၆၀၁ ပေတရုနှင့် ပေါလုတို့ လိုက်လျှောက်သည့် လမ်းကြောင်းများကို သင် သိသလော

၁ ယခု မည်သည့်လမ်းကြောင်းကို သင်တို့အားလုံး လျှောက်လှမ်းနေကြသနည်း။ ယင်းသည် အသက်ကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် သိနားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့အရ ပေတရု၏ အဆင့်နှင့် တူညီသော အဆင့်တွင် မရှိပါက၊ သင်သည် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းနေခြင်း မဟုတ်ပေ။ ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- “ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။” ဤအရာကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ဧကန်မုချ ပါရှိလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။

၂ ပေါလု၏ လမ်းကြောင်းကို လိုက်ဖို့ သင် စီစဉ်ထားပြီး မဖြစ်နိုင်သော်လည်း၊ ဤလမ်းကြောင်း သင် လျှောက်လှမ်းကာ မရည်ရွယ်ဘဲနှင့် ထိုဦးတည်ချက်ထဲ သင် သွားနေရန် သင်၏ သဘာဝက ပြဋ္ဌာန်းထားသည်။ ပေတရု၏ လမ်းကြောင်းပေါ် သင် ခြေချလိုသော်လည်း၊ ယင်းကို လုပ်ဆောင်ရမည့်ပုံနှင့်ပတ်သက်၍ သင် မရှင်းလင်းလျှင်၊ ပေါလု၏ လမ်းကြောင်းပေါ် သင် အမှတ်တမဲ့ လျှောက်လှမ်းမိပေလိမ့်မည်။ ဤသည်မှာ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားဖြစ်သည်။ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ လမ်းကြောင်းကို ဘုရားသခင်က ယခု သင်တို့ထံ ထုတ်ဖော်ပြပြီးဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်းဖြစ်ပြီး ပေတရု၏ လမ်းကြောင်းပေါ် သင့်တို့ကို လမ်းပြသည်မှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းပေးခြင်းမရှိဘဲ၊ ပေတရု၏ လမ်းကြောင်းကို မည်သူမျှ လျှောက်လှမ်းနိုင်လိမ့်မည်မဟုတ်ပေ။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ပျက်စီးခြင်းဆီသို့ ပေါလု၏ ခြေလှမ်းများကို လိုက်လျှောက်ရင်း ပေါလု၏လမ်းကြောင်းအတိုင်း လိုက်လိမ့်မည်။

၃ ပေါလု၏ လမ်းကြောင်းတွင် စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေခြင်း မဆိုထားနှင့်၊ မိမိကိုယ်ကိုယ် သိရှိလာခြင်းပင် မပါဝင်ပေ။ မိမိ၏ ကိုယ်ပိုင်သဘာဝဗီဇကို သူ ဘယ်သောအခါမျှ မစိစစ်ခဲ့သကဲ့သို့၊ သူ မည်သည့်အရာဖြစ်သည်နှင့်ဆိုင်သော မည်သည့် အသိပညာမျှ မရရှိခဲ့ပေ။ ယေရှု၏ နှိပ်စက်ညှဉ်းပန်းခံရခြင်းတွင် သူက အဓိကလက်သည် ဖြစ်ခဲ့သည်ကိုသာ သူ သိခဲ့သည်။ မိမိ၏ ကိုယ်ပိုင် သဘာဝဗီဇကို စိုးစဉ်းမျှ သူ သိနားလည်ခြင်း မရှိခဲ့ပေ၊ ပြီးလျှင် သူ၏ အလုပ်ပြီးစီးသည့်နောက်တွင်၊ ပေါလုသည် သူက ခရစ်တော်ဖြစ်ပြီး ဆုလာဘ်ချီးမြှင့်ခံရသင့်သည်ဟု အမှန်တကယ် ခံစားခဲ့သည်။ ရှင်ပေါလု လုပ်ဆောင်ခဲ့သည့်အလုပ်မှာ ဘုရားသခင်ကို ပေးသည့် အစေခံမှုတစ်ခုမျှသာ ဖြစ်သည်။ ပေါလု ကိုယ်တိုင်အတွက်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဗျာဒိတ်အချို့ ရရှိခဲ့သော်လည်း၊ သူ၌ သမ္မာတရား သို့မဟုတ် အသက် လုံးဝ မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်း မခံခဲ့ရပေ။ ဘုရားသခင် ပြစ်ဒဏ်ပေးသည်ကို သူခံခဲ့ရသည်။

၄ ပေတရု၏ လမ်းကြောင်းမှာ စုံလင်ခြင်းဆီသို့သွားသည့် လမ်းကြောင်းဖြစ်သည်။ ပေတရု၏ လက်တွေ့လုပ်ဆောင်မှုတွင်၊ သူသည် အသက်တာအပေါ်၊ ဘုရားသခင်ကို သိရှိရန် ကြိုးစားခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့အပေါ် သူ အထူး အလေးထားမှု ထားရှိခဲ့သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော သူ၏ အတွေ့အကြုံမှတစ်ဆင့်၊ မိမိကိုယ်ကိုယ်မိမိ သိရှိလာခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်၊ သူ၏ ကိုယ်ပိုင် အားနည်းချက်များကို သဘောပေါက်ခဲ့ပြီး လူတို့ လိုက်စားသင့်သည့် တန်ဖိုးအရှိဆုံးအရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ဘုရားသခင်ကို သူ ရိုးသားစစ်မှန်စွာ ချစ်နိုင်ခဲ့သည်၊ ဘုရားသခင်ကို မည်သို့ကျေးဇူးဆပ်ရမည်ကို သူ သင်ယူခဲ့သည်၊ သမ္မာတရားအချို့ကို သူ ရရှိခဲ့ပြီး ဘုရားသခင် တောင်းဆိုသည့် စစ်မှန်မှုကို ပိုင်ဆိုင်ခဲ့သည်။ သူ၏ စမ်းသပ်မှုများအတွင်း ပေတရု ပြောခဲ့သည့်အရာများအားလုံးမှ၊ သူသည် အမှန်ပင် ဘုရားသခင်ကို နားအလည်ဆုံးသော သူတစ်ဦးဖြစ်ခဲ့သည်ကို မြင်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရား များစွာကို သူ နားလည်လာသောကြောင့်၊ သူ၏ လမ်းကြောင်းက တိုး၍ တောက်ပသထက် တောက်ပလာခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် ပိုမိုကိုက်ညီလာခဲ့သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၀၀ အောင်မြင်မှု၊ ဆုံးရှုံးမှုသည် လူလျှောက်သော လမ်းအပေါ် မူတည်၏ကျူး

နောက်တစ်ခုသို့- ၆၀၂ ဘုရားသခင်၌ အောင်မြင်သော ယုံကြည်ခြင်း၏ လမ်းကြောင်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။