၉၅ လူ့ဇာတိ၌ နှုတ်ကပတ်တော်ပေါ်ထွန်းခြင်း၏ စစ်မှန်သော အဓိပ္ပာယ်
၁
နိုင်ငံတော်ခေတ် တစ်လျှောက်
လူ့ဇာတိခံသော ဘုရားသည် သူ့ကိုယုံကြည်သောသူတို့အား
သိမ်းယူဖို့ နှုတ်ကပတ်တော်ဟောပြော။
ဒါဟာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်းဖြစ်သည်။
ဒီအမှုဆောင်ရွက်ဖို့ နောက်ဆုံးကာလ၌ ဘုရားလာခဲ့ခြင်းဖြစ်သည်။
လူ့ဇာတိ၌ပေါ်ထွန်းသော နှုတ်ကပတ်တော်၏
စစ်မှန်သည့်အဓိပ္ပာယ် ပြည့်စုံဖို့ သူလာခဲ့ခြင်းဖြစ်၏။
နှုတ်ကပတ်တော်သာ သူဟောပြောပြီး
အထောက်အထားဖြင့် ပြသခြင်းမဟုတ်ပါ။
ဒါဟာ တကယ့်အနှစ်သာရဖြစ်၏။
လူ့ဇာတိခံဘုရား နှုတ်ကပတ်တော်ဟောသည့်အခါ
ဒါဟာ လူ့ဇာတိ၌ နှုတ်ကပတ်တော်ပေါ်ထွန်းခြင်း၊ ရောက်ရှိခြင်းပင်။
အစအဦး၌ နှုတ်ကပတ်တော်ရှိပြီး
နှုတ်ကပတ်တော်သည် ဘုရားနှင့်အတူရှိ၏။
အစအဦး၌ နှုတ်ကပတ်တော်ရှိပြီး နှုတ်ကပတ်တော်သည် ဘုရားဖြစ်၏။
ထိုနှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်။
ဒါဟာ နောက်ဆုံးကာလ၌ ဘုရားပြည့်စုံစေမည့် အရာ။
၂
နောက်ဆုံးသောကာလ၌ နှုတ်ကပတ်တော်အား
ဘုရားသခင်ပြည့်စုံစေမည်။
ဒါဟာ သူ့အစီအစဉ်၏ နောက်ဆုံးကဏ္ဍဖြစ်၏။
ဒါကြောင့် ဒီလောကသို့ သူလာပြီး
သူခံယူသည့် လူ့ဇာတိ၌ သူ၏နှုတ်ကပတ်တော်အားလုံး ထင်ရှားစေခဲ့။
ယနေ့၊ မနက်ဖြန် ပြုခဲ့ပြီးသမျှ၊
လူ၏နောက်ဆုံးပန်းတိုင် ကယ်တင်ခြင်း ကို ရခြင်း၊ မရခြင်း
အရာအားလုံး ဘုရားပြီးမြောက်စေမည်ကို
နှုတ်ကပတ်တော်က ရှင်းလင်းစွာ ဖော်ပြပြီးဖြစ်သည်။
လူ့ဇာတိ၌ပေါ်ထွန်းသော နှုတ်ကပတ်တော်၏
ရည်ရွယ်ချက် ပြည့်စုံစေရန်ဖြစ်သည်။
အစအဦး၌ နှုတ်ကပတ်တော်ရှိပြီး
နှုတ်ကပတ်တော်သည် ဘုရားနှင့်အတူရှိ၏။
အစအဦး၌ နှုတ်ကပတ်တော်ရှိပြီး နှုတ်ကပတ်တော်သည် ဘုရားဖြစ်၏။
ထိုနှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်။
ဒါဟာ နောက်ဆုံးကာလ၌ ဘုရားပြည့်စုံစေမည့် အရာ။
၃
သတိပေးချက်များ ပေးပြီး
ဘယ်သူသည် ပျက်စီးခြင်း၊ ချမ်းသာခြင်း သို့ရောက်မည်။
သူ၏ လူမျိုး များ နှင့် သားတို့အား ဘယ်လို ခွဲခြားမည်၊
ရွေးကောက်ခံရသူ၊ မခံရသူကို သူဘယ်မှာထားမည်၊
ဣသရေလနှင့် အီဂျစ်၌ ဘာဖြစ်မည်၊
ဒါတွေသည် ပြည်စုံလာရမည့် နှုတ်ကပတ်တော်ဖြစ်၏။
ဘုရားသည် သူ့အလုပ်ကို အရှိန်မြှင့်ကာ
ခေတ်အသီးသီး၌ ဖြစ်ပျက်မည့်အရာ၊
နောက်ဆုံးကာလတွင် လူ့ဇာတိခံယူသော ဘုရား၏အမှုတော်အား
နှုတ်ကပတ်တော်အားဖြင့် လူတို့ကို သူပြသ၏။
ဒါတွေအားလုံး လူ့ဇာတိ၌ နှုတ်ကပတ်တော်ပေါ်ထွန်းခြင်း၏
စစ်မှန်သော အဓိပ္ပာယ်ပြည့်စုံလာဖို့ဖြစ်၏။
အစအဦး၌ နှုတ်ကပတ်တော်ရှိပြီး
နှုတ်ကပတ်တော်သည် ဘုရားနှင့်အတူရှိ၏။
အစအဦး၌ နှုတ်ကပတ်တော်ရှိပြီး နှုတ်ကပတ်တော်သည် ဘုရားဖြစ်၏။
ထိုနှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်။
ဒါဟာ နောက်ဆုံးကာလ၌ ဘုရားပြည့်စုံစေမည့် အရာ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်