၂၈၁ လူသားတို့သည် သူတို့ရဲ့ကိုယ်ပိုင် ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး

ကမ္ဘာပေါ်မှာ နေ့တိုင်း သင်ဘယ်ကိုသွားမှာလဲ။

ဘာတွေပြောပြီး ဘာလုပ်မှာလဲ။

ဘာတွေ၊ ဘယ်သူနဲ့ တွေ့ကြုံရမလဲ။

ဒီအရာတွေကို သင်ခန့်မှန်းနိုင်သလား

ဒီအဖြစ်အပျက်တွေ သင်ကြိုမြင်နိုင်သလား

ဘယ်လိုဖြစ်လာမယ့်ပုံတွေကို သင်ထိန်းချုပ်နိုင်သလား

မဟုတ်ဘူး။ သင်မတတ်နိုင်ဘူး။ သင်မြင်နိုင်မှာမဟုတ်ဘူး။

မြောက်များစွာသောအရာများ

သင်မျှော်လင့်မထားတဲ့အတိုင်း ဖြစ်ပျက်ကြတယ်

လူတို့သည် သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး။

အသေးအဖွဲကိစ္စရပ်များမှ လူတို့ရဲ့ဘဝတစ်ခုလုံး ကံကြမ္မာအထိ

ဒီလောကတွင် ဖန်ဆင်းရှင်၏ အစီအစဉ်နှင့်

သူ၏အချုပ်အခြာအာဏာမဖော်ပြတဲ့အရာ ဘာမှမရှိပါ

ဖန်ဆင်းရှင်၏အာဏာထက် ပို၍မသာလွန်နိုင်ပေ

သူ၏အခွင့်အာဏာသည်အမြင့်ဆုံးဖြစ်သည်၊

၎င်းသည်ထာဝရအမှန်တရားဖြစ်သည်။

လူသားတို့သည်မိမိတို့၏ကံကြမ္မာကိုမထိန်းချုပ်နိုင်ပါ။


နေ့စဉ်လောကဓံတရားများ၊ ၎င်းတို့ဖြစ်ပေါ်သည့်နည်းလမ်း၊

၎င်းတို့ဖြစ်ပေါ်သည့် ပုံစံများသည်

လူသားတို့အဖို့ မည်သည့်အရာမှ

ကြုံရာကျပန်းဖြစ်ပျက်သည်မဟုတ်

အဖြစ်အပျက်အသီးသီး၏ဖြစ်စဉ်၊

မရှောင်လွှဲသာသော သဘောသဘာဝတို့ကို

လူသားတို့၏အလိုဆန္ဒဖြင့် မပြောင်းလဲနိုင်

ဒါကို သူတို့သည်မတတ်စွမ်းနိုင်

လူသားတို့သည် သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး။

ဒီလောကတွင် ဖန်ဆင်းရှင်၏ အစီအစဉ်နှင့်

သူ၏အချုပ်အခြာအာဏာမဖော်ပြတဲ့အရာ ဘာမှမရှိပါ

ဖန်ဆင်းရှင်၏အာဏာထက် ပို၍မသာလွန်နိုင်ပေ

သူ၏အခွင့်အာဏာသည်အမြင့်ဆုံးဖြစ်သည်၊

၎င်းသည်ထာဝရအမှန်တရားဖြစ်သည်။

လူသားတို့သည်မိမိတို့၏ကံကြမ္မာကိုမထိန်းချုပ်နိုင်ပါ။


အဖြစ်ပျက်တိုင်းသည်ဖန်ဆင်းရှင်ထံမှလူသားတို့အား

ဆုံးမစကားကိုဖော်ပြသည်

လူသားတို့သည်မိမိတို့ ကံကြမ္မာကိုမထိန်းချုပ်နိုင်ဟူသော

အဓိပ္ပာယ်ကို ဖော်ဆောင်

တစ်ချိန်တည်းတွင် အဖြစ်ပျက်တိုင်းက

မိမိကံကြမ္မာကို ကိုယ်တိုင်ဖန်တီးလိုသည့်

လူသားမျိုးနွယ်၏ ခြောက်သွေ့ပြီး၊ အချည်းနှည်းသော

ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဆန့်ကျင်ပျက်ပြယ်စေသည်

လူသားတို့သည် သူတို့၏ကံကြမ္မာအား မထိန်းချုပ်နိုင်ဘူး။

၎င်းတို့သည် အမှန်တွင် ဘယ်သူကလူတို့၏ ကံကြမ္မာကို

အုပ်စိုးပြီး ထိန်းချုပ်နေသည်ကို ပြန်လည်သုံးသပ်ဖို့

လူတို့ကိုတိုက်တွန်းရင်း လူသားမျိုးနွယ်၏

မျက်နှာကို တစ်ချက်ပြီးတစ်ချက်ရိုက်သည့်

အားကောင်းသော ရိုက်ချက်များကဲ့သို့ပင်

လူသားမျိုးနွယ်၏ မျက်နှာကို တစ်ချက်ပြီးတစ်ချက်ရိုက်သည့်

အားကောင်းသော ရိုက်ချက်များကဲ့သို့ပင်

သူတို့၏ဆန္ဒများအားလုံးနှင့် ရည်မှန်းချက်များသည်

အကြိမ်ကြိမ် ကဖျက်ကယက်လုပ်ခံရပြီးပျက်စီးကြေမွသွား၏

သူတို့ဘာမှမတတ်နိုင်ပေမယ့်

သူတို့ကံကြမ္မာတိုင်း အဖြစ်မှန်ကို သူတို့လက်ခံရသည်။

သူတို့ဘာမှမတတ်နိုင်ပေမယ့်

ဖန်ရှင်းဆင်၏အချုပ်အခြာအာဏာနှင့်

ကောင်းကင်ဘုံ၏အလိုတော်ကို သူတို့လက်ခံရ၏။

ဒီလောကတွင် ဖန်ဆင်းရှင်၏ အစီအစဉ်နှင့်

သူ၏အချုပ်အခြာအာဏာမဖော်ပြတဲ့အရာ ဘာမှမရှိပါ

ဖန်ဆင်းရှင်၏အာဏာထက် ပို၍မသာလွန်နိုင်ပေ

သူ၏အခွင့်အာဏာသည်အမြင့်ဆုံးဖြစ်သည်၊

၎င်းသည်ထာဝရအမှန်တရားဖြစ်သည်။

လူသားတို့သည်မိမိတို့၏ကံကြမ္မာကိုမထိန်းချုပ်နိုင်ပါ။


“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၈၀ ဘုရားသခင်သည် လူ့ကံကြမ္မာ၏ တစ်ဦးတည်းသော အချုပ်အခြာဖြစ်၏

နောက်တစ်ခုသို့- ၂၈၂ ဘုရားသည် ရှေးကပင် လူ့ကံကြမ္မာကို ဆုံးဖြတ်ခဲ့သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။