၄၄၈ ပုံမှန်အခြေအနေက အသက်တာ၌ လျင်မြန်သောကြီးထွားမှုကို ဖြစ်ပေါ်စေသည်

၁ အဆင့်တိုင်းတွင် လူတို့၏ အခြေအနေများမှာ သမ္မာတရားထဲ သူတို့ဝင်ရောက်ပြီးသည့် အတိုင်းအတာနှင့် ယင်းကို သူတို့ရယူပြီးသည့် ပမာဏတို့နှင့် တိုက်ရိုက်ဆက်စပ်သည်။ လူတို့၏ အခြေအနေများ အတော်ပင် ပုံမှန်ဖြစ်သောအခါ၊ သူတို့သည် သမ္မာတရားအချို့ကို နားလည်နိုင်ပြီး ဝင်ရောက်နိုင်ကြသည်။ ထိုနောက်တဖန်၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ အချို့သော လက်တွေ့အရာများကို သဘောပေါက်နိုင်ကြသည်။ သူတို့သည် အခြားသူများကိုလည်း စောင့်ရှောက်ပြီး အစေခံနိုင်ကြသည်။ အချို့မှာမူ မှန်ကန်သော အခြေအနေ၌ မရှိကြပေ၊ သူတို့ ရှာဖွေနေကြသော်လည်း၊ ထို့ပြင် သူတို့ ဖတ်ရှုနားထောင်ပြီး ပြောဆိုနေကြသော်ငြားလည်း အဆုံး၌ ပုံမှန်အခြေအနေများထဲက လူတို့ထက် များစွာလျော့နည်းအောင် ရရှိကြလေသည်။

၂ လူသား၏ မစင်ကြယ်မှုများ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝများအား ထုတ်ဖော်မှုများနှင့် လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအား ရောပြွမ်းမှုများ အမြဲရှိနေမည်ဆိုပါက၊ လူတို့သည် အတွင်းစိတ်၌ လုံးဝ မရေမရာဖြစ်နေရပေမည်။ ဤအရာက ၎င်းတို့၏ သမ္မာတရားထဲ ဝင်ရောက်မှုကို မထိခိုက်ဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ တည်ကြည်သောစိတ်ရှိသည့် လူတို့သည်သာ သမ္မာတရားကို နားလည်နိုင်ပြီး၊ စင်ကြယ်သောနှလုံးသားရှိသည့် လူတို့သည်သာ ဘုရားသခင်ကို မြင်နိုင်သည်။ မိမိကိုယ်ကိုယ် သွန်မှောက်ခြင်းအားဖြင့်သာ သူတို့သည် သမ္မာတရားကို အလွယ်တကူ ရရှိနိုင်စွမ်း ရှိကြလိမ့်မည်။ လူတို့၏ နှလုံးသားများ ကသောင်းကနင်း ဖြစ်နေသောအခါ သူတို့အနေဖြင့် သမ္မာတရားကို နားလည်ရန် ခက်ခဲလေသည်။ သမ္မာတရားကို နားလည်သောသူတို့သာလျှင် မိမိတို့၏ အခြေအနေများကို အတိုင်းအတာ တစ်ခုအထိ သတိပြုနိုင်ကြသည်၊ ထို့ပြင် မိမိတို့ ပြဿနာများ၏ အနှစ်သာရကို သိရှိခြင်းအားဖြင့်သာလျှင် မိမိတို့၏ သဘာဝကို သူတို့နားလည်နိုင်ကြသည်။

၃ လူတို့၏ အခြေအနေများ မှန်ကန်ပြီး လုံးဝပုံမှန် ဖြစ်ပါက၊ မှန်ကန်သော ဝိညာဉ်အသက်တာကို သူတို့ရရှိလိမ့်မည်၊ ထိုသို့ဆိုလျှင် သူတို့သည် အရေးကိစ္စမျိုးစုံနှင့် ရင်ဆိုင်ရသောအခါ ခြေချော်ရန် သို့မဟုတ် ညည်းညူရန် အလားအလာမရှိပေ။ အဆင့်တစ်ခုစီတွင် သင်ရှာဖွေသည့်နည်းလမ်းနှင့် သင်ရှာဖွေသည့် အခြေအနေတို့မှာ သင်မသိကျိုးကျွန်ပြု၍ ရနိုင်သည့် အရာများမဟုတ်ပေ။ အရေးမစိုက်ခြင်းက နောက်ဆုံးတွင် ဒုက္ခပြဿနာကို ယူဆောင်လာလိမ့်မည်။ သင်၏ အခြေအနေ ပုံမှန်ဖြစ်သောအခါ၊ မှန်ကန်သောလမ်းကြောင်းကို သင်လျှောက်လှမ်းပြီး အမှုအရာများကို မှန်ကန်စွာ ပြုလုပ်လိမ့်မည် ဖြစ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ သင် လျင်မြန်စွာ ဝင်ရောက်လိမ့်မည် ဖြစ်သည်။ ဤနည်းအတိုင်း ရှာဖွေခြင်းအားဖြင့်သာလျှင် သင့်အသက်တာ ကြီးထွားနိုင်ပေသည်။

“ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၄၇ ပုံမှန်အခြေအနေဟူသည် အဘယ်နည်း

နောက်တစ်ခုသို့- ၄၄၉ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော သရုပ်သကန်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။