၄၄၇ ပုံမှန်အခြေအနေဟူသည် အဘယ်နည်း
၁ လူတို့သည် ၎င်းတို့၏ ပုံမှန်အခြေအနေ၌ နောက်ဆုတ်ခြင်း သို့မဟုတ် ကျဆင်းခြင်း မရှိကြပေ၊ ၎င်းတို့၏ စိတ်နှလုံးများ၌ ဘုရားသခင်ကို အာရုံပြုနိုင်ကြသည်၊ ဘုရားသခင်ကို ကြည်ညိုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တနိုင်ကြသည်။ သူတို့သည် မကြာခဏ ဆုတောင်းနိုင်ကြ၏၊ ဘုရားသခင်နှင့် နီးကပ်စွာ ရှိနေနိုင်ကြ၏၊ မိမိတို့၏ အသက်တာများအတွက် ဝန်ထုပ်ထားနိုင်ကြသည်။ သူတို့သည် ပုံမှန်နှင့် စနစ်တကျရှိသော အသက်တာများကို နေထိုင်နိုင်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးများမှာ ဘုရားသခင်ကို ထိတွေ့နိုင်ကြသည်။ တစ်ခါတစ်ရံတွင်ူ ၎င်းတို့၏ စိတ်နှလုံးများကို ဒုက္ခပေးတတ်သည့် အခြေအနေများ ရောက်လာနိုင်သော်လည်း၊ ဆုတောင်းခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများနှင့် မိဿဟာယပြုခြင်းမှတစ်ဆင့် ၎င်းတို့၏ အခြေအနေများကို လျင်မြန်စွာ ပြောင်းလဲနိုင်ကြသည်။ သူတို့တွင် အားနည်းသည့် အချိန်များ၊ ဇာတိအားဖြင့် သာယာကြည်နူးသည့် အချိန်များပင် ရှိကြသော်လည်း၊ ဤအရာမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ကြသည်၊ ယင်း၏ သိမ်းပိုက်ခြင်းကို သူတို့မခံရချေ။
၂ သူတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သောအခါ ဇာတိ၏အားနည်းခြင်းကို သူတို့ကြုံရကောင်း ကြုံရဖွယ် ရှိသော်လည်း၊ ယင်းက သူတို့အပေါ် ထိန်းချုပ်မည် မဟုတ်ပေ။ သူတို့သည် မိမိတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး ဘုရားသခင်ရှေ့တွင် ဆုတောင်းနိုင်လိမ့်ဦးမည်၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ကခုန်ခြင်းနှင့် အသင်းတော်၏ အသက်တာကို နေထိုင်ခြင်းတို့ ပြုလုပ်နိုင်လိမ့်ဦးမည်၊ သူတို့သည် ဤအလေ့အထများအား ငြီးငွေ့လာလိမ့်မည်မဟုတ်၊ ဆက်လက် ပြုလုပ်ကြလိမ့်မည်။ သူတို့ အပျက်သဘောဆောင်သော အချိန်များ၊ ကိုယ် အားနည်းသည့် အချိန်များ ရှိလိမ့်မည် ဖြစ်သော်လည်း၊ ယင်းကို သူတို့ သတိထားမိသည်နှင့် တစ်ပြိုင်နက်၊ ယင်းမှ သူတို့ လွတ်မြောက်ခြင်း ခံရနိုင်သည်။ အပျက်သဘောကြား၌ သူတို့သည် ဘုရားသခင်ကို ဆုတောင်းနေနိုင်ပြီး ကိုယ်တော်နှင့် နီးကပ်နေနိုင်သေးသည်။ ဤသည်တို့အားလုံးမှာ ပုံမှန်အနေအထား၊ ပုံမှန်အခြေအနေတွင် ပါဝင်သည့် အရာများပင် ဖြစ်သည်။
“ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်