သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

ငါသည် သင်တို့အလယ်တွင် အလုပ်များစွာကို လုပ်ဆောင်ခဲ့ပြီး သေချာပေါက် စကားများစွာကိုလည်း ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အလုပ်သည် နောက်ဆုံးသော ကာလ၌ရှိသည့် ငါ၏ အလုပ်၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား မပြည့်မီခဲ့ဟု ငါ အစဉ် ခံစားရသည်။ အကြောင်းမှာ နောက်ဆုံးသော ကာလတွင် ငါ၏ အလုပ်သည် လူတစ်ဦးတစ်ယောက် သို့မဟုတ် အချို့သော လူများအတွက် မဟုတ်ဘဲ ငါ၏ ပင်ကို စိတ်သဘောထားကို ထုတ်ဖော်ရန် ဖြစ်သောကြောင့်တည်း။ သို့တိုင်အောင် အကြောင်းရင်းများစွာကြောင့်၊ အချိန် နည်းပါးခြင်း သို့မဟုတ် အလုပ်များလွန်းခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ လူတို့သည် ငါ၏ စိတ်သဘောထားမှတစ်ဆင့် ငါနှင့်ပတ်သက်သည့် မည်သည့် သိမြင်မှုကိုမျှ မရရှိခဲ့ကြပေ။ သို့ဖြစ်၍ ငါ့ကို မြင်သူတိုင်းသည် ငါ၏ တည်ရှိမှုကြောင့် မိမိတို့၏ ရင်ဘတ်ကိုထုလျက် အဆက်မပြတ် ငိုကြွေးမြည်တမ်းကြစေရန်အလို့ငှာ ငါ၏ အစီအစဉ်သစ်၊ ငါ၏ နောက်ဆုံး အလုပ်ကို ငါ စတင်ပြီး ငါ၏ အလုပ်တွင် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်သည်။ ဤသည်မှာ ငါသည် လူသားမျိုးနွယ်၏ အဆုံးသတ်ကို လောကသို့ ယူဆောင်လာပြီး ဤအချိန်မှစ၍ ငါ၏ စိတ်သဘောထား တစ်ခုလုံးကို လူသားမျိုးနွယ်ရှေ့တွင် ငါ ဖွင့်ပြသောကြောင့် ဖြစ်သည်။ သို့မှသာ ငါ့ကို သိသောသူများနှင့် မသိသောသူများ အားလုံးသည် မျက်စိပသာဒဖြစ်စေနိုင်ပြီး ငါသည် လူ့လောကသို့ အမှန်တကယ် လာခဲ့ကြောင်း၊ အရာခပ်သိမ်း ပွားများရာ မြေကြီးပေါ်သို့ လာခဲ့ကြောင်းကို မြင်တွေ့နိုင်ကြမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ အစီအစဉ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ငါ ဖန်ဆင်းပြီးကတည်းက ငါ၏ တစ်ခုတည်းသော “ဝန်ခံချက်” ဖြစ်သည်။ ငါ၏ လှုပ်ရှားမှုတိုင်းကို သင်တို့ အပြည့်အဝ အာရုံစိုက်ကြပါစေ၊ အကြောင်းမှာ ငါ၏ လှံတံတော်သည် လူသားမျိုးနွယ်ထံသို့၊ ငါ့ကို ဆန့်ကျင်သူများအားလုံးထံသို့ တစ်ဖန် နီးကပ်စွာ ဖိစီးကျရောက်လာသောကြောင့်တည်း။

