၅၂၈ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဧကန်ပင် လက်တွေ့မကျင့်သုံးကြကျူး

၁ ဘုရားသခင်သည် နောက်ထပ် ပြောစရာ နှုတ်ကပတ်တော်များ မရှိတော့သော်လည်း၊ လူတို့သည် လုံးဝ အမှီမလိုက်ခဲ့ကြပေ၊ ၎င်းတို့သည် လွန်စွာနောက်ကျ ကျန်ရစ်လေပြီ။ ခြေလှမ်းတိုင်းနှင့် နီးကပ်စွာမနေနိုင်ခဲ့ကြသကဲ့သို့ သိုးသငယ်၏ ခြေလှမ်းများကို အနီးကပ် လိုက်လျှောက်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့လိုက်နာသင့်သည့်အရာကို မလိုက်နာခဲ့ကြပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့ ဆုတောင်းသင့်သည့်အရာကို ဆုမတောင်းခဲ့ကြပေ။ ၎င်းတို့ ဘေးဖယ်ထားသင့်သော အရာကို ဘေးမဖယ်ထားပေ။ ဤအရာများထဲမှ တစ်ခုတစ်လေကိုမျှ ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း မရှိ။ ထို့ကြောင့် စားသောက်ပွဲကြီးသို့ တက်ရောက်ခြင်းနှင့်ဆိုင်သော ဤပြောဆိုဆွေးနွေးခြင်းသည် အနှစ်မဲ့၏၊ စစ်မှန်သောအဓိပ္ပါယ် တစ်ခုလေမျှမရှိပေ၊ ထို့အပြင် ယင်းသည် ၎င်းတို့၏ စိတ်ကူးထဲတွင်သာ ရှိလေသည်။ ယနေ့အမြင်မှ ကြည့်ပါက၊ လူတို့သည် မိမိတို့၏ တာဝန်ကို လုံးဝ မဆောင်ရွက်သေးပေဟု ဆိုနိုင်ပေသည်။ အရာရာတိုင်းသည် ဘုရားသခင်၏ လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အမှုအရာများကို ပြောဆိုခြင်းအပေါ် တည်မှီ၏။ လူသား၏လုပ်ငန်းတာဝန်သည် အလွန် သေးနုပ်လွန်းခဲ့သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမရှိသည့် အသုံးမကျသော အမှိုက်များ ဖြစ်သည်။

၂ ဘုရားသခင်သည် ထောင်ပေါင်းရာချီသော နှုတ်ကပတ်တော်များကို မြွက်ဆိုပြီးဖြစ်သော်လည်း၊ လူတို့သည် ဇာတိပကတိကို စွန့်လွှတ်ခြင်း၊ အယူအဆများကို စွန့်ပစ်ခြင်း၊ ပိုင်းခြားသိမြင်မှုကို တိုးတက်စေပြီး ထိုးထွင်းသိမြင်မှုကို ရရှိလျက်ရှိစဉ်တွင် အရာအားလုံး၌ ဘုရားသခင်ကို နာခံမှုအား လက်တွေ့လုပ်ဆောင်ခြင်း၊ လူတို့ကို မိမိတို့၏ စိတ်နှလုံးများထဲတွင် နေရာမပေးခြင်း၊ မိမိတို့၏စိတ်နှလုံးများထဲက ရုပ်တုဆင်းတုများကို ဖယ်ရှားခြင်း၊ မမှန်ကန်သော ၎င်းတို့၏ ရည်ရွယ်ချက်များကို တွန်းလှန်ခြင်း၊ စိတ်ခံစားမှုဖြင့် မပြုမူခြင်း၊ အမှုအရာများကို မျှတစွာနှင့် ဘက်လိုက်မှုမရှိဘဲ လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏အကျိုးများနှင့် ၎င်းတို့ စကားပြောဆိုသည့်အခါ အခြားသူများအပေါ် ၎င်းတို့၏ လွှမ်းမိုးမှုများကို သာ၍ အရေးထားခြင်း၊ ဘုရားသခင်၏အမှုကို အကျိုးပြုသည့်အရာများကို သာ၍ လုပ်ဆောင်ခြင်း၊ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးတွင် ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုခြင်းအား စိတ်ထဲတွင်ထားခြင်း၊ ၎င်းတို့၏ စိတ်ခံစားချက်များအား ၎င်းတို့၏ အပြုအမူကို စိုးမိုးခွင့်မပေးခြင်း၊ ၎င်းတို့ကိုယ်တိုင်၏ ဇာတိပကတိကို အားရကျေနပ်စေသည့် အရာတို့ကို ဖယ်ရှားခြင်း၊ တစ်ကိုယ်ကောင်းဆန်သော အယူအဆဟောင်းများကို ဖယ်ရှားခြင်း စသည်ဖြင့် ထိုနှုတ်ကပတ်တော်များထဲမှ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။

၃ ဘုရားသခင်က လူသားအပေါ် ပြုလုပ်ထားသည့် ဤသတ်မှတ်ချက်များ အားလုံးထဲမှ အချို့ကို ၎င်းတို့သည် အမှန်တကယ် နားလည်သော်လည်း ထိုသတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားမှု လုံးဝမရှိကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် အခြား မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း၊ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့ကို အခြား မည်သည့်နည်းဖြင့် တို့ထိနိုင်မည်နည်း။ ဘုရားသခင်၏ အမြင်တွင် ပုန်ကန်ခြင်း၏ သားများဖြစ်သော သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကောက်ယူပြီး ၎င်းတို့ကို ချီးမွမ်းဝံ့မည်နည်း။ လူတို့၏ အသိစိတ်မှာ အဘယ်မှာနည်း။ ၎င်းတို့ အစွမ်းကုန် လုပ်ဆောင်ဖို့ မပြောနှင့်၊ ၎င်းတို့ ဖြည့်ဆည်းပြီးဖြစ်သင့်သည့် အနိမ့်ဆုံး တာဝန်များကိုပင် ဖြည့်ဆည်းပြီးကြခြင်း မရှိပေ။ ၎င်းတို့သည် စိတ်ကူးယဉ်အိပ်မက်တွင် အသက်ရှိနေကြသည် မဟုတ်လော။ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ လက်တွေ့အရှိတရားအကြောင်း ပြောဆိုဆွေးနွေး၍ မရနိုင်ပေ။ ဤသည်မှာ ထင်ရှားသောအချက်တစ်ခု ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၂၇ ဘုရားသခင် နှုတ်ကပတ်တော်များရဲ့ အဓိပ္ပာယ်မှန်ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပါ

နောက်တစ်ခုသို့- ၅၂၉ ဘုရားက သည်းခံသောကြောင့် သင့်ကိုယ်သင် အလိုမလိုက်နှင့်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။