၆၉၄ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပေါ် ပေတရု၏ နားလည်မှုကျူး

၁ “ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်ပြီး ကျွန်ုပ်၏ အသက်တာသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ခွဲခြား၍ မရနိုင်ပါ။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်၏ အသက်တာသည် စာတန်၏ အုပ်စိုးမှု အောက်တွင်ရှိပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အမြဲ အသက်ရှင်သွားရမည်ဖြစ်သည့်အပြင်၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ဖို့ အခွင့်အရေး သို့မဟုတ် နည်းလမ်းများ ရှိပြီးဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့က ကျွန်ုပ်ကို မည်သည့်အခါတွင်မျှ မစွန့်ခွာမှသာ ကျွန်ုပ်သည် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း ခံရနိုင်ပေလိမ့်မည်။ ကြမ်းတမ်းသော စကားများနှင့် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်သဘောထား၊ ပြီးလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်ရှိသော တရားစီရင်ခြင်းတို့ဖြင့်သာ ကျွန်ုပ်သည် အထွတ်အထိပ် ကွယ်ကာမှု ရရှိပြီးဖြစ်ကာ အလင်းတွင် အသက်ရှင်လာရပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည်။ သန့်ရှင်းစေခြင်းခံရဖို့နှင့်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် စာတန်ထံမှ လွတ်မြောက်စေကာ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ဖို့- ဤသည်မှာ ယနေ့တွင် ကျွန်ုပ်၏အသက်တာ၌ အကြီးမားဆုံးသော ကောင်းချီး မင်္ဂလာဖြစ်ပါသည်။”

၂ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခု ဖြစ်သည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းနှင့်ဆိုင်သော အတွေ့အကြုံဖြစ်ပြီး စုံလင်စေခြင်းခံရခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်သည်။ သာ၍ အဓိပ္ပာယ်ရှိသော အသက်တာ မရှိပေ။ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံခဲ့သည်၊ သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တန်ဖိုးထားခဲ့ပြီး ပေတရုနှင့်ပတ်သက်၍ မည်သည့်အရာကမျှ သာ၍ အဖိုးထိုက်တန်ခြင်း မရှိခဲ့ပေ။ သူက၊ “စာတန်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ကျွန်ုပ်အား ပေးသော်လည်း ယင်းတို့ကို ကျွန်ုပ် တန်ဖိုးမထားပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ကျွန်ုပ်ပေါ်သို့ ကျရောက်လာသည်- ဤတွင် ကျွန်ုပ်သည် ကျေးဇူးပြုခြင်းခံရသည်၊ ဤတွင် ကျွန်ုပ်သည် ပျော်ရွှင်မှုကို ရှာတွေ့ရှိသကဲ့သို့၊ ဤတွင် ကျွန်ုပ်သည် ကောင်းချီးခံစားရပေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား မည်သည့်အခါမျှ ချစ်မည် မဟုတ်၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ဆဲ ဖြစ်ပေမည်၊ ၎င်း၏ထိန်းချုပ်ခြင်းနှင့် ကွပ်ကဲခြင်းကို ခံရဆဲ ဖြစ်ပေမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနိုင်စွမ်း ရှိမည် မဟုတ်သည့်အတွက်၊ မည်သည့်အခါတွင်မျှ စစ်မှန်သည့် လူသားတစ်ဦး ဖြစ်လာမည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ အလုံးစုံကို ဘုရားသခင်ထံ ဆက်ကပ်ပြီးလေမည် မဟုတ်ပေ။

၃ ကျွန်ုပ်၏အထဲတွင် မီးလောင်ကျွမ်းနေသည့်အလား၊ အထဲ၌ နှစ်သိမ့်မှုမရှိဘဲနှင့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့မရှိဘဲ ကျွန်ုပ်ကို ချန်ရစ်ရင်း၊ ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးသော်လည်း၊ ပြီးလျှင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့က ကျွန်ုပ်ထံမှ လုံးဝ မခွဲခွာသော်လည်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်ရှုမြင်နိုင်ပါသည်။ ဤအရာတွင် ကျွန်ုပ် ပျော်ရွှင်ဝမ်းမြောက်ပါသည်။ အသက်တာတွင် ထို့ထက် ပို၍ တန်ဖိုးရှိသောအရာ သို့မဟုတ် ပို၍ အဓိပ္ပာယ်ရှိသောအရာ မရှိပါ။ ကိုယ်တော်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့သည် ရက်စက်သော ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ ကျိန်ခြင်းများနှင့် ရိုက်နှက်ခြင်းတို့ ဖြစ်လာပြီးဖြစ်သော်လည်း၊ ယင်းတို့သည် ကျွန်ုပ်အား သာ၍သန့်ရှင်းစေကာ၊ ကျွန်ုပ်ကို ပြောင်းလဲပေးနိုင်သည့်အတွက်၊ ကျွန်ုပ်ကို ဘုရားသခင်နှင့် ပိုမို နီးစေနိုင်သည့်အတွက်၊ ကျွန်ုပ်ကို ဘုရားသခင်အား ပိုမိုချစ်စေနိုင်ပြီး၊ ကျွန်ုပ်၏ ဘုရားသခင်ကိုချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်သည့်အတွက်၊ ဤအရာများတွင် ကျွန်ုပ် မွေ့လျော်ဆဲဖြစ်သည်။ ဤအရာက သတ္တဝါ တစ်ဦးအဖြစ် ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်အား ဖြည့်ဆည်းစေနိုင်ပြီး၊ ကျွန်ုပ်အနေဖြင့် စာတန်ကို အစေမခံတော့ဖို့အလို့ငှာ၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်ုပ်အား ဆောင်ယူကာ စာတန်၏ စွမ်းအားမှ ကင်းဝေးစေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၉၃ ဘုရားသခင်က သမ္မာတရား ရှိသူတို့ကို နောက်ဆုံးတွင် ရယူသည်

နောက်တစ်ခုသို့- ၆၉၅ စမ်းသပ်မှုများအပေါ် ပေတရု၏သဘောထားကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။