လူတို့၏ ပြောဆိုလုပ်ဆောင်ချက်များသည် ဘုရား၏လောင်ကျွမ်းခြင်းကို မတိမ်းရှောင်နိုက်ကျူး
၁ သင်တို့သည် ငါ့ ရှေ့မှောက်၌ ညစ်ညူးသော ဝိညာဉ်များ၏ ပုံသဏ္ဌာန်ကို နေ့စဉ် ဆောင်ကြသောကြောင့် သင်တို့၏ အသက်တာများကို ညစ်ညူးသော ဝိညာဉ်များ၏ အသွေးကို သောက်ပြီး ညစ်ညူးသော ဝိညာဉ်များ၏ အသားကို စားသော အသက်တာများအဖြစ် ငါ သတ်မှတ်သည်။ သင်တို့၏ ပြုမူပုံသည် ငါ့ ရှေ့၌ အထူးသဖြင့် ဆိုးယုတ်သောကြောင့် ငါ မရွံရှာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့ ပြောဆိုသည့် အရာများထဲတွင် ညစ်ညူးသော ဝိညာဉ်များ၏ မသန့်ရှင်းခြင်းများ ပါရှိနေသည်၊ သင်တို့သည် မှော်အတတ်ကို စီရင်သော သူတို့ကဲ့သို့ လည်းကောင်း၊ လိမ်လည်လှည့်စား၍ မတရားသော သူတို့၏ အသွေးကို သောက်သော သူတို့ကဲ့သို့ လည်းကောင်း၊ လိမ်လည်လှည့်စားတတ်ကြသည်၊ ဖုံးကွယ်တတ်ကြသည်၊ မြှောက်ပင့်ပြောဆိုတတ်ကြသည်။ လူသားမျိုးနွယ်၏ သရုပ်သကန် အားလုံးမှာ အလွန် မတရားသောကြောင့် ဖြောင့်မတ်သော သူများ ရှိသည့် သန့်ရှင်းသော ပြည်ထဲတွင် လူ အားလုံးကို မည်ကဲ့သို့ နေရာပေးနိုင်မည်နည်း။ သင်၏ စက်ဆုပ်ဖွယ်ကောင်းသော ပြုမူပုံသည် သင့်အား မတရားသော သူများထဲမှ သန့်ရှင်းသူအဖြစ်သို့ ကွဲပြားခြားနားစေနိုင်သည်ဟု သင်ထင်သလော။
၂ ပျက်စီးစေတတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာများကို ပြုတတ်သော သင်၏ သွေးသားဇာတိကို သင်၏ မြွေဆိုးကဲ့သို့သော လျှာသည် နောက်ဆုံးတွင် ဖျက်ဆီးလိမ့်မည်၊ ထို့အပြင် ညစ်ညူးသော ဝိညာဉ်များ၏ အသွေးဖြင့် စွန်းထင်းဖုံးလွှမ်းနေသော သင်၏ လက်များသည်လည်း သင်၏ စိတ်ဝိညာဉ်ကို နောက်ဆုံးတွင် ငရဲထဲသို့ ဆွဲချလိမ့်မည်၊ ထို့ကြောင့် ညစ်ညမ်းမှုဖြင့် ဖုံးလွှမ်းနေသော သင်၏ လက်များကို သန့်စင်ရန် ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အလျင်အမြန် မယူကြသနည်း။ ထိုမျှမက မတရားသော စကားများကို ပြောသော သင်၏ လျှာကို ဖြတ်ပစ်ရန်အတွက် ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အသုံးမချကြသနည်း။ သင်၏လက် နှစ်ဖက် နှင့် သင်၏ လျှာ နှင့် နှုတ်ခမ်းများ အတွက့် ငရဲ မီးလျှံထဲတွင် သင် ဝေဒနာခံစားရန် ဆန္ဒ ရှိနေသည့်အတွက်ကြောင့် ဖြစ် နိုင် သလော။ လူ အားလုံး၏ စိတ်နှလုံးများကို ငါ၏ မျက်စိ နှစ်ဖက်ဖြင့် ငါ စောင့်ကြည့်ရသည့် အကြောင်းမှာ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ လွန်လေပြီးသော အချိန်က ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ လွန်လေပြီးသော အချိန်ကတည်းက လူ၏ စိတ်နှလုံးကို ငါ ထွင်းဖောက်တွေ့မြင်ခဲ့ပြီး ဖြစ်သောကြောင့် လူ၏ စိတ်နှလုံးထဲမှ အကြံအစည်များသည် ငါ၏ မျက်စိအောက်မှ အဘယ်သို့ တိမ်းရှောင်လွတ်မြောက်နိုင်မည်နည်း။ ထို့အပြင် ငါ့ ဝိညာဉ် လောင်ကျွမ်းတောက်လောင်ခြင်းမှ ၎င်းတို့ အချိန်မီ အဘယ်သို့ တိမ်းရှောင်လွတ်မြောက်နိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏စရိုက်မှာ အလွန်အောက်တန်းကျလေစွ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။