၁၀၂၂ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော မွန်မြတ်သန့်စင်မှုကို လူတို့ပြန်ရပြီကျူး

၁ လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော လူသားသည်လည်း တစ်ချိန်တစ်ခါက သူပိုင်ဆိုင်ခဲ့ဖူးသော မွန်မြတ်သန့်စင်မှုကို ပြန်လည်ရရှိခဲ့ပြီးဖြစ်၏။ အို၊ ဖောက်ပြန်ပျက်စီးသော လောကဟောင်း။ အဆုံး၌ ၎င်းသည် ညစ်ညူးသော ရေအတွင်းသို့ ဇောက်ထိုးကျ၍ မျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကာ ရွှံ့အတွင်း ပျော်ဝင်သွားခဲ့လေပြီ။ အို၊ ငါ၏ဖန်ဆင်းရာ၊ လူသားမျိုးနွယ်ပေါင်းတို့။ အဆုံးတွင် ၎င်းတို့သည် အလင်း၌ နောက်တစ်ဖန် အသက်ပြန်ရှင်လာ၍ အသက်ရှင်သန်ရေးအတွက် အခြေခံအုတ်မြစ်ကို ရှာတွေ့ကာ ရွှံ့ထဲ၌ ရုန်းကန်နေရခြင်း မရှိကြတော့ပေ။ အို၊ ငါ၏လက်အတွင်း ငါကိုင်ထားသော မြောက်မြားလှသည့် ဖန်ဆင်းခြင်းအရာတို့။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် အသစ်ပြုပြင်ခြင်းကို မခံရဘဲ မည်သို့နေနိုင်မည်နည်း။ အလင်းထဲ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်မဖော်ဘဲ မည်သို့နေနိုင်မည်နည်း။ မြေကြီးသည် သုသာန်တစပြင်ပမာ ငြိမ်သက်လျက် တိတ်ဆိတ်နေခြင်း မရှိတော့ပေ၊ ကောင်းကင်သည် တိတ်ဆိတ်ခြောက်ကပ်လျက် ဝမ်းနည်းနေခြင်း မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးသည် ဟင်းလင်းပြင်ဖြင့် ခွဲခြားခံထားရခြင်းမရှိတော့ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားကာ မည်သည့်အခါမျှ တစ်ဖန်အခွဲခံရတော့မည် မဟုတ်ပေ။

၂ ဝမ်းမြောက်ဖွယ်ရာ ဤအခါသမယ၊ ပီတိဖြစ်ဖွယ်ရာ ဤအခါသမယတွင် ငါ၏ဖြောင့်မတ်ခြင်းနှင့် ငါ၏သန့်ရှင်းခြင်းသည် စကြဝဠာတစ်ခွင်လုံး ပြန့်သွားခဲ့ပြီ၊ ထို့ပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့ကို မရပ်မနား ထောမနာပြုကြ၏။ ကောင်းကင်မြို့များသည် ဝမ်းမြောက်မှုဖြင့် ရယ်မောနေကြကာ မြေကြီး၏ နိုင်ငံတော်သည် ဝမ်းမြောက်မှုဖြင့် ကလျက်နေ၏။ ဤအချိန်တွင် မဝမ်းမြောက်နေသောသူ မည်သူရှိသနည်း၊ ထို့အပြင် ဤအချိန်၌ မငိုကြွေးနေသောသူ မည်သူရှိသနည်း။ ကမ္ဘာဦးအနေအထားတွင် ရှိနေသည့် မြေကြီးသည် ကောင်းကင်နှင့် သက်ဆိုင်ကာ ကောင်းကင်သည် မြေကြီးနှင့် ပေါင်းစည်းထား၏။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ပေါင်းစည်းထားသော ကြိုးဖြစ်၍ လူသား၏ မွန်မြတ်သန့်စင်မှုကြောင့်၊ လူသား၏ အသစ်ပြုပြင်မှုကြောင့် ကောင်းကင်သည် မြေကြီးမှ ကွယ်ဝှက်နေခြင်း မရှိတော့သကဲ့သို့ မြေကြီးသည်လည်း ကောင်းကင်အပေါ် နှုတ်ဆိတ်နေခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်၏ မျက်နှာများသည် အားရကျေနပ်ခြင်း အပြုံးများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့၏ နှလုံးသားထဲတွင် အကန့်အသတ်မရှိသော ချိုမြိန်မှုတစ်ရပ်ကို ဝှက်ထား၏။ လူသားအချင်းချင်း ခိုက်ရန်မဖြစ်ကြသကဲ့သို့ ထ၍လည်း မသတ်ကြပေ။ ငါ၏အလင်းထဲတွင် အခြားသူများနှင့် ငြိမ်းချမ်းစွာ မနေသူများ ရှိသလော။ ငါ၏နေ့ရက်၌ ငါ၏နာမကို အရှက်ရစေသူများ ရှိသလော။

၃ လူသားအားလုံးသည် ရိုသေလေးမြတ်သော အကြည့်ဖြင့် ငါ့ကို ငေးစိုက်ကြည့်ကြပြီး ၎င်းတို့၏နှလုံးသားများထဲ၌ ငါ့ကို လျှို့ဝှက်စွာ အော်ခေါ်ကြ၏။ ငါသည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို ရှာဖွေခဲ့ပြီးဖြစ်၏- သန့်စင်ခြင်းခံရပြီးသော လူသားတို့အကြားတွင် ငါ့ကို မနာခံသူ တစ်ဦးမျှ မရှိ၊ ငါ့အပေါ် တရားစီရင်ချက် ချမှတ်သူ တစ်ဦးမျှ မရှိပေ။ လူသားမျိုးနွယ်အားလုံးသည် ငါ၏စိတ်သဘောထားဖြင့် ပြည့်ဝနေ၏။ လူတိုင်းသည် ငါ့ကို သိကျွမ်းလာနေကြ၍ ငါ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်လာကြကာ ငါ့အား ချစ်ခင်စုံမက်နေကြ၏။ ငါသည် လူသား၏ဝိညာဉ်၌ ခိုင်မြဲစွာ ရပ်တည်နေပြီး လူသား၏မျက်လုံးများထဲတွင် အမြင့်ဆုံးသော အထွတ်အထိပ်သို့ ချီးမြှောက်ခြင်း ခံရကာ လူသား၏သွေးကြောများထဲရှိ သွေးထဲတွင် စီးဆင်းနေ၏။ လူသား၏နှလုံးသားထဲရှိ ဝမ်းမြောက်ခြင်းပီတိသည် မြေမျက်နှာပြင်ရှိ နေရာတိုင်းတွင် ပြည့်နှက်နေ၏။ လေသည် အေးမြလတ်ဆတ်လျက်ရှိ၏။ သိပ်သည်းသော မြူတို့သည် မြေပြင်ကို ဖုံးလွှမ်းနေခြင်း မရှိတော့ဘဲ နေသည် တောက်ပခံ့ညားစွာ ထွန်းလင်းနေ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၂၁ လူသားမျိုးနွယ်အတွက် ဘုရားပြင်ဆင်ထားသောအရာမှာ စိတ်ကူး၍မရနိုင်ပေကျူး

နောက်တစ်ခုသို့- ၁၀၂၃ ဘုရားသခင်နှင့် လူသားတို့အတွက် မတူညီသော အနားယူရာနေရာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။