ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

လူသားသည် အမှောင်စွမ်းအား၏ ဖုံးကွယ်ပိတ်ဆီးမှုအောက်တွင် အစဉ်နေထိုင်ပြီး စာတန်၏ စွမ်းအား၏ ကျေးကျွန်အဖြစ် ထိန်းချုပ်ခံရကာ မလွတ်မြောက်နိုင်ဘဲ၊ သူ၏ စိတ်နေသဘောထားသည် စာတန်၏ ပြုပြင်မှု ခံရပြီးနောက် တိုး၍အကျင့်ပျက်လာ၏။ လူသားသည် ၎င်း၏အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားအကြားတွင် အမြဲနေထိုင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဟု ဆိုနိုင်သည်။ ထိုသို့ဖြစ်သဖြင့် လူသားသည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက မိမိကိုယ်မိမိ သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ အထက်စီးဆန်ခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် စာတန်၏ စိတ်သဘောထားနှင့် အလားတူသော အရာအားလုံးတို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်ဆန်သော ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ သဘောကျထောက်ခံမှုကို လုံးဝမရရှိနိုင်သော ချစ်ခြင်းဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက် စုံလင်စေခြင်းခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ချိုးဖျက်ခံရခြင်း၊ ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် စစ်ဆေးခံရခြင်း မရှိဘဲ ဘုရားသခင်ကို မည်သူမှ စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပေ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု သင်ဆိုလျှင် သင်၏စကားလုံးများသည် အထက်ဆီးဆန်ကာ သင်သည် ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူများသည် ကောင်းကင်တမန်မင်း ဖြစ်ကြ၏။ လူသား၏ မွေးရာပါ သဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ပေ။ လူသားသည် သူ၏ မွေးရာပါ သဘာဝကို ဘုရားသခင်၏ စုံလင်စေခြင်းအားဖြင့် ခွာချရမည်။ သို့မှသာလျှင် ဘုရားသခင်၏ အလိုကို အရေးစိုက်ခြင်းအားဖြင့်သာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းဖြင့်သာ၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကြုံရခြင်းဖြင့်သာ သူအသက်ရှင်နေထိုင်သောအရာသည် ဘုရားသခင်၏ သဘောကျထောက်ခံခြင်း ခံရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ မည်သူကမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် ထိုသို့သောပုဂ္ဂိုလ်အတွက်ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် ၎င်းအသက်ရှင်နေထိုင်သော အရာတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်းအသက်ရှင်နေထိုင်သောအရာကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။

လူသား၏ စိတ်သဘောထားကို ဘုရားသခင်က ချမှတ်ပြီး ဤသည်မှာ မေးခွန်းထုတ်စရာ မလိုသော၊ အပြုသဘောဆောင်သော အရာတစ်ခုဟု ယူဆနိုင်သော်လည်း ယင်းကို စာတန်က ပြုပြင်ပြီး ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်သဘောထား တစ်ရပ်လုံးသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်။ လူအချို့က အမှုအရာများကို ဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်စေရန်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်၊ ယင်းသည် ၎င်းတို့ထံတွင်လည်း ပေါ်လွင်သည်၊ ၎င်းတို့၏ အကျင့်စရိုက်သည်လည်း ဤသို့ဖြစ်သည်၊ ထို့ကြောင့် သူတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ ထိုသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ ၎င်းတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟုဆိုသူ မည်သူမဆိုသည် ဘုရားသခင်ကို ပြစ်မှား၍ သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားသည်။ မြေကြီးပေါ်တွင် ဘုရားသခင်၏ အလုပ်သည် သိမ်းပိုက်ခြင်းအလုပ်သာ ဖြစ်ကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သော နည်းလမ်းက ပြသည်။ ထို့ကြောင့် လူသား၏ စာတန်ဆန်သော စိတ်နေသဘောထား အများအပြားမှာ သန့်ရှင်းစေခြင်းပြုရဦးမည် ဖြစ်ပြီး လူသား အသက်ရှင်နေထိုင်သော အရာသည် စာတန်၏ ရုပ်သွင်သာ ရှိနေသေးကာ ယင်းသည် လူသားက ကောင်းမွန်သည်ဟု ယုံကြည်သောအရာဖြစ်ပြီး ယင်းသည် လူသား၏ ဇာတိပကတိ၏ လုပ်ဆောင်ချက်များကို ကိုယ်စားပြုသည်။ ပို၍တိကျစွာ ပြောရလျှင် ယင်းသည် စာတန်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကို လုံးဝ ကိုယ်စားမပြုနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံဘဝကို မွေ့လျော်နိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ရှိနှင့်ပြီး “အို ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာမှာ မလုံလောက်ပါ” ကဲ့သို့သော ပြောဆိုမှုများ ပြုလုပ်နိုင်ကာ အမြင့်ဆုံးဘုံတွင် ရောက်နေလျှင်ပင် ထိုသူတို့သည် ဘုရားသခင်အတိုင်း အသက်ရှင်နေထိုင်သည် သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု မဆိုနိုင်သေးပေ။ အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်ပြီး လူသားသည် ဘုရားသခင်အတိုင်း မည်သည့်အခါမျှ အသက်ရှင်နေထိုင်နိုင်မည် မဟုတ်၊ ဘုရားဖြစ်လာရန်ကား သာ၍ပင် မဖြစ်နိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား အသက်ရှင်နေထိုင်ရန် လမ်းပြခဲ့သည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည်နှင့် အညီသာ ဖြစ်သည်။

