၁၉၇ ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားရန် ကျွန်ုပ် သန္နိဌာန်ချထားသည်

၁ ဘုရားသခင်အတွက် အရာရာ စွန့်ကာ လုပ်ဆောင်ခြင်းက ဘုရားသခင်ကို ချစ်ကြောင်း ဆိုလိုသည်ဟု ကျွန်ုပ် တွေးထင်တတ်ခဲ့။ စီစီပီ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသော်လည်း၊ ကျွန်ုပ် ဘယ်သောအခါမျှ နောက်ပြန်မလှည့်ခဲ့ပေ။ ကျွန်ုပ်၏ မိသားစုက ကျွန်ုပ်ကို ငြင်းပယ်ကာ လောကကြီးက ကျွန်ုပ်ကို အသရေဖျက်လည်း၊ ညည်းညူခြင်း၊ နောင်တရခြင်း မရှိဘဲ ဘုရားသခင်ကို ကျွန်ုပ်၏ ပျိုရွယ်သော နှစ်များကို ဆက်ကပ်ဖို့ လိုလားနေ။ ကောင်းကင်နိုင်ငံတော်သို့ ချီမခံရကာ ဆုချီးမြှင့်ခံရနိုင်သရွေ့၊ မည်သည့် ဆင်းရဲဒုက္ခ ပမာဏမဆို၊ မျက်ရည် အရေအတွက်မဆို ထိုက်တန်ပေ။ စမ်းသပ်မှုများ ကျရောက်ကာ ကျွန်ုပ်၏ အကျည်းတန်မှုကို ဖော်ထုတ်သည့်အချိန်၊ ကျွန်ုပ် အပျက်သဘောဆောင်ကာ အားနည်းလာပြီး၊ ခါးသီးမျက်ရည်များ ကျဆင်းပေ။ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် လျှောက်ခဲ့သည့် လမ်းကြောင်းကို သုံးသပ်ဆင်ခြင်ရင်း၊ သမ္မာတရား၏ စစ်မှန်မှုမရှိဘဲ ကျွန်ုပ်သည် ခိုင်မာစွာရပ်တည်နိုင်မည် မဟုတ်သည်ကို နောက်ဆုံး ကျွန်ုပ် နားလည်ခဲ့ရ။

၂ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြပြီး၊ ထို့နောက်တွင်မှ ကျွန်ုပ် မည်မျှ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့သည်ကို မြင်ခဲ့ရပေ။ အပြန်အလှန်အားဖြင့် ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရဖို့ မျှော်လင့်ချက်ဖြင့်သာ ကျွန်ုပ် အားသွန်ခွန်စိုက်ပြီး အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်သည် သူ့ကို မည်သည့်အခါမျှ အမှန်တကယ် မချစ်ဘဲ၊ ထိုအစား ကောင်းကြီးမင်္ဂလာရရှိဖို့ သူ့ကို လှည့်ဖြားရန်သာ ကြိုးစားခဲ့သည်။ ကျွန်ုပ်သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်သည်၊ ပြီးလျှင် ကျွန်ုပ်၏ လူ့သဘာဝကို ကျွန်ုပ် ဆုံးရှုံးခဲ့သော်လည်း၊ ကျွန်ုပ်ကို တရားစီရင်ကာ သန့်ရှင်းစေဖို့ သူ၏ နှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုခဲ့ဆဲ ဖြစ်ပေ။ ကျွန်ုပ် လုပ်ဆောင်ခဲ့သည့် အရာတွင် နောင်တဖြင့် ဘုရားသခင်ရှေ့မှောက် ကျွန်ုပ် လဲကျ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရရှိဖို့ ကျွန်ုပ် လွန်စွာမထိုက်လှပေ။ ဘုရားသခင်ကို ချစ်ကာ သူ၏အလိုတော်ကို အရေးထားဖို့ ကြိုးစားရန် ကျွန်ုပ် စိတ်ဆုံးဖြတ်ပေ၊ ကျွန်ုပ်၏ အနာဂတ် သို့မဟုတ် ကျွန်ုပ်၏ ကံကြမ္မာအဖို့ အစီအစဉ်များ သို့မဟုတ် စဉ်းစားခြင်း တစ်စုံတစ်ရာ ကျွန်ုပ် ပြုမည်မဟုတ်တော့။

၃ စမ်းသပ်မှုများနှင့် အခက်အခဲများကို ကြုံရခြင်းက ကျွန်ုပ်၏ ယုံကြည်ခြင်းကို စုံလင်စေ။ စမ်းသပ်မှုများ ဆိုက်ရောက်ခြင်းက အမှန်တကယ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်သည်ကို ကျွန်ုပ် မြင်ရ။ ကျွန်ုပ်၏ဇာတိပကတိက ဆင်းရဲဒုက္ခခံရနိုင်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းနှင့်သက်ဆိုင်သော စစ်မှန်မှုကို ကျွန်ုပ် မြည်းစမ်းရသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်စေခြင်း ခံရပေ။ ယနေ့ ဘုရားသခင်ကို ချစ်ကာ သူ့ကို သက်သေခံနိုင်သည်မှာ ကျွန်ုပ် အလွန် ကောင်းကြီးမင်္ဂလာခံစားရခြင်းဖြစ်ပေ။ ပေတရု၏ ပုံဥပမာနောက် လိုက်ဖို့နှင့် ဘုရားသခင်အား သာ၍ စွဲစွဲလမ်းလမ်း ချစ်ရန် ကြိုးစားဖို့ ကျွန်ုပ် ဆန္ဒရှိပေ။ ခရစ်တော် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ် သေချာပေ။ သမ္မာတရားကို နားလည်ကာ ဘုရားသခင်ကို သိကျွမ်းရင်း၊ ဤဘဝ အချည်းနှီး မရှင်သန်ပေ။ ဘုရားသခင်၏ စီစဉ်မှုများကို နာခံခြင်းက ဘယ်သောအခါမျှ မမှားနိုင်။ ဘုရားသခင်အတွက် ထာဝရချစ်ခြင်းနှင့် နာခံခြင်းက ကျွန်ုပ်၏ တာဝန်ပေ။

အရှေ့သို့- ၁၉၆ ဘုရားသခင်ကို ချစ်ခြင်းတွင် နောင်တများ၊ ညည်းညူခြင်းများမရှိ

နောက်တစ်ခုသို့- ၁၉၈ သမ္မာတရားကို နားလည်ကာ လွတ်လပ်ပါစေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။