အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၆၆ လူတို့သည် ဘုရားအပေါ် စစ်မှန်စွာ မယုံကြည်ကြကျူး

၁ ငါ့အမှုကို လုပ်ဆောင်ခဲ့သည့် နှစ်ပေါင်းများစွာ အတောအတွင်း လူသားတို့သည် အမြောက်အမြား ရရှိခဲ့ပြီး အမြောက်အမြားလည်း စွန့်လွှတ်ခဲ့ကြသည်၊ သို့သော်လည်း လူသားတို့သည် ငါ့ကို ဧကန်အမှန် မယုံကြည်ကြဟု ငါပြောဦးမည်။ ဤသို့ဖြစ်ရသည်မှာ ငါသည် ဘုရားသခင် ဖြစ်ကြောင်းကို လူသားတို့သည် နှုတ်အားဖြင့်သာလျှင် ဝန်ခံကြပြီး ငါပြောထားသည့် သမ္မာတရားကို လက်မခံကြသောကြောင့်ဖြစ်ကာ ထိုထက်မက ငါအလိုရှိသော သမ္မာတရားကိုလည်း လက်တွေ့ မကျင့်သုံးကြသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် တည်ရှိကြောင်းကိုသာ လူသားတို့ အသိအမှတ် ပြုထားကြသော်လည်း သမ္မာတရား တည်ရှိကြောင်းကိုမူ ဝန်မခံကြပေ၊ ဘုရားသခင် တည်ရှိမှုကိုသာလျှင် လူသားတို့ဝန်ခံကြပြီး အသက်တည်ရှိမှုကိုကား အသိအမှတ် မပြုကြပေ။ ဘုရားသခင်၏ နာမတော်ကိုသာလျှင် လူသားတို့ ဝန်ခံကြပြီး သူ၏ အနှစ်သာရကိုကား အသိအမှတ် မပြုကြချေ။ လူသားတို့၏ စိတ်အားထက်သန်မှုကြောင့် လူသားသည် ငါ၏ရှေ့မှောက်၌ စက်ဆုပ်ရွံရှာဖွယ် ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ငါ့အား လိမ်လည်လှည့်စားရန် နားဝင်ချိုလှသော စကားလုံးများကို အသုံးပြုတတ်ကြပြီး စစ်မှန်သော နှလုံးသားဖြင့် ငါ့ကို တစ်ဦးတစ်ယောက်မျှ ဝတ်မပြုကြသောကြောင့် ဖြစ်သည်။

၂ သင်တို့ပြောစကားများမှာ မြွေ၏ ဖြားယောင်းသွေးဆောင်မှုကဲ့သို့ ဖြစ်သည်။ ထို့ပြင် ယင်းစကားများသည် တစ်ဖက်စွန်းတိုင်အောင် မာန်တက်လှပြီး ကောင်းကင်တမန်မင်း၏ ကြေညာခြင်းကဲ့သို့ ဖြစ်သည်။ ထိုမျှသာမက သင်တို့၏ လုပ်ဆောင်ချက်များမှာ ရှက်ဖွယ်ရာကောင်းသော အခြေအနေထိတိုင် စုတ်ပြတ်သတ်နေသည်၊ သင်တို့၏ လွန်လွန်ကဲကဲဖြစ်သော တပ်မက်မှုနှင့် အငမ်းမရဖြစ်သော စိတ်ဆန္ဒများမှာ နားဖြင့်ပင် မကြားဝံ့မနာသာ ဖြစ်သည်။ သင်တို့အားလုံးမှာ ငါ့အိမ်ထဲမှ ပိုးဖလံများအလား ဖြစ်လာကြပြီး မလို၍ စွန့်ပစ်အပ်သော အရာဝတ္ထု အပိုများကဲ့သို့ ဖြစ်လာကြသည်။ အကြောင်းမှာ သင်တို့တွင် တစ်ဦးတစ်လေကမှ သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိကြပေ၊ ထိုအစား သင်တို့သည် ကောင်းချီးမင်္ဂလာများကို လိုချင်တပ်မက်ကြသူများ၊ ကောင်းကင်ဘုံသို့ တက်လိုကြသူများ၊ ခရစ်တော်က အံ့မခန်းလောက်သော ဘုန်းတန်ခိုး အာနုဘော်ကို ကမ္ဘာပေါ်၌ ကိုင်ဝင့်ခြင်းကို မြင်တွေ့လိုကြသူများသာလျှင် ဖြစ်သည်။ သို့သော် နက်ရှိုင်းစွာ ပျက်စီးယိုယွင်းနေကြသည့် သင်တို့ကဲ့သို့သောသူ၊ ဘုရားသခင်ဟူသည်ကို လုံးဝမသိသောသူသည် ဘုရားသခင်၏ နောက်တော်သို့လိုက်ရန် ထိုက်တန်နိုင်၏လောဟု သင်တို့တွေးမိဖူးသလော။ သင်တို့သည် ကောင်းကင်ဘုံသို့ မည်ကဲ့သို့ တက်ရောက်နိုင်ပါမည်နည်း။ မည်သို့လျှင် သင်တို့သည် အတုမရှိသော ခံ့ညားထည်ဝါမှု အခြင်းအရာများဖြစ်သည့် ထူးဆန်းအံ့သြဖွယ်တို့ကို တွေ့မြင်ထိုက်ပါမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ခရစ်တော်အတွက် စစ်မှန်သည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်း သင်၌ရှိသလောကျူး

နောက်တစ်ခုသို့:သင်၏စစ်မှန်သော ယုံကြည်ခြင်းက အဘယ်မှာနည်းကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