဘုရားသခင်အတွက် နေရာအနည်းငယ်သာ ရှိသဖြင့် ဘုရားသခင်သည်လည်း လူကို ထပ်ခါထပ်ခါ စစ်ကြောသည်။ ဤသည်မှာ လူတို့သည် မစင်ကြယ်သောကြောင့်၊ ဘုရားသခင်၏ ဤစမ်းသပ်မှုများအတွင်း ၎င်းတို့သည် အရှက်ရပြီး ကိုယ့်အကြောင်းကိုယ် သိလာစေရန် ဘုရားသခင်၌ ၎င်းတို့ကိုစစ်ကြောခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ သို့မဟုတ်လျှင်၊ လူသားသည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများ ဖြစ်သွားလျက် ပို၍ပို၍ ဖောက်ပြန်ပျက်စီး လာလိမ့်မည်။

၂ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း ဖြစ်စဉ်၌ လူတစ်ယောက်စီသည် ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များစွာနှင့် ရည်မှန်းချက်များစွာကို ဘုရားသခင်၏ ဆေးကြောခြင်း ခံယူလျက် စွန့်ပစ်ကြသည်။ သို့မဟုတ်လျှင် ဘုရားသခင် အဘယ်သူကိုမျှ အသုံးမပြုနိုင်ဘဲ၊ လူတို့၌ သူပြုသင့်သည့်အရာကို မပြုနိုင်ဘဲ ဖြစ်လိမ့်မည်။ ဘုရားသခင်က လူတို့ကို ရှေ့ဦးစွာ သန့်စင်ပေးသည်။ ဤဆေးကြောခြင်း လုပ်ငန်းစဉ်အားဖြင့် လူတို့သည်မိမိကိုယ်ကို အသိတရား ရရှိလာပြီး ဘုရားသခင်က ပြောင်းလဲကောင်း ပြောင်းလဲပေးလိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ အသက်ကို ၎င်းတို့အထဲတွင် လုပ်ဆောင်ခြင်း ပြုလာပြီး ထိုနည်းလမ်းအားဖြင့်သာလျှင် ၎င်းတို့၏နှလုံးသားသည်လည်း ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားနိုင်သည်။

၃ သင်၌ ပညာအသိသာရှိပြီး အသက်အဖြစ် သူ၏ နှုတ်ကပတ်တော်ကို မရှိပေ၊ ထို့အပြင် သင်သည် မိမိအသိပညာ အကန့်အသတ် ဘောင်ထဲ၌သာရှိပြီး သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ပါက၊ ၎င်းသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ နှလုံးသား သင်၌ မရှိသေးကြောင်းကို သက်သေပြနေပြီး သင့်နှလုံးသားသည် ဘုရားသခင်နှင့် မသက်ဆိုင်ကြောင်းကိုလည်း ပြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းလာနိုင်သည်- ယင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး လူသား လိုက်စားရမည့် ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၈၉ သင့်အခြေအနေများနှင့် စပ်လျဉ်း၍ ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ရှုလော့ကျူး

နောက်တစ်ခုသို့- ၄၉၁ အသိပညာသည် လက်တွေ့အရှိတရားအတွက် အစားထိုးမဟုတ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။