၁၂၁ နောက်ဆုံးသောကာလရှိ ဘုရားအမှု၏ ရည်ရွယ်ချက်ကျူး

၁ ၎င်းတို့၏ ကြီးမားသည့် စိတ်ဒဏ်ရာ ခံစားရပြီးဖြစ်သော နှလုံးသား ပြုပြင်ခံရပြီး၊ ထိုသို့ဖြင့် မကောင်းမှုဒုစရိုက်၏ အကြီးအကျယ် ထိခိုက်နစ်နာစေခြင်း ခံရပြီးဖြစ်သော ၎င်းတို့၏ ဝိညာဉ်ကို ကယ်နုတ်သည်အထိ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြုပြင်ရန်၊ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြောင်းလဲရန်အလို့ငှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းမှာ လူတို့၏ စိတ်ဝိညာဉ်များကို နိုးထစေရန်၊ ၎င်းတို့၏ အေးစက်သော နှလုံးသားများကို အရည်ပျော် ကျစေရန်နှင့် ၎င်းတို့အား အားသစ်လောင်းခံရခွင့် ပေးရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကြီးမြတ်ဆုံးသော အလို ဖြစ်သည်။ လူသား၏ အသက်တာနှင့် အတွေ့အကြုံများ မည်မျှ မြင့်မားသည်၊ သို့မဟုတ် မည်မျှ နက်နဲသိမ်မွေ့သည်ဆိုသည်ကို ပြောဆိုခြင်းအား ဘေးဖယ်ထားလော့။ လူတို့၏ နှလုံးသားများ နိုးကြားစေခြင်း ခံရပြီးသောအခါ၊ ၎င်းတို့၏ အိပ်မက်များမှ ၎င်းတို့ နိုးထစေခြင်း ခံရပြီး အဆင်းနီသော နဂါးကြီးက ဖြစ်ပေါ်စေသည့် အန္တရာယ်ကို အပြည့်အဝ ကောင်းစွာ သိရှိကြသည့်အခါတွင်၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အမှု ပြီးစီးပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏အမှု ပြီးဆုံးသည့် နေ့ရက်သည် လူသားက ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ တရားဝင် စတင်သောနေ့ရက်လည်း ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင် လူ့ဇာတိခံယူသော အမှုသည် လုံးလုံး ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားသည် သူ ဆောင်ရွက်သင့်သည့် တာဝန်ကို တရားဝင် စတင် ဆောင်ရွက်လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင် အမှု၏ အဆင့်များ ဖြစ်သည်။

၂ ဘုရားသခင်၏ အမှုသည် မကောင်းဆိုးဝါးများ စုစည်းရာ ဤနေရာမှ- ရွေးနုတ်ခံရပြီးဖြစ်သည့်၊ အမှောင်အင်အားစုများ အောက်တွင် အသက်ရှင်ဆဲ ဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ မလှုံ့ဆော်ဖူးသည့်- လူသား၏ ပြည့်စုံသည့် ကယ်တင်ခြင်း ဖြစ်သည်။ ယင်းမှာ အဆင်းနီသော နဂါးကြီးကို လုံးလုံး အလဲထိုးရင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ကာ ဘုရားသခင်၏ စိတ်နှလုံးကို ဆောလျင်စွာ အနားယူစေရင်း၊ လူသည် နှစ်ပေါင်းထောင်ချီသည့် အပြစ်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ ချစ်မြတ်နိုးခြင်း ခံရရန်အလို့ငှာ ဖြစ်သည်။ ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရားကို မခြွင်းမချန် ရင်ဖွင့်ရန်၊ ထိုမှိုတက်နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ခြားနားခြင်းမရှိသည့် ဤဘဝကို သင်တို့အား စွန့်ခွာခွင့်ပေးရန်၊ နောက်ထပ် ကျွန်တစ်ဦး မဖြစ်တော့ရန်၊ အဆင်းနီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေး စေခိုင်းခြင်း မခံရတော့ရန် ဖြစ်သည်။ သင်တို့သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် အလွန်ယုတ်မာသည့် အဆင်းနီသော နဂါးကြီးနှင့် သက်ဆိုင်တော့မည် မဟုတ်သကဲ့သို့၊ ယင်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်ပေ။ မကောင်းဆိုးဝါးများ၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်ရကြလိမ့်မည်— သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် မသက်ဆိုင်ကြပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၂၀ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ ဘုရား၏ အဆုံးကာလအမှုဆိုင်ရာ ရည်ရွယ်ချက်ကျူး

နောက်တစ်ခုသို့- ၁၂၂ ဘုရားလူတို့ဝိညာဉ်အသက်တာတိုးပွား၍ အနီရောင်နဂါးကြီး ပြိုလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။