စာတန်၏ ပြုမူဆောင်ရွက်ချက်အားလုံးသည် လူသားတွင် ထင်ရှား၏။ ယနေ့တွင် လူသား၏ ပြုမူဆောင်ရွက်ချက် အားလုံးသည် စာတန်၏ ဖော်ပြချက်တစ်ခုဖြစ်သည့်အတွက် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားမပြုနိုင်ပေ။ လူအချို့သည် အကျင့်ကောင်းကြ၏။ ထိုသူတို့၏ အကျင့်စရိုက်မှ တစ်ဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်။ သို့သော် သူတို့၏ စိတ်သဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့အပေါ် ဘုရားသခင်ပြုသော အလုပ်သည် အတွင်းတွင် ရှိပြီးသား အရာအပေါ် လုပ်ကိုင်၍ ချဲ့ထွင်ခြင်းထက် ဘာမျှမပိုပေ။ အတိတ်ကာလများက ဘုရားသခင်၏ တမန်တော်များဖြစ်စေ၊ ဘုရားသခင် အသုံးပြုခဲ့သူများဖြစ်စေ ကိုယ်တော့်ကို မည်သူမျှ တိုက်ရိုက်ကိုယ်စားမပြုနိုင်။ လူတို့သည် ခြိမ်းခြောက်အကျပ်ကိုင်ခံရသည့် အခြေအနေများအောက်တွင်သာ ဘုရားသခင်ကို ချစ်လာကြပြီး သူတို့၏ဆန္ဒအလျောက် ပူးပေါင်းလုပ်ကိုင်ရန် တစ်ဦးတစ်ယာက်ကမျှ မကြိုးပမ်းပေ။ အပြုသဘောဆောင်သည့် အရာများကား အဘယ်နည်း။ ဘုရားသခင်ထံမှ တိုက်ရိုက်လာသည့် အရာအားလုံးသည် အပြုသဘောဆောင်၏။ သို့ရာတွင် လူသား၏ စိတ်သဘောထားသည် စာတန်၏ ပြုပြင်ခြင်းကို ခံခဲ့ရပြီးဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဒုက္ခခံလိုစိတ်၊ ဖြောင့်မတ်ခြင်း၊ ကျိုးနွံနာခံခြင်း၊ နှိမ့်ချခြင်းနှင့် ပုန်းကွယ်မှုတို့သာလျှင် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြု၏။ ဤသည်မှာ ကိုယ်တော်ကြွလာခဲ့ချိန်တွင် ကိုယ်တော်သည် အပြစ်ရှိသော သဘာဝမရှိဘဲ ဘုရားသခင်ထံမှ တိုက်ရိုက်ကြွလာခဲ့ကာ စာတန်၏ ပြုပြင်ခံခဲ့ရခြင်း မရှိ၍ဖြစ်သည်။ ယေရှုသည် အပြစ်ရှိသည့် ဇာတိပကတိ၏ ပုံသဏ္ဌာန်သာလျှင် ရှိပြီး အပြစ်ကို ကိုယ်စားမပြုပေ။ ထို့ကြောင့် ကားစင်တင်ခြင်းအားဖြင့် ကိုယ်တော်၏အမှု အောင်မြင်စွာ မပြီးဆုံးမီ အချိန်အထိ (ကိုယ်တော့်ကို ကားစင်တင်သည့်အခိုက်အတန့် အပါအဝင်) ကိုယ်တော်၏ ပြုမူဆောင်ရွက်ချက်များနှင့် နှုတ်ကပတ်တော်များ အားလုံးသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။ အပြစ်ရှိသော သဘာဝရှိသူ မည်သူမျှ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ကြောင်းနှင့် လူသား၏အပြစ်သည် စာတန်ကို ကိုယ်စားပြုကြောင်း သက်သေပြရန် ယေရှု၏ နမူနာမှာ လုံလောက်သည်။ ယင်းက အပြစ်သည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိဘဲ ဘုရားသခင်သည် အပြစ်မဲ့သည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၌ ဆောင်ရွက်ခဲ့သည့် အမှုပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခဲ့သည်ဟုသာ ယူဆနိုင်ပြီး လူသားက ဘုရားသခင်ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းဟု မဆိုနိုင်ပေ။ သို့သော် လူသားနှင့်ပတ်သက်၍ သူ၏အပြစ်သည်လည်းကောင်း၊ သူ၏ စိတ်သဘောထားသည် လည်းကောင်း ဘုရားသခင်ကို ကိုယ်စားမပြုပေ။ အတိတ်ကာလမှသည် မျက်မှောက်အထိ လူသားအပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အလုပ်ကို ကြည့်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က လူသားအပေါ် လုပ်ဆောင်ပြီးဖြစ်သည့် အလုပ်ကြောင့်သာ လူသားသည် ၎င်းအသက်ရှင်နေထိုင်သော အရာအားလုံးရှိသည်ကို မြင်ရ၏။ သန့်ရှင်းသော ဝိညာဉ်တော်က ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း ခံရပြီးနောက် အလွန်နည်းပါးသော လူတို့သာ သမ္မာတရားအတိုင်း အသက်ရှင်နိုင်၏။ ဆိုလိုသည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာလျှင် ရှိပြီး လူသား၏ ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့နေသည်။ ယင်းကို သင်ယခု ရှင်းလင်းစွာ မြင်သလော။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော် အမှုဆောင်နေချိန်တွင် ကိုယ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် သင်၏တာဝန်ကို ဖြည့်ဆည်းရန် သင်အစွမ်းကုန် မည်သို့လုပ်ဆောင်မည်နည်း။

အရှေ့သို့- ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

နောက်တစ်ခုသို့- ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။