ကောင်းကင်များနှင့်အတူ ငါလုပ်ဆောင်လိုသော အလုပ်ကို ငါ စတင်သည်။ သို့ဖြစ်၍ ငါသည် လူအုပ်များကြားတွင် ဖြတ်သန်းသွားလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လှုပ်ရှားသည်။ လူတို့သည် ငါ၏ လှုပ်ရှားမှုများကို မည်သည့်အခါမျှ သတိမပြုမိခဲ့ကြပေ၊ ငါ၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ အာရုံမစိုက်ခဲ့ကြပေ။ ထို့ကြောင့် ငါ၏ အစီအစဉ်သည် ချောမွေ့စွာ ဆက်လက် တိုးတက်နေသည်။ သင်တို့၏ စွမ်းရည်များအားလုံး အလွန် ထုံထိုင်းသွားကြသဖြင့် ငါ၏ အလုပ်၏ ခြေလှမ်းများကို သင်တို့ သတိမပြုမိကြခြင်းသာ ဖြစ်သည်။ သို့သော် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ သဘောပေါက်မည့် နေ့တစ်နေ့ သေချာပေါက် ရောက်လာလိမ့်မည်။ ယနေ့တွင် ငါသည် သင်တို့နှင့်အတူ နေထိုင်ပြီး သင်တို့နှင့်အတူ ဆင်းရဲဒုက္ခခံစားကာ လူသားမျိုးနွယ်က ငါ့အပေါ် ထားရှိသည့် သဘောထားကို ငါ နားလည်သဘောပေါက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ငါ ထပ်မပြောလိုတော့ပေ၊ ဤနာကျင်ဖွယ်ကောင်းသော အကြောင်းအရာ၏ သာဓကများကို ထပ်မံ ဖော်ပြခြင်းဖြင့် သင်တို့ကို အရှက်ရစေရန်ဆိုလျှင် ပို၍ပင် ဆန္ဒမရှိသေးပေ။ ငါတို့ တစ်ဖန် ပြန်လည်ဆုံတွေ့မည့် နေ့ရက်တွင် ငါတို့၏ စာရင်းများကို ရှင်းလင်းနိုင်ရန်အလို့ငှာ သင်တို့ လုပ်ဆောင်ခဲ့သမျှကို သင်တို့၏ စိတ်နှလုံးထဲတွင် မှတ်သားထားရန်သာ ငါ မျှော်လင့်သည်။ ငါသည် အမြဲတစေ တရားမျှတစွာနှင့် အကြောင်းသင့်အကျိုးသင့်ရှိစွာ၊ ပြီးလျှင် ဂုဏ်သိက္ခာရှိစွာ ပြုမူဆောင်ရွက်ခဲ့သောကြောင့် သင်တို့ထဲမှ မည်သူ့ကိုမျှ ငါ မတရား မစွပ်စွဲလိုပေ။ သေချာပေါက်ပင် သင်တို့သည် ပွင့်လင်းပြီး ရိုးသားနိုင်ရန်၊ ကောင်းကင်နှင့် မြေကြီး သို့မဟုတ် သင်တို့၏ ကိုယ်ပိုင် အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရန်လည်း ငါ မျှော်လင့်သည်။ ဤသည်မှာ သင်တို့ထံမှ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာဖြစ်သည်။ လူများစွာတို့သည် ဆိုးရွားလှသော အမှားများကို ကျူးလွန်ခဲ့ကြသောကြောင့် ဂနာမငြိမ်ဖြစ်ကာ စိတ်မသက်မသာ ခံစားကြရပြီး လူများစွာတို့သည် ကောင်းမှုတစ်ခုကိုမျှ တစ်ခါဖူးမျှ မလုပ်ဆောင်ခဲ့ဖူးသောကြောင့် မိမိတို့ကိုယ်ကို ရှက်ရွံ့ကြသည်။ သို့သော် မိမိတို့၏ အပြစ်များကြောင့် အရှက်ရသည်ဟု ခံစားရမည့်အစား ပို၍ ဆိုးရွားလာကာ ငါ၏ စိတ်သဘောထားကို စမ်းသပ်ရန်အလို့ငှာ အပြည့်အဝ မဖော်ထုတ်ရသေးသည့် ၎င်းတို့၏ အကျည်းတန်သော အသွင်အပြင်များကို လုံးဝ ဖွင့်ချပြသည့် သူများစွာလည်း ရှိကြသည်။ မည်သည့် လူတစ်ဦးတစ်ယောက်၏ လုပ်ရပ်များကိုမဆို ငါ ဂရုမစိုက်သည့်အပြင် အာရုံလည်း မစိုက်ပေ။ ထိုအစား သတင်းအချက်အလက် စုဆောင်းခြင်းဖြစ်စေ၊ မြေကြီးပေါ်တွင် လှည့်လည်သွားလာခြင်းဖြစ်စေ၊ ငါ၏ စိတ်ဝင်စားမှုများအတွင်းရှိ အရာတစ်ခုခုကို လုပ်ဆောင်ခြင်းဖြစ်စေ ငါ လုပ်ဆောင်သင့်သည့် အလုပ်ကို ငါ လုပ်ဆောင်သည်။ အရေးကြီးသော အချိန်များတွင် လူတို့အလယ်၌ ငါ၏ အလုပ်ကို မူလ စီစဉ်ထားသည့်အတိုင်း တစ်စက္ကန့်မျှ နောက်မကျဘဲ သို့မဟုတ် စောမနေဘဲ လွယ်ကူမှု၊ ရှင်းလင်းပြတ်သားမှု နှစ်ခုလုံးဖြင့် ငါ ဆက်လက် လုပ်ဆောင်သည်။ သို့သော် ငါ၏ အလုပ်၏ ခြေလှမ်းတိုင်းတွင် အချို့သူများသည် ဖယ်ရှားခြင်း ခံကြရသည်၊ အကြောင်းမှာ ၎င်းတို့၏ မြှောက်ပင့်သော နည်းလမ်းများနှင့် ၎င်းတို့၏ ဟန်ဆောင်သော အစေခံမှုတို့ကို ငါ စက်ဆုပ်ရွံရှာသောကြောင့်တည်း။ ငါ ရွံရှာဖွယ်ကောင်းသည်ဟု ထင်သောသူများသည် သေချာပေါက် စွန့်ပစ်ခြင်း ခံရလိမ့်မည်။ လူတို့ မည်သို့ပင် ထင်ကြပါစေ၊ မည်သို့ပင်ဖြစ်စေ ငါ စက်ဆုပ်ရွံရှာသူ အားလုံးကို ငါနှင့် အဝေးတွင် နေစေမည်။ ငါ၏ အိမ်တော်တွင် ကျန်ရှိနေသော ဆိုးယုတ်သူများကို ငါ ချမ်းသာပေးမည် မဟုတ်သည်မှာ ပြောစရာမလိုပေ။ လူကို အပြစ်ဒဏ်ပေးမည့် နေ့ရက်သည် နီးကပ်လာပြီဖြစ်သောကြောင့် ထိုရွံရှာဖွယ်ကောင်းသော စိတ်ဝိညာဉ်များအားလုံးကို ငါ၏ အိမ်တော်မှ နှင်ထုတ်ရန် ငါ အလျင်မလိုပေ၊ အကြောင်းမှာ ငါ့တွင် ငါ၏ ကိုယ်ပိုင် အစီအစဉ် ရှိသောကြောင့်တည်း။

ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် ပြုလုပ်သည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ထိုသူတို့ ငါ့နောက်လိုက်သည့်လမ်းကြောင်း၊ ၎င်းတို့၏ ဂုဏ်အင်္ဂါရပ်များနှင့် ၎င်းတို့၏ နောက်ဆုံး သရုပ်သကန်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း ခံရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်းတို့ မည်မျှ သနားစရာကောင်းသည်ကိုမဆိုထားနှင့်၊ အသက်၊ ဝါ၊ သို့မဟုတ် ဒုက္ခခံစားရမှု ပမာဏကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ၎င်းတို့၌ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့်အညီသာ ဆုံးဖြတ်ပေသည်။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို လိုက်မလျှောက်သူအားလုံး ခြွင်းချက်မရှိ အပြစ်ဒဏ်ပေးခြင်း ခံရမည်ကို သင်တို့ နားလည်ရမည်။ ဤသည်မှာ မည်သည့်လူတစ်ဦးကမျှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အပြစ်ဒဏ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဒုစရိုက်အမှုများအတွက် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။ ငါ၏ အစီအစဉ်ကို စတင်ကတည်းက ငါသည် အပြောင်းအလဲ တစ်ခုမျှ မပြုလုပ်ခဲ့ပေ။ လူနှင့်ပတ်သက်သရွေ့ ငါ စကားပြောဆိုသည့် ပစ်မှတ်ထားသူများ၏ အရေအတွက်သည် လျော့နည်းလာပုံရသည့်အပြင် ငါ အမှန်တကယ် အသိအမှတ်ပြုသူများလည်း လျော့နည်းလာပုံရခြင်းသာ ဖြစ်သည်။ သို့သော် ငါ၏ အစီအစဉ်သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ကြောင်း ငါ အခိုင်အမာ ပြောဆိုသည်။ ထိုအစား အစဉ် ပြောင်းလဲနေပြီး အစဉ် ဆုတ်ယုတ်နေသည်မှာ လူ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသာဖြစ်ကာ လူတစ်ဦးစီသည် ငါ့ကို ဖားယားရာမှ ငါ့အပေါ် အေးစက်လာပြီး ငါ့ကို နှင်ထုတ်သည့် အတိုင်းအတာအထိပင် ဖြစ်နိုင်ချေရှိသည်။ ငါသည် ရွံရှာခြင်းနှင့် စက်ဆုပ်ခြင်းကို ခံစားရပြီး နောက်ဆုံးတွင် အပြစ်ဒဏ် ပေးသည့်အချိန်အထိ သင်တို့အပေါ် ငါ၏ သဘောထားသည် ပူခြင်း မရှိသည့်အပြင် အေးခြင်းလည်း ရှိမည်မဟုတ်ပေ။ သို့သော် သင်တို့ အပြစ်ဒဏ်ပေးခံရမည့် နေ့ရက်တွင် ငါသည် သင်တို့ကို မြင်တွေ့နေရဦးမည် ဖြစ်သော်လည်း သင်တို့သည် ငါ့ကို မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။ သင်တို့အလယ်ရှိ အသက်တာသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်းပြီး ပျင်းစရာကောင်းလာပြီဖြစ်သောကြောင့် သင်တို့၏ မလိုမုန်းထားသော စကားများ၏ နာကျင်စေမှုကို ရှောင်ရှားရန်နှင့် သင်တို့၏ သည်းခံနိုင်ဖွယ်မရှိအောင် ယုတ်ညံ့သော အပြုအမူမှ ရှောင်ခွာရန်အလို့ငှာ နေထိုင်ရန် မတူညီသော ပတ်ဝန်းကျင်များကို ငါ ရွေးချယ်ခဲ့သည်မှာ ပြောရန်ပင် မလိုတော့ပေ၊ သို့မှသာ သင်တို့သည် ငါ့ကို အရူးလုပ်နိုင်တော့မည် မဟုတ်ပေ၊ ဝတ်ကျေတမ်းကျေလုပ်ခြင်းဖြင့် ငါ့ကို ဆက်ဆံနိုင်တော့မည် မဟုတ်ပေ။ ငါသည် သင်တို့ကို မစွန့်ခွာမီ သမ္မာတရားနှင့် မကိုက်ညီသောအရာကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရန် သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်ရဦးမည်။ ထိုအစား သင်သည် အားလုံး နှစ်သက်သောအရာ၊ အားလုံးအတွက် အကျိုးရှိစေသောအရာနှင့် သင်၏ ကိုယ်ပိုင် ခရီးဆုံးပန်းတိုင်အတွက် အကျိုးရှိစေသောအရာကို လုပ်ဆောင်သင့်သည်၊ သို့တည်းမဟုတ်ပါက ဘေးအန္တရာယ်အလယ်တွင် ဆင်းရဲဒုက္ခခံစားရမည့်သူမှာ သင်ကိုယ်တိုင်မှလွဲ၍ အခြားသူ ဖြစ်မည်မဟုတ်ပေ။

