၃၆၃ လူတို့သည် မိမိတို့ မည်မျှ နိမ့်ကျကြောင်းကို မသိကျူး
၁ လူသားများ၏ စိတ်များတွင် ဘုရားသခင်သည် ကောင်းကျိုးပြုသောအရာ တစ်ရပ် မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့အား အစဉ် ကျိန်ဆဲသူတစ်ဦး ဖြစ်၏။ ဤအရာကြောင့် လူတို့သည် သူ့ကို အလေးဂရုမပြုကြချေ သို့မဟုတ် သူ့ကို မကြိုဆိုကြချေ။ ၎င်းတို့သည် သူ့အပေါ် အစဉ် အေးစက်စက် နိုင်ကြပြီး၊ ဤသည်မှာ အမြဲ မှန်ကန်ပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့၏နှလုံးသားများ၌ ဤအရာများကို သိုထားကြသောကြောင့်၊ ဘုရားသခင်က၊ လူသားမျိုးနွယ်သည် ယုတ္တိမတန်သကဲ့သို့ အကျင့်ပျက်ကြပြီး၊ လူသားတို့ အပြည့်အစုံ ရှိထားသင့်သည်ဟုဆိုသော ခံစားမှုများကိုပင် ၎င်းတို့၌ မမြင်ရ ဟု ဘုရားသခင် ပြောခြင်းဖြစ်၏။ လူသားများသည် ဘုရားသခင်၏ ခံစားချက်များအတွက် မည်သည့် စာနာထောက်ထားမှုမျှ မပြဘဲ၊ ယင်းအစား ဘုရားသခင်နှင့် ဆက်ဆံရန် “ဖြောင့်မတ်ခြင်း” ဟုဆိုသည့်အရာကို အသုံးပြု၏။
၂ ၎င်းတို့သည် နှစ်များစွာ ဤသို့ ဖြစ်ကြပြီးဖြစ်ကာ၊ ဤအကြောင်းရင်းကြောင့် ၎င်းတို့၏ စိတ်သဘောထားများ မပြောင်းလဲကြသေးဟု ဘုရားသခင် ပြောလေပြီ။ ယင်းမှာ လူသားများသည် မိမိတို့ကိုယ်ကိုယ် တန်ဖိုးမထားကြသောကြောင့် အသုံးမကျသော ကံဆိုးသူများဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ပင် မချစ်ဘဲ၊ ထိုအစား မိမိတို့ကိုယ်ကိုယ် နင်းခြေကြပါက၊ ဤသည်မှာ ၎င်းတို့၏ အသုံးမကျမှုကို ပြသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ် လှည့်စားကာ ကျူးလွန်ခြင်းခံရရန် မိမိကိုယ်ကိုယ် အခြားသူများထံ လိုလိုလားလား ပေးသော အကျင့်ပျက် အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်လျက်ပင် လူတို့သည် ၎င်းတို့ မည်မျှပင်နိမ့်ကျသည်ကို သတိမပြုမိဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သူတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ထားလျက်၊ အခြားသူများအတွက် အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားသူများနှင့် ပြောဆိုခြင်းတွင် ပျော်မွေ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ညစ်ညူးမှု အတိအကျ ဖြစ်သည် မဟုတ်လော။
၃ လူသားများသည် မိမိတို့ကိုယ်ကိုယ် မသိကြသောကြောင့်၊ ၎င်းတို့၏ အကြီးမားဆုံးအပြစ်အနာအဆာမှာ ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ကြွားဝါရင်း၊ အခြားသူများရှေ့တွင် ၎င်းတို့၏ ဆွဲဆောင်မှုများကို ထုတ်ပြဖို့ လိုလားမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်အရွံရှာဆုံးသော အရာတစ်ခုဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အကြား ဆက်နွှယ်မှုများသည် မူမမှန်သကဲ့သို့၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ပုံမှန်ဆက်ဆံရေး ရှိဖို့မဆိုထားနှင့်၊ လူတို့ကြားတွင်ပင် ပုံမှန်အချင်းချင်း ဆက်ဆံရေးများ မရှိပေ။ ဘုရားသခင်သည် များစွာပြောဆိုပြီးဖြစ်ကာ၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သူ၏ အဓိက ရည်မှန်းချက်မှာ လူတို့သည် ၎င်းတို့၏ နှလုံးသားထဲတွင် နေရယူထားပြီးဖြစ်သည့် ရုပ်တုဆင်းတု အားလုံးကို မိမိတို့ကိုယ်ကိုယ် ဖယ်ရှားနိုင်ကြဖို့အလို့ငှာ၊ လူတို့၏ နှလုံးသားထဲတွင် နေရာတစ်ခုယူဖို့ ဖြစ်လေပြီ။ ထို့နောက်ချက်ချင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအပေါ် တန်ခိုးအာဏာ ကိုင်စွဲနိုင်ပြီး ကမ္ဘာမြေပေါ် သူ၏ တည်ရှိခြင်း ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိနိုင်ပေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ‘စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ’ နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်