၃၁၈ လူတို့ ပြောသမျှ လုပ်သမျှ ဘုရားသခင်၏ စောင့်ကြပ်မှုမှ မလွတ်ပါ

၁ သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊ ယင်းအတွက် သင်တို့၏ အသက်တာများကို စွန့်လွှတ်ရန် လိုလားလျက်ရှိသည်ဟု သင်တို့ဆိုကြသည်၊ သို့သော် သင်တို့၏ စိတ်သဘောထားများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပေ။ သင်တို့၏ တကယ့်အပြုအမူသည် အလွန် စိတ်ပျက်စရာ ဖြစ်သော်လည်း၊ သင်တို့သည် မာနထောင်လွှားစွာသာ စကားပြောဆို ကြသည်။ လူတို့၏ လျှာနှင့် နှုတ်ခမ်းတို့သည် ကောင်းကင်တွင် ရှိသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန် အောက်ဝေးဝေးက ကမ္ဘာမြေကြီးပေါ်တွင်ရှိကြသည့်အလား ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းများသည် စုတ်ပြတ်ကာ ပြိုပျက်လျက် ရှိကြဆဲ ဖြစ်သည်။ သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ပျက်ပြား၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။

၂ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။ သင်တို့၏ လက်ရှိ စကားများနှင့် လုပ်ရပ်များသည် သင်တို့ အပြစ်ရှိကြောင်း ငါဆုံးဖြတ်ဖို့အတွက် လုံလောက်ပေသည်။ ငါ၏အမှုအပေါ် သင်တို့၏ သဘောထားသည် သင်တို့အား မတရားသော သူများ ဖြစ်သည်ဟု ငါဆုံးဖြတ်ရန်အတွက် လုံလောက်ပြီး သင်တို့၏ စိတ်သဘောထားများ အားလုံးမှာ သင်တို့သည် စက်ဆုပ်ရွံ့ရှာမှုများဖြင့် ပြည့်နှက်နေသော ညစ်ညမ်းသည့် ဝိညာဉ်များဖြစ်သည်ဟု ထောက်ပြဖို့ရန် လုံလောက်ပေသည်။ သင်တို့၏ သရုပ်သကန်များနှင့် သင်တို့ ထုတ်ဖော်ပြသော အရာများမှာ သင်တို့သည် ညစ်ညူးသော ဝိညာဉ်များ၏သွေးကို အဝသောက်ပြီးသော လူများ ဖြစ်သည်ဟု ဆိုရန် လုံလောက်ပေသည်။

၃ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဖော်ပြသည့်အခါ၊ သင်တို့သည် သင်တို့၏ ခံစားချက်များကို ထုတ်ဖော်ပြခြင်း မရှိပေ။ သင်တို့ ယခု ဖြစ်နေသည့်ပုံစံသည် ငါ၏ ကောင်းကင်နိုင်ငံတော်သို့ သွားရာ တံခါးကို ဖြတ်လျှောက်ဖို့ သင်တို့အတွက် လုံလောက်သည်ဟု သင်တို့ ယုံကြည်ကြသလော။ သင်တို့ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များက ငါ၏ စမ်းသပ်ခြင်းကို ဦးစွာ မခံရဘဲ၊ ငါ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ သန့်ရှင်းသောပြည်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်သည်ဟု ယုံကြည်ကြသလော။ အဘယ်သူသည် ငါ့ကို မမှန်မကန်ပြောခြင်းဖြင့် လှည့်စားနိုင်သနည်း။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသော အပြုအမူများနှင့် စကားပြောဆိုမှုများသည် ငါ၏အမြင်မှ ရှောင်လွှဲနိုင်မည်နည်း။ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ အချိန်များစွာ ကြာကတည်းက ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်အတွင်းတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သောကြောင့် လူတိုင်း၏ စိတ်နှလုံးကို ငါ၏ မျက်စိနှစ်ဘက်ဖြင့် ငါ ဆက်လက်စောင့်ကြည့်၏။ ငါသည် အချိန်များစွာ ကြာကတည်းက လူတို့၏ စိတ်နှလုံးကို ရိပ်စားမိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အကြံအစည်များသည် ငါ၏ အမြင်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါ၏ဝိညာဉ်ဖြင့် လောင်ကျွမ်းခံရခြင်းကို ရှောင်လွှဲဖို့ အဘယ်သို့ မနောက်ကျလွန်းဘဲ နေနိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၁၇ ဘုရားသည် လူ၏လုပ်ကိုင်ပြောဆိုမှုများကို လျှို့ဝှက်စွာ စောင့်ကြည့်နေ၏ကျူး

နောက်တစ်ခုသို့- ၃၁၉ လူတို့၏ ပြောဆိုလုပ်ဆောင်ချက်များသည် ဘုရား၏လောင်ကျွမ်းခြင်းကို မတိမ်းရှောင်နိုင်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။