လက်တွေ့လုပ်ဆောင်ခြင်း (၁)

ယခင်က လူတို့ တွေ့ကြုံခဲ့သော နည်းလမ်းများတွင် သွေဖည်မှုမြောက်မြားစွာနှင့် အဓိပ္ပာယ်မဲ့ခြင်းတို့ပင် ရှိခဲ့သည်။ ၎င်းတို့သည် ဘုရားသခင့်သတ်မှတ်ချက်များ၏ စံနှုန်းကို အမှန်တကယ် နားမလည်ခဲ့သောကြောင့် လူတို့၏အတွေ့အကြုံတို့ လွဲချော်ခဲ့သည့် ကဏ္ဍများစွာ ရှိခဲ့သည်။ လူတို့အား ဘုရားသခင်၏ သတ်မှတ်ချက်မှာ ၎င်းတို့အနေဖြင့် သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်သည်။ ဥပမာ၊ အစားအစာနှင့် အဝတ်အထည်နှင့်စပ်လျဉ်း၍ လူတို့အနေဖြင့် မျက်မှောက်ခေတ် နေပုံထိုင်ပုံများကို လိုက်ရန်၊ ဝတ်စုံနှင့် လည်စည်းတို့ကို ဝတ်ဆင်ရန်၊ မော်ဒန်ပန်းချီ အနုပညာကို အနည်းငယ်လေ့လာရန်မှာ ကျေနပ်ဖွယ်ရာဖြစ်ပြီး ၎င်းတို့၏အားလပ်ချိန်တွင် ၎င်းတို့သည် ဝိဇ္ဇာပညာ၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ခံစားပျော်မွေ့နိုင်သည်။ ၎င်းတို့သည် အမှတ်တရဓာတ်ပုံအချို့ ရိုက်နိုင်ပြီး အသုံးဝင်သော အသိပညာအချို့ကို ဖတ်ရှုရရှိနိုင်သည်၊ ထို့အပြင် အတန်အသင့်ကောင်းသော လူနေမှုပတ်ဝန်းကျင်တစ်ခုကို ပိုင်ဆိုင်နိုင်သည်။ ဤသည်တို့မှာ သာမန်လူ့သဘာဝနှင့်ဆိုင်သော ဘဝတစ်ခုနှင့် လိုက်လျောညီထွေဖြစ်သည့်အရာများ အလုံးစုံဖြစ်သော်လည်း လူတို့က ၎င်းတို့ကို ဘုရားသခင် အလွန်မုန်းတီးသောအရာများအဖြစ် ရှုမြင်ကြပြီး သူတို့သည် ထိုအရာများကို ပြုလုပ်ခြင်းမှ မိမိကိုယ်ကိုယ် ချုပ်တည်းထားကြသည်။ ၎င်းတို့၏ လက်တွေ့ကျင့်သုံးမှုမှာ စည်းမျဉ်းအနည်းငယ်ကို လိုက်နာနေခြင်းသာ ပါဝင်ပြီး ယင်းက မြောင်းရေကဲ့သို့ မကြည်လင်သည့်အပြင် လုံးလုံးအဓိပ္ပာယ်ကင်းမဲ့သော ဘဝတစ်ခုဆီသို့ ဦးတည်ခေါ်ဆောင်သွားလေသည်။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား အမှုအရာများကို ဤနည်းဖြင့်ပြုရန်အလို့ငှာ မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ။ လူခပ်သိမ်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် စိတ်သဘောထားများကို လျှော့လိုကြပြီး ဘုရားသခင်နှင့် ၎င်းတို့၏ဆက်နွှယ်မှုသည် တစ်နည်းနည်းဖြင့် ပြတ်သွားမည်ကို ကြီးစွာသောကြောက်ရွံ့မှုဖြင့် ဘုရားသခင်နှင့် သာ၍နီးစေရန် ၎င်းတို့၏စိတ်ဝိညာဉ်များထဲတွင် အစဉ်မပြတ် ဆုတောင်းခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် ဘုရားသခင်ရည်ရွယ်သည့် အရာအပေါ် အဆက်မပြတ်စဉ်းစားခြင်း၊ ၎င်းတို့၏မျက်လုံးများသည် ထိုထိုဤဤတို့ကို အဆက်မပြတ် စောင့်ကြည့်ခြင်းတို့ကို ပြုလျက်ရှိကြသည်။ ဤအရာအားလုံးမှာ လူတို့သည် မိမိဘာသာဖြစ်လာပြီဟူသည့် သုံးသပ်ချက်များဖြစ်ပြီး၊ ၎င်းတို့မှာ လူတို့က မိမိကိုယ်ကိုယ်မိမိအတွက် ချမှတ်သည့်စည်းမျဉ်းများ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် သဘာဝနှင့် အနှစ်သာရကို မသိပါက၊ ထို့ပြင် သင့်ကိုယ်ပိုင် လက်တွေ့ကျင့်သုံးမှုမှာ မည်သည့်အဆင့်သို့ ရောက်နိုင်ကြောင်းကို သင်နားလည်သဘောပေါက်ခြင်း မရှိပါက ဘုရားသခင် လူ့အပေါ် မည်သည့်စံနှုန်းများကို အတိအကျ သတ်မှတ်ကြောင်း သင်သေချာဖို့ နည်းလမ်းရှိလိမ့်မည် မဟုတ်သည့်အပြင်၊ သင်သည် တိကျမှန်ကန်သော လက်တွေ့ကျင့်သုံးမှုလည်း ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်တောင်းဆိုသည့်အရာ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သင်နားမလည်နိုင်သဖြင့်၊ သင်၏စိတ်သည် အစဉ်အမြဲ လှုပ်ရှားထကြွလျက်ရှိကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ခွဲခြမ်းစိတ်ဖြာရင်း သင် အပူအတပြင်းစဉ်းစားပြီး သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းခြင်းနှင့် ဉာဏ်အလင်းပေးခြင်းခံရဖို့ နည်းလမ်းတစ်ခုခုကို ရှာဖွေရင်း သင် စမ်းတဝါးဝါးလုပ်လေသည်။ ရလဒ်အနေဖြင့်၊ လိုက်လျောညီထွေသည်ဟု သင်ယုံကြည်သည့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းအချို့ကို သင်ရရှိလာသည်။ လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာမှာ မည်သည့်အရာ အတိအကျဖြစ်ကြောင်းကို အမှန်တကယ် သင်လုံးဝမသိပေ၊ သင်၏ကိုယ်ပိုင် လက်တွေ့ကျင့်သုံးမှုများတစ်စုံကို သင် ပေါ့ပြက်ပြက်လုပ်ဆောင်လျက် ရလဒ်အတွက် စိုးစဉ်းမျှသာ သင်ဂရုစိုက်ပြီး သင်၏ ကျင့်သုံးမှုထဲတွင် သွေဖည်မှုများနှင့် အမှားအယွင်းများ ရှိမရှိကို ပို၍ပင် ဂရုမစိုက်ပေ။ ဤနည်းဖြင့် သင်၏ လက်တွေ့ကျင့်သုံးမှုမှာ ပင်ကိုအားဖြင့် တိကျမှန်ကန်မှု ကင်းမဲ့ပြီး မူမရှိပါပေ။ အထူးသဖြင့် ယင်း၌ ကင်းမဲ့သည်မှာ ပုံမှန်လူသား၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်အပြင် ဘုရားသခင်၏ချီးကျူးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အတည်ပြုထောက်ခံခြင်းတို့ပင် ဖြစ်သည်။ သင့်ကိုယ်ပိုင်လမ်းကို လျှောက်ရုံမျှလျှောက်ရန် ၎င်းက လုံးလုံးလျားလျား လွန်စွာလွယ်ကူလာသည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးမှာ စည်းမျဉ်းများကို လိုက်နာရုံမျှသာလိုက်နာနေခြင်း သို့မဟုတ် သင့်ကိုယ်သင် ကန့်သတ်ရန်နှင့် သင့်ကိုယ်သင် ထိန်းချုပ်ရန်အတွက် ဝန်ထုပ်ဝန်ပိုးကို တမင်တကာ ယူဆောင်နေခြင်းဖြစ်သည်။ သို့သော်လည်း သင်သည် သင်၏ လက်တွေ့ကျင့်သုံးမှုကို တစ်သဝေမတိမ်းလုပ်ဆောင်သည် သင်ထင်မှတ်ပြီး၊ သင်၏ လက်တွေ့ကျင့်သုံးမှုအများစုမှာ မလိုအပ်သောဖြစ်စဉ်များ သို့မဟုတ် စောင့်ထိန်းမှုများပါဝင်သည်ကို မသိပေ။ အခြေခံအားဖြင့် မိမိတို့၏စိတ်သဘောထားများ၌ ပြောင်းလဲခြင်းမရှိ၊ အသစ်သောအသိအမြင်နှင့် အသစ်သောဝင်ရောက်မှု မရှိဘဲ ဤကဲ့သို့ နှစ်ပေါင်းများစွာ လက်တွေ့လုပ်ဆောင်သောသူ များစွာရှိကြသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် မလျော်ကန်သော၊ လူသားမဆန်သော အမှုအရာများကို ကျူးလွန်ကာ လူတို့ကို ပြင်းပြင်းထန်ထန်စဉ်းစားပြီး လုံးဝခေါင်းခြောက်စေသော နည်းလမ်းများဖြင့် ပြုမူသည့် အကြိမ်များစွာရှိသည့် အဆင့်အထိပင်လျှင် ၎င်းတို့သည် ယခင်အမှားမျိုးများကို ပြန်လည်ကျုးလွန်ပြီး ၎င်းတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သော သဘာဝများကို အပြည့်အဝ ပြလုပ်ခဲ့ကြသည်။ ဤကဲ့သို့သော လူတို့မှာ စိတ်သဘောထားပြောင်းလဲခြင်းကို တွေ့ကြုံပြီးပြီဟု ပြောနိုင်ပါသလော။

