သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ငါသည် သင်တို့အကြားတွင် အလုပ်များစွာကို ပြုလုပ်ခဲ့ပြီးဖြစ်၍ မိန့်မြွက်ချက်အချို့ကိုလည်း မြွက်ကြားခဲ့ပြီးသည်မှာ မှန်ပေ၏။ သို့သော် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏အလုပ်တို့သည် နောက်ဆုံးသောကာလ ငါ့အမှု၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား ဖြည့်ဆည်းခဲ့ပြီးခြင်း မရှိဟု ငါမထင်ဘဲ မနေနိုင်။ အကြောင်းမူကား နောက်ဆုံးသော ကာလတွင် ငါ၏အမှုသည် လူတစ်ဦး သို့မဟုတ် လူအချို့အတွက် မဟုတ်ဘဲ ငါ၏ပင်ကို စိတ်နေသဘောထားကို ပြသရန်အတွက် ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် အချိန်ရှားပါးခြင်း သို့မဟုတ် ဗျာများသော အလုပ်အချိန်ဇယားတို့ ဖြစ်နိုင်သည့် အကြောင်းရင်း အသင်္ချေကြောင့် လူတို့သည် ငါ၏စိတ်သဘောထားမှ ငါ့အကြောင်း တစ်စုံတစ်ရာကိုမျှ သိရှိခဲ့ပြီးခြင်းမရှိ။ သို့ဖြစ်၍ ငါ၏ တည်ရှိမှုကြောင့် ငါ့ကို တွေ့သူခပ်သိမ်းသည် ၎င်းတို့၏ရင်ဘတ်ကို ထု၍ မရပ်မနား ငိုစေရန်အလို့ငှာ ငါသည် ငါ၏အစီအစဉ်သစ်နှင့် ငါ၏နောက်ဆုံးအလုပ်ကို စတင်ကာ ငါ၏အလုပ် အသစ်စတင်သည်။ ဤသည်မှာ ငါသည် လူသားမျိုးနွယ်၏အဆုံးကို လောကသို့ ယူဆောင်လာကာ ဤအချိန်မှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ပြီဖြစ်ကြောင်း၊ အရာခပ်သိမ်း တိုးပွားသည့်နေရာဖြစ်သော ကမ္ဘာမြေပေါ်သို့ လာခဲ့ကြောင်း ငါ့ကို သိသူခပ်သိမ်းနှင့် မသိသူများအားလုံး မျက်စိအရသာ ခံစားနိုင်ရန် ငါသည် လူသားမျိုးနွယ်ရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို ထုတ်ဖော်ပြခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်ကတည်းက ငါ၏အစီအစဉ်နှင့် ငါ၏တစ်ခုတည်းသော “ဝန်ခံချက်” ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားမျိုးနွယ်အနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီးထံသို့ တစ်ဖန်ပြန်၍ ချဉ်းကပ်လာသည်ဖြစ်ရာ သင်တို့သည် ငါ၏လှုပ်ရှားမှုတိုင်းကို မမှိတ်မသုန် အာရုံစိုက်နိုင်ကြပါစေ။

