၆၆၇ ဘုရား၏ရည်ရွယ်ချက်ကောင်းများကို လူတို့နားမလည်ကြကျူး

၁ လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့်ပတ်သက်၍ မကြာခဏ စိုးရိမ်ကြပြီး ကြောက်ရွံ့တတ်ကြသော်လည်း၊ ၎င်းတို့သည် စာတန်၏ ကျော့ကွင်းနှင့် စာတန် တိုက်ခိုက်မှုနှင့် နှိပ်စက်မှုတို့ကို ၎င်းတို့ခံရသည့် အန္တရာယ်များသော နယ်မြေထဲ၌ အချိန်တိုင်း အသက်ရှင်နေသည်- သို့သော် ၎င်းတို့သည် ကြောက်ရွံ့ရမှန်း မသိကြသကဲ့သို့ တုန်လှုပ်ချောက်ချားခြင်းလည်း မရှိပေ။ အဘယ်သို့ ဖြစ်ကုန်သနည်း။ ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် သူမြင်နိုင်သော အရာများအထိသာ ကန့်သတ်ထားပေသည်။ သူသည် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် ပူပန်ခြင်း သို့မဟုတ် လူသားအပေါ် သူ၏ကြင်နာမှုနှင့် စာနာထောက်ထားမှုတို့ကို အနည်းငယ်မျှ အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော် ဘုရားသခင်၏ စမ်းသပ်မှုများ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ နှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အတွက်မူ၊ လူသားသည် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်များအပေါ် အနည်းငယ်မျှ သိနားလည်မှု မရှိပေ။

၂ စမ်းသပ်မှုများအကြောင်း ဖော်ပြရာတွင်၊ လူတို့သည် ဘုရားသခင်၌ ဖုံးကွယ်ထားသော ရည်မှန်းချက်များ ရှိသည့်အလား ထင်မြင်ကြပြီး၊ အချို့က ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အရာ အမှန်တကယ် ပြုမည်ကို မသိဘဲ၊ ဘုရားသခင်သည် မကောင်းသော အကြံအစည်များ သိုထားသည်ဟုပင် ယုံကြည်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို နာခံသည်ဟု ကြွေးကြော် နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ အကယ်၍ ၎င်းတို့သည် သတိမထားပါက ဘုရားသခင်၏ လှည့်စားခြင်း ခံရကြမည်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို ဆက်လက်မဆုပ်ကိုင်ပါက၊ ၎င်းတို့၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းနိုင်ပြီး ၎င်းတို့၏ အသက်ပင်လျှင် အဆုံးသတ်နိုင်သည်ဟု ယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားအတွက် အစီအစဉ်များကို ခုခံရန်နှင့် ဆန့်ကျင်ရန် ၎င်းတို့ တတ်နိုင်သမျှကို လုပ်ဆောင်ကြလေသည်။

၃ လူသားသည် စာတန်၏ စခန်းထဲ၌ ရှိသော်လည်း၊ သူသည် စာတန်အားဖြင့် နှိပ်စက်ခံရခြင်းအကြောင်းကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်း မရှိသကဲ့သို့၊ သူသည် စာတန်၏ နှိပ်စက်ခြင်းကို ခံရသော်လည်း၊ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို တစ်ကြိမ်တစ်ခါမျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသည်ဟု ဆိုမြဲဆိုနေသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်သည် စာတန်၏ လက်ခုပ်မှလူသားကို အမှန်တကယ် ကယ်တင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ။ အကယ်၍ လူသားသည် ယောဘကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်၏ လက်ထဲသို့ ပေးအပ်နိုင်ပါက၊ လူသား၏ အဆုံးသတ်သည် ယောဘ၏ အဆုံးသတ်ကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိခြင်းနှင့် တူညီလိမ့်မည် မဟုတ်လော။ အကယ်၍ လူသားသည် ဘုရားသခင်၏ အုပ်စိုးမှုကို လက်ခံကာ ကျိုးနွံနာခံနိုင်ပါက၊ ဆုံးရှုံးရန်အကြောင်း အဘယ်ရှိသနည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၆၆ ဘုရားနှုတ်ကပတ်တော်များ၏ စမ်းသပ်မှုကို ခံရခြင်းသည် ကောင်းချီးခံစားရခြင်းတည်းကျူး

နောက်တစ်ခုသို့- ၆၆၈ လူသားများအတွက် ဘုရားသခင်၏ သန့်ရှင်းစင်ကြယ် မှုသည် အဓိပ္ပာယ်အရှိဆုံးဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။