ဘုရားသခင်၌ ယုံကြည်ခြင်းမှာ ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်ခေတ်ထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ နှိုင်းယှဉ်၍ဆိုပါက လူတို့သည် ယခင်က သူတို့တောင်းခဲ့သလောက် ဆုမတောင်းကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား၏ လက္ခဏာခပ်သိမ်းနှင့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ကွက်ကွက်ကွင်းကွင်း ပြောပြပြီဖြစ်သောကြောင့် လူတို့အနေဖြင့် ရှာဖွေပြီး စမ်းတဝါးဝါးသွားရန် မည်သည့်လိုအပ်ချက်မျှ မရှိတော့ချေ။ နိုင်ငံတော်ခေတ်၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို ရှေ့လျှောက်ဦးဆောင်သည်၊ ယင်းမှာ သူတို့အား အရာတိုင်းကို ရှင်းလင်းစွာ မြင်တွေ့ရန်အတွက် ပြုလုပ်ထားသည့် ဘဝတစ်ခု၌ဖြစ်ပြီး၊ ဘုရားသခင်က အရာတိုင်းကို ကွက်ကွက်ကွင်းကွင်း အကွက်ချစီစဉ်ထားပြီဖြစ်ပြီး လူသားသည် အသက်တာတစ်လျှောက် ၎င်းတို့၏လမ်းကို စမ်းသွားရန် မလိုတော့ပေ။ အိမ်ထောင်ရေး၊ လောကီရေးရာကိစ္စများ၊ အသက်တာ၊ အစားအစာ၊ အဝတ်အထည်နှင့် အမိုးအကာ၊ လူလူချင်းဆက်ဆံမှုဆိုင်ရာ ဆက်နွှယ် မှုများနှင့်ပတ်သက်၍ လူတစ်ဦးသည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးသည့် နည်းလမ်းတစ်ခုဖြင့် အစေခံနိုင်ပုံ၊ လူတစ်ဦးသည် ဇာတိပကတိကို မည်ကဲ့သို့ စွန့်ပစ်သင့်ပုံ အစရှိသည်တို့နှင့်စပ်လျဉ်း၍ ဘုရားသခင်သည် ဤအရာများထဲမှ မည်သည့်အရာကို သင်တို့အား မရှင်းပြရသေးသနည်း။ သင်တို့သည် သွား၍ ဆုတောင်းရန်နှင့် ရှာဖွေရန် လိုအပ်သေးသလော။ အမှန်တကယ်ပင် မလိုအပ်ပေ။ အကယ်၍ သင်သည် ဤအရာများကို လုပ်နေသေးပါက သင်သည် လိုသည်ထက်လွန်ကဲစွာ ပြုမူနေခြင်းသာဖြစ်သည် မဟုတ်လော။ ၎င်းမှာ မသိနားမလည်ခြင်းနှင့် မိုက်မဲခြင်းအပြင် လုံးလုံးလျားလျား မလိုအပ်ခြင်း ဖြစ်သည်။ လွန်စွာ အစွမ်းအစကင်းမဲ့သောသူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်သောသူများက မိုက်မဲသော ဆုတောင်းချက်များကို မရပ်မနား တောင်းတတ်ကြသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအတွက် အဓိကသော့ချက်မှာ သင်၌ စိတ်ပိုင်းဖြတ်ချက် ပိုင်ဆိုင်ခြင်းရှိမရှိပင် ဖြစ်သည်။ လူအချို့သည် ယင်းမှာ သမ္မာတရားနှင့် သဘောချင်းထပ်တူမှု မရှိကြောင်း သူတို့သိရသည့်အခါ သူတို့၏ ပြုမူဆောင်ရွက်မှုများထဲတွင် သူတို့၏ ဇာတိပကတိဆိုင်ရာ ဦးစားပေးမှုများကို မရမက တောင်းဆိုတတ်ကြသည်။ ထို့ကြောင့် အသက်တာ၌ ၎င်းတို့၏ကိုယ်ပိုင် တိုးတက်မှုကို ဟန့်တားပြီး ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းပြုပြီးနောက်မှာပင်လျှင် သူတို့က ဇာတိပကတိကို အလေးပြုလိုကြသေးသည်။ ဤသို့ပြုခြင်းအားဖြင့် အပြစ်များကို တမင်တကာ ကျူးလွန်နေကြသည် မဟုတ်လော။ ဇာတိပကတိ၏ သာယာမှုများကို တပ်မက်ပြီး ငွေကိုတောင့်တလျက် ဘုရားသခင်ထံ ဆုတောင်းတတ်သည့် သူများကဲ့သို့ “ဘုရားသခင်။ အကျွန်ုပ်ကို ဇာတိပကတိ၏ သာယာမှုများကို တပ်မက်ရန်နှင့် ကြွယ်ဝချမ်းသာမှုများကို တပ်မက်ရန် သင်အခွင့်ပေးမည်လော။ ငွေကို ဤနည်းဖြင့်ရှာခြင်းမှာ ကျွန်ုပ်အတွက် ကိုယ်တော်၏အလိုတော် ဖြစ်သလော” ဟု ဆိုလျက် ဘုရားသခင်ထံ ဆုတောင်းတတ်ကြသည်။ ဤသည်မှာ ဆုတောင်းရန် သင့်လျော်သော နည်းလမ်းတစ်ခု ဖြစ်သလော။ ဘုရားသခင်သည် ဤအရာများ၌ နှစ်သိမ့်ကျေနပ်မှု မရှိကြောင်းနှင့် ၎င်းတို့ကို သူတို့ လက်လျှော့သင့်သော်လည်း သူတို့၏ စိတ်နှလုံးများထဲတွင် သူတို့ ဆုပ်ကိုင်ထားသည့် အရာများမှာ အဆုံးအဖြတ်ပေးခြင်း ခံထားရပြီဖြစ်ကာ၊ ၎င်းတို့သည် ဆုတောင်း၍ ရှာဖွေသည့်အခါ သူတို့ကို ဤနည်းဖြင့်ပြုခွင့်ပေးဖို့ ဘုရားသခင်အား သူတို့ အတင်းအကျပ်ခိုင်းရန် ကြိုးစားနေကြောင်းကို ဤသို့ပြုတတ်ကြသည့် လူတို့က အပြည့်အဝ ကောင်းစွာ သိနားလည်ကြလေသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်က အတည်ပြုထောက်ခံပေးဖို့ တစ်စုံတစ်ခုပြောရန်ပင် သူတို့ တောင်းဆိုကောင်းတောင်းဆိုနိုင်သည်- ဤသည်မှာ ခုခံပုန်ကန်ခြင်းဟု ခေါ်သည့်အရာပင် ဖြစ်သည်။ အသင်းတော်မှ ညီအစ်ကိုများနှင့် မောင်နှမများကို ၎င်းတို့ဘက်သို့ ခေါ်ဆောင်ကာ ၎င်းတို့၏ကိုယ်ပိုင် လွတ်လပ်သော နိုင်ငံတော်များကို တည်ထောင်သူများလည်း ရှိသည်။ ဤလုပ်ရပ်များက ဘုရားသခင်ကို အာခံကြောင်း သင် ကောင်းစွာသိသော်လည်း ဤကဲ့သို့သော တစ်စုံတစ်ခုကို ပြုလုပ်ရန် သင်စိတ်ပိုင်းဖြတ်ထားသည်နှင့် တစ်ပြိုင်နက် သင်သည် တည်ငြိမ်ပြီး မဆုတ်မနစ်ဖြစ်ကာ ဘုရားသခင်ကို ရှာဖွေရန်နှင့် ဆုတောင်းရန် ဆက်၍သွားကြသေးသည်။ သင်သည် အရှက်မရှိ မျက်နှာပြောင်တိုက်လိုက်လေခြင်း။ လောကီအရာများ ချန်ထားခြင်းနှင့်ပတ်သက်၍ ဤအရာကို ယခင်က ပြောထားသည်မှာ ကြာလှပြီဖြစ်သည်။ ဘုရားသခင်သည် လောကီအရာများကို မုန်းတီးစက်ဆုပ်သည်ကို ရှင်းရှင်းလင်းလင်းသိသောသူ အချို့ရှိသော်လည်း “အို ဘုရားသခင်။ ကိုယ်တော်သည် ကျွန်ုပ်အား လောကီအရာများကို လက်ခံသဘောတူစေမည် မဟုတ်ကြောင်း ကျွန်ုပ်နားလည်ပါသည်။ သို့သော် ကိုယ်တော်၏ နာမတော်အပေါ် အရှက်တရား မကျရောက်ရန်အလို့ငှာ ကျွန်ုပ် ဤအရာကို ပြုလုပ်ပါသည်။ လောကီလူသားတို့သည် အကျွန်ုပ်အထဲ၌ ကိုယ်တော်၏ဘုန်းတော်ကို မြင်တွေ့နိုင်ရန်အလို့ငှာ ကျွန်ုပ် ယင်းကို ပြုလုပ်ခြင်းဖြစ်ပါသည်။” ဟု ဆုတောင်းကြသေးသည်။ ဤသည်မှာ အဘယ်သို့သော ဆုတောင်းခြင်းမျိုးနည်း။ သင်တို့ ပြောပြနိုင်သလော။ ယင်းမှာ ဘုရားသခင်ကို အကျပ်ကိုင်ပြီး ဖိအားပေးရန် ရည်ရွယ်သည့် ဆုတောင်းချက်ဖြစ်သည်။ ဤနည်းအတိုင်း ဆုတောင်းခြင်းကို သင် မရှက်သလော။ ဤအတိုင်း ဆုတောင်းသည့်လူတို့သည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်ပြီး ဤဆုတောင်းချက်မျိုးမှာ လုံးလုံးလျားလျား သံသယဖြစ်စရာ အကြောင်းရင်းများကိစ္စပင် ဖြစ်သည်။ ယင်းမှာ အမှန်တကယ်ပင် ဆိုးယုတ်သော စိတ်သဘောထား၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အထူးသဖြင့် သူ၏ အလိုတော်၊ သူ၏ စိတ်နေသဘောထားနှင့် ခြားနားသော လူအမျိုးအစားတို့အား သူဆက်ဆံပုံတို့နှင့်စပ်လျဉ်း၍ မိန့်မြွက်သည့်အရာများမှာ ရှင်းလင်းပြတ်သားပါသည်။ အကယ်၍ သမ္မာတရားကို သင်နားမလည်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပို၍ဖတ်ရှုသင့်သည်၊ ဤသို့ပြုလုပ်ခြင်း၏ ရလဒ်မှာ ကျိုးကြောင်းမဆင်ခြင်ဘဲ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းထက် များစွာပိုကောင်း၏။ ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ပိုမိုဖတ်ရှုခြင်းနှင့် သမ္မာတရားအပေါ် မိဿဟာယပြုခြင်းတို့ကို အစားထိုးသင့်သည့် သာဓကများ မြောက်မြားစွာရှိသည်။ သင်၏ ပုံမှန်ဆုတောင်းချက်များထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဆင်ခြင်ပြီး သင့်ကိုယ်သင် ပိုမိုသိကျွမ်းသင့်သည်။ ဤသည်မှာ အသက်တာ၌ သင်၏တိုးတက်မှုအတွက် ပို၍အကျိုးပြုသည်။ အကယ်၍ ယခု သင်သည် သင်၏မျက်လုံးများကို ကောင်းကင်သို့ မော့ကြည့်လျက် ရှာဖွေနေသေးပါက သင်သည် မရေရာသော ဘုရားသခင်ကို ယုံကြည်နေသေးကြောင်း ယင်းက ပြသသည် မဟုတ်လော။ သင် ယခင်က သင်၏ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းမှ ရလဒ်များကို မြင်ခဲ့ရပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ဝိညာဉ်ကို အတော်အတန် စေ့ဆော်ခဲ့သည်မှာ ထိုအချိန်က ကျေးဇူးတော်ခေတ် ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မမြင်နိုင်ခဲ့သောကြောင့် သင်၏ ရှေ့ဆက်ရမည့်လမ်းကို စမ်းပြီး ထိုလမ်းကို ရှာဖွေရန်မှအပ သင်၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ယခုအခါ ဘုရားသခင်သည် လူတို့အကြား ကြွလာပြီဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီးဖြစ်ကာ သင်သည် ဘုရားသခင်ကို မြင်တွေ့ပြီဖြစ်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ယခင်က သူပြုခဲ့သည့်အတိုင်း အမှုမပြုတော့ပေ။ ခေတ်ကာလ ပြောင်းလဲခဲ့ပြီဖြစ်သည့်နည်းတူ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုသည့် နည်းလမ်းလည်း ပြောင်းလဲခဲ့လေပြီ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ ရှိပြီဖြစ်သောကြောင့် လူတို့သည် ယခင်ကလောက် ဆုတောင်းလိမ့်မည်မဟုတ်သော်လည်း၊ ယခုအခါ လူသည် ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးတစ်ခု ရှိသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ချစ်သောခေတ်ကာလထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်၍ ၎င်းတို့အတွင်း၌ ဘုရားသခင်နှင့် ပုံမှန်အားဖြင့် နီးစပ်နိုင်လေသည်- “အို ဘုရားသခင်။ ကိုယ်တော်သည် အမှန်တကယ်ပင် အလွန်ကောင်းမြတ်ပြီး ကိုယ်တော့်ကို အကျွန်ုပ် ချစ်လိုသည်။” လူတို့၏စိတ်နှလုံးအတွင်း၌ ရှင်းလင်းပြီး ရိုးရှင်းသော စကားလုံးအနည်းငယ်သည် ဘုရားသခင်အားချစ်ခြင်းကို ဖွင့်ဟသည်။ ဤဆုတောင်းချက်သည် လူသားနှင့် ဘုရားသခင်အကြားရှိ ချစ်ခြင်းမေတ္တာကို ပို၍နက်ရှိုင်းစေရန်အလို့ငှာ တောင်းခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ပုန်ကန်မှုအနည်းငယ်ကို သင်ကိုယ်တိုင် ပြသနေကြောင်း သင်မြင်ပြီး- “အို ဘုရားသခင်။ ကျွန်ုပ်သည် အဘယ်ကြောင့် အလွန် ဖောက်ပြန်ပျက်စီးရသနည်း” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် မိမိကိုယ်ကိုယ် ထုရိုက်ရန် ပြင်းပြသောဆန္ဒကို အကြိမ်အနည်းငယ် ခံစားပြီး မျက်လုံးထဲတွင်မျက်ရည်များ ပြည့်လျှံလာတတ်သည်။ ထိုကဲ့သို့သော အချိန်များတွင် သင်၏စိတ်နှလုံးထဲ၌ ဝမ်းနည်းခြင်းနှင့် သောကကို ခံစားရသော်လည်း ဤခံစားချက်များကို ဖော်ပြရန် သင်၌ နည်းလမ်းမရှိပေ။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအမှု ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအမှု ဖြစ်သော်လည်း ဤအရာမှာ အသက်ကို ရှာဖွေသောသူများသာ ရနိုင်သောအရာ တစ်စုံတစ်ခု ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင်၌ ကြီးမားသော ချစ်ခြင်းမေတ္တာ ရှိပြီး၊ သင့်ထံတွင် အထူးခံစားချက်တစ်ခု ရှိသည်ဟု သင်တို့ ခံစားရသည်။ သင့်ထံတွင် ဆုတောင်းရန် ရှင်းလင်းသော စကားများ မရှိသော်ငြားလည်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှာ ပင်လယ်သမျှ နက်ရှိုင်းသည်ဟု သင်အမြဲခံစားရသည်။ ဤဖြစ်တည်မှု အခြေအနေကို ဖော်ပြရန် သင့်တော်သည့် စကားများမရှိဘဲ၊ ဤသည်မှာ ဝိညာဉ်ထဲတွင် မကြာခဏ ဖြစ်ပေါ်သော အခြေအနေတစ်ခု ဖြစ်သည်။ ဘုရားသခင်ထံ သာ၍နီးရန် ရည်ရွယ်ချက်များဖြင့် သင်တို့၏ စိတ်နှလုံးအတွင်း ဤကဲ့သို့ ဆုတောင်းချက်နှင့် မိတ်သဟာယဖွဲ့ခြင်းမှာ သာမန် ဖြစ်သည်။

လူတို့သည် စမ်းတဝါးဝါးလုပ်ပြီး ရှာဖွေခဲ့ရသည့်အချိန်မှာ ယခုတွင် ကုန်လွန်သွားပြီး ၎င်းက သူတို့အနေဖြင့် ဆုတောင်းရန်နှင့် ရှာဖွေရန် မလိုတော့ပါဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် ၎င်းမှာ အမှုကို ဆက်၍မလုပ်မီ ဘုရားသခင်၏အလိုတော်သည် သူ့ဘာသာသူ ထုတ်ဖော်ရန် လူတို့က စောင့်ဆိုင်းရန် မလိုသည့် အကြောင်းအရာလည်း မဟုတ်ပေ၊ ဤအရာများမှာ လူသား၏ တလွဲနားလည်မှုများသာ ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်အတူ နေထိုင်ရန်၊ လူတို့၏ အလင်း၊ လူတို့၏အသက်နှင့် လူတို့၏လမ်းခရီး ဖြစ်ရန် ၎င်းတို့အကြား ကြွလာခဲ့ပြီး- ဤအရာမှာ အမှန်တရားဖြစ်သည်။ ဟုတ်ပါသည်၊ ကမ္ဘာမြေကြီးသို့ ဘုရားသခင်ကြွလာခြင်းတွင် လူသားမျိုးနွယ်ထံ ၎င်းတို့မွေ့လျော်ရန်အတွက် ၎င်းတို့၏ဝိညာဉ်အသက်တာနှင့် ကိုက်ညီသည့် လက်တွေ့ကျသောလမ်းနှင့် အသက်ကို ဧကန်မုချ ယူဆောင်လာသည်၊ သူသည် လူသား၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများအားလုံးကို ဖျက်ဆီးရန် ကြွလာခဲ့ခြင်းမဟုတ်ပေ။ လူသားသည် စမ်းတဝါးဝါးသွားခြင်းနှင့် ရှာဖွေခြင်းအားဖြင့် အသက်မရှင်တော့သည့်အကြောင်းမှာ ဤအရာများသည် အမှုပြုရန်နှင့် သူ၏နှုတ်ကပတ်တော်ကို မိန့်ဆိုရန် ကမ္ဘာမြေကြီးသို့ ဘုရားသခင်၏ ကြွလာခြင်းအားဖြင့် အစားထိုးခဲ့ပြီးသောကြောင့် ဖြစ်သည်။ သူသည် လူသားကို သူတို့နေထိုင်လာနေသည့် မထင်ပေါ်ခြင်းနှင့် အမှောင်ထု၏ အသက်တာမှ လွတ်မြောက်စေရန်နှင့် အလင်းနှင့်ပြည့်ဝသော အသက်ကို ရရှိစေနိုင်ရန် ကြွလာခဲ့ခြင်းဖြစ်သည်။ လက်ရှိအမှုမှာ အမှုအရာများကို ရှင်းလင်းစွာ ညွှန်ပြရန်၊ ရှင်းလင်းစွာပြောရန်၊ တိုက်ရိုက်အကြောင်းကြားရန်နှင့် အမှုအရာများကို အတိအလင်း ပြဋ္ဌာန်းရန် ဖြစ်သောကြောင့်၊ ယေဟောဝါဘုရားသခင်သည် အစ္စရေးလူများကို ဦးဆောင်ခဲ့ပြီး ၎င်းတို့အား မည်ကဲ့သို့ ယဇ်ပူဇော်ပုံနှင့် ဗိမာန်တော် မည်ကဲ့သို့ တည်ဆောက်ပုံကို ပြောပြသကဲ့သို့ပင်၊ လူတို့သည် ဤအရာများကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် သခင်ယေရှု ထွက်ခွာခဲ့ပြီးနောက် သင်ပြုခဲ့သည့်နည်းတူ အပူတပြင်းရှာဖွေသော အသက်တာဖြင့် အသက်ရှင်ရန် မလိုအပ်တော့ပေ။ သင်တို့သည် အနာဂတ်တွင် ဧဝံဂလိတရားကို ဖြန့်ဝေခြင်းအမှုတစ်လျှောက်လုံး သင်တို့၏ လမ်းကို စမ်းလျှောက်သင့်သလော။ အသက်ရှင်ရန် သင့်လျော်သောလမ်းကို တွေ့ရှိရန်ကြိုးစားရင်း သင်တို့ စမ်းတဝါးဝါးလုပ်သင့်သလော။ သင်တို့၏ ကိုယ်ပိုင်တာဝန်များအား မည်ကဲ့သို့ ထမ်းဆောင်သင့်ပုံကို သိနားလည်ရန်အတွက် သင်တို့သည် လိုက်စမ်းရမည်လော။ သင်တို့သည် မည်ကဲ့သို့ သက်သေခံသင့်ကြောင်းကို သိရန်အလို့ငှာ သင်တို့အနေဖြင့်မြေပေါ်၌ သင်တို့ကိုယ်ကို ပျပ်ဝပ်လျက် ရှာဖွေရန် လိုအပ်သလော။ သင်တို့ မည်ကဲ့သို့ ဝတ်ဆင်သင့်ပုံ သို့မဟုတ် အသက်ရှင်သင့်ပုံကိုသိရန် သင်တို့အနေဖြင့် အစာရှောင်ရန်နှင့် ဆုတောင်းရန် လိုအပ်သလော။ သင်တို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို မည်ကဲ့သို့ လက်ခံသင့်ကြောင်းကို သိရန် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ သင်တို့အနေဖြင့် အစဉ်မပြတ် ဆုတောင်းရန် လိုအပ်သလော။ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံသင့်ကြောင်းကို သိရန် သင်တို့အနေဖြင့် နေရောညပါ မရပ်မနား ဆုတောင်းရန် လိုအပ်သလော။ သင်တို့ နားမလည်ကြသောကြောင့် သင်တို့သည် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ပြောသောသူများမှာ သင်တို့အထဲတွင် များစွာရှိသည်။ လူတို့သည် မျက်မှောက်ခေတ် ဘုရားသခင်၏အမှုကို အမှန်တကယ်ပင် အာရုံစိုက်မနေကြပါတကား။ နှုတ်ကပတ်တော်များစွာကို ငါပြောပြီးသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းတို့ကို ဖတ်ရှုခြင်းအတွက် အာရုံစိုက်ခြင်းစိုးစဉ်မျှ သင်တို့ လုံးဝမပေးခဲ့သောကြောင့် လက်တွေ့လုပ်ဆောင်ပုံကို သင်တို့ မသိကြသည်မှာ အံ့သြစရာမရှိပါ။ ယနေ့ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဝမ်းမြောက်ခြင်းကို ခံစားခွင့်ရစေရန် လူတို့ကို ဆက်၍ စေ့ဆော်ပေးပြီး သူသည် လူသားနှင့် အတူအကွ နေထိုင်သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ ဤသည်မှာ သင်၏အသက်တာတွင် မကြာခဏ ဖြစ်ပေါ်တတ်သော အထူးတလည် နှစ်လိုဖွယ်ကောင်းသော ထိုက ခံစားချက်များ ဖြစ်သည်။ ရံဖန်ရံခါ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရပြီး သင်သည် ဘုရားသခင်ထံ- “အို ဘုရားသခင်။ ကိုယ်တော်၏ချစ်ခြင်းမှာ အလွန်လှပပြီး ကိုယ်တော်၏ ရုပ်လွှာမှာ အလွန်ကြီးမြတ်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် သာ၍ နက်ရှိုင်းစွာ ချစ်လိုပါသည်။ ကျွန်ုပ်၏ အသက်တာတစ်ခုလုံးကို အသုံးပြုရန်အတွက် ကျွန်ုပ်ဖြစ်တည်သမျှကို ဆက်ကပ်ရန် အလိုရှိပါသည်။ ကိုယ်တော့်အဖို့ ဖြစ်နေသရွေ့၊ ဤသို့ပြလုပ်ရာတွင် ကိုယ်တော်ကို ကျွန်ုပ်ချစ်နိုင်စွမ်းရှိသရွေ့...