ငါလုပ်ဆောင်ရမည့်အမှုကို ကောင်းကင်နှင့်အတူ ငါစတင်ဆောင်ရွက်သည်။ သို့ဖြစ်၍ ရွေ့လျားသွားလာနေသော လူတသီတတန်းအကြား ငါ၏လှုပ်ရှားမှုများ သို့မဟုတ် ငါ၏နှုတ်ကပတ်တော်များကို မည်သူတစ်ဦးတစ်ယောက်ကမှ မည်သည့်အခါမျှ သတိမမူဘဲ၊ ငါသည် သတိဖြင့်သွားပြီး ကောင်းကင်နှင့် မြေကြီးအကြား လှုပ်ရှားသွားလာ၏။ ထို့ကြောင့် ငါ၏အစီအစဉ်သည် ချောမွေ့စွာ ဆက်လက် တိုးတက်နေသည်။ သင်တို့၏ အာရုံအားလုံးသည် ထုံလာလွန်းသဖြင့် ငါ့အမှု၏အဆင့်များကို သတိမမူမိခြင်းသာ ဖြစ်၏။ သို့သော် ငါ၏ရည်ရွယ်ချက်များကို သင်တို့သိလာမည့်နေ့ အသေအချာပင် ရောက်လာမည် ဖြစ်သည်။ ယနေ့ ငါသည် သင်တို့နှင့်အတူနေ၍ သင်တို့နှင့်အတူ ဒုက္ခခံ၏။ လူသားမျိုးနွယ် ငါ့အပေါ်ရှိသည့် သဘောထားကို ငါနားလည်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤအရာကို ဒီထက်ပို၍ ငါပြောလိုသည့် ဆန္ဒမရှိပေ။ ဤနာကျင်ဖွယ်ကောင်းသည့် အကြောင်းအရာနှင့် ပတ်သက်သည့် နောက်ထပ် ဥပမာများပေးခြင်းအားဖြင့် သင်တို့ကို အရှက်ရစေခြင်းငှာ သာ၍ပင်မပြုလိုပါ။ ငါတို့ ပြန်ဆုံသည့်နေ့တွင် ငါတို့၏ဖြစ်စဉ်များကို နှိုင်းယှဉ်နိုင်ရန် သင်တို့ လုပ်ခဲ့သမျှအရာခပ်သိမ်းကို သင်တို့၏ စိတ်နှလုံးများတွင် မှတ်မိရန်သာ ငါမျှော်လင့်၏။ ငါသည် မှန်မှန်ကန်ကန်၊ မျှတစွာနှင့် ဂုဏ်သိက္ခာရှိစွာ အစဉ်ပြုမူခဲ့သဖြင့် သင်တို့အကြားရှိ မည်သူ့ကိုမျှ မှားယွင်းစွာ ငါမစွပ်စွဲလို။ သင်တို့သည် ရိုးသားတည်ကြည်နိုင်ကာ ကောင်းကင်နှင့် မြေကြီး သို့မဟုတ် သင်ကိုယ်တိုင်၏အသိတရားကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ မပြုရန် ငါမျှော်လင့်သည်မှာလည်း ဟုတ်၏။ ဤသည်မှာ သင်တို့ထံမှ ငါတောင်းဆိုသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ လူအများအပြားသည် ဆိုးရွားလွန်းသော အမှားများကို ကျူးလွန်မိခဲ့၍ ဂနာမငြိမ်ဖြစ်ပြီး စိတ်ကသိကအောက် ဖြစ်ကြသည်။ ထို့အပြင် အများအပြားသည် ကောင်းမှုတစ်ခုမျှ မပြုခဲ့ဖူးသဖြင့် သူတို့ကိုယ်သူတို့ ရှက်ကြ၏။ သို့သော် ၎င်းတို့၏အပြစ်များကြောင့် သိက္ခာကျသည်ဟု ခံစားရန် ဝေးစွ၊ ဆိုးသည်ထက် ပိုဆိုးသွားပြီး အပြည့်အဝ ထုတ်ဖော်မပြရသေးသည့် သူတို့၏ အကျည်းတန် ရုပ်အင်္ဂါရပ်များကို ဖုံးထားသည့် မျက်နှာဖုံးအား လုံးဝချွတ်ကာ ငါ၏စိတ်သဘောကို စမ်းလိုသူများလည်း အများအပြား ရှိပေသည်။ ငါသည် မည်သူ တစ်စုံတစ်ယောက်၏ လုပ်ဆောင်ချက်များကိုမှ ဂရုမပြုသလို အရေးလည်းမစိုက်ပေ။ ထိုသို့ ပြုမည့်အစား ငါသည် သတင်းအချက်အလက် စုဆောင်းခြင်းဖြစ်စေ၊ မြေကြီးပေါ် လှည့်ပတ်သွားလာခြင်းဖြစ်စေ၊ ငါ စိတ်ဝင်စားရာတို့အနက် တစ်စုံတစ်ရာကို လုပ်သည် ဖြစ်စေ ငါလုပ်သင့်သည့်အလုပ်ကို လုပ်သည်။ အဓိကကျသည့် အချိန်များတွင် ငါသည် မူလက ကြံရွယ်ထားသည့်အတိုင်း တစ်စက္ကန့်မျှ နောက်ကျလွန်းခြင်း၊ စောလွန်းခြင်း မရှိဘဲ၊ ငါ၏အမှုကို လူသားများအကြားတွင် သက်သောင့်သက်သာ ရှိစွာနှင့် အလျင်အမြန် ထိရောက်စွာ ရှေ့ဆက်ဆောင်ရွက်သည်။ သို့ရာတွင် လူအချို့၏ မြှောက်ပင့်ခြင်း နည်းလမ်းများနှင့် ဟန်ဆောင်၍ ခယဝယလုပ်ခြင်းများကို ငါစက်ဆုပ်သည့်အတွက် ငါ့အမှု၏ အဆင့်တိုင်း၌ ထိုသူများကို ဘေးသို့ဖယ်ရှားသည်။ ငါစက်ဆုပ်ရွံရှာသူများသည် တမင်ရည်ရွယ်၍ ဖြစ်စေ၊ မတော်တဆဖြစ်စေ သေချာပေါက် စွန့်ပစ်ခံရလိမ့်မည်။ တိုတိုပြောရလျှင် ငါစက်ဆုပ်ရွံရှာသူ ခပ်သိမ်းကို ငါနှင့်ဝေးရာတွင် ရှိနေစေချင်သည်။ ငါ၏အိမ်တော်တွင် ကျန်ရှိနေသည့် ကောက်ကျစ် စဉ်းလဲသူများကို ငါချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ ပြောစရာမလိုပေ။ လူသားအပြစ်ဒဏ်ပေးခြင်းခံရမည့် နေ့သည် နီးကပ်ပြီဖြစ်၍ စက်ဆုပ်ဖွယ်သော ဤဝိညာဉ်များအားလုံးကို ငါ့အိမ်တော်မှ အတင်းမောင်း ထုတ်ရန် ငါအလျင်မလိုပေ၊ အကြောင်းမှာ ငါ့တွင် ငါ့ကိုယ်ပိုင် အစီအစဉ်ရှိ၍ ဖြစ်သည်။

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါ၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။ ငါ့အစီအစဉ်၏ ကနဦးအစကတည်းက ငါသည် ယင်းကို အပြောင်းအလဲ တစ်ခုမျှ မလုပ်ရသေးပေ။ လူသားနှင့်ပတ်သက်လျှင် ငါ၏ နှုတ်ကပတ်တော်ကို ငါဦးတည်ချက်ထားသူ ဦးရေ နည်းပါးလာပုံရသကဲ့သို့၊ ငါအမှန်တကယ် လက်ခံသူ ဦးရေသည်လည်း နည်းပါးလာပုံရနေ၍သာ ဖြစ်သည်။ သို့ရာတွင် ငါ၏အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ဟု ငါခံယူသည်။ အကယ်ဆိုရလျှင် လူတစ်ဦးစီသည် ငါ့ကို မျက်နှာလိုမျက်နှာရ လုပ်ရာမှ ငါ့အပေါ် အေးတိအေးစက်ဖြစ်ပြီး ငါ့ကိုစွန့်ပစ်ရန်ပင် ဖြစ်နိုင်သည်အထိ အမြဲပြောင်းလဲ၊ အမြဲလျော့နည်းလာသည်မှာ လူသား၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း မေတ္တာသာလျှင် ဖြစ်ပေသည်။ ငါသည် ရွံရှာ၍ စက်ဆုပ်စိတ်ပေါ်ကာ အဆုံးတွင် အပြစ်ဒဏ်ပေးသည့်တိုင်အောင် သင်တို့အပေါ် ငါ၏ သဘောထားမှာ ပူခြင်း၊ အေးခြင်းမရှိပေ။ သို့ရာတွင် သင်တို့ကို အပြစ်ပေးသော နေ့တွင် ငါသည် သင်တို့ကို တွေ့ဦးမည် ဖြစ်သော်လည်း၊ သင်တို့သည် ငါ့ကို မြင်နိုင်တော့မည် မဟုတ်ချေ။ သင်တို့အကြား နေရသည့်ဘဝမှာ ငြီးငွေ့ဖွယ်၊ ပျင်းစဖွယ်ကောင်းလာပြီ ဖြစ်သဖြင့်၊ သင်တို့၏ မလိုမုန်းထား စကားများ၏ နာကျင်စေမှုကို ရှောင်ရှားရန်နှင့် မခံမရပ်နိုင်လောက်အောင် ယုတ်ညံ့သည့် အပြုအမူမှ ဝေးရာသို့သွားရန်၊ သင်တို့သည် ငါ့ကို ဆက်၍လှည့်စားနိုင်ခြင်း မရှိတော့သကဲ့သို့၊ ဝတ်ကျေတမ်းကျေ ဆက်ဆံ၍ မရတော့ရန် ငါသည် အခြားနေစရာ ပတ်ဝန်းကျင်များကို ရွေးခဲ့ပြီးဖြစ်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သင်တို့ထံမှ ငါထွက်ခွာမသွားမီ သင်တို့အား သမ္မာတရားနှင့် မကိုက်ညီသည့် အရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ရှားရန် ငါအလေးအနက် တိုက်တွန်းရဦးမည်။ အကယ်စင်စစ် လူခပ်သိမ်းအား စိတ်ကျေနပ်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့်အရာနှင့် သင်ကိုယ်တိုင်၏ပန်းတိုင်အတွက် အကျိုးရှိမည့်အရာကို သင် လုပ်သင့်သည်။ သို့မဟုတ်ပါက ကပ်ဘေးအလယ်တွင် ဒုက္ခခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင် ဖြစ်လိမ့်မည်။

ငါ့ကိုချစ်ပြီး မိမိကိုယ်ကို ငြင်းပယ်သူတို့အား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ရန် အခွင့်အရေးကို မြင်တွေ့ရလျှင် ငါသည် သဘောတွေ့မည် ဖြစ်ပြီး၊ ယင်းအခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။

ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့သည် အနှစ်သာရ မရှိဖြစ်ခဲ့ကြပြီး သင်တို့သည် တွန့်ဆုတ်တတ်သူများ သို့မဟုတ် ခက်ထန်သောသူများ အဖြစ်သာ မိမိကိုယ်ကိုယ် ပြသခဲ့ကြသောကြောင့်၊ ကြီးစွာသော ဆင်းရဲဒုက္ခအကြားတွင် သင်တို့၏ ပြုမူလုပ်ဆောင်ချက်များသည် လုံးလုံးလျားလျား သင့်လျော်သည်ဟု ယူဆခြင်း မခံခဲ့ရပေ။ ဤအရာနှင့်ပတ်သက်၍ ကောင်း၏၊ ဆိုး၏ကိုသာ တရားစီရင်မှုတစ်ခု ငါပြုမည်။ သင်တို့တစ်ဦးစီ ပြုမူပုံနှင့် မိမိကိုယ်ကိုယ် ဖော်ပြပုံသာ ငါ၏အမှုထားစရာကိစ္စ ဖြစ်မြဲဖြစ်နေပြီး ၎င်းတို့အပေါ်အခြေခံ၍ သင်တို့၏နိဂုံးကို ငါဆုံးဖြတ်အံ့။ သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။

အရှေ့သို့- နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

နောက်တစ်ခုသို့- သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။