ဘုရားသခင်၏ အမှုတော် အဆင့်များနှင့် ပတ်သက်၍

အပြင်ပန်းအားဖြင့်၊ ဘုရားသခင်၏ လက်ရှိအမှုနှင့်ဆိုင်သော အဆင့်များက အဆုံးသတ်နှင့်ပြီးဖြစ်ကာ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံနှင့်ပြီးဖြစ်ကာ အစေခံသူတို့၏ စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း အချိန်ကာလ၏ စစ်ဆေးခြင်း၊ သေခြင်း၏ စမ်းသပ်ခြင်း၊ အဖြည့်ခံများနှင့်ဆိုင်သော စမ်းသပ်ခြင်းနှင့် ဘုရားသခင်ကို ချစ်ခြင်း အချိန် ကဲ့သို့သော အဆင့်များကို ကြုံရနှင့်ပြီး ဖြစ်သည်ဟု ထင်ရလေသည်။ သို့တိုင် အဆင့်အသီးသီးအတွင် ကြီးမားသော ဆင်းရဲဒုက္ခ ခံကြရသော်ငြားလည်း၊ ဘုရားသခင်၏ အလိုတော်ကို လူတို့ မသိနားမလည်ဘဲ ရှိကြသေး၏။ ဥပမာအားဖြင့် အစေခံသူတို့၏ စမ်းသပ်မှုကို သုံးသပ်ဆင်ခြင်လော့- ၎င်းတို့ ရရှိခဲ့သည့်အရာ၊ ၎င်းတို့ သိလာခဲ့သည့်အရာနှင့် ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် ရလဒ်ကို ၎င်းတို့ မရှင်းမလင်း ဖြစ်ကြဆဲပင်။ ဘုရားသခင်၏ အမှု အမြန်နှုန်းကို ကြည့်ခြင်းဖြင့်၊ ယနေ့၏ အမြန်နှုန်းကို လူသားသည် လိုက်မီနိုင်စွမ်း လုံးဝမရှိသည့်ပုံရလေသည်။ ဘုရားသခင်သည် သူ၏ ဤအမှုအဆင့်များကို လူသားအား ဦးစွာပထမ ထုတ်ဖော်ပြပြီး၊ အဆင့်တစ်ခုတစ်လေ၌ လူသားအဖို့ စိတ်ကူး၍ရနိုင်သော အဆင့်တစ်ခုကို သေချာပေါက် ရရှိမည့်အစား၊ သူသည် ပြဿနာတစ်ခု ဖော်ထုတ်နေသည်ကို မြင်နိုင်၏။ သူ၏ ရယူခြင်းကို အမှန်တကယ်ခံရနိုင်ဖို့အလို့ငှာ လူတစ်ဦးကို စုံလင်စေဖို့ရန်မှာ ဘုရားသခင်သည် အထက်က အဆင့်အားလုံးကို သူ ဆောင်ရွက်ရပေမည်။ ဤအမှုကို လုပ်ဆောင်ရခြင်း၏ ရည်မှန်းချက်မှာ လူတစ်စုကို စုံလင်စေဖို့ရန် မည်သည့် အဆင့်များကို ဘုရားသခင် ဆောင်ရွက်ရမည်ဆိုသည်ကို ပြသဖို့ ဖြစ်သည်။ ထို့ကြောင့်၊ အပြင်ပန်းမှကြည့်လျှင်၊ ဘုရားသခင်၏ အမှုအဆင့်များ ပြည့်စုံပြီးဖြစ်သော်လည်း၊ အနှစ်သာရအားဖြင့်၊ သူသည် လူသားမျိုးနွယ်ကို စုံလင်စေခြင်းအား တရားဝင် စတင်ပြီးဖြစ်ရုံမျှသာ ဖြစ်သည်။ ဤအရာကို လူတို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်သည်- ပြည့်စုံပြီးဖြစ်သည်မှာ သူ၏အမှု၏ အဆင့်များဖြစ်သည်၊ သို့သော် အမှုကိုယ်၌က နိဂုံးသို့ ရောက်မလာသေးပေ။ သို့တိုင် ၎င်းတို့၏ အယူအဆများတွင်၊ လူတို့သည် ဘုရားသခင်၏ အမှုအဆင့်များအားလုံးကို လူသားအား ထုတ်ဖော်ပြပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏အမှု ပြီးဆုံးသည်မှာ သံသယထားစရာ မရှိဖြစ်လေသည်။ အမှုအရာများကို ဤသို့ရှုမြင်ခြင်းသည် လုံးဝမှားယွင်းပေသည်။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများကို ဆန့်ကျင်ပြီး ထိုသို့သော အယူအဆများကို အချက်တိုင်း၌ တန်ပြန်တိုက်ခိုက်လေသည်။ အထူးသဖြင့် ဘုရားသခင်၏ အမှုအဆင့်များသည် လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသည်။ ဤအရာအားလုံး ဘုရားသခင်၏ ဉာဏ်ပညာကို ပြသသည်။ လူသား၏ အယူအဆများက အစဉ် အနှောင့်အယှက်ဖြစ်စေပြီး၊ လူသား စိတ်ကူးသည့်အရာတိုင်းကို ဘုရားသခင် တန်ပြန်တိုက်ခိုက်သည်၊ ယင်းသည် တကယ့်အတွေ့အကြုံများ ကာလအတွင်းတွင် သိသာထင်ရှားလာသည်။ ဘုရားသခင်က အလွန်လျင်မြန်စွာ အမှုပြုပြီး၊ ၎င်းတို့ မသိလိုက်ခင်၊ သိနားလည်မှု တစ်ခုတစ်လေ မရခင်နှင့် စိတ်ရှုပ်ထွေးသည့် အခြေအနေတစ်ခု၌ ၎င်းတို့ ရှိနေဆဲဖြစ်စဉ်တွင် ဘုရားသခင်၏အမှု ပြီးဆုံးသွားသည်ဟု အယောက်တိုင်း ထင်ကြသည်။ ဤသည်မှာ သူ၏ အမှုအဆင့်တိုင်းနှင့် ဖြစ်သည့်ပုံဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ကစားနေသည်ဟု လူအများစုက ယုံကြည်ကြသည်- သို့သော် ယင်းမှာ သူ့အမှု၏ ရည်ရွယ်ချက် မဟုတ်ချေ။ သူ၏ အမှုပြုခြင်း နည်းစနစ်မှာ စားမြုံ့ပြန်ခြင်း ဖြစ်သည်- ပထမဦးစွာ မြင်း၏ ကျောကုန်းတစ်လျှောက် ဒုန်းစိုင်းစီးစဉ် ပန်းပွင့်များကို အလျင်အမြန် ဖျတ်ခနဲ့ ကြည့်ခြင်းကဲ့သို့ဖြစ်ပြီး၊ ထို့နောက် အသေးစိတ်အချက်အလက်များကို ရှင်းပြပြီးနောက် ဤအသေးစိတ်အချက်အလက်များကို အပြည့်အဝ မွမ်းမံခြင်းဖြစ်သည်- ယင်းကို လူတို့ကို အံ့အားသင့်စေလေသည်။ ၎င်းတို့ အတန်ငယ် အခြေအနေထိသာ ပြည့်စုံလုံလောက်ပါက၊ ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်ဟု တွေးထင်ရင်း လူတို့သည် ဘုရားသခင်ကို အရူးလုပ်ရန် ကြိုးစားကြလေသည်။ အမှန်တွင်၊ ဘုရားသခင်သည် လူ၏ ပြည့်စုံလုံလောက်ခြင်းငှာ ကြိုးပမ်းမှုများ၌ ဘုရားသခင်သည် အဘယ်သို့ ကျေနပ်ဖို့ ဖြစ်နိုင်မည်နည်း။ အကောင်းဆုံး ရလဒ်ကို ရရှိဖို့ရန်၊ လူတို့ကို အံ့အားသင့်စေခြင်းဖြင့်၊ ၎င်းတို့ သတိမမူမိစဉ်တွင် တိုက်ခိုက်ခြင်းဖြင့် ဘုရားသခင် အမှုပြုလေသည်။ ဤအရာက သူ၏ ဉာဏ်ပညာနှင့်ဆိုင်သော သာ၍ ကြီးမားသည့် အသိပညာတစ်ခုနှင့် သူ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် ပုန်ကန်ပြစ်မှားမရနိုင်သော စိတ်သဘောထားတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော သိနားလည်မှုကို ၎င်းတို့အား ပေးလေသည်။