အရာခပ်သိမ်းကို ကိုယ်တော့်ထံ ကျွန်ုပ်ဆက်ကပ်ပါမည်။” ဟု ဆုမတောင်းဘဲ မနေနိုင်သည့် နေ့ရက်တစ်ရက် ရောက်လာတတ်သည်။ ဤသည်မှာ သင့်ကို သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်သော ဝမ်းမြောက်ခြင်း ခံစားချက်တစ်ခု ဖြစ်သည်။ ၎င်းမှာ ဉာဏ်ပွင့်ခြင်း မဟုတ်သည့်အပြင် အလင်းပေးခြင်းလည်း မဟုတ်ပေ၊ ၎င်းမှာ စေ့ဆော်ခံရခြင်း၏ အတွေ့အကြုံပင် ဖြစ်သည်။ ဤအရာနှင့် တူညီသည့် အတွေ့အကြုံများမှာ မကြာခဏ ဖြစ်ပျက်တတ်သည်- တစ်ခါတစ်ရံ သင် အလုပ်သို့ သွားသောလမ်းပေါ်၌ ရှိသောအခါ သင်သည် ဆုတောင်းပြီး ဘုရားသခင်နှင့် နီးလာမည်ဖြစ်ပြီး သင်သည် စေ့ဆော်ခံရမည် ဖြစ်သဖြင့် သင်၏မျက်နှာကို မျက်ရည်များက ရွဲစိုစေပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုဟူသမျှ သင်ဆုံးရှုံးလိမ့်မည် ဖြစ်သည့်အပြင် သင်၏စိတ်နှလုံးထဲမှ စိတ်အားထက်သန်မှုအားလုံးကို သင်ဖော်ပြနိုင်သည့် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို ရှာဖို့ရန် သင်လိုလားတောင့်တလိမ့်မည်။...သင်သည် လူပုံလယ်တစ်နေရာ၌ ရှိနေသောအခါ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မြောက်မြားစွာကို သင်ခံစားရမည်ဖြစ်ပြီး၊ သင်၏ကုသိုလ်ကံမှာ သာမန်ထက် လုံးဝမဟုတ်ကြောင်းနှင့် ထို့ထက်ပို၍ပင် သင်သည် အခြားသူများထက် အဓိပ္ပာယ်ပိုရှိသော အသက်တာကို နေထိုင်နေကြောင်း သင် ခံစားရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ပြီဖြစ်ကြောင်းနှင့် ဤသည်မှာ သင့်အတွက် ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို သင် နက်နက်နဲနဲ သိလိမ့်မည်။ စိတ်နှလုံးထဲမှ အနက်ရှိုင်းဆုံးနေရာ၌ လူသားအနေဖြင့် ဖော်ပြ၍မရသော၊ ဉာဏ်မမီနိုင်သော ဘုရားသခင့်အပေါ် ချစ်ခြင်းမေတ္တာတစ်မျိုး ရှိကြောင်းကို သင်ခံစားရလိမ့်မည်၊ သင်သည် ၎င်းကို သိသော်လည်း ဖော်ပြရန် နည်းလမ်းမရှိသကဲ့သို့ဖြစ်၍ သင့်ကို အမြဲတမ်း အလေးအနက် စဉ်းစားစေသော်လည်း ၎င်းကို လုံးလုံးလျားလျား ဖော်ပြခြင်းငှာ တတ်နိုင်စွမ်းမရှိ ဖြစ်စေသည်။ ဤကဲ့သို့သော အချိန်များတွင်- သင်သည် မည်သည့်နေရာ၌ ရှိသည်ကိုပင် မေ့လျော့ကာ- “အို ဘုရားသခင်။ ကိုယ်တော်သည် နားလည်ရန် အလွန်ခက်ခဲကာ အလွန်လည်း ချစ်မြတ်နိုးဖွယ်ကောင်းပေသည်” ဟူ၍ သင် အော်ပြောမိလိမ့်မည်။ ဤအရာက လူတို့ကို အကြံအိုက်စေမည်ဖြစ်သော်လည်း ဤကဲ့သို့သော အရာများအားလုံးမှာ အတော်ပင် မကြာခဏ ဖြစ်ပျက်တတ်လေသည်။ သင်တို့သည် ဤအရာမျိုးကို ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးဖြစ်သည်။ ဤသည်မှာ ယနေ့ သင့်ကို သန့်ရှင်းသောဝိညာဉ်တော် ပေးခဲ့ပြီးသောအသက်တာဖြစ်ပြီး သင် ယခု နေထိုင်ရှင်သန်သင့်သော အသက်တာပင် ဖြစ်သည်။ ၎င်းမှာ သင်တို့အား အသက်တာ ရှင်သန်ခြင်းမှ ရပ်တန့်ရန် မဟုတ်ဘဲ သင်အသက်ရှင်သော ပုံစံ ပြောင်းလဲခြင်းဖြစ်သည်။ ၎င်းမှာ ထုတ်ဖော်ပြောပြ၍ သို့မဟုတ် ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခုဖြစ်သည်။ ၎င်းမှာ လူသား၏ စစ်မှန်သောခံစားချက်လည်း ဖြစ်၍၊ ထို့ထက်ပို၍ ၎င်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုပင်ဖြစ်သည်။ သင်၏စိတ်နှလုံးထဲ၌ ၎င်းကို သင် နားလည်ကောင်းနားလည်မည်ဖြစ်သော်လည်း မည်သူ့ကိုမျှ ၎င်းကို ရှင်းရှင်းလင်းလင်း ဖော်ပြရန်နည်းလမ်း သင်၌မရှိပေ။ ဤသည်မှာ သင်သည် စကားပြောနှေး၍ သို့မဟုတ် သင် စကားထစ်သောကြောင့် မဟုတ်ဘဲ ၎င်းမှာ စကားလုံးများဖြင့် ထုတ်ဖော်ပြောပြ၍ မရနိုင်သော ခံစားချက်တစ်မျိုး ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာများကို ယနေ့ သင့်အား မွေ့လျော်ခံစားခွင့်ပေးထားသည်ဖြစ်ပြီး ဤအရာသည် သင်အသက်ရှင်နေသင့်သော အသက်တာပင်ဖြစ်သည်။ ဟုတ်ပါသည်၊ သင်အသက်တာ၏ အခြားကဏ္ဍများမှာ အဓိပ္ပာယ်မဲ့သည်မဟုတ်ဘဲ ၎င်းမှာ ဤသို့ စေ့ဆော်ခြင်းကိုခံရသည့် အတွေ့အကြုံသည် သင်၏အသက်တာထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ထံမှ ထိုသို့သောအတွေ့အကြုံများကို သင့်အား အစဉ်ခံစားစေလိုသည့် ဝမ်းမြောက်ခြင်းတစ်မျိုး ဖြစ်လာသည်။ သို့သော်လည်း ဤနည်းဖြင့် စေ့ဆော်ခံရခြင်းသည် သင့်အနေဖြင့် ဇာတိပကတိကို ကျော်လွန်ပြီး တတိယကောင်းကင်ဘုံသို့ သွားခြင်း သို့မဟုတ် ကမ္ဘာမြေအနှံ့ ခရီးထွက်နိုင်ကောင်း ထွက်နိုင်ရန်အလို့ငှာ ဖြစ်ပျက်ခြင်းမဟုတ်ကြောင်းကို သင် နားလည်သင့်သည်။ ထို့ထက် သင် ယနေ့ ခံစားပျော်မွေ့သည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင် ခံစားမြည်းစမ်းရန်၊ ယနေ့တွင် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို တွေ့ကြုံရန်နှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုကို သင့်ကိုယ်သင် ပြန်လည်ရင်းနှီးသိကျွမ်းရန်ပင် ဖြစ်လေသည်။ ဤအရာများအားလုံးမှာ သင့်အနေဖြင့် ဘုရားသခင် ယနေ့ပြုသော အမှုအပေါ် ပိုမိုကြီးမားသော သိနားလည်ခြင်း ရရှိလာစေရန်အတွက် ဖြစ်သည်၊ ဤသည်မှာ ဤအမှုကိုပြုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်ပင်ဖြစ်သည်။

ရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားခြင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းမတိုင်မီက ဘဝအသွင် ဖြစ်ခဲ့သည်။ ထိုအချိန်က လူတို့သည် ဘုရားသခင်ကို မမြင်နိုင်ခဲ့ကြသဖြင့် ရှာဖွေပြီး စမ်းတဝါးဝါးသွားရန်မှအပ ရွေးချယ်စရာ မရှိခဲ့ကြပေ။ ယနေ့တွင် သင်သည် ဘုရားသခင်ကို မြင်ရပြီဖြစ်ပြီး သင် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်ကြောင်းကို တိုက်ရိုက် ပြောပြလေသည်။ ဤသည်မှာ သင့်အနေဖြင့် စမ်းတဝါးဝါးသွားရန် သို့မဟုတ် ရှာဖွေရန် နောက်ထပ်မလိုတော့ခြင်း အကြောင်းရင်းဖြစ်သည်။ သူ လူသားကိုဦးဆောင်သော လမ်းကြောင်းမှာ သမ္မာတရားလမ်းဖြစ်ပြီး လူသားကို သူပြောသောအရာများနှင့် လူသားလက်ခံရရှိသော အရာများမှာ အသက်နှင့် သမ္မာတရားဖြစ်သည်။ သင်၌ လမ်းခရီးနှင့် အသက် သမ္မာတရား ရှိသောကြောင့် နေရာအနှံ့ သွား၍ရှာဖွေရန် အဘယ်လိုအပ်ချက် ရှိသနည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် အမှု၏အဆင့်နှစ်ဆင့်ကို တစ်ပြိုင်နက်တည်း ပြုလိမ့်မည်မဟုတ်ပေ။ အကယ်၍ ငါ၏ နှုတ်ကပတ်တော်ကို ငါပြောဆိုပြီးသည့်ခါ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဂရုတစိုက် မစားသောက်သည့်အပြင် သမ္မာတရားကို မှန်မှန်ကန်ကန် မလိုက်လျှောက်ဘဲ၊ ကျေးဇူးတော်ခေတ်ထဲတွင် သူတို့ပြုခဲ့သည့်အတိုင်း ပြုမူနေသေးကာ၊ သူတို့သည် မျက်ကန်းသကဲ့သို့ စမ်းတဝါးဝါးသွားကာ၊ အစဉ်မပြတ် ဆုတောင်းရှာဖွေနေပါက