၄၃၂ ဘုရားရှေ့မှောက်၌ မကြာခဏ ငြိမ်သက်နိုင်သူတို့သည် ဘုရားတရားကိုင်းရှိုင်းသူများဖြစ်၏ကျူး

၁ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရမည်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်၍ ဆင်ခြင်တွေးတောရမည်ဖြစ်ပြီး၊ သင့်အပေါ် သူ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် လမ်းပြခြင်းကို လက်ခံရမည်။ သင်သည် သင့်အတွက် ဘုရားသခင် စီစဉ်ထားပေးသော ပတ်ဝန်းကျင်များ၊ လူများ၊ အမှုအရာများနှင့် အကြောင်းအရာများကို ကျိုးနွံနာခံနိုင်စွမ်း ရှိရမည်ဖြစ်ပြီး၊ သင် တကယ်နားမလည်သည့် အကြောင်းအရာများနှင့် ပတ်သက်လာလျှင် သင်သည် သမ္မာတရားကိုရှာဖွေရင်း မကြာခဏ ဆုတောင်းရမည်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရမည့်လမ်းကို သင်ရှာတွေ့နိုင်မည်။ သင်သည် ဘုရားသခင်ကို ကြည်ညိုလေးစားခြင်း၌ တည်ပြီး သင်ပြုလုပ်သင့်သည့်အရာကို သတိထားကာ လုပ်ဆောင်ရမည်၊ သင်သည် ဘုရားသခင်၏ရှေ့မှောက်၌ မကြာခဏ အေးချမ်းစွာ ရှိနေရမည်ဖြစ်ကာ၊ အပျော်အပါး၌ မွေ့လျော်ခြင်း မရှိရပေ။ အနည်းဆုံးအနေဖြင့် သင်၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၏ ပထမဆုံး တုံ့ပြန်မှုမှာ သင့်ကိုယ်သင် ငြိမ်သက်စေဖို့ရန်၊ ပြီးလျှင် ချက်ချင်း ဆုတောင်းဖို့ရန် ဖြစ်သင့်သည်။ ဆုတောင်းခြင်း၊ စောင့်စားခြင်းနှင့် ရှာဖွေခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ အလိုတော်အား နားလည်ခြင်းကို ရယူနိုင်လိမ့်မည်။

၂ အတွင်းစိတ်၌ သင်သည် ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်ကို ကျိုးနွံနာခံလျှင်၊ ထို့ပြင် ဘုရားသခင်၏ရှေ့မှောက်၌ ငြိမ်သက်ပြီး သူ၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်လျှင်ကား၊ ဤနည်းအတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းအားဖြင့် သင်သည် ကာကွယ်ပေးခြင်းခံရနိုင်မည်။ သင်သည် စုံစမ်းသွေးဆောင်ခြင်းကို ကြုံတွေ့ရမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို နှောင့်ယှက်သည့်အရာများကို ပြုလုပ်လိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို နှိုးဆွပေးလောက်အောင်လည်း သင်ပြုလုပ်လိမ့်မည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးက ဘုရားသခင်ရှေ့တွင် မကြာခဏ အသက်ရှင်လျှင်၊ သင် ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာတို့တွင် ဘုရားသခင်ကို သင် ကြောက်ရွံ့လိမ့်မည်။ သင် အလွန်ဝေးဝေး သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် အသောက်အစား အပျော်အပါး၌ မွေ့လျော်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ ဘုရားသခင် စက်ဆုပ်သော အရာကို သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့၊ အဓိပ္ပါယ်မရှိသော စကားများကို သင် ပြောဆိုလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အကဲခတ်ခြင်းကို သင် လက်ခံပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သင် လက်ခံလျှင်၊ ဆိုးညစ်သော အရာများစွာကို လုပ်ဆောင်ခြင်းအား သင် ရှောင်ရှားလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ မကောင်းသောအကျင့်ကို သင် ရှောင်ကြဉ်ပြီးလိမ့်မည် မဟုတ်လော။

၃ သမ္မာတရားကို မချစ်သောသူတို့သည် တစ်စုံတစ်ရာဖြစ်သောအခါ ဘုရားသခင်ထံ ဆုမတောင်းခြင်း သို့မဟုတ် သမ္မာတရားကို မရှာဖွေခြင်း၊ သင်၏အလိုအတိုင်း မကြာခဏ ပြုမူလုပ်ဆောင်ခြင်း၊ သင်၏စာတန်ဆိုင်ရာ စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး သင်၏မာနကြီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံခြင်းနှင့် ဘုရားသခင်ကို မနာခံခြင်းပြုပါက၊ ထိုသို့သော လူတို့၏ စိတ်နှလုံးများသည် စာတန်ရှေ့၌ အစဉ် ရှင်သန်ရလိမ့်မည်ဖြစ်ပြီး စာတန်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို အနည်းငယ်မျှ ကြည်ညိုခြင်း မရှိကြချေ။ ၎င်းတို့သည် မကောင်းမှုကို အမှန်ပင် မရှောင်နိုင်ကြသည့်အပြင် ၎င်းတို့သည် မကောင်းသောအရာများကို မပြုသော်လည်း၊ ၎င်းတို့တွေးသမျှမှာ မကောင်းသောအရာ ဖြစ်နေဆဲဖြစ်၍၊ ၎င်းမှာ သမ္မာတရားနှင့် စပ်ဆက်မှုမရှိသည့်အပြင် သမ္မာတရားနှင့် ဆန့်ကျင်၏။ မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေးဖြစ်သည်ဟု ထင်ကြပြီး ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်းကို မန္တန်တရားအမျိုးအစားတစ်ခု၊ ဟိတ်ဟန်ပုံစံတစ်ခုအဖြစ် သဘောထားကြသည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၃၁ ဘုရားသခင်ရှေ့၌ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်း၏ အသီးအပွင့်များ

နောက်တစ်ခုသို့- ၄၃၃ သင်၏ စိတ်နှလုံးကို ဘုရားအား ပေးသောအခါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။