၈၈၃ ဘုရားသခင်က လူ့ဇာတိအဖြစ်ခံယူသည့်အခါမှသာ လူသားသည် ကယ်တင်ခြင်းအခွင့်အရေးရှိသည်

၁ တစ်နေ့တွင်၊ သင်တို့၏ အတွေ့အကြုံများကြောင့် သင်တို့သည် သာမန်လူသားသဘာဝ၏ ဇာတိပကတိဖြစ်သော ဘုရားသခင်၏ လူ့ဇာတိခံခြင်းမှာ လူသားမျိုးနွယ်အားလုံး လိုအပ်သည့်အရာဖြစ်သည်ကို နားလည်ကြလိမ့်မည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၊ လူသားသဘာဝနှင့် သူ ထုတ်ဖော်ပြသည့်အရာအားလုံး ပိုမိုသာမန်ဖြစ်လေ၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း ပိုမိုကြီးမာလေဖြစ်ပြီး ၎င်းတို့ ပို၍ သာမန်ဖြစ်လေ၊ ၎င်းတို့သည် ကျွန်ုပ်တို့ လိုအပ်သည့်အရာ ပိုဖြစ်လေ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက သဘာဝလွန်ဖြစ်ခဲ့လျှင်၊ ဘုရားသခင်အားဖြင့် ကျွန်ုပ်တို့ ရွေးချယ်ခံခဲ့ရသော်လည်း၊ ကျွန်ုပ်တို့ထဲမှ မည်သူမျှ ကယ်တင်ခံရနိုင်မည် မဟုတ်ပေ။ အတိအကျအားဖြင့် လူတို့ ကယ်တင်ခြင်း အခွင့်အရေးရှိကြသည်မှာ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်နေခြင်းကြောင့်၊ ဤထူးခြားပုံမရသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကြောင့် ဖြစ်သည်။ လူတို့အထဲတွင် မနာခံခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားနှင့်ဆိုင်သည့် ဂုဏ်ဒြပ်ရှိပြီး၊ ဤအရာကြောင့်၊ ဘုရားသခင်အပေါ် အယူအဆမျိုးစုံ၊ နားလည်မှုလွဲခြင်းမျိုးစုံနှင့် ရန်ငြိုးမျိုးစုံ ဖြစ်ပေါ်ရလေသည်။ ဤအယူအဆများ၏ ရလဒ်တစ်ခုအနေဖြင့်၊ လူတို့သည် ဤခရစ်တော်ကို ငြင်းပယ်ကြပြီး သူ၏ သာမန်လူသားသဘာဝကို ငြင်းပယ်ကြသည်မှာ အမှန်ပင်ဖြစ်သည်၊ ယင်းသည် အမှားကြီးတစ်ခု ဖြစ်ပေသည်။

၂ သင်သည် ကယ်တင်ခံရလိုလျှင်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိလိုလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် လက်ခံလိုလျှင်၊ ခရစ်တော်အကြောင်း သင်၏ မတူညီသောအယူအဆအားလံုးနှင့် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သင်ပထမဦးစွာ ဘေးဖယ်ထားရမည်၊ ခရစ်တော်အကြောင်း သင်၏ သိမြင်မှုအမျိုးမျိုးနှင့် ခံယူချက်အမျိုးမျိုးတို့ကို ဘေးဖယ်ထားရမည်ဖြစ်ပြီး သူ့ထံမှလာသည့် အရာအားလုံးကို လက်ခံဖို့နည်းလမ်းကို စဥ်းစားရမည်။ ထို့အခါတွင်မှ သူပြောဆိုသည့် နှုတ်ကပတ်တော်များနှင့် သူဖော်ပြသည့် သမ္မာတရားတို့က သင်၏ စိတ်နှလုံးထဲသို့ ဝင်ရောက်မှုတစ်ခု ရှာတွေ့လိမ့်မည်ဖြစ်ပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ ခရစ်တော်နောက် သင် လိုက်လိုလျှင်၊ သူနှင့်ဆက်နွှယ်သည့် အရာအားလုံးကို သင် လက်ခံသင့်၏။ သူ့ကို သင် မဆန့်ကျင်သင့်ပေ၊ သင်၏ ကိုယ်ပိုင်အယူအဆများအားဖြင့်လည်း နားလည်မှု မလွဲသင့်ပေ။ သင်၏ ကိုယ်ပိုင် အယူအဆများကို မဖက်တွယ်သင့်သကဲ့သို့၊ သူ့ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကာ သံသယမထားသင့်၊ သို့မဟုတ် သူ့ကို အာခံကာ ဆန့်ကျင်ရန်ပင် မသင့်ပေ။ ထိုသို့သော သဘောထားတစ်ခုဖြင့်၊ သင်သည် မိမိကိုယ်ကိုယ်သာ နာကျင်စေနိုင်သည်။ ယင်းသည် သင့်ကို အနည်းငယ်မျှ အကျိုးမပြုပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၈၂ လူသားမျိုးနွယ်ကို သူ၏ ချစ်ခြင်းမေတ္တာအားလုံး ဘုရားသခင် ပေးလေပြီ

နောက်တစ်ခုသို့- ၈၈၄ ဘုရားမေတ္တာဟာ စစ်မှန်လှပါတယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။