၁၅၈ လူ့သဘာဝထဲမှ ဘုရားအမှု၏ နည်းလမ်းနှင့် အခြေခံစည်းမျဉ်းကျူး
၁ ဘုရားသခင်သည် လူ့ဇာတိခံမယူခဲ့သေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များသည် ပြီးပြည့်စုံသည့် ဘုရားသဘာဝမှ လာသောကြောင့် သူပြောသော အရာများစွာကို လူတို့ နားမလည်ခဲ့ကြပေ။ သူ ပြောဆိုသော အရာ၏ ရှုထောင့်နှင့် ဆက်စပ်အကြောင်းအရာတို့သည် လူသားမျိုးနွယ်အဖို့ မြင်၍မရနိုင်သကဲ့သို့ လက်လှမ်းမမီနိုင်ချေ။ ယင်းကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကတစ်ခုမှ ဖော်ပြထားပေသည်။ ဇာတိပကတိ၌ အသက်ရှင်ခဲ့သော လူတို့အတွက်၊ ၎င်းတို့သည် ဝိညာဉ်လောကကို ဖြတ်သန်း မသွားနိုင်ခဲ့ချေ။ သို့သော် ဘုရားသခင် လူ့ဇာတိ ခံယူပြီးသည့်နောက်တွင်၊ သူသည် လူသားမျိုးနွယ်ကို လူ့သဘာဝ၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာကာ ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်အား ဘုရားသခင်ကို နားလည်ကာ သိရှိခွင့်ပေးဖို့၊ ၎င်းတို့၏ လုပ်နိုင်စွမ်း နယ်ပယ်အတွင်းနှင့် ၎င်းတို့တတ်နိုင်သည့် အတိုင်းအတာထိ သူ၏ရည်ရွယ်ချက်နှင့် သူ သတ်မှတ်ထားသော စံနှုန်းများကို သဘောပေါက်ခွင့်ပေးဖို့ လူတို့ စိတ်ကူးနိုင်သော အရာများ၊ ၎င်းတို့၏ အသက်တာများ၌ ၎င်းတို့မြင်ခဲ့ပြီး ကြုံခဲ့ရသောအရာများမှတစ်ဆင့်၊ ပြီးလျှင် လူသားတို့ လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း၊ ၎င်းတို့ နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့် ၎င်းတို့ သဘောပေါက်နိုင်သော အသိပညာဖြင့် သူ၏ ဘုရားသဘောသဘာဝ စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ဤသည်မှာ လူ့သဘာဝထဲက ဘုရားသခင်၏ အမှု၏ နည်းလမ်းနှင့် အခြေခံသဘောတရားများ ဖြစ်သည်။
၂ ဘုရားသခင်က လူ့သဘာဝ၌ အမှုပြုသောအခါတွင်၊ သူ၏နည်းလမ်းများ၊ စကားလုံးများနှင့် သမ္မာတရားများစွာကို လူသား၏ နည်းလမ်းဖြင့် ဖော်ပြထား ခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ပြီးလျှင် သူ၏အလိုတော်တို့ကို သိရှိရန် နားလည်ရန် လူတို့အတွက် ဖော်ပြထားခဲ့ပေသည်။ ၎င်းတို့ သိရှိပြီး နားလည်လာခဲ့သော အရာမှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ရှိရင်းစွဲ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသည့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ အတိအကျဖြစ်ပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိ၌ရှိသော လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထားနှင့် အနှစ်သာရကို ဖြစ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာဖြင့်၊ ဖြစ်နိုင်သမျှ အတိကျဆုံး ဖော်ပြခဲ့ပေသည်။ လူသား၏ လူ့သဘာဝသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်နှင့် လူ၏ ဆက်သွယ် ပြောဆိုခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းအဖို့ အနှောင့်အယှက်၊ သို့မဟုတ် အတားအဆီးတစ်ခု မဟုတ်ခဲ့ရုံသာမက၊ ယင်းသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို လူသားမျိုးနွယ်က ဆက်သွယ်ရန် အတွက် တစ်ခုတည်းသော လမ်းကြောင်းနှင့် တစ်ခုတည်းသော ပေါင်းကူးတံတားလည်း ဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်