ငါ၏ သနားကရုဏာသည် ငါ့ကို ချစ်ပြီး မိမိတို့ကိုယ်ကို စွန့်လွှတ်သူများအပေါ် ဖော်ပြခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် ဆိုးယုတ်သူများအပေါ် ကျရောက်သော အပြစ်ဒဏ်ပေးခြင်းသည် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအထောက်အထား အတိအကျဖြစ်ပြီး ထို့ထက်မက ငါ၏ အမျက်ဒေါသအတွက် သက်သေခံချက် ဖြစ်သည်။ ဘေးအန္တရာယ် ရောက်လာသောအခါ ငါ့ကို ဆန့်ကျင်သူအားလုံးသည် အငတ်ဘေးနှင့် ကပ်ရောဂါ၏ သားကောင်များ ဖြစ်သွားကြသဖြင့် ငိုကြွေးကြလိမ့်မည်။ နှစ်ပေါင်းများစွာ ငါ့နောက်သို့ လိုက်ခဲ့ကြသော်လည်း အမျိုးမျိုးသော ဒုစရိုက်အမှုများကို ကျူးလွန်ခဲ့ကြသူများသည် ၎င်းတို့၏ အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်ကြမည် မဟုတ်ပေ။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး တွေ့ရခဲသော ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားကြမည်ဖြစ်ပြီး ၎င်းတို့သည် အမြဲတစေ ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်း အခြေအနေတွင် နေထိုင်ကြရလိမ့်မည်။ ပြီးလျှင် ငါ့အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိမှု ပြသခဲ့ကြသော ငါ၏ နောက်လိုက်များသည် ငါ၏ ကြီးမားသော တန်ခိုးကို ချီးမွမ်းလျက် ဝမ်းမြောက်ပြီး လက်ခုပ်တီးကြလိမ့်မည်။ ၎င်းတို့သည် ဖော်ပြ၍မရနိုင်သော ပူပင်သောကကင်းသည့် ပျော်ရွှင်မှု ခံစားချက်ကို တွေ့ကြုံခံစားကြရမည်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ငါ ယခင်က မည်သည့်အခါမျှ ပေးမသနားဖူးသော ဝမ်းမြောက်ခြင်းအလယ်တွင် နေထိုင်ကြရလိမ့်မည်။ အကြောင်းမှာ ငါသည် လူ၏ ကောင်းမှုများကို တန်ဖိုးထားပြီး သူ၏ ဒုစရိုက်အမှုများကို ရွံမုန်းသောကြောင့်တည်း။ လူသားမျိုးနွယ်ကို ငါ စတင် ဦးဆောင်ကတည်းက ငါသည် ငါ၏ စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကို ရရှိရန် စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။ တစ်ချိန်တည်းတွင် ငါ၏ စိတ်တော်နှင့် တညီတညွတ်တည်း မဖြစ်သောသူများကို ငါ မည်သည့်အခါမျှ မမေ့ပေ။ ၎င်းတို့၏ ဒုစရိုက်အမှုများအတွက် ၎င်းတို့ကို ပြန်လည်ပေးဆပ်စေမည့် အခွင့်အရေးကို စောင့်ဆိုင်းလျက် ငါ၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ငါ အစဉ် မုန်းတီးသည်၊ ယင်းမှာ ငါ မြင်တွေ့ရသော် နှစ်သက်မည့် အရာတစ်ခု ဖြစ်သည်။ ယခုတွင် ငါ၏ နေ့ရက်သည် နောက်ဆုံး၌ ရောက်လာပြီဖြစ်ပြီး ငါ ဆက်လက် စောင့်ဆိုင်းရန် မလိုအပ်တော့ပေ။