ယင်းသည် နှုတ်ကပတ်တော်များဆိုင်ရာ အလုပ်ဖြစ်သော ငါ့အလုပ်၏ ဤအဆင့်မှာ အချည်းနှီးပြုခဲ့ခြင်းဖြစ်ကြောင်း ဆိုလိုလိမ့်မည်မဟုတ်လော။ ငါသည် ငါ၏နှုတ်ကပတ်တော်ကို ပြောကောင်းပြောပြီးမည် ဖြစ်သော်လည်း လူတို့သည် အလျှင်းနားမလည်ကြသေးဘဲ၊ ဤသည်မှာ ၎င်းတို့၌ အစွမ်းအစ ကင်းမဲ့နေသောကြောင့်ပင် ဖြစ်သည်။ အသင်းတော်အသက်တာနှင့် တစ်ဦးနှင့်တစ်ဦး မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်ပါသည်။ ယခင်က ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သော်လည်း နှုတ်ကပတ်တော်များဆိုင်ရာ အမှုကို မပြုလုပ်ခဲ့ပေ၊ ယင်းမှာ ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုကိုထိန်းသိမ်းရန်အတွက် ထိုနည်းဖြင့် အမှုပြုခဲ့ခြင်း အကြောင်းရင်းဖြစ်သည်။ ထိုအချိန်က အဓိကအားဖြင့် အမှုပြုခဲ့သူမှာ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်ခဲ့သော်လည်း ယခုအခါ အမှုပြုနေသူမှာ လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှု၏ နေရာကို အစားထိုးပြီဖြစ်သည်။ ယခင်က လူတို့ မကြာခဏ ဆုတောင်းသရွေ့ ၎င်းတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံခဲ့ကြသည်၊ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းလည်း ရှိခဲ့သည်။ ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ယခုအခါ ဤအခြေအနေများမှာ ရှားပါးပြီဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခေတ်ကာလတစ်ခုခုတွင် အမှုတစ်မျိုးကိုသာ ပြုနိုင်သည်။ အကယ်၍ သူသည် အမှုနှစ်မျိုးကို တစ်ပြိုင်နက်တည်း ပြုခဲ့ပြီး ဇာတိပကတိက တစ်မျိုးကိုပြု၍ သန့်ရှင်းသောဝိညာဉ်တော်က လူတို့အတွင်း အခြားတစ်မျိုးကို ပြုမည်ဆိုပါက၊ ထို့ပြင် အကယ်၍ ဇာတိပကတိ ပြောသောအရာမှာ အတည်မဖြစ်ခဲ့ဘဲ ဝိညာဉ်တော် ပြောသောအရာသာ အတည်ဖြစ်ခဲ့သည်ဆိုပါက ခရစ်တော်၌ ပြောစရာ မည်သည့် သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက် ရှိခဲ့လိမ့်မည်မဟုတ်ပေ။ ဤအရာသည် ရှေ့နောက်မညီခြင်းတစ်ခု ဖြစ်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဤကဲ့သို့ အမှုပြုနိုင်မည်လော။ ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး ခပ်သိမ်းသော ဉာဏ်ပညာရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်သည်၊ ထို့ပြင် သူသည် မည်သည့်အမှားကိုမျှ လုံးဝပြုလုပ်လိမ့်မည် မဟုတ်ပေ။

လူတို့၏ အတိတ်က အတွေ့အကြုံများထဲတွင် များစွာသော လမ်းလွဲမှုများနှင့် အမှားများ ရှိခဲ့သည်။ သာမန်လူ့သဘာဝရှိသော လူများ၌ ရရှိရန် သို့မဟုတ် ပြုလုပ်ရန် အလားအလာရှိခဲ့သော အရာအချို့တို့ ရှိခဲ့သည်၊ သို့မဟုတ် လူ့ဘဝတွင် ရှောင်လွှဲရန်ခက်သည့် အမှားများရှိခဲ့ပြီး ဤအရာများကို ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့မိသည့်အခါ လူတို့သည် ယင်းအတွက် တာဝန်ကို ဘုရားသခင့်အပေါ် ထားရှိခဲ့ကြသည်။ မိမိနေအိမ်၌ ဧည့်သည်များကို လက်ခံခဲ့သော ညီအစ်မတစ်ဦး ရှိခဲ့သည်။ သူမပေါင်းခဲ့သော ဘန်းမုန့်များမှာ ကောင်းစွာ မပေါင်းထားသဖြင့် သူမက- “ဤအရာသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်၏ ဂုဏ်မောက်သောစိတ်နှလုံးကို နောက်ထပ် ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်သည်။ ကျွန်ုပ်၏ ဘဝင်မြင့်ခြင်းမှာ အလွန်ပြင်းထန်လှသည်” ဟု စဉ်းစားခဲ့သည်။ အမှန်မှာ လူတို့၏ သာမန် တွေးပုံတွေးနည်းနှင့် စပ်လျဉ်း၍ ဧည့်သည်များ ရောက်လာသောအခါ သင်ပြုလုပ်နေသမျှတွင် ပရမ်းပတာဖြစ်လျက် စိတ်လှုပ်ရှားပြီး အလောတကြီး လုပ်တတ်သဖြင့် ထမင်းတူးလျှင်တူး၊ မတူးလျှင် ဟင်းများ အလွန်ဆားငန်သွားရခြင်းမှာ ထုံးစံအတိုင်းပင် ဖြစ်လေသည်။ ဤသည်မှာ အလွန်အမင်း စိတ်လှုပ်ရှားရာမှ ဖြစ်ပေါ်ခြင်း ဖြစ်သော်လည်း လူတို့က “ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း” ဖြစ်သည်ဟု ၎င်းကိုခန့်မှန်းရင်း အဆုံးသတ်ကြသည်။ အမှန်အားဖြင့် ဤအရာများအားလုံးမှာ လူ့ဘဝထဲတွင် ဖြစ်ပေါ်စေတတ်သည့် အမှားများသာလျှင် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက ဤအရာမျိုးကို သင်လည်း ကြုံတွေ့မိလိမ့်မည်မဟုတ်လော။ ဖြစ်ပျက်တတ်သော ပြဿနာများမှာ မကြာခဏပင် လူတို့ ဖြစ်ပေါ်စေသော အမှားများ၏ ရလဒ်ပင်ဖြစ်သည်၊ ထိုကဲ့သို့သော အမှားများမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကိစ္စ မဟုတ်ပါချေ။ ထိုကဲ့သို့သော အမှားများမှာ ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ သင် အစာစားသည့်အခါ သင်၏လျှာကို သင် ကိုက်မိသကဲ့သို့ပင် ထိုအရာမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်နိုင်သလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းတွင် ကိုယ်ပိုင်မူများရှိပြီး ပုန်ကန်ပြစ်မှားမှုကို သင်သိလျက်နှင့် ကျူးလွန်သောအချိန်တွင် အများအားဖြင့် မြင်တွေ့ရသည်။ ဘုရားသခင်၏နာမတော် ပါဝင်၍ သို့မဟုတ် သူ၏သက်သေခံချက် သို့မဟုတ် အမှုနှင့်သက်ဆိုင်၍သာ သူသည် သင်တို့ကို ဆုံးမပဲ့ပြင်လိမ့်မည်ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြုသောအရာများအပေါ် စိတ်အတွင်းပိုင်းဆိုင်ရာ အသိအမြင်ပွင့်ခြင်း ရရှိသည်အထိ ယခုအခါ သမ္မာတရားကို အလုံအလောက် နားလည်ကြသည်။ ဥပမာအားဖြင့်၊ အကယ်၍ သင်သည် အသင်းတော်ငွေကို အလွဲသုံးစားလုပ်ပါက သို့မဟုတ် မဆင်မခြင် သုံးစွဲပါက သင် မည်သည့်အရာကိုမျှ တကယ့်ကို ခံစားနိုင်ခြင်းမရှိသလော။ ထိုသို့ပြုလုပ်သည့်အခါ တစ်စုံတစ်ရာကို သင် ခံစားရမည်ဖြစ်သည်။ ထိုလုပ်ဆောင်ချက်ကို လုပ်ပြီးသောအခါမှသာ တစ်စုံတစ်ရာကို ခံစားရခြင်းမှာ မဖြစ်နိုင်ပေ။ သင်၏သြတ္တပ္ပစိတ်ကို ဆန့်ကျင်၍ သင်ပြုသော အမှုအရာများအကြောင်းကို သင်၏စိတ်နှလုံးထဲတွင် သင် ရှင်းလင်းစွာသိသည်။ လူတို့သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးပုံကို ရှင်းရှင်းလင်းလင်း သိသော်လည်း သူတို့၌ မိမိကိုယ်ပိုင်အကြိုက်များနှင့် ဦးစားပေးမှုများ ရှိသောကြောင့် ၎င်းတို့သည် တကယ့်ကို သူတို့ကိုယ်သူတို့ အလိုလိုက်ကြသည်။ ဤအတိုင်းဆိုလျှင် ၎င်းတို့သည် တစ်စုံတစ်ခုပြုလုပ်ပြီးသည့်အခါ သိသာသော အပြစ်တင်ခြင်းကို မခံစားရပါ သို့မဟုတ် မြင်သာသော ဆုံးမပဲ့ပြင်ခြင်းကို မကြုံရပါ။ ဤသည်မှာ ၎င်းတို့က ပုန်ကန်ပြစ်မှားမှုကို သိလျက်နှင့် ကျုးလွန်ထားကြသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်းမပြုပါ။ ဖြောင့်မတ်သော တရားစီရင်ခြင်းအချိန် ရောက်လာသည့်အချိန်တွင် အယောက်စီတိုင်းအပေါ် ၎င်းတို့၏လုပ်ရပ်များနှင့်အညီ ဘုရားသခင်၏ ဒဏ်ခတ်ခြင်းသို့ ကျရောက်လိမ့်မည်။ လတ်တလောတွင် အသင်းတော်ထဲ၌ ငွေအလွဲသုံးစားလုပ်သော လူအချို့၊ အမျိုးသားများနှင့် အမျိုးသမီးများအကြားတွင် ရှင်းလင်းသော စည်းဘောင်များ မထိန်းသိမ်းသောလူအချို့၊ အကဲဖြတ်ခြင်း၊ အာခံခြင်းနှင့် ဘုရားသခင်၏ အမှုများကို လျှို့ဝှက်စွာ ဖြိုဖျက်ရန် ကြိုးစားခြင်းပြုသောလူအချို့ ရှိနေသေးသည်။ အဘယ်ကြောင့် ၎င်းတို့သည် အရာခပ်သိမ်း၌ အခြေအနေကောင်းနေကြသေးသနည်း။ ထိုကဲ့သို့သောအရာများ ပြုလုပ်ကြစဉ်တွင် ၎င်းတို့၌ အသိအမြင်ရှိခြင်းကို ပိုင်ဆိုင်ပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် အပြစ်တင်ခြင်း ခံစားကြရကာ ဤအကြောင်းကြောင့် တစ်ခါတစ်ရံတွင် ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းကို ၎င်းတို့ခံစားကြသည်၊ သို့သော်လည်း ၎င်းတို့သည် အလွန်အရှက်ကင်းမဲ့ကြလေစွ။ လက်လွတ်စပယ်နေထိုင်ခြင်း၌ လူတို့ပါဝင်သည့်အချိန်ကဲ့သို့ပင်၊ ၎င်းတို့သည် ထိုအခိုက်အတန့်တွင် ၎င်းတို့ လုပ်နေသည့်အရာကို သတိပြုမိကြသော်လည်း ၎င်းတို့၏တဏှာရာဂမှာ အလွန်ကြီးမားပြီး ၎င်းတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်သော်လည်း ၎င်းမှာ အရာမရောက်သဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ဆုံးမပဲ့ပြင်ခြင်းကို ပေးမည်မဟုတ်တော့ချေ။ အကယ်၍ ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်း မပြုပါက၊ ၎င်းတို့သည် အပြစ်တင်ခြင်းကို မခံစားရသည့်အပြင် ၎င်းတို့၏ ဇာတိပကတိအပေါ် မည်သည့်အရာမျှ မဖြစ်လာပါက နောက်ပိုင်းတွင် မည်သည့် အပြစ်တင်ခြင်း လာနိုင်သနည်း။ အမှုက ပြီးစီးလေပြီ၊ မည်သည့်ဆုံးမပဲ့ပြင်ခြင်း ရှိနိုင်တော့သနည်း။ ၎င်းက သူတို့သည် အလွန်အရှက်ကင်းမဲ့ပြီး လူ့သဘာဝမရှိကြောင်းနှင့် သူတို့သည် ကျိန်ဆဲခြင်းများနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ထိုက်တန်နေကြောင်း သက်သေပြခြင်းသာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မလိုအပ်ဘဲ အမှုမပြုပေ။ အကယ်၍ သင်သည် သမ္မာတရားကို ကောင်းစွာသိသော်လည်း ၎င်းကို လက်တွေ့မကျင့်သုံးပါက၊ မည်သည့်မကောင်းမှုကိုမဆို ကျူးလွန်နိုင်စွမ်းရှိပါက သင်စောင့်မျှော်နိုင်သမျှမှာ ထိုဆိုးယုတ်သောသူနှင့်တကွ သင် အပြစ်ပေးခြင်းခံရမည့် ထိုနေ့ရက် ရောက်လာခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင့်အတွက် အကောင်းဆုံးသော နိဂုံးဖြစ်လေသည်တကား။ ယခုတွင် ငါသည် အနိမ့်ဆုံးစံနှုန်းဖြစ်သည့် သြတ္တပ္ပစိတ်အကြောင်းကို ထပ်ခါတလဲလဲ ဟောပြောခဲ့ပြီးပြီ။ လူတို့သည် သြတ္တပ္ပစိတ်ကင်းမဲ့ပါက သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ဆုံးရှုံးပြီဖြစ်ကာ ၎င်းတို့သည် ၎င်းတို့အလိုရှိသည့်အတိုင်း ပြုနိုင်ပြီး ဘုရားသခင်သည် ၎င်းတို့အပေါ် အာရုံစိုက်မည် မဟုတ်ပေ။ သြတ္တပ္ပစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိသောသူများက ၎င်းတို့ တစ်စုံတစ်ခုကို ပြုမှားသောအခါ ၎င်းကို သတိပြုမိလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ သြတ္တပစိတ်ထဲ၌ ပြစ်တင်ခြင်းအနည်းငယ်မျှ ခံစားမိသည်နှင့် စိတ်မအေးဘဲ ခံစားကြလိမ့်မည်။ စိတ်အတွင်းပိုင်း စစ်ထိုးပွဲကို ကြုံရပြီး နောက်ဆုံးတွင် ဇာတိပကတိကို စွန့်ပယ်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို အလွန်စိုးရိမ်ဖွယ်ရာ ဆန့်ကျင်သည့်တစ်စုံတစ်ခုကို ပြုလုပ်မိသည့်အဆင့်အထိ ၎င်းတို့ ရောက်လိမ့်မည်မဟုတ်ချေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး ပြစ်တင်ဆုံးမနေပါစေ လူတို့အားလုံးသည် အမှားတစ်စုံတစ်ရာကို ပြုသည့်အခါ ၎င်းတို့၌ ခံစားချက်အနည်းငယ် ရှိကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ယခုအခါ သမ္မာတရား အမျိုးပေါင်းစုံကို နားလည်ကြပြီဖြစ်ကာ သူတို့သည် ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်လျှင်မူ ၎င်းမှာ လူသားတို့နှင့်ဆိုင်သော ကိစ္စဖြစ်သည်။ ငါသည် ဤကဲ့သို့သောလူတို့ကို တုံ့ပြန်ခြင်း မပြုသည့်အပြင် ၎င်းတို့အတွက် မည်သည့်မျှော်လင့်ချက်မျှ မထိန်းသိမ်းထားပေ။ သင် သဘောရှိသည့်အတိုင်း သင်ပြုပါလေ။

လူအချို့သည် စုဝေးကြသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘေးဖယ်ထားကာ ဤလူ သို့မဟုတ် ထိုလူသည် မည်ကဲ့သို့ဖြစ်ကြောင်း အမြဲပြောနေတတ်ကြသည်။ အနည်းငယ် ထိုးထွင်းသိမြင်တတ်ခြင်းမှာ အမှန်ပင် ကောင်းပါသည်၊ သို့မှသာ သင် မည်သည့်နေရာသို့ သွားပါစေ သင်သည် အလွယ်တကူ လှည့်စားခြင်း သို့မဟုတ် အညာခံရခြင်းနှင့် အရူးလုပ်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ၊ ဤအရာမှာ လူတို့ ပိုင်ဆိုင်သင့်သော လက္ခဏာသွင်ပြင်တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း ဤလက္ခဏာသွင်ပြင် တစ်ခုတည်းကိုသာ အာရုံမစိုက်သင့်ပေ။ ဤသည်မှာ အမှုအရာများ၏ အပျက်သဘောဆန်သောအပိုင်းနှင့် သက်ဆိုင်ပြီး သင်၏မျက်လုံးများသည် အခြားလူအများအပေါ် အမြဲစူးစိုက်၍ မထားနိုင်ပေ။ သင်သည် ယခုအခါ သန့်ရှင်းသောဝိညာဉ်တော် မည်ကဲ့သို့ အမှုပြုကြောင်း အလွန်နည်းပါးသော သိနားလည်ခြင်းရှိသည်၊ ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုမှာ အလွန်အပေါ်ယံဆန်ပြီး သင်၌ အပြုသဘောဆောင်သောအရာ အနည်းငယ်သာရှိသည်။ သင် ယုံကြည်သောသူမှာ ဘုရားသခင်ဖြစ်ပြီး သင်နားလည်ရန် လိုအပ်သောသူမှာ ဘုရားသခင် ဖြစ်သည်၊ စာတန်မဟုတ်ပေ။ အကယ်၍ သင်သည် စာတန် မည်ကဲ့သို့အလုပ်လုပ်ပုံနှင့် ဝိညာဉ်ဆိုးများ အလုပ်လုပ်သည့် နည်းလမ်းအားလုံးကိုသာ သတိပြုမိပြီး ဘုရားသခင်အကြောင်းကို ဘာမျှ သိနားလည်ခြင်း မရှိပါက ထိုအရာ၌ မည်သည့် အဓိပ္ပာယ်ရှိမည်နည်း။ သင် ယနေ့ ယုံကြည်သောအရာမှာ ဘုရားသခင်မဟုတ်လော။ သင်၏ သိနားလည်ခြင်းတွင် အပြုသဘောဆန်သော ဤအရာများ အဘယ်ကြောင့် မပါဝင်သနည်း။ သင်သည် ဝင်ရောက်မှု၏ အပြုသဘောဆန်သောကဏ္ဍကို တကယ်ပင် အာရုံစိုက်ခြင်း မရှိသည့်အပြင် ၎င်းနှင့်ပတ်သက်၍ သင်နားလည်သဘောပေါက်မှု မရှိပေ၊ ထို့ကြောင့် သင်၏ယုံကြည်ခြင်း၌ သင်ရယူလိုသောအရာမှာ အဘယ်အရာများနည်း။ သင်သည် အဘယ်သို့ ရှာဖွေလိုက်စားသင့်ကြောင်းကို မသိသလော။ သင်သည် အနုတ်လက္ခဏာဆန်သော ကဏ္ဍများအကြောင်းကို အများအပြားသိသော်လည်း ဝင်ရောက်မှု၏ အပြုသဘောဆန်သော ကဏ္ဍနှင့်ပတ်သက်၍ သင်သည် ဘာမျှမရှိသောကြောင့် သင်၏ ဝိညာဉ်အသက်တာသည် အဘယ်သို့ ကြီးထွားနိုင်ဦးမည်နည်း။ စာတန်နှင့်တိုက်သည့် တိုက်ပွဲအကြောင်းမှအပ ဘာကိုမျှ မပြောသည့် သင်ကဲ့သို့သော လူတစ်ဦး၌ တိုးတက်မှုအတွက် မည်သည့် အနာဂတ်အလားအလာများ ရှိလိမ့်မည်နည်း။ သင်၏ဝင်ရောက်မှုမှာ လွန်စွာ ခေတ်ကုန်မည်မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းဖြင့် လက်ရှိအလုပ်မှ သင်သည် မည်သည့်အရာများကို ရယူနိုင်စွမ်းရှိမည်နည်း။ ယခုအချိန်တွင် အဓိကကျသောအရာမှာ ဘုရားသခင်သည် မည်သည့်အရာ ပြုလိုကြောင်း၊ လူသားက မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ချစ်သင့်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ၎င်းတို့ မည်ကဲ့သို့ နားလည်သင့်ကြောင်း၊ ဘုရားသခင် ယနေ့ပြောသော နှုတ်ကပတ်တော်များအားလုံးထဲသို့ ၎င်းတို့ မည်ကဲ့သို့ ဝင်ရောက်သင့်ကြောင်း၊ မည်ကဲ့သို့ စားသောက်၊ တွေ့ကြုံပြီး နားလည်သင့်ကြောင်းနှင့် ဘုရားသခင်၏အလိုတော်ကို ၎င်းတို့ မည်ကဲ့သို့ ဖြည့်ဆည်းသင့်ကြောင်း၊ ဘုရားသခင်၏ အလျှင်းသိမ်းပိုက်ခြင်းကို မည်ကဲ့သို့ ခံသင့်ကြောင်းနှင့် ဘုရားသခင်ရှေ့တွင် မည်ကဲ့သို့ ကျိုးနွံနာခံသင့်ကြောင်း...