၁၅၉ ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံခြင်း

၁ ခရစ်တော်နောက်လိုက်နေစဉ်တွင်၊ ကျွန်ုပ်သည် ခြေလှမ်းတိုင်း၌ အန္တရာယ်နှင့် အခက်အခဲတို့ကို ကြုံရင်းနှင့် စဉ်ဆက်မပြတ် အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်းနှင့် ညှဉ်းဆဲခံရခြင်း အန္တရာယ်များကို ရင်ဆိုင်ရင်း၊ စီစီပီ၏ နှိပ်စက်ညှဉ်ပန်းခြင်း ခံရပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်၏ နှလုံးသားသည် အချိန်ကြာမြင့်စွာက ကောင်းစွာ ပြင်ဆင်ပြီးဖြစ်သည်။ ကျွန်ုပ် ညှဉ်းဆဲသတ်ဖြတ်ခံရခဲ့ရလျင်ပင်၊ နောင်တများ ရှိမည် မဟုတ်။ နောက်ဆုံးသော ကာလအတွင်းတွင် ခရစ်တော်နောက်လိုက်ဖို့ ကျွန်ုပ်တို့ ကံအကြောင်းလှကြပေသည်။ ကျွန်ုပ်သည် အမှန်တကယ် ဘုရားသခင်၏ ချီးမြောက်ခြင်း ခံရပေ။ ဘုရားသခင်၏ အသံတော်ကို ကြားကာ သမ္မာတရားများစွာ နားလည်လာပြီးသည့်နောက်၊ ကျွန်ုပ် စိတ်ကျေနပ်သည်။ ဘုရားသခင့် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေကာ သက်သေခံနိုင်လျက်၊ ဤဘဝကို အချည်းနှီး ကျွန်ုပ် အသက်မရှင်လေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ဖွယ်အကောင်းဆုံးဖြစ်ပြီး ထာဝရကာလပတ်လုံး ကိုယ်တော့်နောက် ကျွန်ုပ် လိုက်ကာ သက်သေခံမည်။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းကြောင်း အန္တရာယ်များသော်လည်း၊ အုတ်အောသောင်းသဲဖြစ်ကာ အန္တရာယ်နှင့် အခက်အခဲအပြည့်ဖြစ်သော်လည်း၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားဦးမည်။ ဇာတိပကတိကို ကျွန်ုပ် ချစ်မြတ်နိုးကာ ကျွန်ုပ်၏ ကိုယ်ပိုင် အသက်တာဖြင့် နှစ်မြုပ်နေပါက ကျွန်ုပ် မည်သို့ အောင်မြင်သောသူတစ်ဦး ဖြစ်လာနိုင်မည်နည်း။

၂ ကျွန်ုပ် အဖမ်းခံရကာ ထောင်ချခံရသည့် တကယ့်အခိုက်အတန့်တွင်၊ ကျွန်ုပ် အသက်ရှင်မည်လော သေမည်လောဟူသည် ဆုံးဖြတ်ချက်ကို ဘုရားသခင်၏ လက်တော်များထဲသို့ ကျွန်ုပ် ချန်ထားခဲ့သည်။ သူတို့သည် ကျွန်ုပ်ကို ခွေးရူးရောဂါစွဲကပ်သော တိရစ္ဆာန်များကဲ့သို့ဖြစ်ခဲ့သည့် ညှဉ်းပန်းမှု လက်နက်များဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ညှဉ်းဆဲခြင်းမှာ သည်းမခံနိုင်အောင်ဖြစ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေကာ ဦးဆောင်ခဲ့သည်။ ကိုယ်တော့်အတွက် အသက် ဆုံးရှုံးခြင်းသည် အသက် ရရှိခြင်း ဖြစ်ပေ။ စမ်းသပ်မှုများနှင့် အတိဒုက္ခများအလယ်တွင်၊ ဘုရားသခင် မည်မျှ ချစ်ဖွယ်ဖြစ်သည်ကိုသာ ကျွန်ုပ် မြည်းစမ်းခဲ့ပြီး ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော့်ထံသို့ သာ၍ တိုးဝင်ချဉ်းကပ်ပေ။ စီစီပီ၊ ဤဆိုးယုတ်သော မကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာများကို ကျွန်ုပ် မြင်ခဲ့ပြီး၊ အဆင်းနီသော နဂါးကြီးကို ကျွန်ုပ် လုံးဝ ပစ်ပယ်ကာ ဘုရားသခင်ထံ ထူးကဲသော သက်သေခံခြင်းအဖို့ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ခဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ဖွယ်အကောင်းဆုံးဖြစ်ပြီး ထာဝရကာလပတ်လုံး ကိုယ်တော့်နောက် ကျွန်ုပ် လိုက်ကာ သက်သေခံမည်။ မှောင်မိုက်သောည မည်မျှ ရှည်ကြာပြီး ခက်ခဲကြမ်းတမ်းပါစေ၊ ကိုယ်တော်၏ အစီအစဉ်များကိုကျွန်ုပ် ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံမည်။ စာတန်ကို အရှက်ရနိုင်စေဖို့နှင့် ကိုယ်တော်ကို ဘုန်းအသရေ ဆောင်ကြဉ်းဖို့သည် မည်သည့် ဆင်းရဲဒုက္ခပမာဏမဆို ထိုက်တန်ပေ။

ဤသည်မှာ ဖြောင့်မတ်ခြင်းတရားအတွက် နှိပ်စက်မှု ခံစားရခြင်းဖြစ်ပြီး၊ ကျွန်ုပ် နောင်တမရသည့် ရွေးချယ်မှုတစ်ခုဖြစ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အလွန်များစွာ မွေ့လျော်သည့်နောက် သူ့ကို ချစ်ရန် ကျွန်ုပ် အသက်ရှင်သင့်ပေ။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် တာဝန်ယူဆောင်ရွက်ကာ သူ့ကို သက်သေခံသင့်ပေ။ အခက်အခဲ မည်မျှ ကြီးမားသည်ဖြစ်စေ၊ ကျွန်ုပ် နောက်ဆုတ်မည်မဟုတ်သကဲ့သို့ ကိုယ်တော် စိတ်ကျေနပ်ဖို့သာ ဆင်းရဲဒုက္ခကို အီသည်အထိ ကျွန်ုပ် ဝမ်းမြောက်ဝမ်းသာ သည်းခံမည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းတရားအတွက် နှိပ်စက်မှု ခံစားရခြင်းဖြစ်ပြီး၊ ကျွန်ုပ် နောင်တမရသည့် ရွေးချယ်မှုတစ်ခုဖြစ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အလွန်များစွာ မွေ့လျော်သည့်နောက် သူ့ကို ချစ်ရန် ကျွန်ုပ်အသက်ရှင်သင့်ပေ။ အရုဏ်အလင်း ရောက်လာပြီ၊ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ ဖျက်ဆီးခြင်းခံရကာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားအဖို့ ထူးကဲသော ချီးမွမ်းခြင်း ကျွန်ုပ် သီဆို။ ခရစ်တော်၏ နိုင်ငံတော် ပေါ်ထွန်းလေပြီ။

အရှေ့သို့- ၁၅၈ ဘုရားရဲ့စိတ်နှလုံးကို ဘယ်သူ ညှာတာထောက်ထားသလဲ

နောက်တစ်ခုသို့- ၁၆၀ ဗရုတ်သုတ်ခနိုင်သော လမ်းကြောင်းတစ်ခုက ကျွန်ုပ်ကို သာ၍ပင် စိတ်ပိုင်းဖြတ်ချက်ချစေသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။