ငါ၏ နောက်ဆုံး အလုပ်သည် လူကို အပြစ်ဒဏ်ပေးရန်အတွက်သာ မဟုတ်ဘဲ လူ၏ ပန်းတိုင်ကို စီစဉ်ရန်အတွက်လည်း ဖြစ်သည်။ ထို့ထက်မက ယင်းသည် လူအားလုံးကို ငါ၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များကို အသိအမှတ်ပြုစေရန်အတွက် ဖြစ်သည်။ ငါ လုပ်ဆောင်ခဲ့သမျှ အားလုံးသည် မှန်ကန်ပြီး ငါ၏ စိတ်သဘောထား၏ ဖော်ပြချက်တစ်ခု ဖြစ်ကြောင်း၊ ယင်းမှာ လူ၏ လုပ်ဆောင်မှု မဟုတ်ကြောင်း၊ သဘာဝတရားက လူသားမျိုးနွယ်ကို ဖြစ်ပေါ်စေခဲ့ခြင်းဆိုလျှင် ပို၍ပင် မဟုတ်ကြောင်းနှင့် ထိုအစား အရာခပ်သိမ်းအလယ်ရှိ သက်ရှိသတ္တဝါတိုင်းကို အာဟာရဖြည့်ပေးသူမှာ ငါဖြစ်ကြောင်းကို လူတိုင်းစီကို ငါ မြင်တွေ့စေမည်။ ငါ၏ တည်ရှိမှု မရှိပါက လူသားမျိုးနွယ်သည် ပျက်စီးသွားမည်သာဖြစ်ပြီး ဘေးဒုက္ခ၏ ဒဏ်ကို ခံစားရမည်သာ ဖြစ်သည်။ မည်သည့် လူသားကမျှ လှပသော နေနှင့် လ၊ သို့မဟုတ် စိမ်းလန်းစိုပြည်သော လောကကို တစ်ဖန် မြင်တွေ့ရတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် မှောင်မိုက်ပြီး အေးစက်သော ညနှင့် ရှောင်လွှဲ၍မရနိုင်သော သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ကိုသာ ရင်ဆိုင်ရလိမ့်မည်။ ငါသည် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ရွေးနုတ်ခြင်း ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး ထို့ထက်မက ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ တည်ရှိမှု မှီခိုအားထားရာ အရှင် ဖြစ်သည်။ မည်သူကမျှ ငါ့ကို ဂရုမစိုက်ကြသည့်တိုင် ငါမရှိပါက လူသားမျိုးနွယ်သည် ချက်ချင်း ရပ်တန့်သွားလိမ့်မည်၊ ငါမရှိပါက လူသားမျိုးနွယ်သည် ဖျက်ဆီးတတ်သော ကပ်ဘေးကို ခံစားရမည်သာဖြစ်ပြီး အမျိုးမျိုးသော တစ္ဆေများ၏ နင်းခြေခြင်းကို ခံရမည်သာ ဖြစ်သည်။ ငါသည် အခြား မည်သူကမျှ မလုပ်ဆောင်နိုင်သော အလုပ်ကို လုပ်ဆောင်ခဲ့ပြီး လူက ငါ့ကို ကောင်းမှုအချို့ဖြင့် ပြန်လည်ပေးဆပ်နိုင်ရန်သာ မျှော်လင့်သည်။ ငါ့ကို ပြန်လည်ပေးဆပ်နိုင်သူ အနည်းငယ်သာ ရှိသော်လည်း ငါသည် လူ့လောကရှိ ငါ၏ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ပြီး ပေါ်ပေါက်လာတော့မည့် ငါ၏ အလုပ်၏ နောက်တစ်ဆင့်ကို စတင်မည်၊ အကြောင်းမှာ ဤနှစ်ပေါင်းများစွာ လူတို့အလယ်တွင် ငါ၏ ဟိုဟိုဒီဒီ သွားလာလှုပ်ရှားမှုအားလုံးသည် အသီးအပွင့်များ ဖြစ်ထွန်းခဲ့ပြီး ငါ အလွန် နှစ်သက်သောကြောင့်တည်း။ ငါ ဂရုစိုက်သည့်အရာမှာ လူအရေအတွက် မဟုတ်ဘဲ ၎င်းတို့၏ ကောင်းမှုများသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်တို့၏ ကိုယ်ပိုင် ခရီးဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို သင်တို့ ပြင်ဆင်ရန် ငါ မျှော်လင့်သည်။ သို့မှသာ ငါ ကျေနပ်မည် ဖြစ်သည်၊ သို့တည်းမဟုတ်ပါက သင်တို့ထဲမှ မည်သူမျှ ဘေးအန္တရာယ်၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဘေးအန္တရာယ်သည် ငါ့ထံမှ မြစ်ဖျားခံပြီး သေချာပေါက် ငါ၏ စီစဉ်ညွှန်ကြားခြင်း ခံရသည်။ သင်တို့သည် ငါ၏ မျက်မှောက်တွင် ကောင်းမွန်သူများအဖြစ် မပေါ်လာနိုင်ပါက သင်တို့သည် ဘေးအန္တရာယ်ကို ခံစားရခြင်းမှ လွတ်မြောက်မည် မဟုတ်ပေ။ ဆင်းရဲဒုက္ခအလယ်တွင် သင်တို့၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များကို လုံးဝ သင့်လျော်သည်ဟု မယူဆခဲ့ပေ၊ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် အနှစ်သာရမဲ့ပြီး သင်တို့သည် မိမိတို့ကိုယ်ကို သတ္တိနည်းသူများအဖြစ်သာဖြစ်စေ၊ ခွန်အားကြီးသူများအဖြစ်သာဖြစ်စေ ပြသခဲ့သောကြောင့်တည်း။ ဤအရာနှင့်ပတ်သက်၍ ငါသည် အကောင်း သို့မဟုတ် အဆိုးဟူသော တရားစီရင်မှုတစ်ခုကိုသာ ပြုလုပ်မည်။ ငါ့ကို စိုးရိမ်ပူပန်စေသည့်အရာမှာ သင်တို့ တစ်ဦးစီ၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များ၊ ပြီးလျှင် သရုပ်သကန်များအားလုံး ဖြစ်နေဆဲဖြစ်ပြီး ယင်းကို အခြေခံ၍ သင်တို့၏ အဆုံးသတ်များကို ငါ ဆုံးဖြတ်မည်။ သို့သော် ဤအရာကို ငါ ရှင်းလင်းစွာ ပြောရမည်။ ဆင်းရဲဒုက္ခ အချိန်ကာလများအတွင်း ငါ့အပေါ် သစ္စာရှိခြင်း စိုးစဉ်းမျှ မပြသခဲ့သူများအပေါ် ငါ ဆက်လက်၍ သနားကရုဏာထားမည် မဟုတ်ပေ၊ အကြောင်းမှာ ငါ၏ သနားကရုဏာသည် အကန့်အသတ် ရှိသောကြောင့်တည်း။ ထို့အပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့ဖူးသူ မည်သူ့ကိုမျှ ငါ မနှစ်သက်ပေ၊ မိမိတို့ မိတ်ဆွေများ၏ အကျိုးစီးပွားများကို သစ္စာဖောက်သူများနှင့် ပေါင်းသင်းဆက်ဆံရန်ဆိုလျှင် ပို၍ပင် မနှစ်သက်သေးပေ။ ထိုသူသည် မည်သူပင်ဖြစ်ပါစေ ဤသည်မှာ ငါ၏ စိတ်သဘောထား ဖြစ်သည်။ ဤအရာကို သင်တို့အား ငါ ပြောရမည်။ ငါ၏ စိတ်နှလုံးကို လုံးဝ ကြေကွဲစေသူ မည်သူမဆိုသည် ငါ့ထံမှ သက်ညှာမှုကို ဒုတိယအကြိမ် ရရှိမည်မဟုတ်ဘဲ ငါ့အပေါ် သစ္စာစောင့်သိခဲ့သူ မည်သူမဆိုသည် ငါ၏ စိတ်နှလုံးထဲတွင် ထာဝရ တည်ရှိနေမည်။

အရှေ့သို့- နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

နောက်တစ်ခုသို့- သင်မည်သူ့ကို အတိအကျ သစ္စာရှိနေသနည်း

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။