တို့ကို သင်အနေဖြင့် နားလည်ရန်ပင်ဖြစ်သည်။ ဤသည်တို့မှာ သင် အာရုံစိုက်ရမည့်အရာများနှင့် ယခု ဝင်ရောက်သင့်သောအရာများ ဖြစ်သည်။ သင် နားလည်သလော။ အခြားလူတို့အပေါ် ထိုးထွင်းသိမြင်မှုတစ်ခုတည်း၌သာ အာရုံပြုပါက အဘယ်အသုံးကျသနည်း။ သင်သည် ဤနေရာတွင် စာတန်ကို သိမြင်နိုင်သည်၊ ထိုနေရာတွင် ဝိညာဉ်ဆိုးများကို သိမြင်နိုင်သည်၊ သင်သည် ဝိညာဉ်ဆိုးများအကြောင်း စုံလင်သော သိနားလည်ခြင်း ရှိနိုင်သော်လည်း အကယ်၍ သင်သည် ဘုရားသခင်၏အမှုအကြောင်းကို အဘယ်အရာမျှ မပြောနိုင်ပါက ထိုကဲ့သို့သော ထိုးထွင်းသိမြင်မှုက ဘုရားသခင်အား သိနားလည်ခြင်းကို အစားထိုးနိုင်သလော။ ငါသည် ယခင်က ဝိညာဉ်ဆိုးများ၏ အလုပ်နှင့်ပတ်သက်၍ ဖော်ပြချက်များအကြောင်း မိဿဟာယဖွဲ့ခဲ့ဖူးသော်လည်း ဤသည်မှာ ယင်း၏ အဓိကကျသောအရာ မဟုတ်ပါပေ။ လူတို့တွင် ထိုးထွင်းသိမြင်မှု အနည်းငယ် တကယ်ရှိသင့်ပြီး ဤသည်မှာ မိုက်မဲသော အမှုအရာများကို ပြုမိခြင်းနှင့် ဘုရားသခင်၏အမှုကို အနှောင့်အယှက်ပေးခြင်းကို ရှောင်ကြဉ်ရန်အတွက် ဘုရားသခင်ကို အစေခံသောသူများ ပိုင်ဆိုင်သင့်သော သွင်ပြင်လက္ခဏာတစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုအကြောင်း သိနားလည်မှုရှိခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို နားလည်ခြင်းမှာ အရေးအကြီးဆုံးအရာအဖြစ် ဆက်လက်တည်ရှိနေသည်။ သင့်အထဲ၌ ဘုရားသခင့်အမှု၏ ဤအဆင့်နှင့်ယှဉ်သော မည်သည့်သိနားလည်ခြင်း ရှိသနည်း။ ဘုရားသခင်ပြုသောအရာမှာ မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်၏အလိုမှာ မည်သည့်အရာဖြစ်ကြောင်း၊ သင်၏ကိုယ်ပိုင် ချို့ယွင်းချက်များမှာ မည်သည့်အရာများဖြစ်ကြောင်းနှင့် သင့်ကိုယ်သင် အသင့်ပြင်ဆင်သင့်သော အရာများမှာ မည်သည့်အရာများ ဖြစ်ကြောင်းကို သင်ပြောနိုင်သလော။ သင်၏ အသစ်လွင်ဆုံးသော ဝင်ရောက်မှုမှာ မည်သည့်အရာဖြစ်ကြောင်း သင်ပြောနိုင်သလော။ သင်၏ အသစ်သောဝင်ရောက်မှုတွင် သင်သည် အသီးကိုရိတ်သိမ်းပြီး သဘောပေါက်နားလည်ခြင်းကို ရနိုင်စွမ်းရှိသင့်သည်။ မရေရာမှုကို အယောင်မဆောင်နှင့်၊ သင်၏ကိုယ်ပိုင် အတွေ့အကြုံနှင့် သိနားလည်ခြင်းကို ပိုမိုနက်ရှိုင်းစေရန် သင်၏အသစ်သော ဝင်ရောက်မှု၌ ပို၍ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပြီး၊ သင်၏ လက်ရှိအသစ်လွင်ဆုံးသော ဝင်ရောက်မှုများနှင့် တွေ့ကြုံရန်အတွက် အမှန်ကန်ဆုံးနည်းလမ်းအား ပို၍ နားလည်သဘောပေါက်မှုကို ရယူနိုင်ရမည်ဖြစ်သည်။ ထို့ပြင်၊ အသစ်သောအမှုနှင့် အသစ်သော ဝင်ရောက်မှုများမှတစ်ဆင့် သင်သည် ယခင်ခေတ်ကုန်ပြီး လမ်းလွဲသွားသော သင်၏ လက်တွေ့လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်သင့်ပြီး အတွေ့အကြုံသစ်များထဲသို့ ဝင်ရောက်ရန်အလို့ငှာ ၎င်းတို့အား စွန့်ပစ်နည်းကိုလည်း ရှာဖွေသင့်သည်။ ဤအရာများမှာ ယခု သင် အရေးတကြီး နားလည်ရန်နှင့် ဝင်ရောက်ရန် လိုအပ်သောအရာများ ဖြစ်သည်။ သင်၏ဝင်ရောက်မှု အဟောင်းများနှင့် အသစ်များအကြားရှိ ကွာခြားချက်များနှင့် ဆက်နွှယ်မှုကို သင်နားလည်ရမည်။ အကယ်၍ သင် ဤအရာများကို နားလည်သဘောပေါက်မှု မရှိပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို အမီလိုက်နိုင်စွမ်းရှိမည် မဟုတ်သောကြောင့် သင်၌ တိုးတက်ရန်လမ်း ရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုံမှန် စားသောက်ခြင်းအားဖြင့်လည်းကောင်း၊ ပုံမှန်မိတ်သဟာယဖွဲ့ခြင်းနှင့် ၎င်းတို့ကို အသုံးပြုခြင်းအားဖြင့်လည်းကောင်း သင်သည် ခေတ်ကုန်ပြီဖြစ်သော ယခင်က သင်၏လက်တွေ့လုပ်ဆောင်မှု ပုံစံများနှင့် သင်၏ မိရိုးဖလာ အယူအဆဟောင်းများကို ပြောင်းလဲပစ်နိုင်ရမည်၊ ထိုမှသာ သင်သည် အသစ်သော လက်တွေ့လုပ်ဆောင်မှုကို ဝင်ရောက်နိုင်ပြီး ဘုရားသခင်၏ အသစ်သောအမှုထဲကို ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤအရာများမှာ သင် ရရှိသင့်သောအရာများ ဖြစ်သည်။ သင် အဘယ်သို့ တိုင်းတာသည်ကို အတိအကျ နားလည်ရန်သာ သင့်ကိုငါ ယခု တောင်းဆိုနေခြင်းမဟုတ်ပေ၊ ဤသည်မှာ ရည်မှန်းချက်ပန်းတိုင် မဟုတ်။ ထို့ထက် သင်၏ သမ္မာတရားအား လက်တွေ့ကျင့်သုံးမှုနှင့် သင်၏ အသက်တာဝင်ရောက်မှုအပေါ် နားလည်ခြင်းကို အလေးအနက်ထားရန် ငါ တောင်းဆိုနေခြင်းဖြစ်သည်။ သင့်ကိုယ်သင် သိနိုင်သော သင်၏ အစွမ်းအစသည် သင်၏ စစ်မှန်သော ဝိညာဉ်အသက်တာ တင်ပြချက် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရားများနှင့်သက်ဆိုင်သည့် တွေ့ကြုံခြင်းနှင့် နားလည်ခြင်း ရှိနိုင်ပါက၊ ထို့ပြင် သင်၏ ယခင်က ကိုယ်ပိုင်အယူအဆများနှင့် အမှားများကို သိမြင်နိုင်စွမ်း ရှိပါက ဤသည်မှာ သင်၏ စစ်မှန်သော ဝိညာဉ်အသက်တာပင်ဖြစ်ပြီး သင်တို့တစ်ဦးစီတိုင်း ရယူသင့်သောအရာ တစ်စုံတစ်ခုဖြစ်သည်။

သင်တို့သည် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည်ကို အမှန်တကယ်ပင် မသိသော အခြေအနေများစွာ ရှိပြီး၊ သန့်ရှင်းသောဝိညာဉ်တော် မည်ကဲ့သို့ အမှုပြုသည်နှင့်ပတ်သက်၍ ပို၍ပင် မသိကြပေ။ တစ်ခါတစ်ရံ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို သိသာထင်ရှားစွာ နာခံခြင်းမရှိသော အရာတစ်စုံတစ်ခုကို ပြုတတ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သင်၏ စားသောက်ခြင်းအားဖြင့် အကြောင်းအရာ၏ အခြေခံသဘောတရားကို သင် နားလည်သဘောပေါက်ပြီးပြီ ဖြစ်သောကြောင့် သင်သည် အတွင်း၌ အပြစ်တင်ခြင်းနှင့် ပူပန်သောက ခံစားချက်တစ်ခု ရလေသည်။ ဟုတ်ပါသည်၊ ဤသည်မှာ သမ္မာတရားအနည်းငယ်ကို သိခြင်းအကြောင်းကြောင့်သာလျှင် လူတစ်ဦး ခံစားရမည့် ခံစားချက်တစ်ခုပင်ဖြစ်သည်။ အကယ်၍ လူတို့သည် မျက်မှောက်ခေတ် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု မရှိပါက ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို နှောင့်ယှက်ဟန့်တားနေကြပြီး အတွင်း၌ ပူပန်သောကကို ဧကန်မုချ ၎င်းတို့ ခံစားရလိမ့်မည်ဖြစ်သည်။ သင်သည် သွင်ပြင်လက္ခဏာတစ်ခုခု၏ အခြေခံသဘောတရားကို နားလည်သည်ဆိုပါစို့၊ သို့သော်လည်း သင်သည် လျော်ညီစွာ လက်တွေ့မကျင့်သုံးသောကြောင့် သင်သည် အတွင်း၌ အပြစ်တင်ခြင်းခံစားချက်တစ်ခုကို ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤအခြေခံသဘောတရားကို နားမလည်သည့်အပြင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လုံးလုံးလျားလျား မသိပါက သင်သည် ဤကိစ္စနှင့်ပတ်သက်၍ အပြစ်တင်ခြင်းအသိတစ်ခုကို သေချာပေါက် ခံစားရမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်တင်ခြင်းမှာ အခြေအနေအပေါ် အမြဲမူတည်သည်။ သင်သည် ဆုမတောင်းရသေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသေးခြင်းကြောင့် အမှုကို သင်ကြန့်ကြာစေခဲ့ပြီဟု သင်ထင်သည်။ အမှန်အားဖြင့် ၎င်းကို ကြန့်ကြာစေ၍ မရနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားတစ်စုံတစ်ဦးကို လှုံ့ဆော်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော်၏အမှုသည် တစ်စုံတစ်ဦး၏ ကန့်သတ်ထိန်းချုပ်ခြင်းကို မခံပေ။ သင်သည် ဘုရားသခင်ကို စိတ်ပျက်စေပြီဟု ခံစားရပြီး ဤသည်မှာ သင်၏ သြတ္တပ္ပစိတ်ထဲတွင် သင်ထားရှိသင့်သော ခံစားချက်တစ်ခုပင် ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိသည် မရရှိသည်မှာ သင်၏ အရေးကိစ္စဖြစ်ပြီး ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ တစ်ခါတစ်ရံ စွပ်စွဲခံရသကဲ့သို့ ခံစားတတ်သည်မှာ သင်၏ကိုယ်ပိုင်သြတ္တပ္ပစိတ် ဖြစ်သော်လည်း ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် အလင်းပေးခြင်း မဟုတ်သည့်အပြင် ၎င်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်တင်ခြင်းလည်း မဟုတ်ပါပေ။ ထို့အစား ၎င်းမှာ လူသားတို့၏ သြတ္တပ္ပစိတ်ထဲမှ ခံစားချက်တစ်ခုပင်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက် သို့မဟုတ် ဘုရားသခင်၏အမှုတို့ ပါဝင်သည့် အကြောင်းအရာများတွင် လက်လွတ်စပယ် ပြုမူပါက ဘုရားသခင်သည် သင့်ကို သက်ညှာလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ၎င်း၌ အကန့်အသတ်တစ်ခုရှိပြီး၊ သာမန်ဖြစ်ပြီး သေးငယ်သော ကိစ္စများတွင် ဘုရားသခင်သည် သင့်အတွက်နှင့် ဒုက္ခခံလိမ့်မည်မဟုတ်။ သူသည် သင့်ကို လျစ်လျူရှုလိုက်မည်ဖြစ်သည်။ အကယ်၍ သင်သည် အခြေခံသဘောတရားများကို ချိုးဖောက်ပြီး ဘုရားသခင်၏အမှုကို နှောင့်ယှက်မွှေနှောက်လျှင်မူ သူသည် သင့်အပေါ် သူ့အမျက်ဒေါသကို ထုတ်လွှတ်မည်ဖြစ်ပြီး သင့်ကို လုံးဝသက်ညှာလိမ့်မည် မဟုတ်ပေ။ သင်ပြုမိသော အချို့အမှားများမှာ လူ့ဘဝဖြစ်စဉ်တွင် မလွှဲမရှောင်သာပေ။ ဥပမာအားဖြင့်၊ သင်သည် သင်၏ဘန်းမုန့်ကို မှန်ကန်စွာ မပေါင်းဘဲ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်သည်ဟု ဆိုသည်၊ ဤသည်မှာ ပြောဖို့ လုံးလုံးလျားလျား မလျော်ကန်သောအရာ ဖြစ်သည်။ ဘုရားသခင်ကို သင် မယုံကြည်ခဲ့မီအချိန်က ဤအရာမျိုး မကြာခဏ ဖြစ်ခဲ့သည်မဟုတ်လော။ ၎င်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်ပုံရသည်ဟု သင် ထင်သော်လည်း (ခြွင်းချက်အခြေအနေအချို့မှအပ) အမှန်တကယ်မှာ မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ဤအမှုသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ လုံးလုံးလျားလျား လာခြင်းမဟုတ်ဘဲ လူသားတို့၏ ခံစားချက်များမှ လာခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဤအတိုင်းတွေးခြင်းမှာ ယုံကြည်ခြင်း ရှိသောသူများအတွက် သာမန်ဖြစ်ပါသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက ဤကဲ့သို့ သင် တွေးနိုင်ခဲ့မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လာခဲ့သည့်အခါ သင်သည် ဤအရာများကို ဆင်ခြင်တွေးတောရင်း အချိန်ကို ပို၍ စတင်သုံးစွဲခဲ့သောကြောင့် သင်သည် သဘာဝအလျောက် ဤအတိုင်း စဉ်းစားလာခဲ့ခြင်းဖြစ်သည်။ ဤအရာမှာ သာမန်လူတို့၏ တွေးခေါ်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်၍ ၎င်းတို့၏ စိတ်နေစိတ်ထားနှင့် သက်ဆိုင်သည်။ သို့သော်လည်း သင့်ကို ငါပြောပါရစေ၊ ဤသို့တွေးခေါ်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နယ်ပယ်ထဲ၌ မရှိပေ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ၎င်းတို့၏ အတွေးစိတ်ကူးများမှတစ်ဆင့် ပေးနေသော သာမန်တုံ့ပြန်မှု၏ သာဓကတစ်ခုဖြစ်သည်၊ သို့သော်လည်း ဤတုံ့ပြန်မှုမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမဟုတ်ကြောင်းကို သင်နားလည်ရမည်။ ဤကဲ့သို့သော “အသိပညာ” မျိုးရှိခြင်းသည် သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု ရှိကြောင်းကို သက်သေပြခြင်း မဟုတ်ပေ။ သင်၏အသိသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဖြစ်ဖို့မဆိုထားဘိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ၎င်းမှာ လူတို့၏ သာမန်အတွေးစိတ်ကူး ထုတ်ကုန်တစ်ခုမျှသာဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် အလင်းပေးခြင်းနှင့် လားလားမျှ သက်ဆိုင်ခြင်း မရှိပေ၊ ဤသည်တို့မှာ လုံးလုံးလျားလျား ကွဲပြားခြားနားသော ဖြစ်စဉ်များပင် ဖြစ်သည်။ ထိုသို့သော သာမန်လူ့အတွေးစိတ်ကူးမှာ သန့်ရှင်းသောဝိညာဉ်တော်ထံမှ အပြည့်အဝ ရရှိခြင်းမဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို အသိဉာဏ်ပွင့်လင်းစေရန် အမှုပြုသောအခါ သူသည် ၎င်းတို့ကို ဘုရားသခင်၏ အမှုအကြောင်း၊ ၎င်းတို့၏ စစ်မှန်သောဝင်ရောက်မှုနှင့် စစ်မှန်သောအခြေအနေအကြောင်း သိနားလည်ခြင်းကို အများအားဖြင့် ပေးသည်။ သူသည် ၎င်းတို့အား ယနေ့ လူတို့အတွက် ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်များနှင့် သူ၏တောင်းဆိုချက်များကို နားလည်စေရန်လည်း အခွင့်ပေးသည်၊ ဤသို့ဖြင့် သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘေးဒုက္ခကို တွေ့ကြုံရလျှင်ပင် ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကိုချစ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်လည်းကောင်း၊ သူတို့၏ သွေးထွက်သံယိုမှုနှင့် သူတို့၏ အသက်ပေးမှုကို တောင်းဆိုလာလျှင်ပင် ဘုရားသခင်အတွက် သက်သေရပ်တည်ရန်လည်းကောင်း၊ နောင်တရခြင်းမရှိဘဲ ဤသို့ပြုရန်လည်းကောင်း သူတို့၌ စိတ်ပိုင်းဖြတ်ချက်ရှိဖို့ရန်အတွက်ပင် ဖြစ်သည်။ သင်၌ ဤစိတ်ပိုင်းဖြတ်ချက်မျိုးရှိလျှင် ယင်းက သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုများနှင့်အလုပ်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်၊ သို့သော်လည်း တဒင်္ဂအခိုက်အတန့်တိုင်းတွင် သင်၌ ထိုကဲ့သို့သော လှုံ့ဆော်မှုများ မရှိသည်ကို သိမှတ်လော့။ တစ်ခါတစ်ရံ ဝတ်ပြုအစည်းအဝေးများ၌ သင်ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သင်သည် အလွန်အမင်း စေ့ဆော်ခြင်းနှင့် လှုံ့ဆော်ခြင်းကို ခံစားရနိုင်သည်။ အခြားသူများက ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားလည်ခြင်းတို့ကို အနည်းငယ် မိတ်သဟာယပြုသည့်အခါ အလွန်ပင် သစ်လွင်လန်းဆန်းစွာ ခံစားရကာ၊ သင်၏စိတ်နှလုံးသည် ပကတိရှင်းလင်းပြီး ကြည်လင်နေတတ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုချည်းသာဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမှုပြုရန် အသင်းတော်သို့ သင်ဝင်သွားသောအခါ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ထူးခြားသော အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ပေးပြီး၊ အသင်းတော်အတွင်း၌ရှိနေသော ပြဿနာများအတွက် သင့်ကို ထိုးထွင်းဉာဏ်များပေးကာ၊ ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားအကြောင်း မည်သို့ မိဿဟာယပြုရမည်ကို သိခွင့်ပေးလျက်၊ သင်၏အမှု၌ အလွန့်အလွန် စိတ်အားထက်သန်ခြင်း၊ တာဝန်သိတတ်ခြင်းနှင့် အလေးအနက်ထားခြင်းကို ဖြစ်စေပါက ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုပင်ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဤသည်တို့မှာ တစ်ချို့သော။”

အရှေ့သို့- သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)

နောက်တစ်ခုသို့- လက်တွေ့လုပ်ဆောင်ခြင်း (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။