ယနေ့တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းအား တရားဝင် အစပြုလေပြီ။ စုံလင်စေခြင်းခံရစေဖို့ရန်၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ထုတ်ဖော်ပြခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရမည်၊ သူ့ နှုတ်ကပတ်တော်များ၏ (အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်ခြင်းများကဲ့သို့သော) စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံ့ရမည်ဖြစ်ပြီး၊ သေခြင်းနှင့်ဆိုင်သည့် စမ်းသပ်ခြင်းကို ၎င်းတို့ ခံနိုင်ရမည်။ ဤအရာဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စမ်းသပ်ခြင်းတို့အလယ်တွင်၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် လိုက်နာသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ နက်ရှိုင်းသောနေရာမှ ဘုရားသခင်ကို ချီးမွမ်းနိုင်ကြပြီး ဘုရားသခင်ကို လုံးဝ နာခံနိုင်ကာ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်နိုင်ကြလေသည်၊ ထိုသို့ဖြင့် စစ်မှန်၍၊ တစ်စိုက်မတ်မတ်နှင့် ဖြူစင်သည့် စိတ်နှလုံးတစ်ခုဖြင့် ဘုရားသခင်ကို ချစ်ကြလေသည်။ ထိုသို့သောသူသည် စုံလင်သော လူတစ်ဦးဖြစ်ပြီး၊ ယင်းသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုနှင့် သူ ပြီးမြောက်ရမည့် အမှု အတိအကျ ဖြစ်သည်။ ဘုရားသခင် အမှုပြုသည့် နည်းစနစ်ကို လူတို့ ချက်ချင်း ရမ်းသန်း ကောက်ချက်မချသင့်ပေ။ အသက်တာထဲသို့ ဝင်ရောက်ခြင်းကိုသာ ၎င်းတို့ လိုက်စားသင့်၏။ ဤသည်မှာ အခြေခံကျသော အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် နည်းစနစ်ကို စဉ်ဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမပြုနှင့်။ ဤအရာက သင်၏ အနာဂတ် အလားအလာများကို တားဆီးရုံသာ ဖြစ်လိမ့်မည်။ ဘုရားသခင် အမှုပြုသည့် နည်းစနစ်ကို သင် မည်မျှ မြင်ဖူးပြီးပြီနည်း။ သင် မည်မျှ နာခံပြီးပြီနည်း။ သူ၏ အမှုပြုသည့် နည်းစနစ်အသီးသီးမှ မည်မျှ သင် ရရှိပြီးပြီနည်း။ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ သင် လိုလားနေပါသလော။ သင် စုံလင်ဖို့ရန် ဆန္ဒရှိသလော။ ဤအရာများသည် သင် ရှင်းရှင်းလင်းလင်း နားလည်ပြီး ဝင်ရောက်သင့်သည့် အရာအားလုံး ဖြစ်သည်။

အရှေ့သို့- ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

နောက်တစ်ခုသို့- ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။